အစားအစာပြုန်းတီးမှုကိုလျှော့ချဖို့ JFYG နဲ့အတူ ရုပ်ရှင်ကြည့်ရင်း လေ့လာစို့

  • Nov 22, 2025 ~ Nov 22, 2025
  • 13:30~15:30
  • The Japan Foundation, Yangon (Hall)
    No. 70, Nat Mauk Lane 1, Bahan Township

“ အစားအစာပြုန်းတီးမှုကိုလျှော့ချဖို့ JFYG နဲ့အတူ ရုပ်ရှင်ကြည့်ရင်း လေ့လာစို့”

ဂျပန်ဖောင်ဒေးရှင်းကနေ တင်ဆက်လျက်ရှိတဲ့ အခမဲ့ အွန်လိုင်းရုပ်ရှင်ပလက်ဖောင်း JFF Theater မှာတော့ အစားအစာ လေလွင့်မှုကို ကာကွယ်ဖို့ စားဖိုချောင်ကနေ စတင်ရန် နည်းလမ်းတွေကို ဖော်ပြတိုက်တွန်းထားတဲ့ “ Mottainai Kitchen” ဆိုတဲ့ ရုပ်ရှင်ကားလေးကို လက်ရှိပြသလျက်ရှိပါတယ်။ JFF Theater ကြည့်ရှုရန် – https://en.jff.jpf.go.jp/

ဒီကားလေးကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ လာမယ့် နိုဝင်ဘာလ ၂၂ ရက် (စနေနေ့)မှာ အတူတူကြည့်ရှုရင်း “ Bokashi Myanmar” မှ တာဝန်ရှိသူတွေက စားစရာ အလေအလွင့်တွေကို ဘယ်လိုအသုံးဝင်အောင် ပြုလုပ်နိုင်သလဲ ဆိုတာကိုပါ လေ့လာနိုင်မယ့် ပွဲလေး တစ်ခုရှိပါတယ်။ ပါဝင်တက်ရောက်ဖို့ စိတ်ပါဝင်စားသူတွေက အောက်ပါ လင့်မှာ အခမဲ့စာရင်းပေးသွင်းနိုင်ပါတယ်။ (သတိပြုရန် – ဂျပန်ဖောင်ဒေးရှင်းမှ ဖုန်းဖြင့် ပြန်လည် အတည်ပြုပေးသူများသာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်) စာရင်းပေးရန် – “ အစားအစာပြုန်းတီးမှုကိုလျှော့ချဖို့ JFYG နဲ့အတူ ရုပ်ရှင်ကြည့်ရင်း လေ့လာစို့” – Fill out form

နေ့စွဲ – ၂၂ နိုဝင်ဘာ ၂၀၂၅ (စနေနေ့)

အချိန် – နေ့လည် ၁ နာရီခွဲ မှ ၃ နာရီခွဲထိ

လူဦးရေ – ၅၀ ဦး

နေရာ – ဂျပန်ဖောင်ဒေးရှင်းရန်ကုန် (Hall)၊ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်။

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင် ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀

မှတ်ချက်။ ။ ကားပါကင်မရှိပါ။

Notice & Announcements

View All