(ミャンマー語の後に日本語が続きます)
အားလုံးပဲ မင်္ဂလာပါ။ ၁၅ ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲကို အွန်လိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
ဒီတစ်ခေါက်မှာတော့ “e-learning” အကြောင်းကိုအဓိကထားဆွေးနွေးသွားမှာဖြစ်ပြီး Japan Faountion က ထုတ်လုပ်ထားတဲ့ Online Course၊ Website၊ Application အစရှိတဲ့ e-learning သင်ထောက်ကူအမျိုးမျိုးနှင့် ပတ်သက်ပြီး မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများအတွက် ကိုယ်တိုင်လေ့လာနိုင်ဖို့ သင်ထောက်ကူအဖြစ်၊ သို့မဟုတ် သင်ကြားရေးမှာအသုံးပြုနိုင်ရန် သင်ထောက်ကူအဖြစ် “e-learning” အကြောင်းလေ့လာကြရအောင်။ ပါဝင်တတ်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။
■ကျင်းပမည့်နေ့ရက် – ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် (စနေနေ့)
■ကျင်းပမည့်အချိန် – နံနက် ၁၀ နာရီမှ နေ့လည် ၁၁ နာရီ ၄၅ မိနစ်အထိ (မြန်မာစံတော်ချိန်)
■တတ်ရောက်နိုင်မည့်သူများ – မြန်မာလူမျိုးဂျပန်ဘာသာသင်ဆရာ/ ဆရာမ (JLPT N3 နှင့်အထက်)
*ကျောင်းသား၊ ကျောင်းသူများမပါဝင်ပါ။
■ဟောပြောမည့်ဆရာ – Ms.Miyake Naoko, Mr.Kitaguchi Nobuyuki (Japanese Lecturer, Japan Foundation Japanese-Language Institue Kansai)
*ဆွေးနွေးပွဲကိုဂျပန်ဘာသာဖြင့် ကျင်းပသွားပါမည်။
■တတ်ရောက်မည့်သူများအတွက်ကြိုတင်သတိပေးချက်များ
① PC ဖြင့်တတ်ရောက်ပေးပါ။
②ဆွေးနွေးပွဲစာရင်းပေးသွင်းခြင်းအပြင် PC သို့မဟုတ် ဖုန်းမှတဆင့် JF Nihongo e learning minato 」(https://minato-jf.jp/)ကိုကြိုတင်စာရင်းပေးသွင်းထားပေးပါ။
■စာရင်းပေးသွင်းရန် – အောက်ပါ URL မှတဆင့်စာရင်းပေးသွင်းပါ
■စာရင်းပေးသွင်းရမည့်နောက်ဆုံးရက် – ဖေဖော်ဝါရီလ ၁၄ ရက် ( ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ (မြန်မာစံတော်ချိန်)
*ပါဝင်တက်ရောက်ရမည့်လင့်ခ် ကိုမေးလ်ပို့ရာတွင် Spam Folder ထဲသို့ရောက်နေတတ်ပါသဖြင့် Spam Folder ကိုပါစစ်ပေးပါ။
————————————————————————–
第15回ミャンマー日本語教師セミナーのお知らせ
皆さん、こんにちは!第15回ミャンマー日本語教師セミナー(オンライン)開催のお知らせです。第15回は「eラーニング」をメインテーマとして、国際交流基金関西国際センターが開発した各種オンラインリソース(オンラインコース、サイト、アプリ)についてご紹介します。学生の自学自習教材として、あるいは授業の活性化のために、eラーニングを取り入れてみませんか。是非ご参加ください!
■開催日:2024年2月17日(土)10:00~11:45(ミャンマー時間)
■対象:ミャンマー人日本語教師(JLPTN3以上)*学生・学習者は不可
■実施方法:オンライン(Zoom)にて実施 (参加URLは2日前にメールでご連絡いたします)
■講師:三宅直子・北口信幸(国際交流基金関西国際センター日本語教育専門員)
■使用言語:セミナーは日本語で行います。
■参加条件:
①PCから参加できる方が対象です。
②申し込みとは別に、事前にPC、またはスマートフォンから、「JFにほんごeラーニングみなと」(https://minato-jf.jp/)へのユーザー登録を済ませておいてください。
■参加申込:下記URLよりお申込ください。
申込URL:
■申込締切:2月14日(水)16:00(ミャンマー時間)
*参加URLのメールが迷惑フォルダに入ることがあります。迷惑フォルダもご確認ください。

ဂျပန်ဘာသာစကားဆရာ၊ ဆရာမအားလုံး မင်္ဂလာပါ။ အားလုံးပဲ “Irodori” ကိုသိကြပါသလား။ “Irodori” က ဂျပန်နိုင်ငံမှာ အလုပ်လုပ်ချင်တဲ့သူနဲ့ စာလေ့လာချင်တဲ့ ကျောင်းသားတွေကို စာသင်ကြားဖို့အတွက် အတော်လေးအသုံးဝင်မယ့် သင်ထောက်ကူစာအုပ် တစ်အုပ်ပဲဖြစ်ပါတယ်။ Irodori ကို သင်တို့အတန်းမှာ အသုံးပြုပြီး ထိရောက်တဲ့ သင်ကြားပုံသင်ကြားနည်းတွေကို အတူတူစဉ်စားကြရအောင်။
ပထမအကြိမ်ကို “Irodori” အကြောင်းသိကောင်းစရာဆိုတဲ့ခေါင်းစဉ်ဖြင့်ကျင်းပမှာဖြစ်ပြီး၊ ဒုတိယအကြိမ်ကို “Irodori ဂျပန်ဘာသာစကားအွန်လိုင်းသင်တန်း” ကို လက်တွေ့အသုံးပြုကြမယ်ဆိုတဲ့ခေါင်းစဉ်ဖြင့် စုစုပေါင်း ၂ ကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ သေချာပေါက် တတ်ရောက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

★『いろどり』ဝက်ဘ်ဆိုဒ် မြန်မာဘာသာဖြင့်:Japan Foundation (jpf.go.jp)

★Irodori Japanese Online Course:IRODORI Japanese online course (jpf.go.jp)

 

နိုဝင်ဘာလမှာကျင်းပခဲ့တဲ့Irodori ဆိုင်ရာတစ်နေ့တာသင်ရိုး” မှာပြောကြားခဲ့တဲ့အကြောင်းအရာတွေနဲ့  တူညီတာမျိုးရှိပါတယ်။

■သင်တန်းနေ့ရက် :
① ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) 9:30 ~ 11:30 (မြန်မာစံတော်ချိန်)
② ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့  (ဗုဒ္ဓဟူးနေ့) 9:30 ~ 11:30 (မြန်မာစံတော်ချိန်)


သင်တန်းနှစ်ချိန်လုံးကို တက်ရောက်နိုင်သူများသာ လျှောက်ထားပေးပါရန်။

■သင်တန်းကြေး: အခမဲ့
■သင်ရိုးစာအုပ်: “IRODORI အခြေခံအဆင့် ၁” ၊ IRODORI Online Course

■လျှောက်ထားနိုင်သူများ: မြန်မာလူမျိုး ဂျပန်ဘာသာစကားဆရာ၊ဆရာမ (N3နှင့်အထက်)
■ကျင်းပမည့်ပုံစံ: Online (Zoom)
■သတ်မှတ်လူဦးရေ: ၄၀ ယောက် (သင်တန်းနှစ်ချိန်လုံးကို တက်ရောက်နိုင်သူများသာ)
■သင်တန်းဆင်းလက်မှတ်: တက်ရောက်သူများအား သင်တန်းဆင်းလက်မှတ်ကို PDF ဖြင့်ပို့ပေးပါမည်။
■လျှောက်ထားရန်: အောက်ပါ Microsoft Form မှာ ဖြည့်သွင်းပေးပါရန်။

https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZORHjfveNxflJnANMn1ryhMpUMjE2TUFUQkEzWjdJTkxCNUUwOUtWSzExTS4u

■လျှောက်လွှာပိတ်ချိန်: ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ (တနင်္လာနေ့) မနက် 9:00 နာရီ (မြန်မာစံတော်ချိန်)

 

လျှောက်ထားသူများပြားပါက လျှောက်လွှာတင်ချိန်ကို စော၍ပိတ်သိမ်းနိုင်ပါသည်။

※လျှောက်ထားသူများအား သင်တန်းဆိုင်ရာအသေးစိတ်ကို  မေးလ်မှပို့သွားမည်ဖြစ်ပါသဖြင့် မေးလ်ကို မဖြစ်မနေကြည့်ရှုရန် လိုအပ်ပါသည်။ Spam Mail Folder ကိုလည်း စစ်ဆေးပေးပါရန်။

 

 

【いろどり活用セミナー(オンライン2回コース)】

日本語教師の皆さん、こんにちは!皆さんは『いろどり』をご存知ですか?『いろどり』は日本で仕事や勉強をしたい学習者さんを教えるために、とても役に立つ教材です。いろどりを授業に取り入れて、効果的な授業の教え方を一緒に考えてみませんか?

1回目のテーマは『いろどり』を知る、2回目のテーマ「いろどり日本語オンラインコース」を体験する、全2回のセミナーです。ぜひ、お気軽にご参加ください!

 

★『いろどり』ミャンマー語版Web Site:Japan Foundation (jpf.go.jp)

★いろどり日本語オンラインコース:IRODORI Japanese online course (jpf.go.jp)

 

11月に実施した『いろどり』1日体験クラスと内容が重複しているところがあります。

 

■実施日時:①2024年1月31日(水)9:30~11:30(ミャンマー時間)

②2024年2月7日(水)9:30~11:30(ミャンマー時間)

※①・②の両方に参加できる方のみお申し込みください。

 

■受講料:無料

■使用教材:『いろどり 初級1』・いろどりオンラインコース

■参加条件:ミャンマー人日本語教師 (N3以上)

■実施形態:オンライン(Zoom)

■参加定員:先着40名(全2回に参加できる方)

■受講証明書:受講者にPDFにて受講証明書を送付

■参加申込:下記の Microsoft Forms よりお申込ください。

★申込URL: https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZORHjfveNxflJnANMn1ryhMpUMjE2TUFUQkEzWjdJTkxCNUUwOUtWSzExTS4u

■申込締め切り:2024年1月29日(月)午前9時(ミャンマー時間)

※申込者が多い場合早めに締め切ることがございます。ご了承ください。

※受講者には詳細をメールでお知らせしますので、必ずメールをご確認ください。迷惑メールフォルダ(Spam Mail Folder)もご確認ください。

 

ミャンマー語の後に日本語が続きます。

ခေါင်းစဥ် – ရည်ရွယ်ချက်နှင့်ကိုက်ညီသောအရေးအသားကိုစဥ်းစားကြရအောင်

ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအားလုံးပဲမင်္ဂလာပါ။ ဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲရဲ့ အသိပေး အကြောင်းကြားခြင်း ဖြစ်ပါသည်။ အဌမ အကြိမ်မြောက်ရဲ့ ခေါင်းစဥ်ကတော့ ရည်ရွယ်ချက်နှင့်ကိုက်ညီသောအရေးအသားကိုစဥ်းစားကြရအောင် ဖြစ်ပါသည်။ စာနှင့် မေးလ်၊ အလုပ်လျှောက်ချိန်နှင့် ကျောင်းဆက်တက်ဖို့အတွက် ပြင်ဆင်ရာမှာ လိုအပ်သည့် လျှောက်ထားရသည့် အကြောင်းအရင်း စတာတွေမှာ ရေးသားရတဲ့အကြောင်းအရာတွေ မတူညီကြပါဘူး။ ဒီတစ်ခေါက် ဆွေးနွေးပွဲမှာတော့ ဘယ်သူ့ကို ဘာအကြောင်းအရာ ပြောဖို့ရေးမလဲဆိုတာကို အရင် စဥ်းစားပြီး၊ ရည်ရွယ်ချက်နဲ့ ကိုက်ညီအောင် ဘယ်လိုပုံစံမျိုး‌နဲ့ ဘယ်လိုအသုံးအနှုန်းသုံးပြီး ရေးရင်‌ကောင်းတယ်ဆိုတာကို အတူတူစဥ်းစားကြရအောင်။ စိတ်ဝင်စားတဲ့သူများ တက်ရောက်ခြင်းကို မျှော်လင့်နေပါမယ်။

 

■ ကျင်းပမည့်နေ့ရက် – ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် (စနေနေ့) မနက် ၉ နာရီခွဲမှ နေ့လည် ၁၁ နာရီအထိ (မြန်မာစံတော်ချိန်)

■တက်ရောက်နိုင်မည့်သူများ – မြန်မာလူမျိုးဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများ (JLPT N3 နှင့်အထက်)  *ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခွင့်မရှိပါ။

■ကျင်းပမည့်ပုံစံ – အွန်လိုင်း (Zoom)

(လင့်ခ်ကိုကျင်းပမည့်ရက် ၂ ရက်မတိုင်ခင် မေးလ်ပို့ပေးပါမည်)

‌■လျှောက်လွှာဖြည့်ရန် – အောက်ပါလင့်ခ်မှတဆင့် စာရင်းပေးသွင်းပါ။

လျှောက်လွှာလင့်ခ်-

https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcbrmfVS7GFPp9n2QzPF8OxUMUdBWFA2TUFFWkc5M1gxVTdWWFkyU0pINi4u

■လျှောက်လွှာပိတ်ရက် – ဇန်နဝါရီလ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၅ နာရီ (မြန်မာစံတော်ချိန်)

 

*ဆွေးနွေးပွဲကို ဂျပန်ဘာသာဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။

*မီးပျက်ခြင်းနှင့် အခြားသောမဖြစ်မနေအကြောင်းအရာမှလွဲပြီး တတ်နိုင်သလောက် ကွန်ပြူတာဖြင့်သာ ပါဝင်တက်ရောက်ပေးပါ။

*ပါဝင်တက်ရောက်ရမည့်လင့်ခ် ကိုမေးလ်ပို့ရာတွင် Spam Folder ထဲသို့ရောက်နေတတ်ပါသဖြင့် Spam Folder ကိုပါစစ်ပေးပါ။

 

 

【第8回ミャンマー人日本語教師のための定期勉強会のご案内】

テーマ:目的に合った書き方を考えよう!

日本語教師の皆さん、こんにちは!2024年最初の日本語定期勉強会のお知らせです。第8回のテーマは、「目的に合った書き方を考えよう!」です。手紙やメール、就職活動や進学準備の際に必要な志望動機など、どれも書く目的は違いますよね。今回の勉強会では、それぞれ誰に何を伝えるために書くのか整理し、その目的を達成するためにはどんな形式でどんな表現を使って書くとよいのか皆さんと一緒に考えます。

ぜひ、ご興味のある方の参加をお待ちしております!

 

■実施日:2024年月1月27日(土)午前9:30~11:00(ミャンマー時間)

■対象:ミャンマー人日本語教師(JLPT N3以上)*学生・学習者は不可

■実施方法:オンライン(Zoom)にて実施 (参加URLは2日前にメールでご連絡いたします)

■参加申込:下記URLよりお申込ください。

申込URL:
https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcbrmfVS7GFPp9n2QzPF8OxUMUdBWFA2TUFFWkc5M1gxVTdWWFkyU0pINi4u

 

申込締切:1月24日(水)17:00(ミャンマー時間)

 

*勉強会は日本語で行います。

*停電などのやむを得ない場合を除き、基本的にPCからのご参加をお願いします。

*参加URLのメールが迷惑フォルダに入ることがあります。迷惑フォルダもご確認ください。

 

(日本語は下にあります)

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းစတာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှော ဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ပေးလျက်ရှိပါတယ်။  ဒီတစ်ခေါက်မှာတော့ “季節の愉しみ方” ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ဂျပန်နဲ့ မြန်မာနိုင်ငံရဲ့ မတူကွဲပြားချက်များနဲ့ တူညီချက်များကို ဂျပန်လူမျိုးနဲ့ နှီးနှောဖလှယ်ပြောကြားသွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ  အောက်ပါ forms ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။

お話会_季節の愉しみ方 (office.com)

နေ့ရက်နှင့်အချိန်။ ။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ

သတ်မှတ်ဦးရေ။ ။ ၂၀ ဦး

ဂျပန်စာ level။ ။ N3 levelနှင့်အထက်

ကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ

အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

※အွန်လိုင်းမှကျင်းပသည့်ပွဲမဟုတ်ပါ။ ပါဝင်လိုသူများ ပွဲနေ့တွင် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသို့ လာရောက်ရမှာဖြစ်ပါတယ်။

 

日本語で楽しく話そう!! <<季節の愉しみ方>>

国際交流基金ヤンゴン日本文化センターでは、日本語を勉強している人のために日本の文化や習慣などを日本人と楽しく日本語でお話しできる「日本語で楽しく話そう!!」というプログラムを開催しています。今回のテーマは、「季節の愉しみ方」です。日本とミャンマーのそれぞれの季節の過ごし方について似ているところや異なっているところなどについて話し合って交流できる会です。興味がある方は、ぜひ下記のURLからお申し込みください。

申し込みURL >>  お話会_季節の愉しみ方 (office.com)
日時 :2024年1月24日(水) 午前10:00~11:30

定員:20名

日本語レベル:N3以上

場所 :The Japan Foundation, Yangon (国際交流基金ヤンゴン日本文化センター)

No. 70, Nat Mauk Lane (1), Bahan Township.

※オンライン参加のイベントではありません。参加できる方は国際交流基金ヤンゴン日本文化センターに来ていただくことになります。

 

ဆွေးနွေးပွဲအကြောင်းအရာ – Irodori ရဲ့ အခြားသင်ထောက်ကူများကိုလေ့လာကြရအောင်။

ဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများအားလုံးပဲမင်္ဂလာပါ။ ပြီးခဲ့တဲ့လတွေမှာမလုပ်ဖြစ်ခဲ့တဲ့ ဆွေးနွေးပွဲကို ဒီလမှာပြန်လည်ကျင်းပသွားပါမယ်။ သတ္တမအကြိမ်မြောက်ရဲ့ ခေါင်းစဥ်ကတော့ Irodori ရဲ့ အခြားသင်ထောက်ကူများကိုလေ့လာကြရအောင်  ဖြစ်ပါသည်။ Irodori ဝက်ဘ်ဆိုဒ်မှာရှိတဲ့ 「付属教材・資料အခြားသင်ထောက်ကူများ」https://yg.jpf.go.jp/irodori_category/other-resources/ ကို ကြည့်ဖူး ကြလား? အဲ့ဒီဝက်ဘ်ဆိုဒ်မှာ Irodori ကိုအသုံးပြုချိန်မှာ အသုံးဝင်မယ့် သင်ထောက်ကူတွေ၊ အချက် အလက်တွေကို လေ့လာနိုင်ပြီး ဂျပန်ဖောင်ဒေးရှင်းမှ မူရင်းသင်ထောက်ကူများလည်းပါဝင်ပါတယ်။ Irodori သင်ကြားပုံသင်ကြားနည်းတွေကိုလိုချင်တယ်၊ Minnano Nihongo နဲ့ ပေါင်းစပ်ပြီး အသုံးပြုချင် တယ်၊ Listening Test တွေလုပ်ချင်တယ် အစရှိတဲ့အချိန်တွေမှာအထောက်အကူဖြစ်မယ့် ဒေတာတွေ ပါရှိပြီး မြန်မာဘာသာပြန်ရှိတဲ့ဒေတာတွေလည်းရှိပါတယ်။ ဒီတစ်ခေါက် အကြောင်းအရာတွေကို အတူတူ ကြည့်ပြီး စာသင်ချိန်မှာလက်တွေ့ပြန်လည်အသုံးချနိုင်မလားဆိုတာအတူတူစဥ်းစားကြရ‌အောင်။

စိတ်ဝင်စားတဲ့သူများ တက်ရောက်ခြင်းကို မျှော်လင့်နေပါမယ်။

■ ကျင်းပမည့်နေ့ရက် – ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် (စနေနေ့) မနက် ၉ နာရီခွဲမှ နေ့လည် ၁၁ ခွဲနာရီအထိ (မြန်မာစံတော်ချိန်)

■ တက်ရောက်နိုင်မည့်သူများ – မြန်မာလူမျိုးဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများ (JLPT N3 နှင့်အထက်)  *ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခွင့်မရှိပါ။

■ သတ်မှတ်ဦးရေ – အယောက် ၄၀

■ ကျင်းပမည့်ပုံစံ – အွန်လိုင်း (Zoom)

(လင့်ခ်ကိုကျင်းပမည့်ရက် ၂ ရက်မတိုင်ခင် မေးလ်ပို့ပေးပါမည်)

‌■ လျှောက်လွှာဖြည့်ရန် – အောက်ပါလင့်ခ်မှတဆင့် စာရင်းပေးသွင်းပါ။

https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOf4tSIHJB85OsYabfHWprdJUMElEWkNKWTdZQUNIQTBEUVdSQUZVNFVZNS4u

■ လျှောက်လွှာပိတ်ရက် – ဒီဇင်ဘာလ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၅ နာရီ (မြန်မာစံတော်ချိန်)

※သတ်မှတ်ဦးရေ အယောက် ၄၀ ပြည့်သွားသည်နှင့် လျှောက်လွှာပိတ်မည်ဖြစ်ပါသည်။

 

* ဆွေးနွေးပွဲကို ဂျပန်ဘာသာဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။

* မီးပျက်ခြင်းနှင့် အခြားသောမဖြစ်မနေအကြောင်းအရာမှလွဲပြီး တတ်နိုင်သလောက် ကွန်ပြူတာဖြင့်သာ ပါဝင်တက်ရောက်ပေးပါ။

* ပါဝင်တက်ရောက်ရမည့်လင့်ခ် ကိုမေးလ်ပို့ရာတွင် Spam Folder ထဲသို့ရောက်နေတတ်ပါသဖြင့် Spam Folder ကိုပါစစ်ပေးပါ။

 

【第7回ミャンマー人日本語教師のための定期勉強会のご案内】

テーマ:いろどり付属教材を見てみよう!

 

日本語教師の皆さん、しばらくお休みしていましたが、定期勉強会を再開いたします!

第7回目のテーマは、「いろどり付属教材を見てみよう!」です。

皆さんは「いろどり」web siteにある「付属教材・資料အခြားသင်ထောက်ကူများ」

https://yg.jpf.go.jp/irodori_category/other-resources/

をご覧になったことがありますか?ここには『いろどり』を使うときに役立つさまざまな補助教材や資料が提供されていて、当センターオリジナルの教材も含まれています。

『いろどり』の教案がほしい、『みんなの日本語』と組み合わせて使いたい、会話テストを行いたいなどというときに手助けとなる資料で、ミャンマー語訳があるものもあります。

今回、一緒にコンテンツを見ていき、授業に活かせるかどうか考えてみませんか。

ぜひ、ご興味のある方の参加をお待ちしております!

 

■実施日:2023年月12月16日(土)午前9:30~11:30(ミャンマー時間)

■対象:ミャンマー人日本語教師(JLPT N3以上)*学生・学習者は不可

■定員: 40名

■実施方法:オンライン(Zoom)にて実施 (参加URLは2日前にメールでご連絡いたします)

■参加申込:下記URLよりお申込ください。

申込URL:

https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOf4tSIHJB85OsYabfHWprdJUMElEWkNKWTdZQUNIQTBEUVdSQUZVNFVZNS4u

申込締切:12月13日(水)17:00(ミャンマー時間)

※申込みが定員の40名に達した場合、早めに締め切ることがございます。ご了承ください。

 

*勉強会は日本語で行います。

*停電などのやむを得ない場合を除き、基本的にPCからのご参加をお願いします。

*参加URLのメールが迷惑フォルダに入ることがあります。迷惑フォルダもご確認ください。

2024日本語教師育成プログラム オンライン平日夜コース 申し込み受付開始!

国際交流基金ヤンゴン日本文化センターが2018年より開始し、第6回となる日本語教師育成プログラムです。日本語教師として必要な知識や理論、実践スキルを身につけるだけでなく、コース修了後も成長し続けられる教師となることを目指します。

今回は、これまでのコースよりも短い期間で集中的に基礎を学ぶコースとなっています。また、オンラインコースでは初めての平日の夜の開催となっていますので、これまで参加が難しかった方もぜひご応募ください!

 

1. プログラム概要

(1)期間:2024年1月29日(月)~2024年5月30日(木)(全30回)

(2)時間:月曜日と木曜日 18:00~20:00

(3)内容:

日本語や日本語教授法に関する基礎的な知識、理論を学び、オンラインでコミュニカティブに実践できる能力の育成を目指します。

基礎・教授法理論などの授業・・・約32時間

模擬授業や関連授業・・・約20時間  ※そのほか、講師との面談や試験などがあります。

(4)定員:約20名

(5)申請資格:

・ミャンマー国籍を有し、コース終了までミャンマーで受講できること。

・JLPTのN2レベル以上であること。

・パソコンで受講し、授業中に問題なく日本語入力ができること。

※日本語指導経験の有無、年数は問いません。

(6)受講料:無料

(7)証明書:

出席、授業への取り組み、試験、提出物、模擬授業等を総合的に評価し、合格点を満たした受講者には、国際交流基金ヤンゴン日本文化センターより修了証明書(Certificate)が発行されます。

 

2. 申請方法 

・申請方法は、下記の申請要領をダウンロードしてご確認ください。 

申請要領

・申請書は下記のファイルをダウンロードしてお使いください。

申請書(Word

申請書(PDF

※上記の2つのファイルは同じ内容のものです。Wordファイルが開かない場合は、PDFファイル版の申請書をお選びください。

 

3. 提出期限

2024年1月5日(金) ミャンマー時間 16:00

 

4.問い合わせ

国際交流基金ヤンゴン日本文化センター

Eメール: nihongo.jfyg@jpf.go.jp

電話番号: 01-430920、01-430921

担当:Daw Pwint The Cho

受付時間:月曜日~金曜日(9:00-16:30)

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာမှ ပြုလုပ်သောစစ်တမ်းများနှင့် ပတ်သက်ပြီး အမြဲလိုလိုကူညီပေးသည့် ဂျပန်ဘာသာပညာရေးအဖွဲ့အစည်းများနှင့် အလုပ်သမားအေဂျင်စီများအား  အထူးပင် ကျေးဇူးတင်ရှိပါသည်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာသည် မြန်မာနိုင်ငံရှိ ဂျပန်ဘာသာဆရာ၊ ဆရာမများ၏ ယခုလက်ရှိအခြေအနေများကို သိရှိနားလည်နိုင်ရန်နှင့် ဆရာ၊ ဆရာမများ၏စကားသံများကို အမြဲလိုလို နားစွင့်လိုသည့်အတွက် ယခုနှစ်တွင် Online မှတစ်ဆင့် ဂျပန်ပညာရေးအဖွဲ့အစည်းများကို စစ်တမ်းကောက်ယူခြင်းများကို ပြုလုပ်လျှက်ရှိပါသည်။ စစ်တမ်းကောက်ယူခြင်းတွင် ကူညီပါဝင်အားဖြည့်ပေးခဲ့သော အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ နောက်နောင်များတွင်လည်း Online အပြင် အဖွဲ့အစည်းများသို့ ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး စစ်တမ်းကောက်ယူသွားရန် စီစဥ်လျှက်ရှိပါသည်။ ထို့အတွက် လူကြီးမင်းများ၏ဂျပန်ပညာရေးအဖွဲ့အစည်းများထံသို့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာမှ ဖုန်းဖြင့်ကြိုတင်ဆက်သွယ်သွားမည်ဖြစ်ပြီး လူကြီးမင်းများ၏အဆင်ပြေသောအချိန်များတွင် ကျွန်ုပ်တို့၏စစ်တမ်းကောက်ယူခြင်းတွင် ပါဝင်ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

【JFによる機関訪問・機関調査 ご協力のお願い】

日本語教育機関並びに人材送り出し機関の皆様、いつもご協力いただきありがとうございます。

国際交流基金ヤンゴン日本文化センター(JFYG)ではミャンマーの日本語教育の実態を把握し、皆様からのお声を聞かせていただきたく、本年よりonlineによる機関調査を実施して参りました。既に調査にご協力いただいた機関の皆様には改めて御礼申し上げます。今後は直接訪問による調査も行いたく、皆様のご都合に合わせてonline・直接訪問のどちらかでお願い申し上げる次第です。あらかじめ当センター(JFYG)より電話にてご都合をお伺いいたしますので、お忙しいところ大変恐縮ですがご協力いただけますと幸いに存じます。

 

ဒုတိယကမ္ဘာစစ်အပြီး စက်မှုထွန်ကားလာချိန်တွင် Consumerism နှင့်အတူ
အမေရိကန်နိုင်ငံမှ ပေါ့ပ်အနုပညာသည် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ထိုခေတ်က ဂျပန်အီလက်ထရောနစ်ဈေးကွက် တစ်ရှိန်ထိုး တိုးတက်လာချိန်တွင် ဓါတ်ပုံကင်မရာ၊ တီဗွီ၊ ဗွီဒီယိုတိပ်ခွေ၊ ကက်ဆက်၊ ဗွီဒီယိုဂိမ်း၊ အော်ဒီယို ကီးဘုတ်များကို တွင်ကျယ်စွာ ရောင်းချသုံးစွဲခဲ့မှုများသည် ယနေ့ခေတ် ကျွန်ုပ်တို့ မြင်တွေ့နေရသည့် လူနေမှုပုံစံနှင့် အနုပညာ ဖန်တီးမှုလမ်းကြောင်းများပေါ်တွင် များစွာ သက်ရောက်မှုရှိခဲ့သည်။
မြို့ပြလူနေမှုစနစ် တိုးတက်လာခြင်း၊ လူထုဆက်သွယ်မှု မီဒီယာများဖြစ်သည့် ရေဒီယို နှင့် ရုပ်သံကြော်ငြာလုပ်ငန်းများ တွင်ကျယ်လာခြင်း၊ အရောင်အသွေးစုံလင်လာခြင်း၊ ပိုးစကာ ပုံနှိပ်နည်းပညာတိုးတက်လာခြင်း၊ မြို့ပြညနေခင်း Night Life မှ ဖန့် (Funk) ဒစ်စကို (Disco) ဂျက်ဇ် (Jazz) ဂီတ များနှင့် ကဖေး (Café) ၊ဘား (Bar) ယဥ်ကျေးမှုများ စတင် ကျယ်ပြန့်လာခြင်း၊ လျှပ်စစ် တူရိယာ(Electronics Instruments) များကို တွင်ကျယ်စွာ သုံးစွဲလာခြင်းတို့မှ ခေတ်ယဉ်ကျေးမှု (Popular Mass Culture) တစ်ရပ် ထွန်းကားလာခဲ့သည်။
မြို့ပြအခြေပြု လူနေမှုပုံစံကြောင့် ခေတ်အလိုက် မြို့ပြပေါ့ပ်ဂီတမှ Cosplay ယဉ်ကျေးမှုများအထိ မြို့ပြ ယဉ်ကျေးမှုအုပ်စုငယ် Urban sub-culture များလည်း ပေါ်ထွက်လာခဲ့သည်။ ၁၉၉ဝ ခုနှစ်နောက်ပိုင်း ဂျပန်တွင် စီးပွားရေးစတင်ကျဆင်းလာခဲ့သော်လည်း ထိုအချိန်တွင် ဂျပန်၏ ပေါ့ပ်ယဉ်ကျေးမှုသည် ကမ္ဘာအနှံ့တွင် စတင်ကျယ်ပြန့်လာချိန်ဖြစ်သည်။ ယနေ့ခေတ်တွင်မူ ကမ္ဘာတစ်ဝှမ်းရှိ အနုပညာရှင်များက ၈ဝ ခုနှစ်များမှ ဂန္တဝင် ဂျပန်ပေါ့ပ်အနုပညာဂီတ လက်ရာများကို နှစ်သက်သဘောကျဆဲ၊ မှီငြမ်းအတုယူဆဲဖြစ်ပြီး နီယွန်မီးရောင်များအောက်တွင် အသက်ဝင်လှုပ်ရှားနေသည် မြို့ပြ၏အလှ ပုံရိပ်များ၊ ထိုခုနှစ်များက ဝတ်စားဆင်ယင်ပုံ၊ ပြင်ဆင်မှု၊ အသုံးအဆောင်များ၊ အန်နားလော့ (Analog) စတေးရီရို (stereo) အငွေ့အသက် အရုပ်များ အသံများ အတိတ်ပုံရိပ်ကိုပြန်တမ်းတသည့် Nostalgic ဓာတ်ပုံများကို ပြန်လည်ဖန်တီးပြီး စီးမျောခံစားသည့် “retro art” လှုပ်ရှားမှုတစ်ရပ် သည် လူမှုမီဒီယာ(Social Media) အင်တာနက်မှတစ်ဆင့် လူငယ်များကြား ပြန်လည်ရေပန်းစားလာခဲ့သည်။
အဆိုပါ New Retro Movement သည် အတိတ်ကို ပြန်လည်ဖန်တီးမှုသက်သက်မဟုတ်ပဲ အတိတ်၏ပုံရိပ်များကို ပြန်လည်မှန်းဆကာ ဆန်းသစ်သော အမြင်ဖြင့် ဖန်တီးထားသော ဂီတ၊ ဒီဇိုင်း၊ ဖက်ရှင်များဖြစ်သည်။ City pop ကဲ့သို့ ၇ဝ၊ ၈ဝ ခုနှစ်များက ခေတ်ပေါ်ဂျပန်ယဉ်ကျေးမှု အနုပညာပုံစံများကို ပြန်လည်ဖန်တီးခြင်းသည် မတူညီသည့် ခေတ်စနစ်၊ နည်းပညာ၊ နယ်နမိတ်များကိုကျော်လွန်၍ ပုံစံသစ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ် တိုးတက်လာခဲ့သည်။
ဂျပန်အန်နီမေးရှင်းနှင့် ဗွီဒီယိုဂိမ်းများဖြင့် နှစ်သက်ကြီးပြင်းလာသော အနုပညာရှင်မျိုးဆက်အတွက်သာမက ယဉ်ကျေးမှုရေးရာကို လေ့လာနေသော ပညာရှင်များအတွက်လည်း ကမ္ဘာပေါ်ရှိ နေရာဒေသတစ်ခုမှ ယဉ်ကျေးမှုရေစီးကြောင်း တစ်ခုသည် မတူညီသော အချိန်၊ဒေသတို့ကို ကျော်လွန်၍ ကမ္ဘာ့ပေါ့ပ်ယဉ်ကျေးမှုပင်လယ် ရေစီးကြောင်းကြီးတစ်ရပ်အဖြစ် ပျံ့နှံ့ပြောင်းလဲသွားသည့် ဖြစ်စဉ်တစ်ရပ်ကို စိတ်ဝင်တစား လေ့လာစောင့်ကြည့်ရသည့် အကြောင်းအရာ တစ်ခု ဖြစ်လာခဲ့သည်။
ယခုတစ်ခေါက်တွင် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် ဂျပန်ပေါ့ပ်ယဉ်ကျေးမှုကို ပြန်လည်တင်သွင်းသည့် Re-import Retro 「逆輸入」 အနုပညာပြပွဲနှင့် စကားဝိုင်းစီးရီးများကို ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာလူငယ်အနုပညာရှင်များ၏ ဂျပန် retro pop ယဉ်ကျေးမှုအပေါ် အမြင်သစ်များကို သူတို့၏ ဖန်တီးမှုများနှင့် ရင်တွင်းဖြစ်စကားများမှတစ်ဆင့် ရှာဖွေသွားမည်ဖြစ်ပါသည်။
ပထမဆုံးပြပွဲအနေဖြင့် အနုပညာရှင် “Lynn” ၏ ဒီဂျစ်တယ်ပန်းချီကားများကို ပြသသွားမည်ဖြစ်ပါသည်။ ပြပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်အထိ ပြသသွားမည်ဖြစ်ပြီး ပြပွဲဖွင့်ပွဲနေ့တွင် School of Contemporary Art ၏ founder ကိုအောင်မြတ်ဌေးမှလဲ Pop Art ယဥ်ကျေးမှုအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး အနုပညာရှင် Lynn မှလဲ သူ၏လက်ရာများအကြောင်း ရင်တွင်းခံစားချက်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။
ပြပွဲသည် ဝင်ကြေးအခမဲ့ဖြစ်ပြီး ဖွင့်ပွဲနေ့ စကားဝိုင်းသို့ တက်ရောက်ရန် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ အသေးစိတ်ကို အောက်တွင်ကြည့်ရှုနိုင်ပါသည်။
Re-import Retro 「逆輸入」
နေ့ရက် ။ ။ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ (အပါတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် မနက် ၉ နာရီခွဲမှ နေ့လည် ၃ နာရီခွဲအထိ ပြပွဲဖွင့်ပါသည်)
*ဖွင့်ပွဲနေ့ Pop Art စကားဝိုင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့၊ နေ့လည် ၃ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ အောက်ပါလင့်ခ်တွင် စာရင်းပေးသွင်းပါ။
နေရာ ။ ။ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်

ဂျပန်ဘာသာဆရာ၊ ဆရာမများအားလုံး မင်္ဂလာပါ! အားလုံးပဲ  “ Irodori ဂျပန်တွင်နေထိုင်မှုအတွက် ဂျပန်ဘာသာစကား” ဖတ်စာအုပ်အကြောင်းသိရှိပါသလား?

“ Irodori ဂျပန်တွင်နေထိုင်မှုအတွက် ဂျပန်ဘာသာစကား” ဖတ်စာအုပ်သည် ဂျပန်တွင် အလုပ်သွားလုပ်ရန်နှင့် ပညာတော်သင်သွားရောက်လိုသော ကျောင်းသား၊သူများအတွက် အထူးအထောက်အကူပြုသောဖတ်စာအုပ်ဖြစ်ပါတယ်။ ဒီဖတ်စာအုပ်အကြောင်း “ သိနေပေမယ့်၊ အသုံးပြုကြည့်ချင်ပေမယ့် ဒီစာအုပ်နဲ့ပတ်သက်တဲ့သင်ကြားနည်းများကို သေသေချာချာမသိရှိဘူး” ဆိုတဲ့စကားသံများကို မကြာခဏဆိုသလို ကြားနေရပါတယ်။

ဒါဆိုရင် Irodori ဖတ်စာအုပ်အသုံးပြုနည်းနှင့် Irodori Online Course ကို လေ့လာခွင့်ရရှိမယ့် သင်တန်းလေးမှာပါဝင်ဆင်နွဲကြည့်ကြမလား?

တစ်နေ့တာသင်ရိုး (အချိန် ၃ နာရီခန့်)ကြာမြင့်မည့် အတန်းဖြစ်ပြီး မနက်ပိုင်းတွင် Irodori ဖတ်စာအုပ်အသုံးပြုနည်းနှင့် နေ့လည်ပိုင်းတွင်တော့ Irodori Online Course ဆိုသည့်သင်ရိုးကို သင်ပေးသွားမည်ဖြစ်သည်။  သင်တန်းကျောင်းများတွင်လည်း Irodori ဖတ်စာအုပ်ကို ဘယ်လိုမျိုး အသုံးပြုသွားရင် ကောင်းမလဲဆိုတာကို အတူတူစဥ်းစားကြည့်ရအောင် ။ တစ်နေ့တာသင်ရိုးဖြစ်ပြီး စိတ်လက်ပေါ့ပါးစွာဖြင့် ပါဝင်ဆင်နွဲနိုင်တာကြောင့် တက်ရောက်ပေးဖို့ တောင်းဆိုပါရစေ!

★『いろどり』ဝက်ဘ်ဆိုဒ် မြန်မာဘာသာဖြင့်:Japan Foundation (jpf.go.jp) 

★Irodori Japanese Online Course:IRODORI Japanese online course (jpf.go.jp) 

 

ယခုတစ်ခေါက် သင်တန်းမှာ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျးမှုစင်တာတွင် ကျင်းပသွားမည်ဖြစ်သည့်အတွက် သင်တန်းနေ့ရက်တွင် စင်တာတွင် လာရောက်တက်ရောက်နိုင်သူများသာ လျှောက်ထားပေးပါရန်။

ယခင်ပြုလုပ်ထားခဲ့သည့် ( Irodori သင်ရိုး Course ) ၊ စက်တင်ဘာလအတွင်းကျင်းပခဲ့သည့် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ စသည့်ပွဲများ၏အကြောင်းအရာတစ်စိတ်တစ်ပိုင်းမှာ တူညီမှု ရှိနိုင်ပါသည်။

 

■သင်တန်းနေ့ရက် : ၂၀၂၃ ခုနှစ် ၁၁ လပိုင်း ၉ ရက် ( ကြာသပတေးနေ့)

မနက် ၁၀ နာရီမှ ၁ နာရီ ( မြန်မာစံတော်ချိန် ) ကြားတွင် နားချိန်တစ်ချိန် ပါရှိပါမည်။

■သင်တန်းနေရာ : ဂျပန်ဖောင်‌ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာ ( အမှတ် ၇၀ ၊ နတ်မောက်လမ်းသွယ် ၁ ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ သျှင်ပါဂူဆေးရုံနှင့် Grace Pho Sein ဟိုတယ်အနီး)

The Japan Foundation, Yangon – Google Maps

■သင်တန်းကြေး : အခမဲ့

■သင်ရိုးစာအုပ် : “ Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား အခြေခံမိတ်ဆက်၊ အခြေခံအဆင့် ၁ နှင့် အခြေခံအဆင့် ၂ ”

※ သင်တန်းသူ၊သားများအား ဖတ်စာအုပ်များကို အခမဲ့ဝေမျှသွားမည်ဖြစ်ပါသည်။

■သင်ရိုးအကြောင်း : ၁. Irodori အကြောင်း အကျဥ်းချုပ် ၂. Irodori နှင့်ပတ်သက်သည့် အစမ်းသင်တန်း

၃. Irodori Online Course သင်ရိုး ၄. ဆွေးနွေးခြင်း

■လျှောက်ထားနိုင်သူများ : N3နှင့်အထက် မြန်မာလူမျိုး ဂျပန်ဘာသာဆရာ၊ ဆရာမများ

သင်တန်းကို ဂျပန်ဘာသာဖြင့် ပြုလုပ်သွားမည် ဖြစ်သည်။

■သတ်မှတ်ဦးရေ : ၂၀

■သင်ကြားမည့်သူ : ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာမှဂျပန်လူမျိုးဆရာမများ

■သင်တန်းလက်မှတ် : သင်တန်းလက်မှတ်များကို မေးလ်ဖြင့် ပေးပို့သွားမည်။

■လျှောက်ထားရန် : အောက်ပါ Microsoft Forms မှတစ်ဆင့် လျှောက်ထားပါရန်။

https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZORHjfveNxflJnANMn1ryhMpUN0NPVk8xWFVNQzBWUUZZTU1GT1RHWjlRSi4u

 

■လျှောက်လွှာပိတ်ချိန် : ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ (အင်္ဂါနေ့) ၁၂ နာရီ( မြန်မာစံတော်ချိန် )

လျှောက်ထားသူများပြားပါက ဖိုင်လျှောက်လွှာတင်ချိန်ကို စော၍ပိတ်သိမ်းနိုင်ပါသည်။

※လျှောက်ထားသူများအား သင်တန်းဆိုင်ရာအသေးစိတ်ကို  မေးလ်မှပို့သွားမည်ဖြစ်ပါသဖြင့် မေးလ်ကို မဖြစ်မနေကြည့်ရှုရန် လိုအပ်ပါသည်။

Spam Mail Folder ကိုလည်း စစ်ဆေးပေးပါရန်။

【ミャンマー人日本語教師のための『いろどり』1日体験クラス】

日本語教師の皆さん、こんにちは!皆さんは『いろどり』をご存知ですか?『いろどり』は日本で仕事や勉強をしたい学生さんを教えるために、とても役に立つ教材です。でも、「知っている・使ってみたいけど、教え方が分からない…」という声をよく聞きます。そこで、『いろどり』を使った授業と「いろどり日本語オンラインコース」を体験してみませんか?

1日(3時間)のクラスで、前半は『いろどり』を使った授業、後半は「いろどり日本語オンラインコース」を実際に使ってみます。そして、最後は皆さんの授業でいろどりをどのように活用できるか、一緒に考えてみませんか?1日のクラスですので、ぜひ、お気軽にご参加ください!

★『いろどり』ミャンマー語版Web Site:Japan Foundation (jpf.go.jp)

★いろどり日本語オンラインコース:IRODORI Japanese online course (jpf.go.jp)

 

※このクラスはヤンゴン日本文化センターで行いますので、クラス当日、センターにお越しいただける方のみお申込みください。

58月の『いろどり』体験コース、9月の勉強会「いろどり日本語オンラインコースを試してみよう!」と内容が重複しているところがあります。

 

■実施日時:2023年11月 9日(木曜日)

10:00~13:00(ミャンマー時間)※途中でお茶の休憩時間があります

■実施場所:ヤンゴン日本文化センター(No.70 Nat Mauk Lane(1), Bahan Township, Yangon)The Japan Foundation, Yangon – Google Maps

■受講料:無料

■教材 :『いろどり 生活の日本語 入門 初級1・2』 ※受講者にはテキストを配布いたします

■内容:①『いろどり』の概要説明 ②『いろどり』の模擬授業 ③いろどり日本語オンラインコースの体験 ④ディスカッション

■条件 :N3以上のミャンマー人日本語教師 *全て日本語で行います。

■定員 :20名

■講師 :ヤンゴン日本文化センター日本人講師

■受講証明書:受講者にメールにて送付

■参加申込:下記の Microsoft Forms よりお申込ください。

申込URL: https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZORHjfveNxflJnANMn1ryhMpUN0NPVk8xWFVNQzBWUUZZTU1GT1RHWjlRSi4u

■申込締め切り:2023年11月7日(火)12時(ミャンマー時間)

※申込者が多い場合早めに締め切ることがございます。ご了承ください。

※受講者には詳細をメールでお知らせしますので、必ずメールをご確認ください。迷惑メールフォルダ(Spam Mail Folder)もご確認ください。

 

လက်ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်တွင် ပြုလုပ်ကျင်းပရန်စီစဉ်ထားသော ယာကိရှိမဲ မြေထည်လက်ရာပြပွဲအစီအစဉ်၏ ခေါင်းစဉ်ကွဲတစ်ခုဖြစ်သော Yakishime And Washoku ခေါင်းစဉ်အောက်တွင် ဂျပန်၏ထင်ရှားသော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် ဝရှောခု ဟင်းလျာများကို တည်ခင်းရာတွင် အသုံးပြုသော ယာကီရှိမဲ မြေထည် ပန်းကန်ခွက်ယောက်များကိုလည်း ထည့်သွင်းပြသထားပါသည်။ အဆိုပါ မြေအိုးနှင့် ပန်းကန်တို့ကို အသုံးပြုပြီး Hayami san မှ ဂျပန်ဟင်းလျာများကို ချက်ပြုတ်ခြင်းနှင့် ပတ်သတ်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး ဂျပန်ရိုးရာ dobin mushi ဟင်းရည်ကိုလည်း ချက်ပြုတ်ပြသသွားမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံ၏ စားသောက်ဆိုင်လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် ဂျပန်ဟင်းလျာများကို တည်ခင်းရာတွင် အသုံးပြုသော ယာကီရှိမဲ အိုးခွက်ပန်းကန်များနှင့် ပတ်သတ်၍ ဗဟုသုတများစွာရရှိစေမည့် အစီအစဉ်ဖြစ်ပါသည်။

အစီအစဉ် အသေးစိတ်

အချိန် ။ ။ နေ့လည် ၂ နာရီမှ ၄ နာရီအထိ
နေ့ရက် ။ ။ ဇူလိုင်လ ၂၂ ရက်နေ့ (စနေနေ့)၊ ၂ဝ၂၃

နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ

အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလင့်မှတစ်ဆင့်ကြိုတင်စာရင်းပေးသွင်းသွားရမည်ဖြစ်ပါသည်။

https://forms.gle/LDhvmkawhZh5hQke9

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။