အားလုံးပဲ မင်္ဂလာပါ။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံသို့သွားရောက်ကြမည့်သူများအတွက် ကွက်တိအထောက်အကူပြုမည့် ဂျပန်ယဥ်ကျေးမှုအစီအစဥ် “Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”ဆိုတဲ့ အစီအစဥ်လေးကို စတင်ပြုလုပ်ပေးနေပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာနေထိုင်စဥ်အတွင်း သိထားလျှင်အထောက်အကူဖြစ်နိုင်မည့် နေ့စဥ်နေထိုင်မှုဘဝနှင့်ပတ်သက်သည့် ယဥ်ကျေးမှုများကို ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒုတိယအကြိမ်မြောက်ခေါင်းစဥ်လေးကတော့ “အစားအသောက်နဲ့ပတ်သက်တဲ့ယဥ်ကျေးမှု” ဖြစ်ပြီး ဇွန်လ ၂ရက်နေ့ (အင်္ဂါနေ့)၊ နေ့လည် (2:00~3:30)အထိ JFYG တွင်ကျင်းပသွားမှာဖြစ်ပါတယ်။

ဂျပန်မှာရော မြန်မာမှာရော အရသာရှိတဲ့အစားအသောက်တွေ အများကြီးရှိပေမယ့် ဘယ်အစားအစာတွေကို ဘယ်အချိန်မှာစားကြလဲစတဲ့ ❝အစားအသောက်နဲ့ပတ်သက်တဲ့ ယဥ်ကျေးမှု❞ကို နှိုင်းယှဥ်ကြည့်ရင်း စိတ်ဝင်စားစရာကောင်းပြီး Hakken!လုပ်နိုင်မယ့်အရာတွေ အများကြီးရှိပါတယ်။

ဂျပန်-မြန်မာ နှစ်နိုင်ငံရဲ့ အစားအသောက်နဲ့ပတ်သက်တဲ့ယဥ်ကျေးမှုတွေကို နှိုင်းယှဥ်ကြည့်ရင်းမှတဆင့် ဂျပန်နိုင်ငံရဲ့အစားအသောက်နဲ့ပတ်သက်တဲ့ယဥ်ကျေးမှုတွေကို ပျော်ပျော်ရွှင်ရွှင်လေ့လာကြည့်ကြရအောင်။

ဂျပန်ဘာသာ၊ မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဂျပန်ဘာသာစကားမှာ ယုံကြည်မှုသိပ်မရှိသူများလည်း ပါဝင်နိုင်တာမလို့ အားလုံးဆက်ဆက် ပါဝင်ပေးကြပါဦးနော်။

 

■နေ့ရက် နှင့် အချိန်:၂၀၂၆ခုနှစ်၊ ဇွန်လ ၂ရက်နေ့ (အင်္ဂါနေ့)၊ မြန်မာစံတော်ချိန် နေ့လည် (2:00~3:30)အထိ

■နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)။

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

■အနီးဆုံး ဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်။

■ဘတ်စ်ကားနံပါတ် :၄၃၊ ၆၄၊ ၈၀။

■ပါဝင်ကြေး:အခမဲ့။

■ပါဝင်နိုင်သူများ:မြန်မာလူမျိုးဂျပန်ဘာသာစကားလေ့လာနေသူများအားလုံး (မည်သည့်levelမဆို ပါဝင်နိုင်ပါတယ်။)

■အသုံးပြုမည့်ဘာသာစကား:ဂျပန်ဘာသာစကား နှင့် မြန်မာဘာသာစကား။

■လျှောက်ထားရန်:အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်လွှာတင်ပေးပါ။

https://forms.office.com/r/0jJPJhLHHw

■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ မေလ ၂၉ရက်နေ့ (သောကြာနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ။

■သတ်မှတ်ဦးရေ:၃၀ ဦး။

ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင်  လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း「Sura Sura တဒို့ခုပွဲ」ကို ကျင်းပလျက်ရှိပါတယ်။「တဒို့ခု」ဆိုသည်မှာ လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာဖြင့်ရေးထားသားသည့် စာအုပ်များကို ပျော်ပျော်ရွှင်ရွှင်နှင့် အများအပြားဖတ်ရှုသည့် လေ့လာနည်းတစ်ခုပဲ ဖြစ်ပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်သည့် Readingအတန်းချိန်နှင့်မတူဘဲ တဒို့ခုမှာဆိုရင် မိမိတို့နှစ်သက်တဲ့စာအုပ်ကို လွတ်လပ်စွာ ဖတ်ရှုနိုင်ပါတယ်။ N5 levelမှ N1 Levelအထိ မည်သူမဆို ပါဝင်ဖတ်ရှုနိုင်ပါတယ်။ ပါဝင်သူများကို 「တဒို့ခုစာဖတ်ကဒ်」ပြုလုပ်ပေးမှာ ဖြစ်ပြီး စာဖတ်ကဒ်တွင် အမှတ်၃ခုပြည့်တိုင်း တစ်ကြိမ်စီလက်ဆောင်ပစ္စည်းလေးတွေကို ထုတ်ယူနိုင်ပါတယ်။ 🎁 ဒါ့အပြင် တဒို့ခုစာအုပ်အသစ်တွေလည်း ရောက်ထားပါတယ်နော်။ ပထမဆုံးအကြိမ်လာရောက်မည့်သူများကို နွေးထွေးစွာကြိုဆိုလျှက်ရှိပါတယ်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှာ ဂျပန်ဘာသာစာအုပ်များကို  အများအပြားဖတ်ရှုနိုင်ရန် အသင့်ပြင်ဆင်ပြီး စောင့်မျှော်လျှက်ရှိပါတယ်။ အတူတူ ပျော်ပျော်ရွှင်ရွှင် ဂျပန်ဘာသာစကားကို လေ့လာကြည့်ကြရအောင်!

*အောက်ပါLinkမှတဆင့် ပထမအကြိမ် မှ ပဥ္စမအကြိမ်မြောက်အထိ ကျင်းပခဲ့သော တဒို့ခုရဲ့ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/v/16etkeorVu/

 

*ကျောင်းများသို့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ လာရောက်ပြီး တဒို့ခုကျင်းပပေးသည့် “လာပြီလာပြီ”တဒို့ခုအားလျှောက်လွှာတင်လိုသောကျောင်းများအနေဖြင့် အောက်ပါလင့်ခ်မှတဆင့် ပါဝင်လျှောက်ထားပေးပါ။

https://www.facebook.com/share/p/1GTLKLwXu9/

 

 

*Sura Sura တဒို့ခုစာဖတ်ပွဲအား ၂ကြိမ်ခွဲ၍ ကျင်းပပြုလုပ်ပေးလျှက်ရှိပါတယ်။ ပါဝင်လိုသူများအနေဖြင့် မိမိတို့နှစ်သက်ရာ အချိန်တစ်ခုအားရွေး၍ဖြစ်စေ၊ ၂ကြိမ်လုံးတက်ရောက်လိုသူများအနေဖြင့် ၂ကြိမ်လုံးတွင်ပါဝင်တက်ရောက်နိုင်ပါတယ်။

 

ကျင်းပမည့်နေ့ရက် :  ၂၀၂၆ခုနှစ်၊ မေလ၊ ၂၉ရက်နေ့ (သောကြာနေ့)

ကျင်းပမည့်အချိန် : နံနက် ၁၀နာရီ မှ ၁၁နာရီခွဲအထိ

②နေ့လည် ၂နာရီ မှ ၃နာရီခွဲအထိ

ကျင်းပမည့်နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။

ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

ပါဝင်ကြေး :  အခမဲ့။

လျှောက်ထားနိုင်သည့်သူများ :  ဂျပန်ဘာသာစကားလေ့လာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ။

လျှောက်ထားရမည့်ပုံစံ : အောက်ဖော်ပြပါ Microsoft Form မှတဆင့် လျှောက်ထားပေးပါ။

Surasuraတဒို့ခုစာဖတ်ပွဲ လျှောက်လွှာဖောင် (29, MAY, 2026)  – Fill out form

လျှောက်လွှာပိတ်ချိန် : ၂၀၂၆ခုနှစ်၊ မေလ၊ ၂၇ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန်  နေ့လည် (၁၂)နာရီ။

သတ်မှတ်ဦးရေ : ၃၀ဦး။

 

*လျှောက်ထားသူများပြားသောအချိန်မျိုးတွင် လျှောက်လွှာဖောင်ကို စော၍ ပိတ်ခြင်းမျိုးလည်းရှိနိုင်ပါသဖြင့် နား လည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

*ယခုတစ်ခါတွင် ဖုန်းဖြင့်ထပ်မံဆက်သွယ်ခြင်းမျိုးမရှိသည့်အတွက် လျှောက်ထားသူမည်သူမဆိုပါဝင်တက်ရောက်နိုင်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)က ဖြစ်ပါတယ်။

၂၀၂၆ခုနှစ်၊ မေလ (၂၃)ရက်နေ့မှာပြုလုပ်မယ့် ယဥ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုများ (Cultural Connections 2026)အစီအစဥ်မှ ‌ဟောခန်းတွင်ကျင်းပပြုလုပ်မည့် Stage Programပွဲအစီအစဉ်အသေးစိတ်ကို မျှဝေလိုက်ပါတယ်။

 

၁၀ နာရီမှ ၁၀ နာရီ ၄၅ မိနစ်။       ။ခန်းဒို (Kendo)သရုပ်ပြအစီအစဥ်

၁၁ နာရီ ၁၅ မိနစ်မှ ၁၁ နာရီ ၄၅ မိနစ်။      ။ဂျပန်နိုင်ငံနှင့်ပတ်သက်သည့် Culture Quiz အစီအစဉ်

၁၂ နာရီ ၁၅ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်။        ။ Tiktoker Katatsumuri မှ J-POP အကဖျော်ဖြေခြင်းအစီအစဉ်

၂ နာရီမှ ၂ နာရီ ၁၅ မိနစ်။             ။ကရာတေး (Karate) သရုပ်ပြအစီအစဥ်

၂ နာရီ ၄၅ မိနစ်မှ ၃ နာရီ ၁၅ မိနစ်။            ။ဂျပန်နိုင်ငံနှင့်ပတ်သက်သည့် Culture Quiz အစီအစဉ်

 

စင်တာမှာကျင်းပမယ့် အခြားအစီအစဉ်များကိုတော့  မနက် ၁၀ နာရီ မှ ညနေ ၃ နာရီခွဲအတွင်း လာရောက်ပါဝင်လို့ရပါတယ်။

အားလုံးကို စောင့်ကြိုနေပါမယ်။

IRODORI pre-intermediate levelကို ထုတ်လုပ်ပေးထားပြီဖြစ်ပါတယ်!~

■IRODORI pre-intermediate levelသင်ထောက်ကူက အခုလက်ရှိအထိထွက်ရှိထားတဲ့ တခြားlevelတွေနဲ့ ဘာတွေကွာခြားသလဲ?

■အခုကစပြီး IRODORIကို သုံးကြည့်ချင်ပေမယ့် အရင်ဆုံးခြုံငုံပြီးသိရှိချင်တယ်

ဆိုတဲ့ဆရာ၊ဆရာမများအတွက် IRODORI Seminarလေးကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ယခုSeminarကတော့ မတ်လ ၃၁ရက်နေ့က အသစ်ထွက်ရှိထားတဲ့ “IRODORI ဂျပန်နိုင်ငံနေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား pre-intermediate level” နဲ့ပတ်သက်တဲ့ Seminarလေးဖြစ်ပါတယ်။

အခုအချိန်အထိ IRODORI သင်ထောက်ကူကိုမသုံးဖူးသေးသူများကိုလည်း အထူးကြိုဆိုပါတယ်။ ဆွေးနွေးပွဲတွင် IRODORIရဲ့ ဘုံအားသာချက်တွေကို စုစည်းရှင်းလင်းဖော်ပြပြီးတဲ့နောက်၊ IRODORI Pre-Intermediate levelသင်ထောက်ကူရဲ့ သရုပ်ပြအတန်းချိန်ကို လက်တွေ့ကြည့်ရှုလေ့လာပြီး အားလုံးပဲ မိမိတို့စာသင်ချိန်အတွင်းမှာ IRODORIကို ဆက်ဆက်ထည့်သွင်းအသုံးပြုကြည့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

 

☆ယခုဆွေးနွေးပွဲ၏ အဓိကအချက်များ

  • IRODORIရဲ့ ဖွဲ့စည်းပုံအကျဥ်းချုပ် နှင့် IRODORI pre-intermediate levelရဲ့ အားသာချက်များကို သိနိုင်မယ်!
  • IRODORI pre-intermediate levelရဲ့ သရုပ်ပြအတန်းချိန်ကို လက်တွေ့လေ့လာခြင်းမှတဆင့် သင်ကြားနည်းများကို အသေးစိတ်ကျကျ သိနိုင်မယ်!
  • အွန်လိုင်းဆွေးနွေးပွဲဖြစ်လို့ ရန်ကုန်အပြင်တခြားဒေသက ဆရာ၊ဆရာမများပါ ပါဝင်နိုင်မယ်!

 

ဆွေးနွေးပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ

■ဆွေးနွေးပွဲနေ့ရက်နှင့်အချိန်:  ၂၀၂၆ခုနှစ်၊ မေလ ၃၀ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ၉:၃၀ ~ ၁၂:၀၀

■ကျင်းပမည့်ပုံစံ:Online (ZOOM)

Zoom Linkကို ဆွေးနွေးပွဲမပြုလုပ်ခင် တစ်ရက်အလိုမှာ မေးလ်ကနေတဆင့် ပေးပို့ပေးသွားပါမယ်။ မေးလ်စစ်ဖို့မမေ့ရန် သတိပြုပေးကြပါရန်။ Spam folderတွင် မေးလ်ရောက်ရှိနေတာမျိုးလည်းရှိတတ်တဲ့အတွက် စစ်ကြည့်ဖို့အတွက် မေတ္တာရပ်ခံပါတယ်။

■လျှောက်ထားနိုင်သူများ: မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမများ   

   (IRODORIသင်ထောက်ကူအသုံးပြုဖူးသူ၊ မသုံးဖူးသူ မည်သူမဆို ပါဝင်နိုင်ပါတယ်။)

■လျှေက်ထားရန်လိုအပ်သည့်အရည်အချင်း:

・ဂျပန်စာLevel JFS B1 (JLPT N3အောင်မြင်ထားသူများ)နှင့်အထက် ( ဂျပန်လူမျိုး ဆရာ၊ဆရာမများလည်း ပါဝင်နိုင်ပါတယ်။)

・တတ်နိုင်သလောက် PCဖြင့် တက်ရောက်နိုင်သူ

※စာရိုက်ခြင်းနဲ့ သင်ထောက်ကူရဲ့ PDFကိုကြည့်ရင်းပါဝင်နိုင်ရန်ဖြစ်ပါတယ်။

■သတ်မှတ်ဦးရေ:ခန့်မှန်းချေ ၃၀ဦး။

■ပါဝင်ကြေး:အခမဲ့။

■လျှောက်ထားရန်:အောက်ပါ Microsoft Form တွင် ဖြည့်သွင်းလျှောက်ထားပေးပါရန်။

■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ မေလ ၂၆ရက်နေ့ (အင်္ဂါနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂:၀၀ နာရီ။

အားလုံးပါဝင်ပေးကြဖို့ကို စောင့်မျှော်နေပါတယ်။

◆IRODORI pre-intermediate levelသင်ထောက်ကူအား အောက်ပါလင့်ခ်မှတဆင့် ကြည့်ရှုနိုင်ပါတယ်။◆

TOP | いろどり 生活の日本語

ဂျပန်စာလေ့လာနေတာကြာနေပြီဆိုပေမယ့် ဂျပန်လိုပြောမထွက်ဘူး… ဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောတဲ့အခါမှာ တစ်ဖက်လူပြောနေတာကို အကုန်နားလည်ပေမယ့် ဂျပန်လိုပြန်ပြောဖို့ စကားလုံးတွေထွက်မလာဘူး၊ ဂျပန်စာ စကားပြောသင်တန်းတွေတက်ထားပေမယ့် လက်တွေ့ပြောဆိုမှုသိပ်မရှိလို့ ပြောမထွက်တော့ဘူး.. ဆိုတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသလား။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းအရာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ၂ လ ၁ ခါ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီတခေါက် နှီး‌နှောဖလှယ်ပြောဆိုသွားမယ့် အကြောင်းအရာက‌တော့ “占いは信じる?”  ပဲဖြစ်ပါတယ်။ မြန်မာမှာ လက္ခဏာဗေဒင်၊ နေ့နံဗေဒင်စတဲ့ဗေဒင်တွေရှိသလို ဂျပန်မှာတော့ သွေးဗေဒင်၊ တားရော့ဗေဒင်နဲ့ ရာသီခွင်ဗေဒင်စတဲ့ ဗေဒင်တွေက လူကြိုက်များကြပါတယ်။ အဲ့ဒီအပြင် တခြားသော ဗေဒင်တွေလည်းရှိတာဖြစ်လို့ မိမိနိုင်ငံမှာရှိတဲ့ဗေဒင်နဲ့ပတ်သက်ပြီး ဂျပန်လူမျိုးများနဲ့ အတူတူ ဂျပန်လို ပြောဆိုဖလှယ်သွားကြရ‌‌အောင်။

ဒီတ‌ခေါက်ပွဲကိုတော့ အားလုံးရဲ့တောင်းဆိုမှုများအရ  အွန်လိုင်းက‌နေကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတက်ရောက်ဖို့စိတ်ပါဝင်စားသူများ  အောက်ပါ‌ဖောင်ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။

https://forms.cloud.microsoft/r/gKfzhznJdt?origin=lprLink

နေ့ရက်နှင့်အချိန်။ ။ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့ (ကြာသပတေးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ

သတ်မှတ်ဦးရေ။ ။ ၃၀ ဦး

ဂျပန်စာ level။ ။ N3 levelနှင့်အထက်

(※N4 levelဖြစ်ပြီး ဂျပန်လို တက်တက်ကြွကြွပါဝင်ပြောဆိုလိုသူများလည်း လျှောက်ထားနိုင်ပါတယ်)

ကျင်းပမည့်နေရာ။ ။ အွန်လိုင်း (zoom)_

※ပွဲတွင်ပါဝင်နိုင်မည့်သူများကို ဂျပန်‌‌‌ဖောင်ဒေးရှင်းမှ မေလ ၂၆ ရက် (အင်္ဂါနေ့)တွင် Zoom linkကို အီးမေးလ်ဖြင့် ပေးပို့သွားမှာဖြစ်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)က ဖြစ်ပါတယ်။ မကြာမီကျင်းပပြုလုပ်မယ့် နိုင်ငံ ၈ နိုင်ငံရဲ့ ယဥ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုများ (Cultural Connections)အစီအစဥ်တွင် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှလည်း ပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်။ ထိုအစီအစဥ်နှင့်ပတ်သက်တဲ့အချက်အလက်များကို မျှဝေပေးချင်ပါတယ်။
ပွဲနေ့ရက် နှင့် အချိန် :၂၀၂၆ခုနှစ်၊ မေလ၊ ၂၃ရက် (စနေနေ့)
နံနက် ၁၀နာရီမှ နေ့လည် ၄နာရီ
နေရာ :ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ
အမှတ်-၇၀၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
အနီးဆုံး ဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်
ဘတ်စ်ကားနံပါတ်:43, 64, 80
ပါဝင်ကြေး:အခမဲ့
※လျှောက်လွှာတင်ရန် မလိုအပ်ပါ။
တခြားသောအသေးစိတ်အကြောင်းအရာများကို နောက်ပို့စ်များတွင် ဆက်လက်ပြီး မျှဝေပေးသွားမှာဖြစ်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)၌ လစဥ်နောက်ဆုံးအပတ် သောကြာနေ့တွင် “Sura Suraတဒို့ခု”စာဖတ်ပွဲကို ကျင်းပပြုလုပ်လျှက်ရှိပါတယ်။ ယခုအခါမှာတော့ JFYGကဝန်ထမ်းများမှ လူကြီးမင်းတို့၏ကျောင်းသို့ စာအုပ်များကိုကိုယ်တိုင်ယူဆောင်လာပေးပြီး ကျောင်းရှိကျောင်းသား၊ကျောင်းသူများက တဒို့ခုစာဖတ်ပွဲကို လက်တွေ့ခံစားဖတ်ရှုနိုင်မယ့် “လာပြီလာပြီတဒို့ခု”ဆိုတဲ့ အစီအစဥ်အသစ်လေးကို စတင်ပြုလုပ်ပေးလိုက်ပါတယ်။ 🎉”တဒို့ခု (多読)” ဆိုတာ လွယ်ကူရိုးရှင်းတဲ့ ဂျပန်ဘာသာနဲ့ရေးထားသားတဲ့ စာအုပ်များကို ပျော်ပျော်ရွှင်ရွှင်နှင့် အများအပြားဖတ်ရှုသည့် လေ့လာနည်းတစ်ခုပဲ ဖြစ်ပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်သည့် Readingအတန်းချိန်နှင့်မတူဘဲ တဒို့ခုမှာဆိုရင် မိမိတို့နှစ်သက်တဲ့စာအုပ်ကို လွတ်လပ်စွာ ဖတ်ရှုနိုင်ပါတယ်။ N5 levelမှ N1 Levelအထိ မည်သူမဆို ပါဝင်ဖတ်ရှုနိုင်ပါတယ်။ ကျောင်းသားများကို ပျော်ပျော်ရွှင်ရွှင်နဲ့ စာဖတ်စွမ်းရည်မြှင့်တင်ပေးချင်တဲ့ကျောင်းများ၊ စာဖတ်တဲ့အလေ့အကျင့်ကိုပြုလုပ်ပေးချင်တဲ့ ကျောင်းများအနေဖြင့် ဆက်ဆက်လျှောက်ထားပြီးပါဝင်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။😊

အောက်ပါLinkမှတဆင့် JFYGတွင် ကျင်းပခဲ့သော တဒို့ခုရဲ့ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/v/16etkeorVu/

 

■ပါဝင်နိုင်သူများ:ရန်ကုန်မြို့ ရှိ ဂျပန်ဘာသာစကားသင်တန်းကျောင်းများ  (တစ်လလျှင် ၁ကြိမ်)

■နေရာ:ပါဝင်လျှောက်ထားသောကျောင်းများရှိ စာသင်ခန်း၊ ဟောခန်းစသည်

■ကျင်းပမည့်နေ့ရက် နှင့် အချိန်:လျှောက်လွှာလက်ခံပြီးသည့်နောက် ညှိနှိုင်းပြီး ရက် နှင့် အချိန်ကို သတ်မှတ်ပေးပါမည်။

■ကြာမြင့်ချိန်:ခန့်မှန်းချေ (၁)နာရီခွဲခန့်

■ပါဝင်ကြေး:အခမဲ့

■လျှောက်ထားရန်:အောက်ဖော်ပြပါ Microsoft Formsမှတဆင့် လျှောက်လွှာတင်ပေးပါ။

https://forms.office.com/r/US5UxaVzDb

■သတ်မှတ်ဦးရေ:20ဦးနှင့်အထက်

※ လျှောက်ထားသည့်ကျောင်းများ များပြားသောအခါမျိုးတွင် လျှောက်လွှာဖောင်စော၍ပိတ်ခြင်းမျိုးရှိနိုင်ပါသဖြင့် နားလည်ပေးပါရန်။

※အချိန်ဇယားညှိနှိုင်းမှုရလဒ်အရ ကျင်းပပေးရန်ခက်ခဲသည့်အခြေအနေ ဖြစ်လာပါက လျှောက်ထားမှု အစဉ်လိုက်နှင့်မသက်ဆိုင်ဘဲ ငြင်းပယ်ခြင်းမျိုးရှိနိုင်ပါသဖြင့် ကျေးဇူးပြု၍ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG) မှ နောက်ထပ်ကမ္ဘာလှည့် ယဉ်ကျေးမှုအနုပညာပြပွဲအဖြစ်  “ Tokyo Before/After” ဓာတ်ပုံပြပွဲကို Gallery Ohmar နဲ့အတူ ပူးပေါင်းစီစဉ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

 

ဒီပြပွဲကို ၂၀၂၀ တိုကျိုအိုလံပစ်ကာလအတွင်း ဖန်တီးခဲ့တာဖြစ်ပြီး ၁၉၃၀ နဲ့ ၁၉၄၀ ခုနှစ်တွေမှာ ရိုက်ကူးထားခဲ့တဲ့ တိုကျိုမြို့က ပုံရိပ်တွေကို ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ထပ်မံရိုက်ကူးထားတဲ့ ပုံတွေနဲ့ ရောနှော နေရာချထားပါတယ်။

 

တိုကျိုမြို့တော်ဟာ ကွဲပြားတဲ့ မျက်နှာများစွာနဲ့ မြို့ပြကြီးတစ်ခု ဖြစ်တယ်ဆိုတာကို ဂျပန်ဓာတ်ပုံဆရာများက သူတို့ရဲ့ စိတ်ကူးစိတ်သန်းများမှတဆင့် ဖော်ပြထားကြတာကို ဒီပြပွဲကနေ မြင်တွေ့ခံစားရမယ်လို့ ဂျပန်ဖောင်ဒေးရှင်းမှ မျှော်လင့်ပါတယ်။

 

ပြပွဲကို မေလ ၁၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ Gallery Ohmar မှာ ပြသသွားမှာဖြစ်ပြီး ဖွင့်ပွဲကိုတော့ မေလ ၁၆ ရက်နေ့မှ သီးသန့်ကျင်းပသွားပါမယ်။ ဒီဖွင့်ပွဲကို စိတ်ပါဝင်စားသူတွေအနေနဲ့ အခမဲ့ တက်ရောက်ဖို့ အောက်ပါလင့်မှာ စာရင်းပေးနိုင်ပါတယ်။ ဧည့်ဦးရေအကန့်အသတ် ရှိတာကြောင့် စာရင်းပေးသူများကို First-come-first-served စနစ်နဲ့ တက်ရောက်ဖို့ ရွေးချယ်ကာ တက်ရောက်ခွင့်ရသူတွေကို ပြန်လည်အကြောင်းကြားပေးသွားမှာပါ။  တက်ရောက်လိုသူတွေအနေနဲ့ မေလ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

 

Tokyo Before/After ဖွ့င်ပွဲ

နေ့စွဲ – မေလ ၁၆ (စနေနေ့) ၂၀၂၆

အချိန် – နေ့လည် ၁ နာရီမှ ၄ နာရီခွဲထိ

နေရာ – Gallery Ohmar ၊ အမှတ် (၂၀)၊ ဓမ္မာရုံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

စာရင်းပေးရန် – Tokyo Before/After” Opening Event” (Registration Form) – Fill out form

 

“ Tokyo Before/After” ပြပွဲနဲ့ ပတ်သက်တဲ့ သိကောင်းစရာအချက်အလက်တွေကို ဖွင့်ပွဲမှာ ဂျပန်လူမျိုး ဓာတ်ပုံပညာရှင် Mr. KAMEYAMA Hitoshi မှ ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပြီး ပြည်တွင်း ဓာတ်ပုံပညာရှင် SHIN Captures မှလည်း အလုပ်ရုံဆွေးနွေးပွဲကို ထည့်သွင်းတင်ဆက်သွားမှာဖြစ်လို့ ပြည်တွင်းပြည်ပ ဓာတ်ပုံပညာရှင်တွေရဲ့ ပြောကြားမှုကို စိတ်ဝင်စားသူတွေအနေနဲ့ လက်လွတ်မခံသင့်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)ရဲ့ စီစဉ်မှုနဲ့ ဂျပန်ဓာတ်ပုံအနုပညာပြပွဲ “ Tokyo Before/After” ကို ရန်ကုန်မြို့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

 

ဒီပြပွဲကို ၂၀၂၀ တိုကျိုအိုလံပစ်ကာလအတွင်း ဖန်တီးခဲ့တာဖြစ်ပြီး ၁၉၃၀ နဲ့ ၁၉၄၀ ခုနှစ်တွေမှာ ရိုက်ကူးထားခဲ့တဲ့ တိုကျိုမြို့က ပုံရိပ်တွေကို ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ထပ်မံရိုက်ကူးထားတဲ့ ပုံတွေနဲ့ ရောနှော နေရာချထားပါတယ်။

 

တိုကျိုမြို့တော်ဟာ ကွဲပြားတဲ့ မျက်နှာများစွာနဲ့ မြို့ပြကြီးတစ်ခု ဖြစ်တယ်ဆိုတာကို ဂျပန်ဓာတ်ပုံဆရာများက သူတို့ရဲ့ စိတ်ကူးစိတ်သန်းများမှတဆင့် ဖော်ပြထားကြတာကို ဒီပြပွဲကနေ မြင်တွေ့ခံစားရမယ်လို့ ဂျပန်ဖောင်ဒေးရှင်းမှ မျှော်လင့်ပါတယ်။

 

ဒီပြပွဲကို ရန်ကုန်မြို့က အမိုက်စားအနုပညာ Gallery တစ်ခုဖြစ်တဲ့ Gallery Ohmar မှာ အများပြည်သူကြည့်ရှုနိုင်ဖို့ မေလ ၁၇ ရက် (တနင်္ဂနွေနေ့) မှ စတင်ကာ မေလ ၃၀ (စနေနေ့) ရက်နေ့ထိ ဖွင့်လှစ်ပြသသွားမှာပါ။ ပြပွဲဖွင့်ပွဲကို သီးသန့်ကြေငြာပေးသွားမှာ ဖြစ်လို့ JFYG Page ကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

 

JFYGရဲ့ ပြပွဲကို လာရောက်ကြည့်ရှုလိုတဲ့ ဂျပန်စာသင်ကျောင်းများနှင့် အခြားအဖွဲ့အစည်းများအနေနဲ့ အခမဲ့ ကြည့်ရှုနိုင်ရန် JFYGကို ကြိုတင်မေးမြန်းစုံစမ်းနိုင်ပါတယ်။  လာ‌ရောက်ကြည့်ရှုရန်အတွက် ကြိုတင်စာရင်းပေးစရာ မလိုပါ။

 

Tokyo Before/After

ပြပွဲဖွင့်ရက် – ၂၀၂၆ခုနှစ် မေလ ၁၇ မှ ၃၀ ထိ (အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များပိတ်သည်)

ဖွင့်ချိန် – မနက် ၁၀ နာရီမှ ၅ နာရီထိ

ပြပွဲဝင်ကြေး – ၅,၀၀၀ ကျပ်

စီစဉ်သူ – ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ။

ပူးတွဲစီစဉ်သူနှင့် ပွဲကျင်းပသည့်နေရာ – Gallery Ohmar ၊ အမှတ် (၂၀)၊ ဓမ္မာရုံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

ဆက်သွယ်ရန် – Arts and Culture team, The Japan Foundation, Yangon

📞 09 893787506, 01 430920, 01 430921

✉ artsandculture.jfyg@jpf.go.jp

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) တွင် ဂျပန်ယဉ်ကျေးမှုနှင့်ပတ်သက်သော လစဉ် Gallery Exhibition များကို ပြုလုပ်ပေးလျက်ရှိပါတယ်။ဒီတစ်ခေါက်မေလမှာတော့ Kodomo no Hi (ကလေးများနေ့) အကြောင်းကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 

Kodomo no Hi (ကလေးများနေ့) သည် မူလက Tango no Sekku ဟုခေါ်ပြီး ယောက်ျားလေးများ၏ ကျန်းမာရေးနှင့် ကြီးထွားဖွံ့ဖြိုးမှုကို ဆုတောင်းသည့် ရိုးရာနေ့တစ်နေ့အဖြစ် ကျင်းပခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှစတင်ကာ မေလ ၅ ရက်နေ့ကို Kodomo no Hi (ကလေးများနေ့) အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ယောက်ျားလေး၊ မိန်းကလေး ခွဲခြားမထားဘဲ ကလေးအားလုံး၏ ပျော်ရွှင်မှုနှင့် ကျန်းမာရေးကို ဆုတောင်းသည့် နေ့ဖြစ်လာပါတယ်။ 

ကလေးများနေ့ အထိမ်းအမှတ်အဖြစ်Koi Nobori (ငါးကြင်းလေတံခွန်)များကို လေထဲတွင်ချိတ်ဆွဲခြင်း၊ Samurai (စစ်သူကြီး)အရုပ်များ၊ Kabuto (စစ်သူကြီးဦးထုပ်ပုံစံ) အလှဆင်ပစ္စည်းများကို အိမ်တွင် အလှဆင်ခြင်းတို့ကို ပြုလုပ်ကြပါတယ်။ 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ JFYG တွင်လည်း “ကလေးများနေ့” အထိမ်းအမှတ်အဖြစ် Samurai (စစ်သူကြီး)အရုပ်နှင့် အခြားသောဂျပန်အရုပ်များထားရှိထားခြင်း၊   Koi ငါးကြင်းအရုပ်များကိုယ်တိုင်ပြုလုပ်ခြင်းနှင့် Koi Nobori (ငါးကြင်းရုပ်)ပေါ်တွင် ကိုယ့်ဆုတောင်းစာများကို ကပ်ခြင်း စသည့် စိတ်ဝင်စားဖွယ် အစီအစဉ်များကို စီစဉ်ထားပါတယ်။ အားလုံးပဲ JFYG သို့ လာရောက်လေ့လာပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။  

  

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်‌ကျေးမှုစင်တာ (The Japan Foundation, Yangon)   

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။  

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင် 
ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀  

စင်တာဖွင့်လှစ်ချိန် – အပတ်စဉ်အင်္ဂါနေ့မှ စနေနေ့ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲ   

  

ယခုလက်ရှိကာလအတွင်း အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းကို စင်တာပိတ်ရက်အဖြစ် သတ်မှတ်ထားပါသည်။ အပတ်စဥ်ဗုဒ္ဓဟူးနေ့အား စင်တာပြန်လည်ဖွင့်မည့်အချိန်ကို Website နှင့် SNSတွင် အသိပေး အကြောင်းကြားမည် ဖြစ်ပါသည်။(ကြိုတင်ဘိုကင်ပေးရန်မလိုပါ) 

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။