(日本語は下にあります)
ဂျပန်စာလေ့လာနေတာကြာနေပြီဆိုပေမယ့် ဂျပန်လိုပြောမထွက်ဘူး… ဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောဆိုဆက်ဆံတဲ့အခါမှာ ပြောနေတာကို အကုန်နားလည်ပေမယ့် ဂျပန်လို အကြောင်းပြန်ဖို့ မထွက်လာဘူး ဆိုတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသလား။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းအရာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ၁ လခြား ၁ ခါ ပြုလုပ်ပေးလျက်ရှိပါတယ်။ စက်တင်ဘာလမှာ နှီးနှောဖလှယ်ပြောဆိုသွားမယ့် အကြောင်းအရာကတော့ “方言” ပဲဖြစ်ပါတယ်။ ဂျပန်စာလေ့လာတဲ့အချိန်မှာ ပုံမှန်အားဖြင့် ဂျပန်နိုင်ငံရဲ့ စံဘာသာစကား(標準語)ကို လေ့လာကြတာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ တခြားဒေသအသီးသီးမှာရှိတဲ့ ဒေသိယစကားတွေနဲ့ ထိတွေ့ရမှုက ရှားပါတယ်။ ဒါပေမယ့် လက်တွေ့ ဂျပန်နိုင်ငံမှာ သွားရောက်ပညာသင်ကြားချိန်၊ သွားရောက်အလုပ်လုပ်ကိုင်ကြချိန်မှာတော့ တိုကျိုမဟုတ်တဲ့ တခြားဒေသတွေကို သွားရောက်ကြတာရှိပြီး ထိုဒေသရဲ့ နယ်ခံတွေနဲ့ ပြောဆိုဆက်ဆံချိန်မှာ သူတို့ရဲ့ ဒေသိယစကားတွေနဲ့ ပြောဆိုဆက်ဆံရတာမျိုးတွေလည်း ရှိပါတယ်။ ဒီအတွက်ကြောင့် ဒီတခေါက်မှာတော့ အိုကီနာဝါ၊ ကျိုတို၊ မိယဇကိနဲ့ အိုကယာမရဲ့ ဒေသိယစကားနဲ့ပတ်သက်ပြီး ဂျပန်လို ပြောဆိုဖလှယ်သွားကြဖြစ်လို့ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ပွဲတက်ရောက်ဖို့စိတ်ပါဝင်စားသူများ အောက်ပါဖောင်ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။
https://forms.office.com/r/QeNbDUTSQQ?origin=lprLink
နေ့ရက်နှင့်အချိန်။ ။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၂ နာရီအထိ
သတ်မှတ်ဦးရေ။ ။ ၂၀ ဦး
ဂျပန်စာ level။ ။ N3 levelနှင့်အထက်
ကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (in person)
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်းရေအိုးစင်မှတ်တိုင်
ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀
※ပွဲတွင်ပါဝင်နိုင်မည့်သူများကို ဂျပန်ဖောင်ဒေးရှင်းမှ စက်တင်ဘာလ ၂၂ ရက် (တနင်္လာနေ့)တွင် ဖုန်းဆက်အကြောင်းကြားသွားမှာဖြစ်ပါတယ်။
日本語で楽しく話そう!! <<方言?>>
「日本語学習歴が長いのに日本語がうまく話せない!!」、「外国人との会話でちゃんと聞き取れたのに返事ができない!!」などの悩みはありませんか?
国際交流基金ヤンゴン日本文化センターでは、日本語を勉強している人のために日本の文化や習慣などについて日本人と楽しく日本語でお話しできる「日本語で楽しく話そう!!」というプログラムを2か月に1回開催しています。9月のテーマは、「方言」です。日本語を勉強するときはいわゆる標準語を勉強しますが、方言と触れ合う機会は少ないです。ただ実際日本で留学や就労するときは東京ではないほかの地域に住むこともあります。現地の人と交流するときはその地方の方言でコミュニケーションすることもあるので、今回は沖縄、京都、宮崎、岡山の方言について日本語話者と日本語で話してみましょう!ぜひご参加ください。
イベントに参加希望の方は、ぜひ下記のURLからお申し込みください。今回は国際交流基金ヤンゴン日本文化センターにて対面で開催します。
申し込みURL >>https://forms.office.com/r/QeNbDUTSQQ?origin=lprLink
日時 :2025年9月24日(水) 午前10:00~12:00
定員:20名
日本語レベル:N3以上
場所 :国際交流基金ヤンゴン日本文化センター(The Japan Foundation, Yangon)
No. 70, Nat Mauk Lane (1), Bahan Township, Yangon
最寄りバス停:Byaing Yay Oe Zin Bus Stop
バス番号:43, 64, 80
※参加申し込みを受け付けた方には9月22日(月)に電話でご連絡します。
ဂျပန်ဘာသာစကားသင်ကြားနေသော ဆရာ၊ ဆရာမအားလုံး မင်္ဂလာပါ။『IRODORI』သင်ထောက်ကူကို မသိသေးသော ဆရာ၊ဆရာမများ နှင့် အခုကစပြီး သုံးကြည့်ချင်သည့် ဆရာ၊ဆရာမများအတွက် ယခုတစ်ကြိမ် Seminarတွင်『IRODORI』၏ အခြေခံသင်ကြားပုံ၊သင်ကြားနည်း နှင့် အားသာချက်များကို လွယ်ကူရှင်းလင်းစွာ မိတ်ဆက်ပြောပြပေးသွားမည်ဖြစ်ပါသည်။
◆ သင်ယူသူတွေရဲ့ခံစားချက်ကို တွေ့ကြုံခံစားနိုင်မည့်အတန်း
『いろどり』 သင်ကြားရေးနည်းလမ်းဖြင့် ဗီယက်နမ်ဘာသာစကား+ဂျပန်ဘာသာစကားကို လေ့လာကြည့်ကြရအောင်။
အသေးစိတ်အကြောင်းအရာများကို အောက်တွင်ဆက်လက်ဖတ်ရှုပေးကြပါရန်။
■ဆွေးနွေးပွဲနေ့ရက်နှင့်အချိန်: ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၊ ၁၉ရက်နေ့ (သောကြာနေ့)၊ မြန်မာစံတော်ချိန် ၉:၃၀ ~ ၁၂:၀၀
■ကျင်းပမည့်ပုံစံ:Offline
■ကျင်းပမည့်နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ၏ Hallခန်း။
အမှတ်-၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
■အနီးဆုံးဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်။ ဘတ်စ်ကားနံပါတ်-၄၃၊ ၆၄၊ ၈၀။
■သတ်မှတ်ဦးရေ:၃၀ဦး။
■သင်တန်းကြေး:အခမဲ့။
■လျှောက်ထားနိုင်သူများ: မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေသော ဆရာ၊ ဆရာမများ။ (JFS B1/JLPT N3အထက်)
■လျှောက်ထားရန်:အောက်ပါ Microsoft Form တွင် ဖြည့်သွင်းလျှောက်ထားပေးပါရန်။
Microsoft Form URL: https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUNVNOVE5LNFVENU0zVllPTzY0Q0s1VjRTMyQlQCN0PWcu
■လျှောက်လွှာပိတ်ချိန်:၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ရက်နေ့ (တနင်္လာနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂:၀၀ နာရီ။
■ပါဝင်ခွင့်ရရှိကြောင်းအသိပေးချက်:စက်တင်ဘာလ၊ ၁၆ရက်နေ့ (အင်္ဂါနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၂:၀၀ နာရီနောက်ပိုင်းမှစတင်ပြီး ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားပေးသွားပါမည်။
※ဦးရာလူစနစ်မဟုတ်ပါ။ လျှောက်လွှာတွင်ဖြည့်သွင်းထားသော အချက်အလက်များပေါ်အခြေခံ၍ ရွေးချယ်သွားပါမည်။
သင်ကြားသူနေရာမှမဟုတ်ဘဲ သင်ယူသူနေရာမှ ဝင်ရောက်ခံစားပြီး၊『IRODORI』ရဲ့အားသာချက်တွေကို ရှာဖွေဖမ်းဆုပ်ကြည့်ရအောင်။
အားလုံးပါဝင်ပေးကြဖို့ကို စောင့်မျှော်နေပါမယ်။
—————————————————————————————————-
【第8回 いろどり活用セミナー】
まだ『いろどり』を知らない先生・これから使ってみたい先生へ。
今回は「教え方の基本」と「『いろどり』の特徴」を、やさしく紹介します。
◆体験授業(学習者の気持ちを体感)
『いろどり』の手法で、ベトナム語+日本語を学んでみましょう。
◆イベント情報
・日時:2025年9月19日(金)9:30–12:00(ミャンマー時間)
・形態:対面
・会場:国際交流基金ヤンゴン日本文化センター 1Fホール
The Japan Foundation, Yangon
No.70 Nat Mauk Lane(1), Bahan Township, Yangon
・最寄りバス停:Byaing Yay Oe Zin Bus Stop
・バス番号:43,64,80
・定員:30名
・受講料:無料
・対象:ミャンマー人学習者に教えている日本語教師(JFS B1/JLPT N3以上)
◆申込
・期間:9月9日(火)~9月15日(月)昼12:00
・方法:下記の Microsoft Forms よりお申込ください。
・結果通知:9月16日(火)14:00以降、電話でご連絡します。
学習者の気持ちを体験し、『いろどり』の特徴をつかみましょう。
みなさまのご参加をお待ちしています!
※先着順ではありません。受講申し込み内容を基に選考いたします。
学習者の気持ちを体験し、『いろどり』の特徴をつかみましょう。
みなさまのご参加をお待ちしています!
![]() |
![]() |
(ミャンマー語の後に日本語が続きます)
၂၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက် (စနေနေ့) တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အောက်ပါအချက်အလက်များကို ဖတ်ရှု၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
၁။ ကျင်းပမည့် နေ့ရက်နှင့် အချိန်
ပြိုင်ပွဲကျင်းပမည့်နေ့။ ။၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက် (စနေနေ့) ၉ နာရီမှ ၁၂ နာရီ
(※ပဏာမအဆင့်ကိုအောင်သူများသာ)
၂။ လျှောက်လွှာလျှောက်ထားနိုင်သူ
(၁) အသက် ၁၆ နှစ် မှ ၃၀ နှစ် အတွင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်းနေထိုင်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမ မဖြစ်ရ။ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများ မပါပါ)
(၃) ယခင်ကျင်းပခဲ့ဖူးသော ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဆုရရှိဖူးထားသူမဖြစ်ရ။
၃။ လျှောက်လွှာလက်ခံခြင်း
လျှောက်လွှာများကို အောက်ဖော်ပြပါ Link မှတဆင့် Google Form တွင် ဖြည့်စွက်ပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာလက်ခံမည့်ကာလ ။ ။ ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၄ ရက် (ကြာသပတေးနေ့) မနက် ၉ နာရီ မှ သြဂုတ်လ ၂၈ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီအထိ ပေးပို့လျှောက်ထားနိုင်ပါသည်။
(※အောက်ဖော်ပြပါ link ကို သြဂုတ်လ ၁၄ရက်နေ့မှ စတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
URL: https://docs.google.com/forms/d/e/1FAIpQLSfAPQKsaOJ1lOyrAlgpoFZUfNumJSurTg6oXlWqtPU4oP3_rw/viewform
Application ဖောင်ဖြည့်ရန်အတွက် အောက်ပါတို့ကို ပြင်ဆင်ထားရန်လိုအပ်ပါသည်။
(၁) G-mail account ဖြင့် ဖောင်ဖြည့်ရမည်ဖြစ်သောကြောင့် ကိုယ်ပိုင် G-mail အကောင့်ဖွင့်ထားရမည်။
(၂) ဓာတ်ပုံ (3×4 cm) (File name: မိမိအမည်-1) နှင့် မှတ်ပုံတင်အရှေ့အနောက်ပုံ (File name: မိမိအမည်-2) တို့ကို JPG file ဖြင့်ကြိုပြင်ထားရမည်။ ဖိုင်တစ်ခုလျှင် Size 3MB အောက် ဖြင့် ပြင်ဆင်ပေးပါ။
(၃) Speech ၏ အကြောင်းအရာ ကို ဂျပန်ဘာသာ စာလုံးရေ ၈၀၀မှ ၁၁၀၀ ဖြင့် (Word File) ပြင်ထားရမည်။
(File name: မိမိအမည်-3)
(၄) မိမိယှဥ်ပြိုင်မည့် Speech သည် 3 မိနစ်ထက်မနည်း 4 မိနစ်ထက်မပိုသော အသံဖိုင် (File name: မိမိအမည်-4) ကို MP 3 ဖြင့် သွင်းထားရမည်။ File size 10MB ဝန်းကျင်ခန့် ပြင်ဆင်ပေးပါ။
၄။ ပဏာမရွေးချယ်ခြင်း
ပဏာမရွေးချယ်မှုတွင် ပြိုင်ပွဲဝင်ပြောကြားမည့် အကြောင်းအရာကို ပြိုင်ပွဲအတိုင်းပြောကြားရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာဖြင့် အမေးအဖြေများ ပြုလုပ်၍ အကဲဖြတ်ရွေးချယ်သွားမည် ဖြစ်ပါသည်။
(※လျှောက်ထားသူများ၏ လျှောက်လွှာ၊ Speech (Word file နှင့် အသံဖိုင်) ကို စီစစ်ပြီး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားသူများသည် ပဏာမရွေးချယ်မှုတွင် ယှဉ်ပြိုင်ခွင့်ရရှိပါမည်။)
ပဏာမရွေးချယ်မည့်နေ့။ ။၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက် (စနေနေ့) နှင့် ၁၄ ရက် (တနင်္ဂနွေနေ့)
※ ပဏာမရွေးချယ်ခြင်းနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို ယှဉ်ပြိုင်မည့်သူများအား တိုက်ရိုက်ဆက်သွယ်အကြောင်းကြားသွားပါမည်။
၅။ ဂျပန်ဘာသာစကားပြောပြိုင်ပွဲ
ပဏာမအဆင့်ရွေးချယ်မှုရလဒ်များကို ပြိုင်ပွဲဝင်များထံသို့ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး သက်ဆိုင်ရာ ပွဲစီစဉ်ကျင်းပသည့်အဖွဲ့အစည်းများ၏ Facebook စာမျက်နှာတွင် ကြေညာသွားပါမည်။ ပဏာမအဆင့် အောင်မြင်သူများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက် နေ့တွင် ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။
※ အသေးစိတ်ကို ပါဝင်ယှဉ်ပြိုင်ရမည့်သူများအား တိုက်ရိုက် ဆက်သွယ်အကြောင်းကြားပါမည်။
၆။ အကဲဖြတ်အမှတ်ပေးခြင်း
ပြိုင်ပွဲဝင်များ၏ ပါဝင်ယှဉ်ပြိုင်သည့်အကြောင်းအရာကို အကဲဖြတ်အမှတ်ပေးရာတွင်
အကြောင်းအရာပိုင်း – လက်တွေ့ကျမှု၊ အဆုံးအထိယုတ္တိတန်စွာ ဖော်ပြနိုင်မှု
ဂျပန်ဘာသာစကားစွမ်းရည် – အသံထွက်၊ ၊ သဒ္ဒါအသုံးအနှုန်းမှန်ကန်တိကျမှု၊ ဝေါဟာရရွေးချယ်သုံးနှုန်းမှု
တင်ဆက်မှုစွမ်းရည် – မျက်နှာအနေအထား၊ လက်ဟန်အမူအရာ၊ အသံအတိုးအကျယ်၊ အသံ အနိမ့်အမြင့် အတက်အကျ
အမေးအဖြေကဏ္ဍ – မေးခွန်းနားလည်နိုင်စွမ်း၊ တုံ့ပြန်ဖြေဆိုသည့်အကြောင်းအရာနှင့် အချိန်ကြာမြင့်မှု စသည့် ရှုထောင့် (၄) မျိုးကို အခြေခံ၍ ရွေးချယ်အကဲဖြတ်ပါမည်။
၇။ ဆုချီးမြှင့်ခြင်း
(၁) ဆုရရှိသူများအား တန်ဖိုးကြီးလက်ဆောင်များကို ပေးအပ်သွားပါမည်။
(၂) ပထမဆုရရှိသူသည် ဂျပန်နိုင်ငံတွင်ဆက်လက်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဂျပန်ဘာသာစကားပြော ပြိုင်ပွဲကြီးတွင် အာဆီယံနိုင်ငံအသီးသီးမှ ဂျပန်ဘာသာစကားပြောပြိုင်ပွဲဆုရရှိသူများနှင့်အတူစုဝေး၍ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။
၇။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း 09-428612151, 09-262602121
အီးမေးလ် event.maja.ygn@gmail.com
※လက်ရှိဖြစ်ပေါ်နေသောအခြေအနေအပေါ်မူတည်၍ ပွဲရက်ရွှေ့ဆိုင်းခြင်းစသည့် အစီအစဉ်ပြောင်းလဲခြင်းများ၊ ပွဲရပ်နားခြင်းများရှိနိုင်ပါသည်။
第26回日本語スピーチコンテスト2025
第26回日本語スピーチコンテストを2025年10月18日(土)に開催します。ご興味がある方は以下をご確認ください。みなさんのご参加をお待ちしております。
1.本選
本選開催日時:2025年10月18日(土) 9:00~12:00
(※予選通過者のみ)
2. 参加条件
(1) 16歳~30歳までのミャンマー国籍を有する者でミャンマー在住の者
(2) 日本語教師ではない者(パートタイムやボランティアは除く)
(3) 過去に日本語スピーチコンテスト入賞経験の無いもの
3. 参加申込方法
下記のGoogle Form URLに必要事項を記入して申し込んでください。
申し込み受付日時 : 2025年8月14(木)午前9時 ~ 8月28日(木)午後4時
(※下記のURLは8月14日からアクセスできます)
URL: https://docs.google.com/forms/d/e/1FAIpQLSfAPQKsaOJ1lOyrAlgpoFZUfNumJSurTg6oXlWqtPU4oP3_rw/viewform
申し込むときは以下の準備をしてください。
(1)Gmailアカウントで申し込むことになりますのでGmailアカウントを作成しておいてください。
(2)3 cm x 4 cmの顔写真(ファイル名: 氏名-1)とNRCの表と裏写真(ファイル名: 氏名-2)をJPEG形式にして送ってください。1つのファイルのサイズは3 MB以下にしてください。
(3)スピーチ内容は日本語で800~ 1100字(Word file)で準備してください。(ファイル名: 氏名-3)
(4)3分以上4分以内のスピーチ音声ファイル(ファイル名: 氏名-4)をMP3形式で録音して送ってください。音声ファイルのサイズは約10 MBにしてください。
4. 一次審査方法
本番と同じスピーチを、実際にしてもらい、その後の質疑応答と合わせて審査を行います。
(※申込内容、スピーチ原稿と音声ファイルを審査し、条件を満たした者は予選に出場できます)
予選開催日時 : 2025年9月13日(土)、14日(日)
※予選についての詳細は個別に連絡します。
5. 本選
一次予選の結果は、参加者へ連絡します。また合わせて主催各団体のFacebookでも発表します。予選通過した方は2025年10月18日(土)に開催する本選に出場できます。
※詳細は本選出場者に個別に連絡します。
6.審査基準
スピーチの「内容・構成力」、「日本語力」、「表現力」などの観点から総合的に審査します。
・内容・構成力:論理的な構成になっており、伝えたいことの内容が明確であるか。
・日本語力:スピーチの内容に合った適切な言葉を使い、文法的に正しい言葉を正確な発音で話せているか。
・表現力:声の抑揚、ジェスチャーや表情などの身体での表現を工夫しているか。
・質疑応答:審査員の質問の意図を的確に捉え、適切な回答となっているか。
7. 賞品
入賞者には豪華賞品を贈呈します。
第1位の方はASEAN各国の成績優秀者を集めて日本で開催する「日本語スピーチコンテスト優秀者招へい」にミャンマー代表として招待されます。
7. お問い合わせ
ミャンマー元日本留学生協会(MAJA)
Tel: 09-428612151, 09-262602121
E-mail: event.maja.ygn@gmail.com
※諸般の事情により、計画変更(実施日変更等)や中止の可能性があります。
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)မှ ကျင်းပပြုလုပ်လျက်ရှိသော Seminar နှင့် ဆွေးနွေးပွဲများတွင် စဉ်ဆက်မပြတ်ပါဝင်ပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ယခုတစ်ကြိမ် စင်တာတွင် “အပြောစွမ်းရည်ကို သင်ကြားပေးမယ်” ဟူသည့် ခေါင်းစဉ်ဖြင့် ဂျပန်ဘာသာစကား သီးခြားစွမ်းရည် သင်ကြားရေးနည်းစနစ်သင်တန်းကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ယခုသင်တန်းမှာတော့ ကျောင်းသားတို့ရဲ့ အပြောစွမ်းရည်ကို ပျိုးထောင်ပေးရန်အတွက် level အလိုက် (Basic, Pre-intermediate, Intermediate နှင့်အထက်) ဘယ်အချက်တွေကို အာရုံစိုက်ပြီး ဘယ်လိုလေ့ကျင့်ခန်းတွေနဲ့ ဘယ်လိုလှုပ်ရှားမှုလေးတွေ ပြုလုပ်နိုင်မယ်ဆိုတာကို လက်တွေ့ကျကျလေ့လာပြီး ဆရာများအနေဖြင့် အတန်းတွင်းပြုလုပ်နိုင်တဲ့အရာတွေကို ရှာဖွေဖော်ထုတ်သွားကြမှာ ဖြစ်ပါတယ်။ ကျောင်းသားမှ ကိုယ်တိုင်းစဉ်းစားပြီး ပြောဆိုနိုင်လာမယ့်အတန်းကို ဘယ်လိုအတန်းအမျိုးအစားမှာမဆို အသုံးချနိုင်မယ့် ဆရာတစ်ယောက်ရဲ့အရည်အသွေးကို အတူတူရည်မှန်းကြရအောင်။
■သင်တန်းအမည် :ဂျပန်ဘာသာစကား သီးခြားစွမ်းရည် သင်ကြားရေးနည်းစနစ်သင်တန်း
■သင်တန်းခေါင်းစဉ် :အပြောစွမ်းရည်ကို သင်ကြားပေးမယ်
■သင်တန်းကာလ : ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၆ရက် (စနေ) မှ စက်တင်ဘာလ ၂၀ရက် (စနေ) အထိ
အပတ်စဉ် စနေနေ့တိုင်း၊ မနက် ၉နာရီမှ ၁၂နာရီအထိ (နားချိန် ၁၅မိနစ်)
ဇူလိုင်လ ၂၆ရက်၊ သြဂုတ်လ ၁၂ရက်၊ သြဂုတ်လ ၁၆ရက်၊ သြဂုတ်လ ၂၃ရက်၊ သြဂုတ်လ ၃၀ရက်၊
စက်တင်ဘာလ ၆ရက်၊ စက်တင်ဘာလ ၁၃ရက်၊ စက်တင်ဘာလ ၂၀ရက်
*သြဂုတ်လ ၂ရက် (စနေနေ့) အတန်းနားပါသည်။
■လိပ်စာ :ဂျပန်ဖောင်းဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
https://maps.app.goo.gl/QwUwnFms7dwBZzGw8
အနီးဆုံးဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်
ဘတ်စ်ကားနံပါတ် :၄၃၊ ၆၄၊ ၈၀
■သင်တန်းကြေး :အခမဲ့
■လျှောက်ထားရန် လိုအပ်ချက်များ:
(၈)ကြိမ်လုံး ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သို့ ကိုယ်တိုင်လာရောက်တက်ရောက်နိုင်သူများ
မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေသူများ
JLPT N2အထက်ရှိပြီး တက်ကြွစွာအကြံဉာဏ်များ ထုတ်နိုင်သူများ
*ဦးရာသူစနစ်မဟုတ်ပါ။ လျှောက်လွှာပါအကြောင်းအရာများအား ထည့်သွင်းသုံးသပ်ပြီးမှ တက်ရောက်ခွင့်ရရှိသူများအား ရွေးချယ်မည်ဖြစ်ပါသည်။
■သတ်မှတ်ဦးရေ :16ယောက်
■ဖတ်စာအုပ် :ပို့ချသူမှ ပြင်ဆင်ထားသော စာရွက်စာတမ်းများ
■သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate):၇ကြိမ်နှင့်အထက် တက်ရောက်ပြီး အတန်းပြီးဆုံးပြီးနောက်ကောက်ယူသည့် စစ်တမ်းကို ဖြေဆိုပြီးသူများကိုသာ ထုတ်ပေးပါမည်။
■လျှောက်ထားရန် :အောက်ပါURLမှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။
■ဖောင်ပိတ်ရက် :၂၀၂၅ခုနှစ် ဇူလိုင်လ ၁၆ရက် (ဗုဒ္ဓဟူး) နေ့လည် ၁၂နာရီ
■တက်ရောက်ခွင့်ရရှိသူများအား ဆက်သွယ်မည့်ရက် :၂၀၂၅ခုနှစ် ဇူလိုင်လ ၁၈ရက် (သောကြာ) မနက် ၉နာရီနောက်ပိုင်း
■စုံစမ်းမေးမြန်းရန် :ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
Email nihongo.jfyg@jpf.go.jp
ဖုန်း 09-891055553
တာဝန်ခံ KD Sunday Seng Htoi Khawn Taung
(တနင်္လာနေ့ မှ သောကြာနေ့အထိ မနက် 9:00 မှ ညနေ 4:00အထိ ဆက်သွယ်စုံစမ်းနိုင်ပါသည်။)
လျှောက်ထားမှုများကို စောင့်မျှော်နေပါမည်။
#japanfoundationyangon #jfyg #jfyangon #jf #japanfoundation #国際交流基金 #ဂျပန်ဖောင်ဒေးရှင်း
********************************************
【日本語技能別教授法コース開講のお知らせ】
いつも国際交流基金ヤンゴン日本文化センター(JFYG)のセミナーや勉強会にご参加いただきありがとうございます。この度当センターでは、「話すことを教える」をテーマに「日本語技能別教授法コース」を開講いたします。
本コースでは、学習者の話す力を育てるために、レベル別(初級、初中級、中級以上)にどんなことを意識してどんな練習や活動ができるのかを実践的に学び、教師が授業でできることを増やします。学習者が自分で考えて話せる授業をどんなクラスでも演出できる、そんな教授力のある日本語教師を一緒に目指しませんか。
■コース名 :日本語技能別教授法コース
■テーマ :話すことを教える
■期間 :2025年7月26日(土)~9月20日(土)
全8回、毎週土曜日、9:00~12:00(15分休憩)
7月26日、8月9日、8月16日、8月23日、8月30日、9月6日、
9月13日、9月20日
*8月2日(土)は休講します。
■場所 :国際交流基金ヤンゴン日本文化センター The Japan Foundation, Yangon
No.70 Nat Mauk Lane (1), Bahan Township, Yangon
https://maps.app.goo.gl/QwUwnFms7dwBZzGw8
最寄りバス停:Byaing Yay Oe Zin Bus Stop
バス番号 :43, 64, 80
■受講料 :無料
■受講条件 :全8回JFヤンゴン日本文化センターに通うことができること。
現在ミャンマー人に日本語を教えていること。
JLPT N2以上で、積極的にアイディアを出すことができること。
*先着順ではありません。申込書 (microsoft form)を基に選考させていただきます。
■定員 :16名
■教材 :講師作成プリント
■修了証 :7回以上出席し、最終アンケートに回答した受講者に授与いたします。
■申込方法 :下記URLよりお申込みください。
■申込締切 :2025年7月16日(水)午後12:00
■受講者発表:2025年7月18日(金)午前9:00~
■お問合せ :国際交流基金ヤンゴン日本文化センター
電話番号 09-891055553
担当 KD Sunday Seng Htoi Khawn Taung
受付時間 月曜日~金曜日(9:00-16:00)
皆さまのご応募をお待ちしております!
*******************************************************
အားလုံးပဲ မင်္ဂလာပါ။
ဂျပန်ဘာသာစကားကို ပိုပြီးပျော်ပျော်ရွှင်ရွှင် လေ့လာချင်ကြပါသလား?
ဂျပန်ဖောင်ဒေးရှင်းမှ ပြုလုပ်ထားတဲ့ အခမဲ့အွန်လိုင်းသင်ထောက်ကူ 『IRODORI』ကို လက်တွေ့အသုံးပြုကြည့်ကြမလား?
နေ့စဥ်နေထိုင်မှုဘဝအတွက် အထောက်အကူပြုတဲ့ ဂျပန်ဘာသာစကားကို စမတ်ဖုန်း၊ ကွန်ပျူတာတို့ဖြင့် ပျော်ပျော်ရွှင်ရွှင် လေ့လာသင်ယူနိုင်ပါတယ်။
တကယ့်စကားပြောဗီဒီယိုဖိုင်များကို ကြည့်ရင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့်လေ့ကျင့်နိုင်ခြင်းက အဓိကအားသာချက်ဖြစ်ပါတယ်။
အောက်ပါအချက်နဲ့ ကိုက်ညီတဲ့ကျောင်းသား၊သူတွေအတွက် ပိုပြီးသင့်လျော်ပါတယ်။!
※အားလုံးကို လွယ်ကူရိုးရှင်းသောမြန်မာဘာသာစကားဖြင့် ရှင်းလင်းဖော်ပြပေးထားတာဖြစ်လို့ အားလပ်ချိန်(အချိန်တိုလေး)တွင်လည်း သင်ယူလေ့လာနိုင်ပါတယ်။
ပါဝင်ကြေးမှာ အခမဲ့ဖြစ်ပါတယ်။
အခုချက်ချင်းပဲ ပါဝင်ဖို့လျှောက်ထားပြီး ဂျပန်ဘာသာစကားကိုများများတတ်မြောက်လာအောင် ကြိုးစားကြရအောင်!
★ စိတ်ပါဝင်စားသူများအနေနှင့် ပွဲရက်မတိုင်ခင်နောက်ဆုံးထား၍ “ IRODORI ဂျပန်ဘာသာစကား အွန်လိုင်း အတန်း” ၏ Userစာရင်းသွင်းခြင်းကိုပြုလုပ်ထားပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
IRODORI ဂျပန်ဘာသာစကား အွန်လိုင်းအတန်း:https://www.irodori-online.jpf.go.jp/
■နေ့ရက်နှင့်အချိန်:၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၊၁၇ရက်နေ့ (ကြာသပတေးနေ့)။
မြန်မာစံတော်ချိန် နံနက် ၉နာရီခွဲမှ နေ့လည်၁၁နာရီခွဲအထိ
■နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ
အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
အနီးဆုံးမှတ်တိုင်-ဗျိုင်းရေအိုးစင်မှတ်တိုင်။
ဘတ်စ်ကားနံပါတ်- ၄၃၊ ၆၄၊ ၈၀။
■ပါဝင်နိုင်သူများ:ဂျပန်ဘာသာစကားသင်ယူနေသောမြန်မာကျောင်းသား၊သူများ။
※ယခုပွဲသည် ကျောင်းသား/သူတွေအတွက်သာ ရည်ရွယ်သောပွဲဖြစ်ပါတယ်။
■သတ်မှတ်ဦးရေ-:30ဦး
■Registerလုပ်ရန်Link: https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUMDYzMFBZT01SSlVLT1VRWUpZUFU0VUhRMSQlQCN0PWcu
■လျှောက်လွှာပိတ်ချိန်:ဇူလိုင်လ ၁၅ရက်နေ့ (အင်္ဂါနေ့) မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ
——————————————————————————————————–
【いろどり日本語オンラインコースを体験してみよう!(日本語学習者向けイベント)】
日本語をもっと楽しく勉強しませんか?
国際交流基金の無料オンライン教材『いろどり』を体験してみませんか?
生活に役立つ日本語を、スマホやパソコンで楽しく学べます。
動画でリアルな会話を見ながら、たっぷり練習できるのがポイントです。
こんな人におすすめ!
※すべてにミャンマー語のやさしい解説付き。スキマ時間でも学べます。
体験参加は無料です。
今すぐ参加して、日本語を使ってできることを増やしましょう!
★参加ご希望の方は、イベント当日までに「いろどり日本語オンラインコース」のユーザー登録をお願いいたします。
いろどり日本語オンラインコース:https://www.irodori-online.jpf.go.jp/
■日時:2025年月7月17日(木)午前9:30~11:30 (ミャンマー時間)
■場所:国際交流基金 ヤンゴン日本文化センター
(No -70, Nat Mauk Lane (1), Bahan Township, Yangon)
最寄りバス停:Byaing Yay Oe Zin Bus Stop
バス番号:43, 64, 80
■対象:ミャンマー人日本語学習者 ※このイベントは日本語学習者向けです。
■定員: 30名
■参加フォーム:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUMDYzMFBZT01SSlVLT1VRWUpZUFU0VUhRMSQlQCN0PWcu
■申込締切:7月15日(火)昼12:00(ミャンマー時間)
ဂျပန်ဘာသာစကားသင်ယူနေကြသောကျောင်းသား၊ကျောင်းသူများအားလုံး သူငယ်ချင်းများနဲ့အတူတူ ဂိမ်းတွေဆော့ကစားရင်း ဂျပန်စကားကိုလေ့လာပြီး လက်ဆောင်လေးများကိုယူကြမလား?
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှ N5,N4,N3သင်ယူနေကြသော ကျောင်းသား၊ကျောင်းသူများအတွက် WAKU WAKU NIHOHGOလို့ခေါ်တဲ့ ပျော်ရွှင်စရာ eventလေးတစ်ခုရှိပါတယ်။ ဒီတစ်ကြိမ်ခေါင်းစဥ်ကတော့ ❝「この文字、なんて読むの? 」❞ပဲဖြစ်ပါတယ်။ ဒီပွဲလေးမှာတော့ ဂျပန်ဘာသာအခြေခံအဆင့်တွင် သင်ယူရသော ဟီရဂန၊ ခတခနများကို ရုပ်ပုံလေးများဖြင့်လေ့လာပြီး ခေါင်းထဲမှာ စွဲမြဲအောင် မှတ်မိချင်သူများ နှင့် ဂျပန်ဘာသာစကားလေ့လာမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ခန်းဂျီးလေ့လာမှုတွင် အခက်အခဲရှိသူများအတွက် အထူးသင့်လျော်သည့် 「Hiragana・Katakana・Kanji Memory Hint」Applicationများ၏ အသုံးပြုနည်းကို မျှဝေပေးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဖတ်စာအုပ်ချည်းပဲကိုင်ပြီး လေ့လာရတာ ငြီးငွေ့နေတဲ့သူ၊ သူငယ်ချင်းတွေနဲ့ ဂိမ်းတွေကစားရင်း ပျော်ပျော်ရွှင်ရွှင် ဂျပန်ဘာသာစကားကို လေ့လာချင်သူတွေအနေနဲ့ ဆက်ဆက်ပါဝင်သင့်တဲ့ ပွဲလေးတစ်ခုပဲဖြစ်ပါတယ်။
ပွဲနှင့်ပတ်သက်တဲ့အချက်အလက်တွေကိုအောက်မှာဆက်လက်ဖော်ပြထားပါတယ်။
နေ့ရက်နှင့်အချိန် – ဇွန်လ ၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မနက် ၁၀ နာရီ မှ ၁၁ နာရီခွဲအထိ
နေရာ-The Japan Foundation, Yangon
အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်းရေအိုးစင်မှတ်တိုင်။
ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။
လျှောက်ထားနိုင်သူများ-N5,N4,N3 Level ဂျပန်စာလေ့လာနေသူများ
သတ်မှတ်ဦးရေ-၃၀ ယောက်
ပါဝင်ကြေး-အခမဲ့
Registerလုပ်ရန်Link - https://forms.office.com/r/uVPzaU6ZYD
လျှောက်လွှာပိတ်ရက်- ဇွန်လ ၁၆ ရက်နေ့ (တနင်္လာနေ့) နေ့လည်(၃)နာရီ
※လျှောက်ထားသူများပြားသောအခါမျိုးတွင် သတ်မှတ်ရက်ထက် စော၍ ဖောင်ပိတ်ခြင်းမျိုးလည်း ရှိနိုင်ပါသည်။
※Eventတွင် ပါဝင်တက်ရောက်လိုသူများအနေဖြင့် အောက်ဖော်ပြပါ Websiteမှတဆင့် Applicationများကို ကြိုတင်၍downloadလုပ်လာပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
https://minato-jf.jp/Home/JapaneseApplication
—————————————————————————————————————————
❝ワクワク日本語「この文字、なんて読むの?」❞
【N5・N4・N3レベル学習者向けイベント!「第4回 ワクワク日本語~この文字、なんて読むの? ~」開催のお知らせ】
日本語を勉強しているみなさん、日本語でゲームをしながら、一緒に日本語を勉強する友達や素敵なプレゼントをゲットしませんか?
JLPT N5・N4・N3を勉強しているみなさんのために、楽しい「ワクワク日本語」のご招待です。
今回のテーマは「この文字、なんて読むの?」です。イベントでは、日本語の初級レベルの文字の勉強に困っている人にぴったりのアプリ【ひらがな・カタカナ・漢字メモリーヒント】を紹介します。このアプリはイラストできちんと文字を記憶したい人、ゲームで楽しく文字を覚えたい人におすすめです。
教科書で勉強するのに少しアキアキしてしまった人、友達とゲームをしながら、楽しく日本語を勉強したいみなさん、ぜひご参加をお待ちしております!
日時:2025年6月18日(水) 午前10:00~11:30
場所:国際交流基金 ヤンゴン日本文化センター
(No -70, Nat Mauk Lane (1), Bahan Township, Yangon)
対象:JLPT N5・N4・N3レベルの日本語学習者
定員:30名
参加費:無料
参加申込リンク: https://forms.office.com/r/uVPzaU6ZYD
申込締切:2025年6月16日(月)午後3時
※申込者が多い場合早めに締め切ることがあります。ご了承ください。
※イベントに参加したい方は、事前にアプリをダウンロードしておいてください。
【ひらがな・カタカナ・漢字メモリーヒント】
https://minato-jf.jp/Home/JapaneseApplication
(ミャンマー語の後に日本語が続きます)
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)သည် Okayama University Japan Educational Information Center (OJEIC)နှင့်ပူးပေါင်း၍ “ Understanding Japanese Society Seminar: Basic Knowledge about Cross-Cultural Adaption and Communication Style of Japanese People” Seminar (ဂျပန်လူ့ဘောင်အဖွဲ့အစည်းကိုသိနားလည်ခြင်း-မတူကွဲပြားသည့်ယဉ်ကျေးမှုနှင့်သဟဇာတဖြစ်အောင်ညှိနှိုင်းခြင်းဆိုင်ရာ အခြေခံဗဟုသုတနှင့် ဂျပန်လူမျိုးများ၏ ပြောဆိုဆက်ဆံမှုပုံစံများ ဆွေးနွေးပွဲ)ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။
ယခုနှစ်များတွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့သွားရောက်၍ပညာသင်ကြားလိုသူများ၊ အလုပ်လုပ်ကိုင်လိုသူများ အများအပြား တိုးပွားလျက်ရှိပါသည်။ နိုင်ငံရပ်ခြားတွင်နေထိုင်သည့်အခါ ယဉ်ကျေးမှုမတူကွဲပြားခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာတွင် အမျိုးမျိုးသောသက်ရောက်မှုများရှိတတ်သော်လည်း လက်တွေ့ကြုံတွေ့လာချိန်တွင် စိတ်ပူပန်ရသူများ ရှိကြပါသည်။ ထို့အပြင် အချင်းချင်းပြောဆိုဆက်ဆံမှုပုံစံများကွဲပြားခြင်းသည်လည်း နိုင်ငံရပ်ခြားတွင်နေထိုင်နေသူများ စိတ်သောကရလွယ်သည့်အရာဖြစ်ပါသည်။
ထိုသို့ မတူကွဲပြားသည့်ယဉ်ကျေးမှုဒေသများတွင် နေထိုင်ရာတွင် ဖြစ်လွယ်သည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပြသနာများနှင့် ဂျပန်လူမျိုးများ၏ပြောဆိုဆက်ဆံမှုပုံစံ၏ထူးခြားချက်များနှင့် ပတ်သက်သည်များကို ကျွမ်းကျင်ပညာရှင်ဆီမှသင်ယူပြီး ယဉ်ကျေးမှုကွဲပြားမှုဖြင့် စိတ်သောကရောက်ချိန်တွင် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အုပ်စုဖွဲ့ဆွေးနွေးသွားကြရန်ဖိတ်ခေါ်ပါသည်။
ဤဆွေးနွေးပွဲကို ဂျပန်နိုင်ငံသို့သွားမည့်သူများတက်ရောက်နိုင်ပြီး လက်ရှိဂျပန်နိုင်ငံတွင်နေထိုင်သူများလည်း အွန်လိုင်းမှတက်ရောက်နိုင်ပါသည်။
ဆွေးနွေးပွဲနှင့်ကျင်းပသည့်အကြောင်းအရာများ
ပြောကြားမည့်ခေါင်းစဉ်။ ။” Understanding Japanese Society Seminar: Basic Knowledge about Cross-Cultural Adaption and Communication Style of Japanese People” Seminar (ဂျပန်လူ့ဘောင်အဖွဲ့အစည်းကိုသိနားလည်ခြင်း-မတူကွဲပြားသည့်ယဉ်ကျေးမှုနှင့်သဟဇာတဖြစ်အောင်ညှိနှိုင်းခြင်းဆိုင်ရာ အခြေခံဗဟုသုတနှင့် ဂျပန်လူမျိုးများ၏ ပြောဆိုဆက်ဆံမှုပုံစံများ)
ပြောကြားမည့်ပုဂ္ဂိုလ်။ ။Mr. Takeshi Asai (Lecturer of Meiji University, Psychology Counselor of The Japan Foundation Japanese-Language Institute, Urawa, Certified Clinical Psychologist)
ကြီးမှူးကျင်းပသည့်အဖွဲ့အစည်း။ ။ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)နှင့် Okayama University Japan Educational Information Center (OJEIC)
ဆွေးနွေးပွဲကျင်းပမည့်နေ့ရက်။ ။ ၂၀၂၅ ခုနှစ် ဇွန်လ ၁၄ရက် (စနေနေ့)
ဆွေးနွေးပွဲကျင်းပမည့်အချိန်။ ။ နေ့လယ် ၁ နာရီခွဲမှ ၃ နာရီခွဲ (မြန်မာစံတော်ချိန်)
ညနေ ၄ နာရီမှ ၆ နာရီ (ဂျပန်စံတော်ချိန်)
ပွဲကျင်းပမည့်ပုံစံ။ ။ Hybrid (ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာနှင့်အွန်လိုင်း (ZOOM))
သတ်မှတ်ဦးရေ။ ။စင်တာသို့လာရောက်တက်ရောက်လိုသူများ ၃၀ ယောက်အထိ
အွန်လိုင်းမှတက်ရောက်လိုသူများ ၈၀ ယောက်အထိ
ဘာသာစကား။ ။ ဂျပန်ဘာသာနှင့် မြန်မာဘာသာ (စကားပြန်ပါရှိပါသည်)
ပွဲကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
အနီးဆုံးဘတ်စ်ကားမှတ်တိုင်။ ။ဗျိုင်းရေအိုးစင်မှတ်တိုင် (ဘတ်စ်ကားနံပါတ် ၄၃၊ ၆၄၊ ၈၀)
ဆွေးနွေးပြောကြာသွားမည့်အကြောင်းအရာများ
– Mr. Takeshi Asaiမှ အထက်ပါခေါင်းစဉ်ဆိုင်ရာအကြောင်းအရာများပြောကြားခြင်း
– အိုကာယမတက္ကသိုလ်တွင် လက်ရှိတက်ရောက်ပညာသင်ကြားနေသော မြန်မာလူမျိုးကျောင်းသားမှ အတွေ့အကြုံမျှဝေခြင်း
– ပွဲသို့တက်ရောက်လာသူများ အုပ်စုဖွဲ့ဆွေးနွေးခြင်း
– မိမိတို့ဆွေးနွေးထားသည်များကို ပြန်လည်မျှဝေခြင်း
– Okayama University Japan Educational Information Center (OJEIC) အကြောင်းမိတ်ဆက်
နာမည်စာရင်းပေးသွင်းရန်
အောက်ပါဖောင်ကိုဖြည့်စွက်၍ နာမည်စာရင်းပေးသွင်းနိုင်ပါသည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။ အွန်လိုင်းမှတက်ရောက်လိုသူများ ဆွေးနွေးပွဲမတိုင်ခင် ၁ ရက်အလိုတွင် Zoom linkကို ပေးပို့မည်ဖြစ်ပါသည်။
https://forms.office.com/pages/responsepage.aspx…
★☆★☆★☆★☆★☆★☆☆★
「日本理解促進セミナー開催のお知らせ」
国際交流基金ヤンゴン日本文化センター(JFYG)では、岡山大学日本留学情報センター(OJEIC)との共催による日本理解促進セミナーを開催することになりました。今回のテーマは、「異文化適応と日本人のコミュニケーションスタイル」です。
近年、留学や就労のために日本に行くことを希望するミャンマーの方が非常に増えています。外国で暮らす場合、文化の違いが精神状態に様々な影響を及ぼすことがありますが、実際にそのような問題に直面した際に悩んでしまう方は少なくありません。また、人々のコミュニケーションスタイルの違いも外国で暮らす上での悩みの原因となりやすいです。
そこで、異文化の中で暮らす場合に起こりやすいメンタルヘルス上の課題や日本人のコミュニケーションスタイルの特徴について専門家の先生から学び、文化の違いに悩んだ時の対処法についてグループディスカッションを通じて一緒に考えてみませんか?
これから日本に行きたい方はもちろん、日本在住の方もオンラインで参加可能です。
【セミナー概要】
テーマ:異文化適応と日本人のコミュニケーションスタイル
講師:浅井健史先生(明治大学講師、国際交流基金日本語国際センターカウンセラー、臨床心理士)
主催:国際交流基金ヤンゴン日本文化センター(JFYG)、岡山大学日本留学情報センター(OJEIC)
日にち:2025年6月14日(土)
時間:13:30~15:30(ミャンマー時間)/16:00~18:00(日本時間)
形式:ハイブリッド(対面/オンライン)
定員:対面(30名)、オンライン(80名)
使用言語:日本語、ミャンマー語(通訳あり)
会場:国際交流基金ヤンゴン日本文化センター (No. 70, Nat Mauk Lane 1, Bahan Township, Yangon)
最寄りバス停:Byaing Yay Oe Zin Bus Stop(路線:43, 64, 80)
【内容】
・講師による基調講演
・岡山大学在学中のミャンマー人留学生による経験談
・参加者によるグループディスカッション
・グループ発表
・岡山大学日本留学情報センター(OJEIC)事業紹介
※オンライン参加の場合は、運営の都合上、視聴のみ可能です。グループディスカッションへの参加は対面の方のみとさせていただきますので、予めご了承ください。
【申し込み】
以下のフォームからお申込みください。しめ切りは、2025年6月11日(水)です。オンライン参加希望の方にはセミナー前日までにメールでZoomリンクを送付します。
https://forms.office.com/pages/responsepage.aspx…
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှ ပြုလုပ်သော ဆွေးနွေးပွဲများတွင် အစဥ်အမြဲ ပါဝင်ပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာတွင် ၂၀၂၄ခုနှစ်က ဖွင့်လှစ်ခဲ့သော 「IRODORI သင်ကြားနည်းသင်တန်း」ကို တတိယတစ်ကြိမ် ထပ်မံဖွင့်လှစ်မှာပဲ ဖြစ်ပါတယ်။『IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』သင်ထောက်ကူ၏ တွေးပုံတွေးနည်း၊ သင်ကြားနည်းတို့ကို နားလည်သဘောပေါက်ပြီး၊ ကျောင်းသားများ၏ လုပ်နိုင်မည့်အရာ(Can-do)စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည့်အတန်းများသင်ကြားနိုင်သည့် ဆရာ၊ ဆရာမများကို ပျိုးထောင်ပေးဖို့ရည်ရွယ်ပါတယ်။ အဓိကပါဝင်တက်ရောက်စေလိုသူများကတော့ IRODORIသင်ထောက်ကူကို စသုံးကြည့်မည့်သူများ နှင့် အခုကစပြီး ဆရာဖြစ်လာချင်သူများအတွက် ရည်ရွယ်ပါတယ်။ သင်ယူသူရှုထောင့်မှ အတန်းတက်ရောက်လေ့လာကြည့်ခြင်း၊ သင်တန်းပို့ချခြင်း၊ အဖွဲ့တစ်ဖွဲ့ချင်းစီ သရုပ်ပြသင်ကြားခြင်း တို့မှတစ်ဆင့် ထိရောက်မှုရှိသော သင်ကြားရေးပုံစံကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဤအခွင့်အရေးကို အသုံးချပြီး ယုံကြည်မှုရှိစွာဖြင့် 『IRODORI』ကို သင်ကြားနိုင်မည့် ဆရာတစ်ယောက်ဖြစ်လာချင်သူများအတွက် အထူးသင့်လျော်ပါတယ်။ အားလုံးရဲ့ ပါဝင်တက်ရောက်မှုကို စောင့်မျှော်လျှက်ရှိပါတယ်။
■ကြာချိန် : စုစုပေါင်း ၅ကြိမ် အပတ်စဥ်စနေ့နေ့တိုင်း နံနက် 9:30~12:30
သင်တန်းချိန်တစ်ချိန်လျှင် 3နာရီကြာ(နားချိန်15မိနစ်))×5ကြိမ်=15နာရီကြာ
၂၀၂၅ခုနှစ် ဇွန်လ ၁၄ရက်နေ့ (စနေနေ့) မှ ဇူလိုင်လ ၂၆ရက်နေ့ (စနေနေ့)အထိ ※ ဇွန်လ ၂၈ရက်နေ့ နှင့် ဇူလိုင်လ ၅ရက်နေ့တို့ မပါဝင်ပါ။
ပထမအကြိမ် ဇွန်လ(၁၄)ရက်နေ့
ဒုတိယအကြိမ် ဇွန်လ(၂၁)ရက်နေ့
တတိယအကြိမ် ဇူလိုင်လ(၁၂)ရက်နေ့
စတုတ္ထအကြိမ် ဇူလိုင်လ(၁၉)ရက်နေ့
ပဥ္စမအကြိမ် ဇူလိုင်လ(၂၆)ရက်နေ့
■သင်တန်းပုံစံ:အပြင်သင်တန်း
■သင်တန်းနေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာရှိ ဒုတိယထပ်စာဖတ်ခန်း
{အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့}
အနီးဆုံးကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်
ကားနံပါတ်: ၄၃၊ ၆၄၊ ၈၀။
■သင်တန်းကြေး:အခမဲ့
■သတ်မှတ်ချက်များ:အောက်ပါအချက်များနှင့် ကိုက်ညီသော မြန်မာလူမျိုး ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများ
■သတ်မှတ်ဦးရေ :၁၅ ဦး
■အသုံးပြုမည့်စာအုပ်:『IRODORI ဂျပန်နိုင်ငံတွင် နေထိုင်မှုအတွက် ဂျပန်ဘာသာစကား အခြေခံအဆင့် (၁) A2』
※တက်ရောက်သူများကို ပုံနှိပ်သင်ထောက်ကူများ ပေးပါမည်။
■သင်ကြားပို့ချမည့်သူ:JFYGမှ ဂျပန်လူမျိုးဆရာမ (၂) ဦး
■သင်တန်းပြီးဆုံးကြောင်းလက်မှတ်:အတန်းတက်ရောက်မှု(၄) ကြိမ် နှင့်အထက်ရှိပြီး နောက်ဆုံးစစ်တမ်းတွင် ဖြေဆိုထားသောသူများသာ
■သင်တန်းလျှောက်လွှာ:အောက်တွင်ပေးထားသော URLမှတစ်ဆင့် လျှောက်လွှာတင်ပေးရန်
■လျှောက်လွှာ URL:https://forms.office.com/r/iW8e0T6pbe?origin=lprLink
■လျှောက်လွှာ နောက်ဆုံးလက်ခံမည့်ရက်:ဇွန်လ ၁၀ရက် (အင်္ဂါနေ့) ညနေ (၅) နာရီ
■တက်ရောက်ခွင့်ရရှိသူများအားအကြောင်းကြားမည့်ရက်:ဇွန်လ ၁၁ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် (၂) နာရီနောက်ပိုင်း
※ ဦးရာသူစနစ်မဟုတ်ပါ။ လျှောက်ထားရသည့် ရည်ရွယ်ချက်နှင့် စာသင်ကြားမှုအတွေ့အကြုံစသည်တို့အပေါ် မူတည်၍ ရွေးချယ်သွားမည်ဖြစ်ပါသည်။ စိစစ်ရွေးချယ်နေစဥ်အတောအတွင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှ ဖုန်းဖြင့်ဆက်သွယ်အတည်ပြုခြင်းများ ရှိနိုင်ပါသည်။ တက်ရောက်ခွင့်ရရှိသူများကိုတော့ ဖုန်းမှတစ်ဆင့် ပြန်လည်အကြောင်းကြားမည်ဖြစ်ပါတယ်။
အားလုံးဝင်ရောက်ပါဝင်လျှောက်ထားကြဖို့ကို စောင့်မျှော်နေပါတယ်။
—————————————————————————————————
【2025.6月-7月いろどり教師養成コース開講のお知らせ】
いつもヤンゴン日本文化センターのセミナーや勉強会にご参加いただきありがとうございます。
この度当センターでは、第3回目の「いろどり教師養成コース」を開講します。
このコースでは、『いろどり 生活の日本語』の考え方や教え方を理解し、学習者の「できること(Can-do)」を伸ばす授業ができる日本語教師の育成を目指します。
対象は、『いろどり』を初めて使う方や、これから教師になりたい方です。
授業体験、講義、グループでの模擬授業など、実践を通してスキルを高めます。
この機会に、自信をもって『いろどり』を教えられる教師を一緒に目指しませんか?
■期間 :全5回 毎週土曜日 9:30~12:30 1回3時間(休憩15分)×5回=15時間
2025年6月14日(土)~7月26日(土)※6月28日(土)、7月5日(土)を除く
| 第1回 | 6月14日 |
| 第2回 | 6月21日 |
| 第3回 | 7月12日 |
| 第4回 | 7月19日 |
| 第5回 | 7月26日 |
■実施方法:対面
■実施場所:国際交流基金ヤンゴン日本文化センター 2Fセミナールーム
The Japan Foundation,Yangon
No.70 Nat Mauk Lane(1), Bahan Township, Yangon
■受講料:無料
■参加条件:以下の条件を満たすミャンマー人日本語教師
・ 教師経験がある人、これから教師になりたい人
・『いろどり』の使用経験がなく、これから使ってみたい方
・・JFS B1・JLPT N3程度
・JFYGに5回通うことができる人
■定員:15名
■教材:『いろどり 生活の日本語 初級1 A2』
※受講者には上記テキストの印刷版を配布します
■講師 :当センター日本人講師2名
■修了証:4回以上出席し、最終アンケートに回答した人に授与
■参加申込:下記URLよりお申込ください。
申込URL: https://forms.office.com/r/iW8e0T6pbe?origin=lprLink
■申込締め切り: 6月10日(火)昼17時
■受講者発表: 6月11日(木)昼14時以降
※先着順ではありません。受講申し込み内容を基に選考させていただきます。 選考に際し、当センターからお電話を差し上げることがあります。受講者には電話でご連絡いたします。
皆さまのお申し込みをお待ちしております!
ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။