ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာတွင် ဂျပန်၏ယဥ်ကျေးမှုနှင့်ပတ်သက်ပြီး လစဥ်ပြခန်း၊ပြပွဲကိုပြုလုပ်လျက်ရှိပါတယ်။ ဒီတစ်ခေါက်ရဲ့ပြခန်း၊ ပြပွဲလေးမှာတော့ အားလုံးကို နင်ဂျာ (ninja) နဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

နင်ဂျာနေ့ (Ninja Day) မှာ  Japan Anniversary Association မှ ၂၀၁၅ ခုနှစ်တွင် စာရင်းသွင်းခဲ့သည့် အထိမ်းအမှတ်နေ့ဖြစ်ပါသည်။ နင်ဂျာ (ninja) ဆိုသည့်စာလုံးမှ nin၊ နင်ဂျာအတတ်ပညာ (ninjutsu) ဆိုသည့်စာလုံးမှ nin အစရှိသည့် ninများကို စုပေါင်းပြီး ထို nin (နင်) ဆိုသည့်ဂျပန်အသံနှင့် ကိန်းဂဏန်း ၂ ၏ ဂျပန်အသံတို့တူညီမှုကို ယူကာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကို  နင်ဂျာနေ့ (Ninja Day)အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုကြပါသည်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ JFYGတွင် “နင်ဂျာနေ့”အထိမ်းအမှတ်အနေနဲ့ နင်ဂျာဝတ်စုံများဝတ်ဆင်ပြီး အမှတ်တရဓာတ်ပုံလေးတွေရိုက်ပြီး “Shuriken” အတူပစ်ကြရအောင်။ နင်ဂျာနှင့်ပတ်သက်သော စာအုပ်များလည်းထားရှိပေးထားသောကြောင့် လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်‌ကျေးမှုစင်တာ (The Japan Foundation, Yangon)

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်
ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀

စင်တာဖွင့်လှစ်ချိန် – အပတ်စဉ်အင်္ဂါနေ့မှ စနေနေ့ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲ

(ကြိုတင်ဘိုကင်ပေးရန်မလိုပါ)

★JFYGအား ၁၃ရက် ဖေဖော်ဝါရီလ၂၀၂၆ခုနှစ် (သောကြာနေ့) နှင့် ၁၇ရက် ဖေဖော်ဝါရီလ ၂၀၂၆ခုနှစ် (အင်္ဂါနေ့)တွင် ပုံမှန်အတိုင်းဖွင့်လှစ်ထားမည်ဖြစ်ပါသည်။

 

စတုတ္ထအပိုင်းဆက် : ❝အမှိုက်စွန့်ပစ်နည်းကို လေ့လာကြမယ်❞

 

အားလုံးပဲ မင်္ဂလာပါ။

『IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』ကို အသုံးပြုပြီး ဂျပန်နိုင်ငံရဲ့ အလေ့အထ နှင့် ယဥ်ကျေးမှုကို ဂျပန်ဘာသာစကားနှင့်အတူလေ့လာနိုင်မယ့် ဗီဒီယိုဇာတ်လမ်းတွဲရဲ့ စတုတ္ထအပိုင်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံနေထိုင်မှုဘဝလို့ဆိုလျှင် အရင်ဆုံးဘာကနေ အစပြုသင့်ပါသလဲ?

အဖြေကတော့ အမှိုက်စွန့်ပစ်ခြင်းနဲ့ဆိုင်တဲ့စည်းကမ်းတွေမှာ မာစတာဖြစ်နေဖို့လိုတာပါ။

ဒီတစ်ကြိမ်မှာတော့ ရှုပ်ထွေးတဲ့ အမှိုက်ခွဲခြားနည်း နဲ့ စွန့်ပစ်နည်းအကြောင်းကို စဥ်းစားကြည့်ကြပါမယ်။

「ခက်ခဲမယ့်ပုံပဲ」 အခြေအနေမှ 「စိတ်အေးသွားပြီ!」အဖြစ်ပြောင်းလဲနိုင်မယ့် လှည့်ကွက်ကို အတူတူသင်ယူကြရအောင်။

ဗီဒီယိုလေးကိုကြည့်ပြီးတော့ အတူတူစဥ်းစားကြည့်ကြရမယ်နော်!

အားလုံးပဲ နိုးပြဇာတ်(Noh Performance)ကိုသိကြပါသလား?

နိုးပြဇာတ်(Noh Performance)ဆိုသည်မှာ ဇာတ်ဆောင်မင်းသားမှ မျက်နှာဖုံးဝတ်လျှက်သီချင်း ဂီတနှင့်အတူ ကခုန်ဖျော်ဖြေရသော ဂျပန်ရိုးရာပြဇာတ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော သရုပ်ပြဖျော်ဖြေမှုအနုပညာ တစ်ခုလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံမှရာမယဏပြဇာတ်ကဲ့သို့ ဆန်းကြယ်သောမျက်နှာဖုံးများနှင့် လှပသောကီမိုနိုဝတ်စုံများကိုဝတ်ဆင်ပြီး ညင်သာစွာကပြဖျော်ဖြေသော မြင်ကွင်းသည် စိတ်ကူးယဥ်ဆန်လှပါသည်။ ဇိမ်ခံဖျော်ဖြေမှုများနှင့် တောက်ပသောအက်ရှင်များအစား ရိုးရှင်းသောစင်မြင့်ပုံစံ၊ ပစ္စည်းများနှင့် ဖျော်ဖြေသူများ၏ ရိုးရှင်းသောလှုပ်ရှားမှုများသည် ဂျပန်ဝိဉာဉ်ရေးရာနှင့်အလှအပအာရုံကို ခံစားနိုင်စေပါသည်။ နိုးပြဇာတ်(Noh Performance)သည် အမျိုးအစားများစွာရှိသော်လည်း ဇာတ်လမ်းများ၏အဓိက ဇာတ်ကောင်သည် နတ်ဘုရား၊ သရဲတစ္ဆေ၊ ဘီလူးများဖြစ်ပြီး စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်ကို ခံစားနိုင်ပါသည်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)သည် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့်ပူးပေါင်း၍ ဂျပန်နိုင်ငံရှိ နိုးပြဇာတ်အမျိုးအစားတစ်ခုဖြစ်သည့်ခန်းဇဲမှ နိုးပြဇာတ်သရုပ်ဆောင်များဖြစ်သော Mr. KANZE Yoshimasa နှင့် Mr. KUWATA Takashiတို့ကိုဖိတ်ခေါ်ပြီး နိုး(Noh)နှင့်ပတ်သက်သောအခြေခံများကို လေ့လာခံစားနိုင်သည့်အထူးအလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကျင်းပမည်ဖြစ်ပါသည်။ နိုးအလုပ်ရုံဆွေးနွေးပွဲ(Noh Workshop)နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပြီး ပါဝင်တက်ရောက်လိုသူများအနေဖြင့် အောက်ပါလင့်ခ်မှတစ်ဆင့်ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

ယခုပွဲသည် မြန်မာနိုင်ငံတွင်နိုး(Noh)နှင့်ပတ်သက်၍ ပထမဆုံးအကြိမ်ကျင်းပသောပွဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်မှန်သောနိုးပြဇာတ်(Noh Performance)ကိုခံစားကြည့်ရှုရန် အခွင့်အရေးတစ်ခု ဖြစ်သောကြောင့် အားလုံးလာရောက်ကြည့်ရှုရန်ဖိတ်ခေါ်အပ်ပါသည်။

 

နေ့ရက် – ၂၁ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ (စနေနေ့)

အချိန် – နံနက် ၁၀နာရီမှ ၁၂နာရီအထိ (၉နာရီခွဲမှစ၍ ခန်းမအတွင်းသို့ဝင်ရောက်နိုင်ပါသည်)

နေရာ – ရန်ကုန်ဂျပန်ကျောင်း Yangon Japanese School (အမှတ်(၁)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်)

သရုပ်ပြသသူ – နိုးပြဇာတ်အမျိုးအစားတစ်မျိုးဖြစ်သည့်ခန်းဇဲမှ နိုးပြဇာတ်သရုပ်ဆောင် Mr. KANZE Yoshimasa နှင့် Mr. KUWATA Takashi

ပူးပေါင်းစီစဥ်သူ – မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး

ဘာသာစကား – ဂျပန် (မြန်မာဘာသာပြန်ပါရှိပါသည်)

ဝင်ကြေး – အခမဲ့

လူဦးရေ – ၅၀ဦး (ဦးရာလူစနစ်)

စာရင်းပေးသွင်းရန် – Noh Special Workshop🎭 – Fill out form

**၁၃ရက်၊ဖေဖော်ဝါရီလ၊ ၂၀၂၆၊သောကြာနေ့တွင် စာရင်းပိတ်မည်ဖြစ်ပြီး ၁၈ရက်(ဗုဒ္ဓဟူးနေ့)တွင် ဖုန်းဖြင့်ပြန်လည် အတည်ပြုပေးသွားပါမည်။ (စာရင်းပေးသွင်းသူအရေအတွက်ကျော်လွန်သွားပါက သတ်မှတ်ရက်မတိုင်မီ ဖောင်ပိတ်သွားခြင်း ဖြစ်နိုင်ပါသည်။)**

မှတ်ချက် – ကားပါကင်အသုံးပြု၍မရနိုင်ပါ။

 

[စုံစမ်းမေးမြန်းရန်]

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)

ဖုန်း – 01-430920, 01-430921

အီးမေးလ် – artsandculture.jfyg@jpf.go.jp

တာဝန်ခံ – Ms. SHIMOZATO, Ms. MON

“ မြန်မာအနုပညာရှင်ရဲ့  Performing Art ကိုခံစားရင်း ယိုကိုဟားမား နိုင်ငံတကာ Performing အနုပညာတွေ့ဆုံပွဲရဲ့ အတွေ့အကြုံတွေကို နားထောင်ကြရအောင်”

 

လာမယ့်စနေနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန်မှာ ၂၀၂၅ ခုနှစ် ယိုကိုဟားမား နိုင်ငံတကာ Performing အနုပညာတွေ့ဆုံပွဲ (Yokohama International Performing Arts Meeting, YPAM) ကို လူကိုယ်တိုင် သွားလာတက်ရောက်ခဲ့တဲ့ မြန်မာအနုပညာရှင် P Cube ရဲ့ အနုပညာဖျော်ဖြေမှုနဲ့ သူ့အတွေ့အကြုံကို ပြန်လည်ပြောပြသွားမယ့် ပွဲလေးတစ်ခုရှိနေပါတယ်။

 

P Cube ရဲ့ အနုပညာလှုပ်ရှားမှုမှာ စီးမျောရင်း YPAM 2025 အကြောင်း ဗဟုသုတတွေလည်း နားထောင်ရမှာ ဖြစ်တာကြောင့် လက်လွတ်မခံသင့်တဲ့ ပွဲလေးပါပဲ။ ဒီပွဲလေးကို မည်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး အမှန်တကယ် တက်ရောက်ချင်မှသာ စာရင်းပေးဖို့ မေတ္တာရပ်ခံပါတယ်။

 

စာရင်းပေးရန် – Same Same But Different – Fill out form

 

နေ့စွဲ                    – ၇ ဖေဖော်ဝါရီ ၂၀၂၆ (စနေနေ့)

အချိန်   – နေ့လည် ၁ နာရီခွဲမှ ၃ နာရီခွဲထိ

ကန့်သတ်လူဦးရေ – ၃၀ ဦးသာ

နေရာ    – ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် (Hall)၊  အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်၊ ဗျိုင်းရေအိုးစင်မှတ်တိုင်အနီး ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

 

မှတ်ချက်။ ။ ကားပါကင်မရှိပါ။

Sura Suraတဒို့ခုစာဖတ်ပွဲ

ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာတွင်  လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း「Sura Sura တဒို့ခုပွဲ」ကို ကျင်းပလျက်ရှိပါတယ်။「တဒို့ခု」ဆိုသည်မှာ လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာဖြင့်ရေးထားသားသည့် စာအုပ်များကို ပျော်ပျော်ရွှင်ရွှင်နှင့် အများအပြားဖတ်ရှုသည့် လေ့လာနည်းတစ်ခုပဲ ဖြစ်ပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်သည့် Readingအတန်းချိန်နှင့်မတူဘဲ တဒို့ခုမှာဆိုရင် မိမိတို့နှစ်သက်တဲ့စာအုပ်ကို လွတ်လပ်စွာ ဖတ်ရှုနိုင်ပါတယ်။ N5 levelမှ N1 Levelအထိ မည်သူမဆို ပါဝင်ဖတ်ရှုနိုင်ပါတယ်။ ပါဝင်သူများကို 「တဒို့ခုစာဖတ်ကဒ်」ပြုလုပ်ပေးမှာ ဖြစ်ပြီး စာဖတ်ကဒ်တွင် အမှတ်၃ခုပြည့်တိုင်း တစ်ကြိမ်စီလက်ဆောင်ပစ္စည်းလေးတွေကို ထုတ်ယူနိုင်ပါတယ်။ 🎁 ဒါ့အပြင် တဒို့ခုစာအုပ်အသစ်တွေလည်း ရောက်ထားပါတယ်နော်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှာ ဂျပန်ဘာသာစာအုပ်များကို  အများအပြားဖတ်ရှုနိုင်ရန် အသင့်ပြင်ဆင်ပြီး စောင့်မျှော်လျှက်ရှိပါတယ်။ အတူတူ ပျော်ပျော်ရွှင်ရွှင် ဂျပန်ဘာသာစကားကို လေ့လာကြည့်ကြရအောင်!

 

အောက်ပါLinkမှတဆင့် ပထမအကြိမ် မှ ပဥ္စမအကြိမ်မြောက်အထိ ကျင်းပခဲ့သော တဒို့ခုရဲ့ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/v/16etkeorVu/

 

ကျင်းပမည့်နေ့ရက် နှင့် အချိန် :  ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၃၀ရက်နေ့ (သောကြာနေ့) နံနက် ၁၀:၀၀ မှ ၁၁:၃၀အထိ

ကျင်းပမည့်နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။

ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

ပါဝင်ကြေး :  အခမဲ့။

လျှောက်ထားနိုင်သည့်သူများ :  ဂျပန်ဘာသာစကားလေ့လာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ။

လျှောက်ထားရမည့်ပုံစံ : အောက်ဖော်ပြပါ Microsoft Form မှတဆင့် လျှောက်ထားပေးပါ။

Surasuraတဒို့ခုစာဖတ်ပွဲ လျှောက်လွှာဖောင် (30, JAN,2026)  – Fill out form

 

လျှောက်လွှာပိတ်ချိန် : ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၂၈ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန်  နေ့လည် (၁၂)နာရီ

သတ်မှတ်ဦးရေ : ၃၀ဦး

*လျှောက်ထားသူများပြားသောအချိန်မျိုးတွင် လျှောက်လွှာဖောင်ကို စော၍ ပိတ်ခြင်းမျိုးလည်းရှိနိုင်ပါသဖြင့် နား လည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

★ Japan Foundation Yangon၏ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်:01-430920・ 01-430921

★ Japan Foundation Yangon၏ Facebook Link:https://www.facebook.com/JFYangon

★ Japan Foundation Yangon၏ Telegram Channel Link:https://t.me/JFYangon

★ Japan Foundation Yangon၏ Instagram Link:https://www.instagram.com/jf_yangon

WAKU WAKU NIHOHGO_Challenge with Erin!❞

ဂျပန်ဘာသာစကားသင်ယူနေကြသောကျောင်းသား၊ကျောင်းသူများအားလုံး သူငယ်ချင်းများနဲ့အတူတူ ဂိမ်းတွေဆော့ကစားရင်း ဂျပန်စကားကိုလေ့လာပြီး လက်ဆောင်လေးများကိုယူကြမလား?

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)မှ N5,N4သင်ယူနေကြသော ကျောင်းသား၊သူများအတွက် ပျော်ရွှင်စရာ eventလေးတစ်ခုရှိပါတယ်။ ခေါင်းစဥ်ကတော့ ❝Challenge with Erin!❞ပဲဖြစ်ပါတယ်။ ဒီပွဲလေးဟာ ဂျပန်စာအခြေခံအဆင့်သင်ယူရာတွင် ဖတ်စာအုပ်ချည်းပဲကိုင်ပြီး လေ့လာရတာ ငြီးငွေ့နေတဲ့သူ၊ ဂျပန်စာလေ့လာရာမှာ အထောက်အကူပြုတဲ့ ဝက်ဘ်ဆိုဒ် နဲ့ အက်ပလီကေးရှင်းတွေကို သိရှိလိုသူများ၊ သူငယ်ချင်းတွေနဲ့ ဂိမ်းတွေကစားရင်း ပျော်ပျော်ရွှင်ရွှင် ဂျပန်ဘာသာစကားကို လေ့လာချင်သူတွေ ဆက်ဆက်ပါဝင်သင့်တဲ့ ပွဲလေးတစ်ခုပဲဖြစ်ပါတယ်။ Erinနဲ့တူတူဂိမ်းကစားရင်း ဂျပန်ဘာသာစကားကို Challengeလုပ်ကြည့်ကြရအောင်!

ပွဲနှင့်ပတ်သက်တဲ့အချက်အလက်တွေကိုအောက်မှာဆက်လက်ဖော်ပြထားပါတယ်။

■ နေ့ရက်နှင့်အချိန် – ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ (သောကြာနေ့)၊ မနက် ၁၀ နာရီ မှ ၁၁ နာရီခွဲအထိ

■ နေရာ- ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

■ အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။

■ ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

■ လျှောက်ထားနိုင်သူများ-N5, N4 Level ဂျပန်စာလေ့လာနေသူများ

■ သတ်မှတ်ဦးရေ-၃၀ ယောက်

■ ပါဝင်ကြေး-အခမဲ့

■ လျှောက်ထားရမည့်ပုံစံ : အောက်ဖော်ပြပါ Microsoft Form မှတဆင့် လျှောက်ထားပေးပါ။

ワクワク日本語 _❝エリンちゃんとチャレンジしよう!❞  – Fill out form

■ လျှောက်လွှာပိတ်ရက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ (အင်္ဂါနေ့)၊ နေ့လည် ၃နာရီ

※လျှောက်ထားသူများပြားသောအခါမျိုးတွင် သတ်မှတ်ရက်ထက် စော၍ ဖောင်ပိတ်ခြင်းမျိုးလည်း ရှိနိုင်ပါသည်။

★ပွဲကိုလာရောက်မယ့်သူများအနေဖြင့် Challenge with Erin Application ကို ဒေါင်းလုတ်ဆွဲပြီးRegistrationလုပ်ခဲ့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Download URL for Apple:Challenge with Erin on the App Store (apple.com)

Download URL for Android:https://play.google.com/store/apps/details?id=jp.ne.erin.challengeerin&pcampaignid=web_share

★ Japan Foundation Yangon၏ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်:01-430920・ 01-430921

★ Japan Foundation Yangon၏ Facebook Link:https://www.facebook.com/JFYangon

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)မှ ကျင်းပပြုလုပ်လျက်ရှိသော Seminar နှင့် ဆွေးနွေးပွဲများတွင် စဉ်ဆက်မပြတ်ပါဝင်ပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မကြာမီအချိန်မှာ “အဖတ်စွမ်းရည်ကို သင်ကြားပေးမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သီးခြားစွမ်းရည် သင်ကြားရေးနည်းစနစ်သင်တန်းကို ဖွင့်လှစ်မှာဖြစ်ပါတယ်။

ယခုတစ်ခါသင်တန်းမှာတော့ ဂျပန်စာအလယ်တန်းအဆင့်နှင့် အထက်ရှိသော ကျောင်းသားများရဲ့ “အဖတ်စွမ်းရည်”ကို မြှင့်တင်ပေးဖို့ရန်အတွက် အဖတ်စွမ်းရည်သင်ကြားရာမှာ သတိထားသင့်တဲ့ အချက်များ၊ ချက်ချင်းအသုံးချနိုင်သော လှုပ်ရှားမှုများကို လက်တွေ့ကျကျ လေ့လာသွားမှာဖြစ်ပါတယ်။

”အဖတ်စွမ်းရည်သင်ကြားခြင်း” လို့ပြောလိုက်တဲ့အခါမှာ ခက်ခဲမယ့်ပုံပဲ၊ မိမိသာဆိုရင် မလုပ်နိုင်လောက်ဘူး လို့ ခံစားရတဲ့သူတွေလည်း ရှိမယ်လို့ထင်ပါတယ်။ ဒီအတန်းမှာတော့ အဖတ်စွမ်းရည်သင်တန်းကို တစ်ခါမှမတက်ဖူးတဲ့ ဆရာများအတွက်လည်း နားလည်လွယ်တဲ့အကြောင်းအရာများကို ထည့်သွင်းထားတာဖြစ်တဲ့အတွက် မစိုးရိမ်ဘဲ ရဲရဲသာပါဝင်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

စာသင်သားတို့ရဲ့ ဂျပန်စာလောကကို ကျယ်ပြန့်လာစေမယ့် ခြေတစ်လှမ်းကို အဖတ်စွမ်းရည်သင်တန်းမှတဆင့် စလှမ်းကြည့်ကြပါစို့လား။ စိတ်ဝင်စားတဲ့ ဆရာ၊ ဆရာမများအားလုံးအနေဖြင့် ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ လျှောက်ထားပေးဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးကို နွေးထွေးစွာ စောင့်ကြိုနေပါမယ်။

 

■သင်တန်းအမည်: ဂျပန်ဘာသာ သီးခြားစွမ်းရည် သင်ကြားမှုနည်းစနစ်သင်တန်း

■ခေါင်းစဉ်:အဖတ်စွမ်းရည်ကို သင်ကြားပေးမယ်

■အကြောင်းအရာ:စာဖတ်ခြင်း၏ နည်းလမ်းများနှင့် ဗျူဟာများကို လေ့လာရင်း ဂျပန်စာအလယ်တန်းအဆင့်နှင့်အထက် ကျောင်းသားများအတွက် ရည်ရွယ်သော အဖတ်စွမ်းရည်သင်တန်းကို ဖန်တီးခြင်းနှင့် လက်တွေ့သင်ကြားခြင်း

■သင်တန်းကာလ:

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ရက် (စနေ) မှ ၂၀၂၆ ခုနှစ် မတ်လ ၂၈ရက် (စနေ) အထိ

စုစုပေါင်း (၉) ကြိမ်၊ အပတ်စဉ် စနေနေ့တိုင်း၊ မနက် ၉နာရီခွဲမှ နေ့လည် ၁၂နာရီခွဲ (နားချိန် ၁၅မိနစ်ပါဝင်ပါသည်)

ဇန်နဝါရီလ ၃၁ရက်၊ ဖေဖော်ဝါရီလ ၇ရက်၊ ဖေဖော်ဝါရီလ ၁၄ရက်၊ ဖေဖော်ဝါရီလ ၂၁ရက်၊ ဖေဖော်ဝါရီလ ၂၈ရက်၊ မတ်လ ပထမအပတ်၊ မတ်လ ၁၄ရက်၊ မတ်လ ၂၁ရက်၊ မတ်လ ၂၈ရက်

*မတ်လ ပထမအပတ် – တာဝန်ခံဆရာမနှင့် အဖွဲ့ဝင်များမှ သင့်လျော်သောအချိန်ကို ဆုံးဖြတ်ပါမည်။

■နေရာ:

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(The Japan Foundation, Yangon)

အမှတ် ၇၀, နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

https://maps.app.goo.gl/QwUwnFms7dwBZzGw8

အနီးဆုံး ဘတ်စ်ကားမှတ်တိုင် – ဗျိုင်းရေအိုးစင်မှတ်တိုင်

ဘတ်စ်ကားအမှတ် 43, 64, 80

■သင်တန်းကြေး:အခမဲ့

■ လျှောက်ထားရန် သတ်မှတ်ချက်များ:

①JLPT N2နှင့်အထက် အောင်မြင်ထားသူများ (လျှောက်လွှာတင်သွင်းပြီးနောက်တွင် တာဝန်ခံမှ ဖုန်းဖြင့်ဆက်သွယ်ပြီး ဂျပန်ဘာသာစကားအရည်အချင်းနှင့် သင်ယူလေ့လာလိုသည့် ရည်ရွယ်ချက်ကို မေးမြန်းသွားမည်ဖြစ်ပါသည်)

②ဂျပန်ဘာသာစကားသင်ကြားရေးအတွေ့အကြုံ အနည်းဆုံး ၁နှစ်နှင့်အထက်ရှိသူ

③သင်တန်းပြီးဆုံးပြီး‌နောက် ၁နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ဆက်လက်နေထိုင်ပြီး သင်ကြားပေးနိုင်မည့်သူ၊ နိုင်ငံခြားသို့ သွားရောက်ရန် အစီအစဉ်မရှိသူများ၊ (JF မှ စေလွှတ်သော သင်တန်းများမပါဝင်ပါ)

④ သင်တန်း ၉ ကြိမ် တက်ရောက်နိုင်သူများ (၈ကြိမ်နှင့်အထက် တက်ရောက်သူများကို သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမည်ဖြစ်ပါသည်)

■ကန့်သတ်လူဦးရေ:၁၆ ဦး

■ဖတ်စာအုပ်:သင်တန်းဆရာမှ ပြင်ဆင်ထားသော စာရွက်စာတမ်းများ

■သင်တန်းဆင်းလက်မှတ်:သင်တန်း ၉ ကြိမ်တွင် ၈ကြိမ်နှင့်အထက် တက်ရောက်ပြီး နောက်ဆုံးစစ်တမ်းကို ဖြေဆိုပြီးသူများကို ပေးအပ်သွားပါမည်။

■လျှောက်ထားရန်:အောက်ပါ URLမှတဆင့် လျှောက်ထားနိုင်ပါသည်။

https://forms.office.com/r/PAf4L2dHnV

■လျှောက်လွှာဖောင်ပိတ်ရက်:၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၁ရက် (ဗုဒ္ဓဟူး) နေ့လည် ၁၂နာရီ

■တက်ရောက်ခွင့်ရသူများအား အကြောင်းကြားခြင်း:၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၆ရက် (တနင်္လာ) မနက်ပိုင်း

■စုံစမ်းမေးမြန်းရန်:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ

Email nihongo.jfyg@jpf.go.jp

ဖုန်း  09-891055553

တာဝန်ခံ KD Sunday Seng Htoi Khawn Taung

တနင်္လာနေ့မှ သောကြာနေ့အထိ(9:30-15:30)ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

“ ၂၀၂၆ နှစ်ကူးကို ဂျပန်ဖောင်ဒေးရှင်းနဲ့အတူ ကြိုဆိုကြရအောင်”

နှစ်သစ်ကူးချိန်ကို ရောက်ရှိလို့လာပြန်ပါပြီ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်(JFYG)မှာ နှစ်ကူးချိန်တိုင်း နှစ်သစ်ကို ကြိုဆိုနေကြဖြစ်တဲ့ မိုချိ(Mochi)မုန့် ပြုလုပ်စားသောက်ခြင်း၊ ဒီနှစ်အတွက် ခန်းဂျီး(Kanji)စာလုံးကို အနုပညာရှင်မှ Live ရေးဆွဲပြသခြင်း(Shodo)တို့ကို ဒီနှစ်မှာလည်း ဇန်နဝါရီလ ၁၇ ရက်နေ့ စနေနေ့မှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

လက်ရေးလှစာလုံးရေးဆွဲခြင်းနဲ့ မိုချိပြုလုပ်ခြင်းတို့ကို တစ်ရက်တည်းမှာ နှစ်ချိန်ခွဲပြီး ပြုလုပ်သွားမှာ ဖြစ်လို့ မိမိတက်‌ရောက်လိုတဲ့ ကဏ္ဍကို သက်သက်စီ စာရင်းပေးဖို့ လိုပါတယ်။ အခမဲ့စာရင်းပေးသွင်းနိုင်ပြီး အောက်က ပုံတွေထဲမှာ သက်ဆိုင်ရာ စာရင်းပေးဖို့ လင့်တွေ ထည့်သွင်းပေးထားပါတယ်။

အရင်ဆုံးစာရင်းပေးသွင်းတဲ့သူတွေသာ တက်ရောက်ခွင့်ရမှာဖြစ်ပြီး အခြားသူတွေကို ငဲ့ညှာသောအားဖြင့် အမှန်တကယ် တက်ရောက်နိုင်မှသာ စာရင်းပေးဖို့ မေတ္တာရပ်ခံပါတယ်။ သတ်မှတ်ပမာဏပြည့်သွားရင် စာရင်းလက်ခံခြင်းကို ပိတ်သွားမှာ ဖြစ်ပါတယ်။

ဂျပန်ဖောင်ဒေးရှင်းနဲ့အတူ မိုချိစားရင်း၊ လက်ရေးလှရေးသားရင်း၊ ဂျပန်ရိုးရာ အရုပ်တွေ ဆော့ကစားရင်းနဲ့ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုကြရအောင်။

နေ့စွဲ – ၁၇ ဇန်နဝါရီ ၂၀၂၆ (စနေနေ့)

ဖွင့်လှစ်ချိန် – မနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ

နေရာ – ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်။ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

ဗျိုင်းရေအိုးစင်မှတ်တိုင်အနီး။ ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

မှတ်ချက် – ယခင်ကဲ့သို့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ ဖုန်းဖြင့်ပြန်လည်ဆက်သွယ်မည် မဟုတ်ပါ။ စာရင်းပေးသွင်းထားသောသူများအားလုံးတက်ရောက်နိုင်မည် ဖြစ်ပြီး  ဖောင်ပိတ်သွားပါက သတ်မှတ်လူဦးရေ ပြည့်သွားသောကြောင့်ဖြစ်သည်။ ကားပါကင်နေရာ မရှိပါသဖြင့် နားလည်ပေးရန် မေတ္တာရပ်ခံပါသည် ။

 

အချိန် (လက်ရေးလှရေးသားခြင်း) – မနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲထိ
လူဦးရေ – ၁၀၀ ဦးစီ လက်ခံသွားပါမည်။

စာရင်းပေးသွင်းရန် – Shodo ဂျပန်ရိုးရာလက်ရေးလှရေးသားခြင်း – Fill out form

မှတ်ချက် – ယခင်ကဲ့သို့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ ဖုန်းဖြင့်ပြန်လည်ဆက်သွယ်မည် မဟုတ်ပါ။ စာရင်းပေးသွင်းထားသောသူများအားလုံးတက်ရောက်နိုင်မည် ဖြစ်ပြီး  ဖောင်ပိတ်သွားပါက သတ်မှတ်လူဦးရေ ပြည့်သွားသောကြောင့်ဖြစ်သည်။

အချိန် (မိုချိမုန့် ပြုလုပ်ခြင်း) – ညနေ ၂ နာရီခွဲမှ ၃ နာရီခွဲထိ
လူဦးရေ – ၁၀၀ ဦးစီ လက်ခံသွားပါမည်။

စာရင်းပေးသွင်းရန် – Mochitsuki – ဂျပန်ရိုးရာမိုချီပြုလုပ်ခြင်း – Fill out form

စက္ကူတွေကို အရုပ်မျိုးစုံ ပုံပေါ်လာအောင် ခေါက်ချိုးရတဲ့ Origami (” “ ) ပညာဟာ ဂျပန်ရိုးရာယဉ်ကျေးမှု အနုပညာတစ်ခု ဖြစ်ပါတယ်။ Origami Workshop သီးသန့် မလုပ်ရတာလည်း ကြာပြီမို့ လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့ (စနေနေ့)မှာတော့ ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ Origami ခေါက်ကြမယ့် ပွဲလေးတစ်ခု ရှိပါတယ်။
ဒီပွဲလေးမှာ Albee Art Store ကနေ ပူးပေါင်းပါဝင်ပေးသွားမှာ ဖြစ်ပြီး တက်ရောက်နိုင်တဲ့ လူဦးရေ “ ၃၀” ဦးသာ ကန့်သတ်ထားပါတယ်။ အမှန်တကယ် ပါဝင်လိုသူတွေသာ စာရင်းပေးဖို့ မေတ္တာရပ်ခံပြီး အောက်ပါလင့်မှာ အခမဲ့စာရင်းပေးနိုင်ပါတယ်။ တက်ရောက်ဖို့ ရွေးချယ်ခံရသူတွေကို ဖုန်းဖြင့် ပြန်လည်ခေါ်ဆိုပေးသွားပါ့မယ်။
လူဦးရေ – ၃၀ ဦးသာ
နေ့စွဲ – ၂၀ ဒီဇင်ဘာ ၂၀၂၅ (စနေနေ့)
အချိန် – နေ့လည် ၁ နာရီမှ ၄ နာရီ
နေရာ – ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဗျိုင်းရေအိုးစင်မှတ်တိုင်အနီး။ ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။
စာရင်းပေးရန် –Folding Heritage : Japanese Origami Workshop – Fill out form

မှတ်ချက် – ကားပါကင်မရှိပါ။

ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာတွင်  လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း「Sura Sura တဒို့ခုပွဲ」ကို ကျင်းပလျက်ရှိပါတယ်။(⚠️ဒီဇင်ဘာလတွင်တော့ နောက်ဆုံးအပတ်သောကြာနေ့မဟုတ်ဘဲ ၁၉ရက်နေ့တွင်ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။)「တဒို့ခု」ဆိုသည်မှာ လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာဖြင့်ရေးထားသားသည့် စာအုပ်များကို ပျော်ပျော်ရွှင်ရွှင်နှင့် အများအပြားဖတ်ရှုသည့် လေ့လာနည်းတစ်ခုပဲ ဖြစ်ပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်သည့် Readingအတန်းချိန်နှင့်မတူဘဲ တဒို့ခုမှာဆိုရင် မိမိတို့နှစ်သက်တဲ့စာအုပ်ကို လွတ်လပ်စွာ ဖတ်ရှုနိုင်ပါတယ်။ N5 levelမှ N1 Levelအထိ မည်သူမဆို ပါဝင်ဖတ်ရှုနိုင်ပါတယ်။ ပါဝင်သူများကို 「တဒို့ခုစာဖတ်ကဒ်」ပြုလုပ်ပေးမှာ ဖြစ်ပြီး စာဖတ်ကဒ်တွင် အမှတ်၃ခုပြည့်တိုင်း တစ်ကြိမ်စီလက်ဆောင်ပစ္စည်းလေးတွေကို ထုတ်ယူနိုင်ပါတယ်။ 🎁 ဒါ့အပြင် တဒို့ခုစာအုပ်အသစ်တွေလည်း ရောက်ထားပါတယ်နော်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှာ ဂျပန်ဘာသာစာအုပ်များကို  အများအပြားဖတ်ရှုနိုင်ရန် အသင့်ပြင်ဆင်ပြီး စောင့်မျှော်လျှက်ရှိပါတယ်။ အတူတူ ပျော်ပျော်ရွှင်ရွှင် ဂျပန်ဘာသာစကားကို လေ့လာကြည့်ကြရအောင်!

အောက်ပါLinkမှတဆင့် ပထမအကြိမ် မှ ပဥ္စမအကြိမ်မြောက်အထိ ကျင်းပခဲ့သော တဒို့ခုရဲ့ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/v/16etkeorVu/

ကျင်းပမည့်နေ့ရက် နှင့် အချိန် :  ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၉ရက်နေ့ (သောကြာနေ့) နံနက် ၁၀:၀၀ မှ ၁၁:၃၀အထိ

ကျင်းပမည့်နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။

ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

ပါဝင်ကြေး :  အခမဲ့။

လျှောက်ထားနိုင်သည့်သူများ :  ဂျပန်ဘာသာစကားလေ့လာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ။

လျှောက်ထားရမည့်ပုံစံ : အောက်ဖော်ပြပါ Microsoft Form မှတဆင့် လျှောက်ထားပေးပါ။

SuraSuraတဒို့ခုစာဖတ်ပွဲ လျှောက်လွှာဖောင် (19,December,2025)  – Fill out form

လျှောက်လွှာပိတ်ချိန် : ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၇ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန်  နေ့လည် (၁၂)နာရီ

သတ်မှတ်ဦးရေ : ၃၀ဦး

*လျှောက်ထားသူများပြားသောအချိန်မျိုးတွင် လျှောက်လွှာဖောင်ကို စော၍ ပိတ်ခြင်းမျိုးလည်းရှိနိုင်ပါသဖြင့် နား လည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

★ Japan Foundation Yangon၏ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်:01-430920・ 01-430921

★ Japan Foundation Yangon၏ Facebook Link:https://www.facebook.com/JFYangon

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။