သင်နှင့် မတူညီသော ယဉ်ကျေးမှုနောက်ခံမှ လာသူနှင့် တွေ့သောအခါ သင့်ကိုယ်သင် အများနှင့် ကွဲပြားနေသည်ဟု ခံစားရပါသလား? သင်၏ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုနှင့် ယုံကြည်မှုများက သင်နေထိုင်ရာ ပတ်ဝန်းကျင်မှ လူအများစု၏ တန်ဖိုးထားမှု၊ ယုံကြည်မှုများနှင့် မတူညီသောအခါ ကဲ့ရဲ့ခံရဖူးပါသလား? ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှု မတူသော လူများကို ဆက်သွယ်ပေးနိုင်မည့် အရာက ဘာလဲဆိုတာကို စဉ်းစားအဖြေရှာဖူးပါသလား?

ယဉ်ကျေးမှုမတူကွဲပြားမှုများကြောင့် လူအများကြား မျှဝေခံစား စာနာသနားမှုများလည်း ပေါ်ပေါက်လာနိုင်သလို ရွံမုန်းတီးမှုများလည်းပေါပေါ်က်လာနိုင်ကြောင်းကို ပြသထားသည့် “ The Strangers” မှ ပြဇာတ်များနှင့် သရုပ်ဖော်မှုများက သင့်ကို ၄င်းမေးခွန်းများ၏ အဖြေများကို ရှာဖွေသဘောပေါက်စေပါလိမ့်မည်။

ွGoethe-Institut မြန်မာနှင့် ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန်တို့ ပူးပေါင်းစီစဉ်တင်ဆက်သော The Strangers ပြဇာတ်နှင့် သရုပ်ဖော်မှုများကို ဇွန်လ ၂၉ ရက်နေ့ ညနေ ၃ နာရီတွင် Goethe-Institut မှာ ပြုလုပ်မည်ဖြစ်ပါသည်။ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ မလေးရှားနိုင်ငံတို့မှ နိုင်ငံတကာအကပညာရှင်များနဲ့ ဂျာမနီနိုင်ငံက ယဉ်ကျေးမှုရေးရာပူးပေါင်းဆောင်ရွက်သူ Julia Hesse ၊ အာဂျင်တီးနား/ ဂျာမနီနိုင်ငံက ဒါရိုက်တာ Leandro Kees တို့က ပါဝင်သရုပ်ဖော်ကြမှာဖြစ်ပါသည်။

ယဉ်ကျေးမှု မတူညီသော လူများအကြောင်းနှင့် မတူညီကွဲပြားသော သူစိမ်းများအကြား တူညီသော အလှတရားများကို ရှာဖွေရန် Goethe-Institut ရှိ The Strangers ကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်အပ်ပါသည်။

ဇွန်လ ၂၉ရက် ( စနေနေ့ ) နေ့လယ် ၂နာရီမှ ၃နာရီခွဲအထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှာ Nihongo Club ပြုလုပ်မှာဖြစ်ပါတယ်။ Nihongo Club ဆိုတာက ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ရွှင်စွာ စကားစမြည်ပြောဆိုကြမယ့် အစီအစဉ်ဖြစ်ပါတယ်။
ဒီတစ်ခေါက်ပြောကြမယ့် ခေါင်းစဉ်ကတော့ “ တနဘတပွဲတော် ” ပါ။ “ တနဘတပွဲတော် ” အကြောင်းလေ့လာရင်း ဂျပန်စကားပြောကျင့်ကြည့်ရအောင်။ အတူတူစကားပြောကြမယ့် ဂျပန်လူမျိုးတာဝန်ခံတွေကတော့ Nihongo Partners တွေဖြစ်တဲ့ ဆရာမ နာရဟာရ (Narahara) နဲ့ ဆရာမ မာအဲဒ (Maeda) တို့ ၂ဦးဖြစ်ပါတယ်။ အားလုံးပဲ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
စာရင်းပေးသွင်းရန် – ဂျပန်ဖောင်ဒေးရှင်းရန်ကုန် FB Page ( The Japan Foundation, Yangon ) ၏ Message box သို့ အမည်၊ ဖုန်းနံပါတ်တို့ကို ပေးပို့၍ စာရင်းပေးသွင်းနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်သွားတာနဲ့ စာရင်းပိတ်မှာဖြစ်ပါတယ်။

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။