ပြသမည့် ရုပ်ရှင် – Good Morning
ဒါရိုက်တာ Director – Yasujiro Ozu
(original title: Ohayo / 1959 / 2013 / 94 min / Color)
©1959/2013 Shochiku Co., Ltd.
နေ့ရက် – 15th August 2019
အချိန် – 6:00 PM
နေရာ – The Japan Foundation,
အမှတ် (၇၀) နတ်မောက်လမ်းသွယ် (၁) ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
Door open – 5:30 PM
အင်္ဂလိပ် စာတန်းထိုး
with English Subtitles
ရုပ်ရှင်အပြီး Talk အစီအစဉ်တွင် Dr. Aung Min မှ ဆွေးနွေးမည်ဖြစ်သည်။
ဝင်ကြေးအခမဲ့ ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို လာရောက် ကြည့်ရှုနိုင်ပါသည်။
(ဇာတ်လမ်းအကျဉ်း)
တိုကျိုမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အိမ်ငယ်လေးတွေကပ်လျက်အစီအရီရှိပြီး အဲ့ဒီအိမ်ငယ်လေးတွေမှာ မိသားစုအများအပြား နေထိုင်လျက်ရှိပါတယ်။ အဲ့ဒီမိသားစုတွေထဲက တစ်စုဖြစ်တဲ့ ဟာရရှီ မိသားစုရဲ့အိမ်မှာတော့ ရုံးဝန်ထမ်း ခဲအိတရိုနဲ့ ဇနီး တမိကို၊ သူရဲ့ ညီမ ဆဲဆုကို နဲ့ သားနှစ်ယောက်ဖြစ်တဲ့ မူလတန်းကျောင်းသား မီနိုယူ နဲ့အိဆမူတို့ ၆ဦးနေထိုင်ကြပါတယ်။ ကောင်လေးတွေဟာ မိဘကို တီဗီ ဝယ်ပေးဖို့ ပူဆာကြပေမယ့် မရခဲ့ပါဘူး။ အဲ့ဒါကြောင့် တစ်ခြားအိမ်နီးချင်းကလေးတွေနဲ့အတူ သူတို့ရဲ့အားလပ်ချိန်တွေကို တစ်ဝန်းလုံးမှာ တစ်လုံးတည်းသော တီဗီကိုပိုင်ဆိုင်တဲ့ လူငယ်စုံတွဲရဲ့အခန်းမှာပဲ အချိန်ဖြုန်းလျက်ရှိပါတယ်။ပြီးတော့ အဲဒီအချိန်မှာ ကလေးငယ်တွေကြားထဲမှာ လေလည်ပြိုင်တဲ့ ကစားနည်းဟာ ခေတ်စားလျက်ရှိနေပြီး၊ နည်းလမ်း အမျိုးမျိုးသုံးပြီး ကိုယ့်စိတ်ကြိုက်အသံထွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ တစ်ဖက်မှာလည်း အိမ်ရှင်မတွေကြားမှာ အိမ်ရှင်မများအဖွဲ့ရဲ့ အဖွဲ့ကြေးနဲ့ပတ်သက်ပြီး မကျေနပ်မှုများဖြစ်ပေါ်နေပါတယ်။ တီဗီလိုချင်နေတဲ့ သားနှစ်ယောက်ရဲ့ ဂျီကျမှုကို အမေဖြစ်သူ တမိခိုက ဖြောင်းဖြပေမယ့် အဖေဖြစ်သူ ခဲအိတရိ ကတော့ ဒေါသထွက်ပြီး၊ မလိုအပ်တဲ့ အရာတွေကို မပြောဖို့ တားမြစ်ဆူပူပါတယ်။ ကလေးတွေကလည်း ပြန်ပြီး လူကြီးတွေလည်း “ကောင်းသောနေ့ပါ” တို့၊ “ကောင်းသော နံနက်ခင်းပါ” တို့၊ “ဒီနေ့ ရာသီဥတုသာယာတယ်နော်” တို့လိုမျိုး မလိုအပ်တဲ့ စကားတွေကို ပြောတာပဲ ဆိုပြီး ပြန်ခံပြောကြပါတော့တယ်။ ပြီးတော့ ဝစီပိတ်ဆန္ဒပြတဲ့ဗျူဟာအသစ်ကို အကောင်အထည်ဖော်လိုက်ကြပါတယ်……..။
သြဂုတ်လ ၁၀ရက် ( စနေနေ့ ) နေ့လယ် ၂နာရီမှ ၃နာရီခွဲအထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ Nihongo Club ကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ Nihongo Club ဆိုတာကတော့ ဂျပန်လူမျိုးနဲ့ ဂျပန်လို စကားစမြည်ပြောဆိုကြတဲ့ အစီအစဉ်ဖြစ်ပါတယ်။
ဒီတစ်ခေါက်ရဲ့ ခေါင်းစဉ်ကတော့ “ တစ္ဆေပုံပြင် ” ပါ။ ဂျပန်မှာ နွေရာသီဆိုရင် တစ္ဆေပုံပြင်တွေ ပြောလေ့ရှိကြပါတယ်။ NIHONGO Partners တွေဖြစ်ကြတဲ့ ဆရာ ဆာကူရာအိ ( Sakurai )၊ ဆရာမ မာအဲဒ ( Maeda ) တို့နဲ့အတူ ဂျပန်လို ကြောက်စရာကောင်းတဲ့စကားတွေ ပြောကြည့်ကြရအောင်။ စကားဝိုင်းမှာ ပါဝင်သူတိုင်းက တစ္ဆေပုံပြင်တွေ ပြောပြရမှာဖြစ်တာကြောင့် လာရောက်မယ့်သူတွေက ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပြင်ဆင်လာဖို့တော့လိုပါမယ်။
စာရင်းပေးသွင်းရန် – ဂျပန်ဖောင်ဒေးရှင်းရန်ကုန် FB Page ( The Japan Foundation, Yangon ) ၏ Message Box သို့ အမည်၊ ဖုန်းနံပါတ်တို့ကို ပေးပို့၍ စာရင်းပေးသွင်းနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်သွားတာနဲ့ စာရင်းပိတ်မှာ ဖြစ်ပါတယ်။
Field Trip Project Asia သည် လတ်တလောဖြစ်ပွားခဲ့သော သဘာဝကပ်ဘေးများမှတစ်ဆင့် ပေါ်ပေါက်လာသော အနုပညာဆိုင်ရာပရောချက်တစ်ခုဖြစ်သည်။ ပရောချက်၏ ရည်ရွယ်ရင်းသည် သဘာဝပတ်ဝန်းကျင်၊ သဘာဝကပ်ဘေးအန္တရာယ်နှင့် သက်ဆိုင်သော အမြင်များကို ရှုထောင့်ပေါင်းစုံမှ အနုပညာနှင့် ကိုယ်ချင်းစာတရားတို့ မှတစ်ဆင့် ချိတ်ဆက်ဆက်သွယ်၍ သိမြင်နားလည်မှုများကို မြင့်တင်ရန်ဖြစ်သည်။ လူမှုကွန်ယက် ဆိုရှယ်မီဒီယာ နှင့် ပိုမိုမြန်ဆန်သော ဒစ်ဂျစ်တယ် ဆက်သွယ်ရေးနည်းစနစ်များ ကြောင့် ကမ္ဘာကြီးဟာ ပိုမိုနီးကပ်လာပြီး၊ မိုင်ထောင်ချီဝေးသောကမ္ဘာကြီး၏ တစ်ဘက်မှ အဖြစ်အပျက်များသည် ပုံစံအမျိုးမျိုးဖြင့် အခြားတစ်ဘက်တွင် လာရောက်ရိုက်ခတ်သက် ရောက်လျက်ရှိနေသည်။ ဤကဲ့သို့ သောရုပ်ဝတ္ထုပိုင်းဆိုင်ရာ ထိတွေ့ရိုက်ခတ်မှုများကို ကောင်းမွန်စွာတည့်မတ်ထိန်းကျောင်းနိုင်ရန်မှာ လွန်စွာအရေးကြီးသလို၊ စိန်ခေါ်မှုများလဲရှိနေသည်။
အသွင်ကူပြောင်းမှုများရှိနေသော မြန်မာနိုင်ငံ၏ လူမှုအသိုင်းဝိုင်းများတွင် ပြည်တွင်းစစ်၊ ဆင်းရဲမွဲတေမှု၊ ပညာရေးနှင့် စီးပွားရေးအခက်အခဲများမှစ၍ လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပြဿနာများနဲ့ ပတ်သက်သော အကြောင်းရာများစွာရှိနေသည်။ အခြားအသွင်းကူးပြောင်းနေသော တိုင်းပြည်များကဲ့သို့ မြန်မာပြည်သူ များသည်လဲ ပြောင်းလဲလာသော အခြေအနေများနှင့် အသားတကျ ရှင်သန်ရပ်တည်နိုင်ရန် နှင့် အသိဗဟုသုတတို့ကို ဖြည့်တင်းရန် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံ တွေ့နေရသည်။ အထူးသဖြင့် အခြေခံလူသားဆန်မှု၊ လူ့ကျင့်ဝတ်၊ စာနာမှုတရား၊ အကြောက်တရားများမှကင်းလွတ်ရပ် တည်နိုင်ရန် လူသားဆန်သောအပြုအမှု နှင့်ယုံကြည်မှုမြှင့်တင်ခြင်း အခန်းကဏ္ဍများလိုအပ်သည်။ Field Trip Project Asia – Myanmar ရွေ့လျားအနုပညာပရော့ချက်နှင့်ဖန်တီးမှုများမှတစ်ဆင့် မိမိတို့လူအဖွဲ့အစည်းအကြောင်းကိုပြန်လည် စဉ်စားဆင်သုံးသပ်နိုင်ရန် မိတ်ဆက်ပြသပေးမည်ဖြစ်သည်။
Japan Foundation တွင် လစဉ် “Origami Club” ကို ပြုလုပ်ပြီး အမျိုးစုံသော စက္ကူရုပ်များ၊ သော့ချိတ်များ၊ card များကို ပြုလုပ်နည်းကို သင်ကြားပေးလျက်ရှိပါသည်။
ယခုလာမည့်အပတ်တွင် ကျောပိုးအိတ်လှလှကလေးများနှင့် Paper Quilling ၏ နည်းလမ်းများ ကိုအသုံးပြုပြီး ချစ်စရာကောင်းသော သော့ချိတ်လှလှလေးများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး လူဦးရေကန့်သတ်ထားသည့်အတွက် Japan Foundation Yangon ၏ Facebook Messenger မှတဆင့် အမည်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို သြဂုတ်လ (၂) ရက်နေ့၊ သောကြာနေ့နေ့လည်(၁၂)နာရီ မတိုင်ခင်ပို့ပေးပြီး စာရင်းပေးသွင်းရန်အပ်ပါသည်။
Origami Club
နေ့ရက် :သြဂုတ်လ (၃) ရက်နေ့၊ ၂ဝ၁၉ (စနေနေ့)
အချိန် :နေ့လည် ၁ဝ နာရီမှ ၁၂ နာရီအထိ
နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ၊ အမှတ် ၇ဝ၊ ၊ နတ်မောက်လမ်းသွယ် (၁)၊
ဗဟန်းမြို့နယ်၊ ရန်ကုန်။
သတ်မှတ်လူဦးရေ : ၁၅ ဦး ( ဦးရာလူစနစ်)
2019年7月日本語教師勉強会@ヤンゴン
こんにちは。
これまでMAJAセンターで実施してきたミャンマー日本語教師会勉強会をJFヤンゴンで実施しています。
申し込みお待ちしています。
ဂျပန်ဘာသာသင်ကြားနေသော ဆရာ ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သည့်ဆွေးနွေးပွဲ(ရန်ကုန်)
ယခုအချိန်အထိ MAJA Center တွင်ကျင်းပခဲ့သော ဂျပန်ဘာသာသင်ကြားနေသော ဆရာ ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သည့်ဆွေးနွေးပွဲ ကို Japan Foundation, Yangon တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ တက်ရောက်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။
[ကြိုတင်စာရင်းပေးရန်လိုအပ်ပါသည်။]
「2019年7月日本語教師勉強会@ヤンゴン」
日時:2019年7月31日(水)9:30~12:00
場所:The Japan Foundation, Yangon
2階セミナールーム
講師:Ms. KUNITO Asahi (The Japan Foundation)
内容:「日本文化を教えるために」
日本文化について教室でどんなことを教えていますか。
文化を扱うときに気をつけることは何でしょうか。
みんなで意見交換してみませんか。
役に立つサイトなどもご紹介します。
[ကြို တင်စာရင်းပေးသွင်းရန်]
ptcho27.jpf@gmail.com သို့ {အမည် ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ် ၊ E-mail ၊ အလုပ်အကိုင် ၊ JLPT Level} စသည့် တို့ကို July 25 ရက်နေ့ နောက်ဆုံးထား၍ E-mail ဖြင့်စာရင်းပေးနိုင်ပါသည်။
တာဝန်ခံ-မပွင့်သဲချို
The Japan Foundation,Yangon
Mobile-09891055553
လူဦးရေ ၂၅ ဦးခန့်သတ်မှတ်ထားပြီး ဂျပန်ဘာသာသင်ကြားနေသော မြန်မာလူမျိုး ၊ ဂျပန်လူမျိုး ဆရာ/ဆရာမ များ
အခမဲ့ တက်ရောက်နိုင်ပါသည်။
ဒီလ Saturday Yoke Shin အတွက် ရုပ်ရှင်ကားကတော့ ဒီရိုက်တာ ရူအိချိ အိနိုမတရိုက်ကူးထားတဲ့ Shodo Girls ဖြစ်ပါတယ်!
ချစ်စရာအထက်တန်းကျောင်းသူူကလေးများ၏ Calligraphy (ဂျပန်စကားလုံးများကို စုတ်တံဖြင့် စာလုံးအလှရေးဆွဲခြင်းအနုပညာ) အပေါ်တန်ဖိုးထားမှုနှင့် သူတို့မြို့၏ စီးပွားရေးကို ကယ်တင်ဖို့ကြိုးစားကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။
Saturday Yoke Shin : Shodo Girls
Date : 13 July 2019
Time : 2 pm – 5 pm
Venue: The Japan Foundation, Yangon
*** ဝင်ကြေးအခမဲ့ဖြစ်ပါတယ်။
အဲဟိမဲပြည်နယ် ရှိခိုခု ချူအိုမြို့သည် ဂျပန်နိုင်ငံ၏ အကောင်းဆုံး နံပါတ်တစ် စက္ကူများကို ထုတ်လုပ်သောမြို့ဖြစ်ရာ စက္ကူမြို့တော်ဟု ကျော်ကြားသည်။ သို့သော် စီးပွားရေးကပ်ဆိုက်မှု ကြောင့် မြို့ကလေးသည် ယခင်ကလောက် ကြွယ်ဝမှုမရှိတော့ပေ။ ထိုမြို့၏အထက်တန်းကျောင်းတွင် စုတ်တံဖြင့် စာလုံးအလှရေးဆွဲသော ရိုးရာအနုပညာတစ်ရပ် ဖြစ်သည့် Shodo ( Calligraphy) club တစ်ခုရှိသည်။ ထို club တွင် အဖွဲ့ဝင်များသည် တစ်ဦးချင်းစီ အရည်အချင်းရှိကြသော်လည်း အသင်းအဖွဲ့လိုက် လုပ်ကိုင်နိုင်သောစိတ်ဓာတ်အားနည်းနေသည်။ ဒု-ကပ္ပတိန်ဖြစ်သူ ခန (Kana) သည် ကလပ်တွင် သုံးနှစ်ကြာ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၊ မိမိတို့အဖွဲ့သည် ပြိုင်ပွဲတွင် အနိုင်ရအောင်ကြိုးစားသင့်ကြောင်း စဉ်းစားမိလာသည်။
ကျောင်းကို အသစ်ပြောင်းလာသည့် ဆရာ အိခဲဇဝ(Ikezawa) သည် သူတို့ကလပ်၏ အကြံပေးဖြစ်လာပြီး။ သူ၏ သီချင်းကိုနောက်ခံတွင်ဖွင့်ထားပြီး စုတ်တံဖြင့်စကားလုံးများကိုရေးဆွဲခြင်းသည် အဖွဲ့ဝင်များကို အံ့သြမှင်သက်သွားစေခဲ့ကာ Calligraphy club အတွက် ဦးတည်ချက်အသစ်တစ်ခုကို ထွက်ပေါ်လာစေခဲ့သည်။ ဤသို့ဖြင် club ခေါင်းဆောင် ဆတိုခို(Satoko)ဦးဆောင်သော အဖွဲ့သည် calligraphy ပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့သော်လည်း အသင်းအဖွဲစိတ်အားနည်းပြီး တစ်သီးပုဂ္ဂလသာအားသန်သော အဖွဲ့ဝင်များမှာ ပူးပေါင်းလုပ်ဆောင်ရာတွင် အားနည်းမှုကြောင့် ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။
ဆတိုခို(Satoko) အနေနဲ့ calligraphy club ရဲ့အခြေအနေကိုရော၊ သူတို့ မြိုရဲ စီးပွားရေးအခြေအနေကို ရော ပြောင်းလဲဖို့ကြိုးစားအားထုတ်မှုတွေက
ဘာလဲ ? ဘယ်လဲ ? အောင်မြင်မယ် ? မအောင်မြင်ဘူး?
နောက်ဆက်တွဲဘာတွေဖြစ်မလဲဆိုတာ ပိတ်ကားထက်မှာ စောင့်မျော်ကြည်ရှုခံစားကြရအောင် ကြွလှမ်းခဲ့ကြပါ။
သြဂုတ်လ ၃ ရက်နေ့ (စနေနေ့) နေ့လယ် ၂ နာရီ မှ ၃ နာရီခွဲအထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှာ Nihongo Club ပြုလုပ်မှာဖြစ်ပါတယ်။ Nihongo Club ဆိုတာကတော့ ဂျပန်လူမျိုးနဲ့ ဂျပန်လို စကားစမြည်ပြောဆိုကြမယ့် အစီအစဉ်ဖြစ်ပါတယ်။
ဒီတစ်ခေါက်ရဲ့ ခေါင်းစဉ်ကတော့ “ကျောင်း” ဖြစ်ပါတယ်။ အခု ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ အနုပညာပြခန်းမှာ 「Field Trip Project Asia」ကိုကျင်းပနေတဲ့ ဂျပန်အနုပညာရှင် Daisuke Takeya နှင့်အတူ ဂျပန်လိုစကားပြောကြရအောင်။
“ကျောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ပတ်သက်ပြီး Daisuke Takeya နှင့်အတူ လေ့လာရင်း ပျော်ရွင်စွာအချိန်တွေကုန်ဆုံးကြရအောင်။ နောက်ပြီး ကျင်းပနေဆဲဖြစ်တဲ့ 「Field Trip Project Asia」 အနုပညာပြပွဲ နှင့်ပတ်သက်ပြီးလည်း စကားပြောကြပါမယ်။ အားလုံးပဲ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
စာရင်းပေးသွင်းရန် – ဂျပန်ဖောင်ဒေးရှင်းရန်ကုန် FB Page ( The Japan Foundation,Yangon ) ၏ Message Box သို့ အမည်၊ ဖုန်းနံပါတ်တို့ကို် ပေးပို့၍ စာရင်းပေးသွင်းနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်သွားတာနဲ့ စာရင်းပိတ်မှာ ဖြစ်ပါတယ်။
နေ့ရက်/အချိန် – ၂၀၁၉ခုနှစ်၊ သြဂုတ်လ၊ ၃ ရက် ( စနေနေ့ ) နေ့လယ် ၂ နာရီ မှ ၃ နာရီခွဲ အထိ
လူဦးရေ – ၂၀ဦး
ဘာသာစကား- ဂျပန်ဘာသာ
ဝင်ကြေး-အခမဲ့
လိပ်စာ -ဂျပန်ဖောင်ဒေးရှင်းရန်ကုန်
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
အချိန် :နေ့လည် ၁ဝ နာရီမှ ၁၂ နာရီအထိ
နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ၊ အမှတ် ၇ဝ၊ ၊ နတ်မောက်လမ်းသွယ် (၁)၊
ဗဟန်းမြို့နယ်၊ ရန်ကုန်။
သတ်မှတ်လူဦးရေ : ၁၅ ဦး ( ဦးရာလူစနစ်)
2019年8月日本語教師勉強会@マンダレー
今月もマンダレーのMABAの3階で日本語教師勉強会を行います。
日本語を教える先生方と一緒に日本語教育についての勉強、相談そしてネットワークづくりができる場になればと思いますので、ぜひご参加ください。
(Eメールで申し込みが必要です。)
ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ(မန္တလေး)
ဒီလမှာလည်း MABA ရဲ့ ၃ ထပ်မှာ ဂျပန်ဘာသာသင်ကြားနေသော ဆရာ ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သည့်ဆွေးနွေးပွဲကိုပြုလုပ်မှာဖြစ်ပါတယ်။
ဂျပန်ဘာသာသင်ဆရာ/ဆရာမ များနှင့်အတူဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သော
လေ့လာဆွေးနွေးမှုများကိုပြုလုပ်မည် ဖြစ်ပါသောကြောင့် ပါဝင်ကြရန်ဖိတ်ခေါ်လိုက်ပါသည်။
(e-mail ဖြင့်ကြိုတင်စာရင်းပေးရန်လိုအပ်ပါသည်။)
「2019年8月日本語教師勉強会@マンダレー」
日時:2019年8月 9日(金)15:00~18:00
場所:MABA(MAJA、OJEICの建物)の3階
Block-1,Unit#6,Water Street, Mingalar Mandalay, Chan Mya Thar Si Tsp,Mandalay
09-255-162-533
講師:Mr. SATO Naoki (The Japan Foundation)
内容:「日本文化を教えるために」
日本文化について教室でどんなことを教えていますか。
文化を扱うときに気をつけることは何でしょうか。
みんなで意見交換してみませんか。
役に立つサイトなどもご紹介します。
[ကြို တင်စာရင်းပေးသွင်းရန်]
ptcho27.jpf@gmail.com သို့ {အမည် ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ် ၊ E-mail ၊ အလုပ်အကိုင် ၊ JLPT Level} စသည့် တို့ကို August 7ရက်နေ့ နောက်ဆုံးထား၍ E-mail ဖြင့်စာရင်းပေးနိုင်ပါသည်။
တာဝန်ခံ-မပွင့်သဲချို
The Japan Foundation,Yangon
Mobile-09891055553
လူဦးရေ 30 ခန့်သတ်မှတ်ထားပြီး ဂျပန်ဘာသာသင်ကြားနေသော မြန်မာလူမျိုး ၊ ဂျပန်လူမျိုး ဆရာ/ဆရာမ များ
အခမဲ့ တတ်ရောက်နိုင်ပါသည်။
Japan Foundation ၏ လူကြိုက်များသည့် activity တစ်ခုဖြစ်သည့် Origami Club ကို ဇူလိုင်လအတွက် လာမည့် စနေနေ့ ၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ယခုတစ်ခေါက်တွင် ချစ်စရာကောင်းတဲ့ ထီးကလေးနဲ့ Kirigami technique ကိုအသုံးပြုပြီး စက္ကူအလှဆင်နည်းများပြုလုပ်နည်းကို ဆရာမနှင်းဆီမှ သင်ပြပေးသွားမည်ဖြစ်ပါသည်။ အခြေခံကျသော ခေါက်နည်းများမှစပြီး ပုံစံအမျိုးမျိုးရသည်အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး လူဦးရေကန့်သတ်ထားသည့်အတွက် Japan Foundation ၏ Facebook Messanger မှတဆင့် အမည်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကိုဇူလိုင်လ ငါးရက်နေ့ သောကြာနေ့ နေ့လည် ၁၂ နာရီမတိုင်ခင် ပို့ပေးပြီး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။
Summer days ဓာတ်ပုံပြပွဲကို လာရောက်ရင်း ဂျပန်နိုင်ငံ၏ နွေနေ့ရက်များကို ဖြတ်သန်းကြရအောင်!
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဓာတ်ပုံပြပွဲစီးရီး၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ယခုတစ်ခေါက်တွင် နွေရာသီရှိ ဂျပန်ဥယျာဉ်များ၏ အလှကို ရိုက်ကူးပုံဖော်ထားသော ဂျပန်နာမည်ကြီးဓာတ်ပုံဆရာ Mr.Mizuno Katsuhiko၏ အနုပညာလက်ရာများကို ပြသသွားမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံ၏ နွေရာသီကာလတွင် ရိုက်ကူးထားသော ဂျပန်နိုင်ငံရှိ ဥယျာဉ်များ၏ ရှုခင်းအလှဓာတ်ပုံများကို ပြသရန် ရွေးချယ်စီစဉ်ထားပါသည်။သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံ၏ နွေရာသီ သဘာဝအလှတရားများကိုကြည့်ရှုရင်း ဂျပန်နိုင်ငံ နွေနေ့ရက်များ၏ အငွေ့အသက်ကို ခံစားသိမြင်နိုင်ရန် “Summer Days”ဓာတ်ပုံပြပွဲသို့ လာရောက်၍ ကြည့်ရှုခံစားကြပါရန် သတင်းကောင်းပါးရင်း ဖိတ်ခေါ်လိုက်ရပါသည်။
(ဓာတ်ပုံဆရာ၏ ကိုယ်ရေးအကျဉ်း)
မိဇုနို ခစုဟိကို ကို ကျိုတိုမြို့၏ ခမိဂရေားရပ်ကွက်တွင် ၁၉၄၁ ခုနှစ်၌ ဖွားမြင်ခဲ့ပါသည်။ ဒိုးရှိတတက္ကသိုလ်တွင် ဂျပန်စာပေအထူးပြုဖြင့် ဘွဲ့ရခဲ့ပြီး တိုကျို ဆိုးဂိုး ဓာတ်ပုံကောလိပ်တွင် ဘွဲ့လွန်သင်တန်းကို တက်ရောက်ခဲ့ပါသည်။ မိဇုနိုသည် ၁၉၆၉ ခုနှစ်မှစ၍ ကျိုတိုမြို့၏ ရှုခင်းများကို ဓာတ်ပုံရိုက်ခြင်းအတတ်ပညာကို အထူးပြုလေ့လာလိုက်စားခဲ့ပါသည်။ ဂျပန်ရိုးရာယဉ်ကျေးမှုကိုလည်း လေ့လာခဲ့ပြီးနောက်တွင် သူ၏ဓာတ်ပုံများကို တည်းဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းကိုပါ လုပ်ဆောင်ခဲ့ပါသည်။
၂ဝဝဝ ခုနှစ်တွင် သူ၏ကိုယ်ပိုင် ဓာတ်ပုံပြခန်းဖြစ်သည့် Townhouse Photo Hall (မချိရ ရှရှင်းကန်) ကို ဖွင့်လှစ်ခဲ့ပါသည်။
သူ၏ သဘာဝတောတောင်ရေမြေ အလှအပများကို ရိုက်ကူးထားသော ရှုခင်းဓာတ်ပုံများသည် Fore World Magazine က ထောက်ပံ့ချီးမြှင့်သော ၂ဝဝ၂ခုနှစ်အတွက် Fore World စာအုပ်၏ “အိမ်နှင့်ဥယျာဉ်” ဓာတ်ပုံအမျိုးအစားအတွက် ရွှေတံဆိပ်ဆု ရရှိခဲ့ပါသည်။
သူသည် ဂျပန်ဓာတ်ပုံဆရာများ အဖွဲ့အစည်းနှင့် ဂျပန်ဓာတ်ပုံအနုပညာအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။
မိဇုနို ခစုဟိကိုသည် စာအုပ်ပေါင်း ၁၄ဝကို ထုတ်ဝေခဲ့ပြီး စာအုပ်အများစုသည် ဓာတ်ပုံပေါင်းချုပ်များဖြစ်သည်။
ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။