Association for Asian Studies မှ နှစ်စဉ်ကျင်းပလေ့ရှိသော AAS Annual Conference ကို ၂၀၂၀ခုနှစ် မတ်လ ၁၉ရက်နေ့မှ ၂၂ရက်နေ့အထိ အမေရိကန်ဘော့စတွန်မြို့တွင် ကျင်းပမည် ဖြစ်ပါသည်။ ထိုဆွေးနွေးပွဲသို့တက်ရောက်လိုသော ပညာရှင်များ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၏ ခရီးစရိတ်ထောက်ပံ့သည့် အစီအစဉ်ကို လျှောက်ထားနိုင်ပြီဖြစ်ပါသည်။

လျှောက်လွှာလျှောက်ထားရန်လိုအပ်သည့် အရည်အချင်းနှင့် လျှောက်လွှာဖောင်ကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၁. လျှောက်လွှာလျှောက်ရန် လိုအပ်သည့် အရည်အချင်း
၂. လျှောက်လွှာဖောင်

ထပ်မံသိရှိလိုသည်များနှင့် လျှောက်လွှာတင်လိုသူများ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာသို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
အီးမေးလ် info@jpf-mm.org
ဖုန်း         01-430920

ဘော့စတွန်မြို့တွင် ကျင်းပမည့် 2020 AAS Annual Conference

https://conference.asian-studies.org/conference/

 

Japan Classics Screening and Talk series #3
ပြသမည့် ရုပ်ရှင် – The Naked Island
ဒါရိုက်တာ Director – Kaneto Shindo
Produced by KINDAI EIGA KYOKAI
Year – 1961

နေ့ရက် – 12th September 2019
အချိန် – 6:00 PM
နေရာ – The Japan Foundation,
အမှတ် (၇၀) နတ်မောက်လမ်းသွယ် (၁) ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

Door open – 5:30 PM

အင်္ဂလိပ် စာတန်းထိုး
with English Subtitles

ရုပ်ရှင်အပြီး Talk အစီအစဉ်တွင် ဒါရိုက်တာ Aung Phyoe မှ ဆွေးနွေးမည်ဖြစ်သည်။
Talk will be in Burmese translated to Japanese.

Organized by:
The Agency for Cultural Affairs of Japanese Government,
The Embassy of Japan in Myanmar,
Japan Foundation, Yangon

ဝင်ကြေးအခမဲ့ ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို လာရောက် ကြည့်ရှုနိုင်ပါသည်။
Free Admission.

2019年9月日本語教師勉強会@マンダレー

今月もマンダレーのMABAの3階で日本語教師勉強会を行います。
日本語を教える先生方と一緒に日本語教育についての勉強、相談そしてネットワークづくりができる場になればと思いますので、ぜひご参加ください。
メールでの申し込みが必要です。お待ちしています。

ဂျပန်ဘာသာသင်ကြားနေသော ဆရာ ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ(မန္တလေး)

ဒီလမှာလည်း MABA ရဲ့ ၃ထပ်မှာ ဂျပန်ဘာသာသင်ကြားနေသော ဆရာ ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သည့်ဆွေးနွေးပွဲကိုပြုလုပ်မှာဖြစ်ပါတယ်။
ဤဆွေးနွေးပွဲတွင် ဂျပန်ဘာသာ သင်ကြားနေသောဆရာ၊ ဆရာမများနှင့် အတူ သင်ကြားရေးနည်းစနစ်များနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။
[E-mail ဖြင့်ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။]

「2019年9月日本語教師勉強会@マンダレー」
日時:2019年9月18日(水)15:00~18:00
場所:MABA(MAJA、OJEICの建物)の3階
Block-1,Unit#6,Water Street, Mingalar Mandalay, Chan Mya Thar Si Tsp,Mandalay
09-255-162-533
講師:Mr. SATO Naoki (The Japan Foundation)
Ms.KUNITO Asahi(The Japan Foundation)
内容:「JFロールプレイテストをやってみよう 他」

【申し込み先】
ptcho27.jpf@gmail.com
お名前、所属(学校や会社名)、メールアドレス、電話番号をメールでお願いします。

【ကြိုတင်စာရင်းပေးသွင်းရန်】
ptcho27.jpf@gmail.com သို့ {အမည်၊ အလုပ်အကိုင်(ကျောင်းသို့မဟုတ်ကုမ္ပဏီနာမည်)၊ mail address၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်}တို့ကို စက်တင်ဘာလ ၁၃ ရက် (သောကြာနေ့ နေ့လယ် ၂ နာရီ) နောက်ဆုံးထား၍ E-mail ဖြင့် စာရင်းပေးနိုင်ပါသည်။

【定員】
30名

【参加資格】
日本語教師(ミャンマー人、日本人)、志望者含む

【参加費】
無料

【締め切り】
9月13日(金)14時まで

တာဝန်ခံ-မပွင့်သဲချို
The Japan Foundation,Yangon
Mobile-09-891055553
လူဦးရေ ၃၀ ခန့်သတ်မှတ်ထားပြီး ဂျပန်ဘာသာသင်ကြားနေသော မြန်မာလူမျိုး၊ ဂျပန်လူမျိုး ဆရာ၊ ဆရာမများ အခမဲ့ တက်ရောက်နိုင်ပါသည်။

Japan Foundation တွင် လစဉ် “Origami Club” ကို ပြုလုပ်ပြီး ဂျပန်ရိုးရာ Origami အိုရိဂမိနှင့် Kirigami ခီရိဂမိ ပြုလုပ်နည်းများကို သင်ကြားပေးလျက်ရှိပါသည်။
ယခုလာမည့်အပတ်တွင် Kirigami ဒီဇိုင်းလေးများနှင့် Origami ယုန်ရုပ်ကလေးများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး လူဦးရေကန့်သတ်ထားသည့်အတွက် Japan Foundation Yangon ၏ Facebook Messenger မှတဆင့် အမည်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို စက်တင်ဘာလ (၆) ရက် (သောကြာနေ့) နေ့လည်(၁၂)နာရီ မတိုင်ခင် ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါသည်။
Origami Club
နေ့ရက်       :  ၂၀၁၉ခုနှစ် စက်တင်ဘာလ ၇ရက် (စနေနေ့)
အချိန်    : ၁ဝ နာရီမှ ၁၂ နာရီအထိ
နေရာ    : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ၊ အမှတ် ၇၀၊                           နတ်မောက်လမ်းသွယ် (၁)၊
ဗဟန်းမြို့နယ်၊ ရန်ကုန်။
သတ်မှတ်လူဦးရေ : ၁၅ ဦး ( ဦးရာလူစနစ်)
မှတ်တမ်းလက်ရာမိတ်ဆက်
မြန်မာပြည်အနောက်မြောက်ပိုင်းဒေသ၊ အိန္ဒိယနိုင်ငံနယ်စပ်တစ်လျှောက် နေထိုင်ကြတဲ့ နာဂလူမျိုး။ ကြမ်းတမ်းတဲ့ပထဝီမြေမျက်နှာပြင်အနေအထားနဲ့ ရှုပ်ထွေးလှတဲ့ နိုင်ငံရေးနောက်ခံတွေကြောင့်  သူတို့တွေနေထိုင်ရာ တောင်တန်းဒေသဆီ ဝင်ထွက်သွားလာဖို့ အချိန်အတော်ကြာ တားမြစ်ထားခြင်း ခံခဲ့ရပါတယ်။ သူတို့ထဲကအများစုက နက်ရှိုင်းတဲ့တောတောင်တွေထဲမှာ ကိုယ်ပိုင်အသက်မွေး ဝမ်းကျောင်းမှုတွေနဲ့ ရှင်သန်နေထိုင်ကြတယ်။ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း နာဂလူမျိုး စုတွေ တီးခတ်တဲ့ ဂီတသံစဉ်တွေကို မှတ်တမ်းတင်ရင်း သူတို့ရွာတွေကို သွားရောက်လည်ပတ်ခဲ့ ပါတယ်။ အဲ့ဒီရွာတွေထဲကတစ်ခုဖြစ်တဲ့ ဆပလိုရွာမှာ ရှေးကတည်းက နာဂလူမျိုးစုတွေ လက်ဆင့်ကမ်း လာတဲ့ သစ်သားစည်ကြီး  ပြုလုပ်တာကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်  သွားတော့မယ့် ဒီယဉ်ကျေးမှုကို လူအများဆီ အမှတ်တရအဖြစ် ချန်ထားခဲ့ချင်စိတ်ဖြစ်မိတဲ့အတွက် ဒီမှတ်တမ်းကို ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။
မှတ်တမ်းဖန်တီးသူ၏ကိုယ်ရေးအတ္ထုပတ္တိ ( အိဂုချိ ဟီရိုရှိ )
ဂျပန်နှင့်အခြားနိုင်ငံများ၏ ဂီတဖန်တီးမှုတွင် အသံဖမ်းအင်ဂျင်နီယာအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဂီတပညာရှင်တို့၏ကိုယ်ပိုင်လက်ရာများ၊ ကြော်ငြာများ၊ ရုပ်ရှင်နှင့်ပြဇာတ်နောက်ခံတေးဂီတများ စသည့် အမျိုးမျိုးသောဖန်တီးမှုများတွင် ပူးပေါင်းပါဝင်ခဲ့သည်။ ၂၀၁၆ခုနှစ်တွင် ဂျပန်ဖောင်ဒေးရှင်း၏ ပရောဂျက်အဖြစ် သွားရောက်လည်ပတ်ခဲ့သည့် နာဂဒေသတွင်နေထိုင်ကြသည့် နာဂလူမျိုးများအား စိတ်ဝင်စားမှု ဖြစ်ခဲ့ရာမှ ၎င်းနောက်တွင် နာဂလူမျိုးတို့၏ တစ်မူထူးခြားသော ယဉ်ကျေးမှုများကို မှတ်တမ်းတင်ခြင်း များ ပြုလုပ်လျက်ရှိသည်။
2019年9月日本語教師勉強会@ヤンゴン
こんにちは。
これまでMAJA センターで実施してきたミャンマー日本語教師勉強会を
JFヤンゴンで実施しています。
メールでの申し込みが必要です。お待ちしています。
ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ(ရန်ကုန်)
ယခုအချိန်အထိ MAJA Center တွင်ကျင်းပခဲ့သော ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့်ဆွေးနွေးပွဲကို Japan Foundation,Yangon တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ တက်ရောက်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။
[E-mail ဖြင့်ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။]
「2019年9月日本語教師勉強会@ヤンゴン」
日時:2019年9月4日(水)9:30~12:00
場所:The Japan Foundation, Yangon
2階セミナールーム
講師:Mr.SATO Naoki      ( Tha Japan Foundation)
Ms. KUNITO Asahi (The Japan Foundation)
内容:「JFロールプレイテストをやってみよう 他」
【申し込み先】
ptcho27.jpf@gmail.com
お名前、所属(学校や会社名)、メールアドレス、電話番号をメールでお願いします。
【ကြိုတင်စာရင်းပေးသွင်းရန်】
ptcho27.jpf@gmail.com သို့ {အမည်၊ အလုပ်အကိုင်(ကျောင်းသို့မဟုတ်ကုမ္ပဏီနာမည်)၊ mail address၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်}တို့ကို September 2ရက်နေ့
နောက်ဆုံးထား၍ E-mail ပေးပို့၍စာရင်းပေးနိုင်ပါသည်။
【定員】
25名
【参加資格】
日本語教師(ミャンマー人、日本人)、志望者含む
【参加費】
無料
【締め切り】
9月2日(月)
တာဝန်ခံ-မပွင့်သဲချို
The Japan Foundation,Yangon
Mobile-09-891055553
လူဦးရေ ၂၅ ဦးခန့်သတ်မှတ်ထားပြီး ဂျပန်ဘာသာသင်ကြားနေသော မြန်မာလူမျိုး၊ ဂျပန်လူမျိုး ဆရာ၊ ဆရာမများ အခမဲ့ တက်ရောက်နိုင်ပါသည်။

ဂျပန်ဖောင်ဒေးရှင်းတွင် လစဉ်ပြုလုပ်နေကြဖြစ်တဲ့ Yukata Try-out ယုကတ ဝတ်ဆင်တဲ့ အစီအစဉ်ကို လာမည့် စနေနေ့ ၂၄ ရက်နေ့တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ်ဝတ်ဆင်သူ ( Yukata လုံးဝ လုံးဝ မဝတ်ဖူးသူများ) ကို ဦးစားပေးသွားမည်ဖြစ်ပါသည်။ Yukata size မှာ ဂျပန်လူမျိုး အရွယ်ရောက်အမျိုးသား၊ အမျိုးသမီးဝတ် medium size ဖြစ်ပါသည်။
နှစ်ချိန်ခွဲပြီး ပြုလုပ်သွားမည်ဖြစ်ပြီး မနက် ၁ဝ နာရီမှ ၁၂နာရီအထိ ပထမတစ်ချိန်၊ နေ့လည် ၂ နာရီမှ ၄ နာရီအထိ ဒုတိယတစ်ချိန် ပြုလုပ်သွားမည်ဖြစ်သည့်အတွက် မိမိအဆင်ပြေသည့်အချိန်တွင် လာရောက်ပါဝင်နိုင်ပါသည်။ လူဦးရေကန့်သက်ထားပြီး တစ်ချိန်ကို မိန်းကလေး (၈) ယောက်၊ ယောက်ျားလေး (၂)ယောက် စုစုပေါင်း ဆယ်ယောက်စီသာ လက်ခံသွားမည်ဖြစ်သည့်အတွက် အမှန်တကယ် စိတ်ပါဝင်စားသူများသာ စာရင်းပေးသွင်းဖို့ မေတ္တာရပ်ခံချင်ပါသည်။ မိမိတို့၏ မိတ်ဆွေ၊ သူငယ်ချင်းများကိုပါ လေ့လာသူများအဖြစ်လည်း ခေါ်လာနိုင်ပါသည်။
Yukata ကို အပေါ်ကထပ်ပြီးဝတ်မည်ဖြစ်သည့်အတွက် ကော်လံမပါသော၊ ပေါ့ပါးသော အဝတ်အစားကို ဝတ်ဆင်လာရန် အကြံပြုချင်ပါသည်။ မှတ်ပုံတင်များကို ပွဲနေ့တွင် ယူဆောင်လာဖို့ လိုအပ်ပါသည်။ စာရင်းပေးသွင်းလိုပါက Japan Foundation, Yangon ၏ messanger မှတစ်ဆင့် မိမိပါဝင်လိုသော အချိန်၊ အမည်နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး စာရင်းပေးနိုင်ပါသည်။ သြဂုတ်လ ၂၃ ရက်နေ့ (သောကြာနေ့) မနက် ၉ နာရီတွင် စာရင်းပိတ်မည်ဖြစ်သည်။
ကျပန်းရွေးချယ်သော စနစ်ဖြစ်တဲ့အတွက် မိမိ၏ သူငယ်ချင်းများနှင့်အတူ အဖွဲ့လိုက်စာရင်းပေးသူများအတွက် အဖွဲ့တစ်ခုလုံး ရွေးချယ်ခံရမည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။ ရွေးချယ်ခံရသူများကို သောကြာနေ့ နေ့လည်တွင် ဖုန်းဆက်အကြောင်းကြားမည်ဖြစ်ပြီး ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook page တွင်လည်း ပါဝင်မည့် လူစာရင်းကို ရွေးချယ်ပြီးဖြစ်တဲ့အကြောင်း ကြေငြာသွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူများကိုသာ ဖုန်းဆက်ပြီးအကြောင်းကြားမှာ ဖြစ်တဲ့အတွက် ဖုန်းလက်ခံမရရှိသောသူများသည် နောက်တစ်ကြိမ် ပြုလုပ်မည့် Yukata Try-out တွင် ပါဝင်ကြဖို့ အကြံပြုဖိတ်ခေါ်ချင်ပါတယ်။

ရန်ကုန် နှင့် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ
JLPT 2019 DECEMBER

ဒီဇင်ဘာလ ၁ ရက်နေ့ ရန်ကုန် နှင့် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ အတွက် လျှောက်လွှာများကို အောက်ပါအစီအစဉ်အတိုင်း လက်ခံသွားပါမည်။

၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက် (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့် နေရာ
ရန်ကုန်မြို့ နှင့် မန္တလေးမြို့

၃။ လျှောက်လွှာအရောင်းကာလ (ရန်ကုန်)
၁၅.၈.၂၀၁၉ (ကြာသပတေးနေ့) မှ *** လျှောက်လွှာကုန်သည်အထိ ***
လျှောက်လွှာလက်ခံကာလ (ရန်ကုန်)
Level N5 – ၂၂.၈.၂၀၁၉ (ကြာသပတေးနေ့) မှ ၂၈.၈.၂၀၁၉ (ဗုဒ္ဓဟူးနေ့)
Level N4 – ၂၉.၈.၂၀၁၉ (ကြာသပတေးနေ့) မှ ၃.၉.၂၀၁၉ (အင်္ဂါနေ့)
Level N1, N2, N3 – ၄.၉.၂၀၁၉ (ဗုဒ္ဓဟူးနေ့) မှ ၈.၉.၂၀၁၉ (တနင်္ဂနွေနေ့)

*Levelအလိုက် ရန်ကုန်မြို့တွင် ဖြေဆိုနိုင်မည့် စာဖြေသူဦးရေကို (9999) အထိသာ သတ်မှတ်ထားသောကြောင့် ထိုအရေအတွက်ထက် ကျော်လွန်ပါက မန္တလေးမြို့တွင် လျှောက်လွှာတင်ပြီး မန္တလေးမြို့တွင်သာဖြေဆိုရပါမည်။

Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ထုတ်ပေးမည့်ကာလ (ရန်ကုန်)
၁၅.၉.၂၀၁၉ (တနင်္ဂနွေနေ့) မှ ၄.၁၀.၂၀၁၉ (သောကြာနေ့)

အချိန် – မနက် ၉:၃၀ နာရီ မှ ညနေ ၄:၀၀ နာရီ အထိ

နေရာ – MAJA Education Centre
အမှတ် ၆၆/A၊ သူရလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ (ပုဏ္ဏမီ မှတ်တိုင်)
ဖုန်း – 09 962751373 , 09 262602121

၄။ လျှောက်လွှာအရောင်းကာလ (မန္တလေး)
၂၆.၈.၂၀၁၉ (တနင်္လာနေ့) မှ *** လျှောက်လွှာကုန်သည်အထိ ***
လျှောက်လွှာလက်ခံခြင်း နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား ထုတ်ပေးမည့်ကာလ (မန္တလေး)
၁.၉.၂၀၁၉ (တနင်္ဂနွေနေ့) မှ ၅.၉.၂၀၁၉ (ကြာသပတေးနေ့)

အချိန် – မနက် ၉:၃၀ နာရီ မှ ညနေ ၄:၀၀ နာရီ အထိ
(နေ့လည် ၁၂ နာရီ မှ ၁ နာရီ အထိ ထမင်းစား နားပါမည်။)

နေရာ – MAJA (Mandalay Branch)
1st Floor, Water Street, Block-1, Unit 6, Mingalar Mandalay, Chan Mya Thar Si Township,
Mandalay. ဖုန်း – 09 255162533

၅။ လျှောက်လွှာကြေး – တစ်စောင် = 1000 Ks
၆။ စာမေးပွဲကြေး – N 1, N2, N3 – 25000 Ks
                                     N4, N5 – 20000 Ks
——————————————————————————————————-
လျှောက်လွှာလက်ခံမည့် နည်းလမ်းများ
၁။ လူကိုယ်တိုင်လာရောက်လျှောက်ထားခြင်း
အထက်ဖော်ပြပါနေရာများတွင် လျှောက်လွှာ တစ်စောင် (၁၀၀၀ ကျပ်) ဖြင့် ရယူပြီး လိုအပ်သည့်အချက်အလက် များ ပြည့်စုံစွာဖြည့်သွင်း၍ မှတ်ပုံတင် မိတ္တူ နှင့် အတူ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ ။ ကျောင်းမှ တာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီးလာရောက် လျှောက်ထားပါက ဖြေဆိုမည့်ကျောင်းသား/သူများ၏ အမည်၊ မွေးသက္ကရာဇ်တို့ကို စာရင်းပြုစုထားသော စာရွက် နှင့်အတူ မှတ်ပုံတင် မိတ္တူ ပါပူးတွဲတင်ပေးရပါမည်။

၂။ E-mail ဖြင့်လျှောက်ထားခြင်း
(က) လျှောက်လွှာများကို ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် Website Link မှအခမဲ့ Download ရယူပြီး Computer ဖြင့် လိုအပ်သည့် အချက်အလက်များ ဖြည့်သွင်းပြီး လျှောက်လွှာနှင့် မှတ်ပုံတင် မိတ္တူ ကို ရန်ကုန်တွင်ဖြေဆိုမည့်သူများသည် jlptmyn.ygn@gmail.com သို့ လည်းကောင်း၊ မန္တလေးတွင်ဖြေဆိုမည့်သူများသည် jlptmyn.mandalay@gmail.com သို့ လည်းကောင်း Attachment တွဲပြီး ပေးပို့လျှောက်ထားပါ။ လျှောက်လွှာလက်ခံရရှိသည့် အကြောင်းကြားစာရပြီးလျှင် အထက်ဖော်ပြပါ လျှောက်လွှာလက်ခံသည့်နေရာများသို့ လျှောက်လွှာလက်ခံကာလအတွင်း စာမေးပွဲကြေးပေးသွင်းပြီး လျှောက်ထားပါ။ (စာမေးပွဲကြေးကို အထက်ပါ လျှောက်လွှာလက်ခံမည့်နေရာများတွင် ပေးသွင်းပြီးမှသာ ခုံနံပါတ်ရရှိမည်ဖြစ်ပါသည်။)
(ခ) လျှောက်ထားပြီး ၂၄ နာရီအတွင်း Reply မရပါက တိုက်ရိုက်ဖုန်းဆက်ပြီး ဆက်သွယ်ပါ။
၃။ ရန်ကုန်မြို့တွင် လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို အထက်ဖော်ပြပါ သတ်မှတ်ရက် အတွင်းသာ ပြန်လည်ထုတ်ယူရပါမည်။
၄။ မန္တလေးမြို့တွင် လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို လျှောက်လွှာလက်ခံ ကာလအတွင်း တစ်ပါတည်းပြန်လည်ထုတ်ယူနိုင်ပါမည်။

၅။Download ရယူရန်

လျှောက်လွှာ
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာစာမေးပွဲလမ်းညွှန်

 

အထူးသတိပြုရန်
မှတ်ပုံတင် ပျောက်ဆုံးသူများ၊ လက်ဝယ်မရှိသူများအနေဖြင့် အောက်ဖော်ပြပါ ကဒ်ပြား များဖြင့် လျှောက်ထား နိုင်ပါသည်။ ယင်းကဒ်ပြားများမှ လွဲ၍ ကျန် အခြားမည်သည့်ကဒ်ပြားနှင့်မှ လျှောက်ထား၍ မရနိုင်ပါ။
၁။ ယာဉ်မောင်းလိုင်စင်
၂။ နိုင်ငံကူးလက်မှတ်
၃။ ကျောင်းသားကဒ် (အစိုးရ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ)
၄။ ကျောင်းသားကဒ် (အစိုးရ တက္ကသိုလ်၊ ကောလိပ်များ)
၅။ မွေးစာရင်း (အသက် ၁၀ နှစ်အောက် လျှောက်ထားမည့်သူများ)

အသေးစိတ်သိရှိ လိုသည်များကို MAJA Facebook၊ The Japan Foundation, Yangon Facebook နှင့် ဂျပန်သံရုံး Website များတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/

https://www.facebook.com/JFYangon/

http://www.mm.emb-japan.go.jp/profile/myanmar/news/2016/new-26.html

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၉ ၉၆၂၇၅၁၃၇၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ ဓာတ်ပုံပြပွဲစီးရီး၏ ဒုတိယမြောက်ပြပွဲအဖြစ် ဂျပန်နိုင်ငံ၏ ယူနက်စကိုစာရင်းဝင် သဘာဝအမွေအနှစ်များ (Natural world heritage sites) ၏ ဓာတ်ပုံများကို ပြသသွားမှာ ဖြစ်ပါတယ်။ (The Nature) ဆိုတဲ့ theme အောက်မှာ လွန်ခဲ့သော နှစ်ပေါင်း ၈ဝဝဝ ခန့်က တည်ရှိခဲ့သော ရှိရာခမိတောင်တန်းမှ သစ်မာပင်များ၊ မျိုးတုန်းနိုင်ခြေရှိသော အပင်မျိုးစိတ်များနှင့် သတ္တဝါမျိုးစိတ် အများစုနေထိုင်ရာ ထူးခြားသောဂေဟစနစ်ရှိပြီး ရှေးကျသော သစ်တောများရှိသည့် ယာကုရှီးမားကျွန်း အစရှိသော နေရာများ၏ ရှုမြှော်ခင်းဓာတ်ပုံများကို ပြသသွားမည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ ကွဲပြားသော ပထဝီဝင်အနေအထားနှင့် မပျက်စီးပဲ တည်ရှိနေသည့် သဘာဝကို တွေ့မြင်ခံစားနိုင်မည်ဖြစ်ပါသည်။

ဂျပန်ဖောင်ဒေးရှင်းတွင် လစဉ် စနေနေ့တိုင်း ဂျပန်ရုပ်ရှင်ကားကောင်းများကို ပြသလျက်ရှိသည့် Saturday Yoke Shin အစီအစဉ်ကို ပြုလုပ်လျက်ရှိပါသည်။ သြဂုတ်လ၏ Saturday Yoke Shin အတွက် ရွေးချယ်ထားသည့် ဇာတ်ကားကတော့ “Mameshiba” (幼獣マメシバ) ဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့ နေ့လည် ၂ နာရီတွင် ပြသသွားမည်ဖြစ်ပါသည်။

“Mameshiba” (幼獣マメシバ) ဇာတ်ကားသည် အိမ်မှထွက်ပြေးသွားသော အမေကို အသတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် နှစ်လသားအရွယ်ခွေးပေါက်လေးတစ်ကောင်တို့ လိုက်ရှာကြပုံကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ ဇာတ်ကားတွင် တီဗွီ ဒရမ်မာ၊ ရုပ်ရှင်နှင့် ပြဇာတ်များတွင် အကြိမ်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသော နာမည်ရ အနုပညာရှင်များစွာပါဝင်ထားသည်။

တစ်နေ့တွင် အသက် ၃၅ နှစ်အရွယ်ရှိပြီး အလုပ်လက်မဲ့ အိမ်ထဲအိမ်ပြင် တစ်ခါမှ မထွက်ပဲ အိမ်ထဲမှာပဲနေလေ့ရှိသော ဆတိုဂျိရို သည် အိချိရော အမည်ရှိသော အနီရောင်လည်စည်းကို ပတ်ထားသည့် မမဲရှိဘ အမျိုးအစား ဂျပန်ခွေးလေးတစ်ကောင်နှင့်တွေ့ဆုံခဲ့သည်။ အိချိရောခွေး ကလေးသည် အိမ်မှထွက်ပြေးသွားသော ဆတိုဂျိရိုအမေက သူကို လိုက်ရှာရန် လွှတ်လိုက်သော တစ်ခုတည်းသော သဲလွန်စဖြစ်မှန်းသိလိုက်ရချိန်တွင် သူ၏အမေကို လိုက်ရှာရန်အတွက် အပြင်တစ်ခါမှမထွက်ဖူးသော ဂျိရိုသည် ပြင်ပလောကသို့ ထွက်ခွာရပါတော့သည်။

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။