(ပြပွဲ၏အကြောင်းအရာ)
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဓာတ်ပုံပြပွဲစီးရီး၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ယခုတစ်ခေါက်တွင် ဂျပန်ဥယျာဉ်များ၏ ဆောင်းဦးရာသီအလှကို ရိုက်ကူးပုံဖော်ထားသော ဂျပန်နာမည်ကြီးဓာတ်ပုံဆရာ Mr.Mizuno Katsuhiko ၏ အနုပညာလက်ရာများကို ပြသသွားမည်ဖြစ်ပါသည်။ ဆောင်းဦးရာသီကာလတွင် ရိုက်ကူးထားသော ဂျပန်နိုင်ငံရှိ ဥယျာဉ်များ၊ နီရဲရဲ မေပယ်ပင်များ၏ ရှုခင်းအလှဓာတ်ပုံများကို ပြသရန် ရွေးချယ်စီစဉ်ထားပါသည်။ဂျပန်နိုင်ငံ ဆောင်းဦးရာသီ၏ သင်္ကေတများဖြစ်သည့် မေပယ်ပင်များ၏ သဘာဝအလှတရားများ၊ ဂျပန်ဥယျာဉ်များ၏ ဆိတ်ငြိမ်အေးချမ်းသော အလှတရားများကိုကြည့်ရှုရင်း ဂျပန်၏ ဆောင်းဦးရာသီ ရနံ့ အငွေ့အသက်ကို ခံစားသိမြင်နိုင်ရန် “ The Emblem of Autumn” ဓာတ်ပုံပြပွဲသို့ လာရောက်၍ ကြည့်ရှုခံစားနိုင်ရန် ဖိတ်ခေါ်လိုက်ပါသည်။
ဓာတ်ပုံဆရာ၏ ကိုယ်ရေးအကျဉ်း
မိဇုနို ခစုဟိကို ကို ကျိုတိုမြို့၏ ခမိဂရေားရပ်ကွက်တွင် ၁၉၄၁ ခုနှစ်၌ ဖွားမြင်ခဲ့ပါသည်။ ဒိုးရှိတတက္ကသိုလ်တွင် ဂျပန်စာပေအထူးပြုဖြင့် ဘွဲ့ရခဲ့ပြီး တိုကျို ဆိုးဂိုး ဓာတ်ပုံကောလိပ်တွင် ဘွဲ့လွန်သင်တန်းကို တက်ရောက်ခဲ့ပါသည်။ မိဇုနိုသည် ၁၉၆၉ ခုနှစ်မှစ၍ ကျိုတိုမြို့၏ ရှုခင်းများကို ဓာတ်ပုံရိုက်ခြင်းအတက်ပညာကို အထူးပြုလေ့လာလိုက်စားခဲ့ပါသည်။ ဂျပန်ရိုးရာယဉ်ကျေးမှုကိုလည်း လေ့လာခဲ့ပြီးနောက်တွင် သူ၏ဓာတ်ပုံများကို တည်းဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းကိုပါ လုပ်ဆောင်ခဲ့ပါသည်။
၂ဝဝဝ ခုနှစ်တွင် သူ၏ကိုယ်ပိုင် ဓာတ်ပုံပြခန်းဖြစ်သည့် Townhouse Photo Hall (မချိရ ရှရှင်းကန်) ကို ဖွင့်လှစ်ခဲ့ပါသည်။
သူ၏ သဘာဝတောတောင်ရေမြေ အလှအပများကို ရိုက်ကူးထားသော ရှုခင်းဓာတ်ပုံများသည် Fore World Magazine က ထောက်ပံ့ချီးမြှင့်သော ၂ဝဝ၂ခုနှစ်အတွက် Fore World စာအုပ်၏ “အိမ်နှင့်ဥယျာဉ်” ဓာတ်ပုံအမျိုးအစားအတွက် ရွှေတံဆိပ်ဆု ရရှိခဲ့ပါသည်။
သူသည် ဂျပန်ဓာတ်ပုံဆရာများ အဖွဲ့အစည်းနှင့် ဂျပန်ဓာတ်ပုံအနုပညာအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။
မိဇုနို ခစုဟိကိုသည် စာအုပ်ပေါင်း ၁၄ဝကို ထုတ်ဝေခဲ့ပြီး စာအုပ်အများစုသည် ဓာတ်ပုံပေါင်းချုပ်များဖြစ်သည်။
ဒီလအတွက် Saturday Yoke Shin အစီအစဉ်မှာ “Bushido Sixteen” ဆိုတဲ့ ဂျပန် ဒရမ်မာဇာတ်ကားကို ပြသသွားမှာဖြစ်ပါတယ်။ “Naoko Winning Runners” ဆိုတဲ့ မာရသွန်ကစားသမားအကြောင်းကို ရေးသားရိုက်ကူးခဲ့သော ဒါရိုက်တာ တိုမိုယုခိ ဖူရုမယ၏ ဇာတ်ကားဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း ပရိတ်သတ်များကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကန်ဒိုကစားသူ မိန်းကလေးနှစ်ယောက်အကြောင်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကြောင်းနဲ့ ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာကို တွေ့မြင်နိုင်မှာပါ။
အင်္ဂလိပ်စာတန်းထိုးဖြင့် ပြသသွားမည်ဖြစ်သည်။
ဇာတ်လမ်းအကျဉ်း
ခအိုးရိ သည် ကန်ဒိုအားကစားကို ငယ်စဉ်ကတည်းက တစ်စိုက်မက်မက် လေ့ကျင့်ကစားလာသူ ကန်ဒိုဖိုက်တာတစ်ဦးဖြစ်သည်။ ရာဇဝင်တွင်ခဲ့တဲ့ ဆာမူရိုင်း မိယမိုတို မူဆရှိကို ကြည်ညိုလေးစားသူတစ်ဦးလဲဖြစ်ပါတယ်။
တစ်နေ့မှာတော့ ခအိုးရိဟာ သာမန် အပျော်တမ်း ကန်ဒိုကစားသမားတစ်ဦးဖြစ်သူ ဆနအဲ ကို အထက်တန်းကျောင်း ကန်ဒိုနောက်ဆုံးပြိုင်ပွဲမှာ ရှုံးသွားပြီးနောက်ပိုင်းမှာတော့ သူဟာ ဘာကြောင့် ထိုအညတရ ကစားသမားတစ်ဦးကို ရှုံးခဲ့ရလည်းဆိုတာကို အရမ်းသိချင်သွားပါတယ်။ ဆနအဲက အနိုင်ရတဲ့ကိစ္စနဲ့ ပါတ်သတ်ပြီး စိတ်ထဲမထားပေမယ့် ခအိုးရိကတော့ သူမရဲ့ စိတ်ထဲမှာ မလိုမုန်းထားစိတ်နဲ့ တေးထားခဲ့ပြီး၊ ဆနအဲကို ပြိုင်ဘက်အနေနဲ့ သဘောထားခဲ့ပါတယ်။ သူမဟာ ဆအနဲရဲ့ ကန်ဒိုကလပ်ကို အသင်းဝင်လိုက်ပြီးနောက်မှာ သူမ၏ ပျော်ပျော်နေတက်တဲ့ စိတ်ဓာတ်ကိုတွေ့လိုက်ရပြီး အံ့သြသွားပါတယ်။
Japan Classics Screening and Talk #4 @ The Japan Foundation, Yangon
ပြသမည့် ရုပ်ရှင် – Gate of Hell
ဒါရိုက်တာ Director – Teinosuke Kinugasa
(C) KADOKAWA CORPORATION 1953
နေ့ရက် – 10th October 2019
အချိန် – 6:00 PM
နေရာ – The Japan Foundation,
အမှတ် (၇၀) နတ်မောက်လမ်းသွယ် (၁) ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
Door open – 5:30 PM
အင်္ဂလိပ် စာတန်းထိုး
with English Subtitles
Organized by:
The Agency for Cultural Affairs of Japanese Government,
The Embassy of Japan in Myanmar,
Japan Foundation, Yangon
ဝင်ကြေးအခမဲ့ ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို လာရောက် ကြည့်ရှုနိုင်ပါသည်။ Free Admission.
Japan Foundation တွင် လစဉ် “Origami Club” ကို ပြုလုပ်ပြီး အမျိုးစုံသော စက္ကူရုပ်များ၊ သော့ချိတ်များ၊ card များကို ပြုလုပ်နည်းကို သင်ကြားပေးလျက်ရှိပါသည်။
ယခုလာမည့်အပတ်တွင် ချစ်စရာကောင်းတဲ့ ပီကာချူး Pikachu ရုပ်လေးနှင့် Paper Quilling ၏ နည်းလမ်းများ ကိုအသုံးပြုပြီး ချစ်စရာကောင်းသော သော့ချိတ်လှလှလေးများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး လူဦးရေကန့်သတ်ထားသည့်အတွက် Japan Foundation Yangon ၏ Facebook Messenger မှတဆင့် အမည်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို သြဂုတ်လ (၂) ရက်နေ့၊
အောက်တိုဘာလ ၄ ရက်နေ့ နေ့လည်(၁၂)နာရီ မတိုင်ခင်ပို့ပေးပြီး စာရင်းပေးသွင်းရန်အပ်ပါသည်။
Origami Club
နေ့ရက် :အောက်တိုဘာလ (၅) ရက်နေ့၊ ၂ဝ၁၉ (စနေနေ့)
အချိန် :နေ့လည် ၁ဝ နာရီမှ ၁၂ နာရီအထိ
နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ၊ အမှတ် ၇ဝ၊ ၊ နတ်မောက်လမ်းသွယ် (၁)၊
ဗဟန်းမြို့နယ်၊ ရန်ကုန်။
သတ်မှတ်လူဦးရေ : ၁၅ ဦး ( ဦးရာလူစနစ်)
ပါဝင်ကြေး : အခမဲ့
ဂျပန်ဘာသာဆရာဖြစ်မွမ်းမံသင်တန်းနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်တွင် ဂျပန်ဘာသာဖြင့် ရေးသားဖော်ပြထားပါသည်။
このコースは、ミャンマーで急増する日本語学習者に対して効果的な指導を実践できるミャンマー人日本語教師を育成することを目的に、独立行政法人国際交流基金と、ミャンマーの日本語教育の拠点機関であるヤンゴン外国語大学、マンダレー外国語大学が共同で実施する教師育成プログラムのコースです。
期間は大学のスケジュールに合わせた1年間のコースです。
〔前期〕2019年12月から2020年3月 〔後期〕2020年6月から2020年9月
授業時間と場所
マンダレー:毎週水曜日と木曜日の午後3時から6時、マンダレー外国語大学(MUFL)
ヤンゴン :毎週土曜日と日曜日の午前9時から12時、ヤンゴン外国語大学(YUFL)
参加希望者は、2019年10月25日(金)までにお申し込みください。
(詳細は申請要領をご確認ください)
申請要領(Application Instructions)
問い合わせ:国際交流基金ヤンゴン日本文化センター(The Japan Foundation, Yangon)
住所: No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar
電話番号:09-891055553
メール: pwintthe_cho@jpf-mm.org
担当者:Daw Pwint The Cho
စက်တင်ဘာလ ၂၈ ရက် ( စနေနေ့) နေ့လယ် ၂ နာရီမှ ၃နာရီခွဲအထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ Nihongo Club ကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ Nihongo Club ဆိုတာကတော့ ဂျပန်လူမျိုးနဲ့ ဂျပန်လို စကားစမြည်ပြောဆိုကြတဲ့ အစီအစဉ်ဖြစ်ပါတယ်။
ဒီတစ်ခေါက်ရဲ့ ခေါင်းစဉ်ကတော့ “အိုဆာကာမြို့အကြောင်း” ပဲဖြစ်ပါတယ်။ ဂျပန်ရဲ့ ဒေသန္တရစကားတွေထဲက လူသိများတဲ့ အိုဆာကာဒေသန္တရစကားနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးတာလည်းပါပါမယ်။ မြန်မာနိုင်ငံရဲ့
ဒေသန္တရစကား အကြောင်းလည်း ဆွေးနွေးကြရအောင်။ နောက်ပြီး အဲ့ဒီနောက်မှာတော့ အိုဆာကာရဲ့ ဟာသပြက်လုံးတွေအကြောင်းလည်းပြောပြချင်ပါတယ်။ အိုဆာကာဇာတိဖြစ်တဲ့ ဆရာမ နာရဟာရ (Narahara) ဆီကနေ ပျော်ရွှင်စွာနဲ့ အိုဆာကာဒေသန္တရစကားကို လေ့လာကြရအောင်။
စာရင်းပေးသွင်းရန်- ဂျပန်ဖောင်ဒေးရှင်းရန်ကုန် FB Page (The Japan Foundation, Yangon) ၏ Message Box သို့ အမည်၊ ဖုန်းနံပါတ် တို့ကို ပေးပို့၍ စာရင်းပေးသွင်းနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်သွားတာနဲ့ စာရင်းပိတ်မှာ ဖြစ်ပါတယ်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ (၁၁) ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သောဆွေးနွေးပွဲ(၂၀၁၉)ကို မန္တလေးတွင် အောက်ပါအစီအစဉ်များအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ ဂျပန်ဘာသာသင်ဆရာ၊ ဆရာမများအား တတ်ရောက်ကြပါရန် ဖိတ်ခေါ်လိုက်ပါသည်။(ကြိုတင်စာရင်းပေးရန်လိုအပ်ပါသည်။)
<MANDALAY>
1) နေ့ရက်နှင့်အချိန် : ၁ ရက်အောက်တိုဘာလ ၂၀၁၉ ခုနှစ် (အင်္ဂါနေ့) မနက် ၈ နာရီခွဲ မှ ညနေ ၄နာရီအထိ
2) နေရာ : မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
(၆၂ လမ်း၊ ၂၂ လမ်း နှင့် ၂၃ လမ်းကြား၊ အောင်မြေသာဇံ၊ မန္တလေး)
3) စာရင်းပေးရန်: https://docs.google.com/forms/d/1hsdqwbmCjf54hiOPkAdpLecpvhvSZnbwSpvzMFUziRg/edit?vc=0&c=0&w=1
စာရင်းပိတ်ရက် ၂၅ ရက် စက်တင်ဘာလ (ဗုဒ္ဓဟူးနေ့)
1.セミナーの内容
08:30 受付開始
09:00 開会式(学長挨拶、学科長挨拶、JF挨拶)
09:15‐10:15 JF 教師研修
「21世紀型スキル」コース参加報告(Daw Nan Myat Saw-YUFL)
10:15‐10:30 休憩
10:30-11:45 JF 教師育成プログラムセッション(國頭あさひ)
11:45-13:00 昼休み
13:00‐15:00 分科会※選択制です。どちらかの教室を受付で選んでください。
Ⓐ:「読解力を高める授業」(小西広明)
どうすれば外国語の文章が読めるようになるでしょうか。言葉の意味や使い方、文法を考えることも大切ですが、それだけではありま せん。 本セッションでは、外国語が読めるようになるために教室でどんな練習をしたらいいのか一緒に考えていきましょう。
Ⓑ:「会話練習を考えよう」(佐藤直樹)
会話練習をどのようにしていますか?会話力とはどんな「チカラ」なのでしょう?どうすれば会話ができるようになるのかを考えて、会話の練習をしましょう。
15:30-16:00 閉会式
アンケート及び教師票への記入にご協力ください。
参加証もお渡しします。
※မိမိတတ်ရောက်လိုသည့်ဆွေးနွေးပွဲအကြောင်းအရာကို Reception တွင်ရွေးချယ်ပေးပါရန်
2. 進行役:
佐藤 直樹 (さとう なおき)国際交流基金日本語上級専門家
國頭 あさひ(くにとう あさひ)国際交流基金日本語専門家
<သတိပြုရန်>
-ဆွေးနွေးကိုဂျပန်ဘာသာဖြင့်သာပြုလုပ်မည်ဖြစ်သည်။
-JLPT N3နှင့်အထက်ရှိရမည်။
-ဆွေးနွေးပွဲပြီးဆုံးသည်အထိတတ်ရောက်သူများကိုသာ Certificate ပေးမည်ဖြစ်ပါသည်။
အသေးစိတ်စုံစမ်းမေးမြန်းရန်
တာဝန်ခံ-ဒေါ်ဆွေဆွေအောင်(MUFL)
ဖုန်းနံပါတ်-၀၉-၂၀၆၂၄၈၇
စက်တင်ဘာလ၏ Saturday Yoke Shin အတွက် ဂျပန်အန်နီမေးရှင်းဇာတ်ကားကောင်းတစ်ကားကို ရွေးချယ်ထားပါတယ်။ Five centimeters per second နဲ့ Voices of a distant star ဆိုတဲ့ animation ဇာတ်ကားတွေကို သိကြမယ်ထင်ပါတယ်။ ထိုဇာတ်ကားတွေကို ရေးသားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ရှင်းခိုင် မာကိုတို (Shinkai Makoto) က ၂ဝ၁၁ မှာ ရိုက်ကူးခဲ့တဲ့ Children Who Chase Lost Voices Hoshi o ou kodomo(星を追う子どもဆိုတဲ့ ဇာတ်ကားကို ပြသသွားမှာဖြစ်ပါတယ်။ Adventure ၊ Fantasy ဇာတ်ကားဖြစ်ပြီး လူသုံးယောက် ဒဏ္ဍာရီလာနယ်မြေသို့ ခရီးဆက်ခဲ့ကြပုံကို တွေ့မြင်ကြရမှာဖြစ်လို့ အားလုံးကို လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
တစ်နေ့သောအခါ အဆုန အမည်ရှိ မိန်းကလေးတစ်ဦးသည် သူမ၏ ဖန်ရေဒီယိုမှတစ်ဆင့် သူမ၏ဖခင်ကို အမှတ်ရစေသည့် ထူးဆန်းသော သီချင်းတစ်ပုဒ်ကို ကြားလိုက်ရသည်။ သီချင်းမှာ တစ်စုံတစ်ယောက်၏ နှလုံးသားမှတစ်ဆင့် ထွက်လာသည်ဟု ထင်ရလောက်အောင် သူမ၏ စိတ်တွင် မေ့မရနိုင်ခဲ့ပေ။
အဆုန သည် သူမအကြိုက်ဆုံး တောင်ပေါ်ရှိ ပုန်းခိုရာနေရာသို့သွားစဉ် ထူးဆန်းသော သားရဲကြီးတစ်ကောင်၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ရွှန်း အမည်ရှိလူရွယ်တစ်ယောက်က သူမကို ကယ်တင်ခဲ့သည်။ ရွှန်းသည် “Agartha” ဟုခေါ်သည့် ဝေးလံသော တိုင်းပြည်မှလာပြီး အဆုနရှိရာ မြို့ကိုလာခဲ့ခြင်းမှာ တစ်စုံတစ်ယောက်ကိုတွေ့ရန်နှင့် တစ်စုံတစ်ခုကို လာရှာလိုသောကြောင့်ဖြစ်သည်။
အဆုနနှင့် ရွှန်းတို့သည် ရင်းနှီးသွားကြပြီး သူတို့၏ ခံစားချက်များကို ဖွင့်ဟခဲ့ပြီးချိန်တွင် ရွှန်းသည် ရုတ်တစ်ရက် ပျောက်ကွယ်သွားပြီး ရှာ၍မတွေ့နိုင်တော့ပေ။ ထိုအဖြစ်ဆိုးကို လက်မခံနိုင်သော်လည်း တစ်နေ့တွင် ကျောင်း၌ သူမ၏ အတန်းပိုင်ဆရာမထံမှ ဒဏ္ဍာရီလာ မြေအောက်ကမ္ဘာမှ ရွှန်းတို့နေထိုင်ရာ “Agartha” ဟုခေါ်သော နိုင်ငံအကြောင်းကို သိလိုက်ရသည်။ Agartha သည် ကမ္ဘာ့လျို့ဝှက်ချက်များကို ထိန်းသိန်းထားသောနေရာဖြစ်ပြီး မည်သူ၏ ဆုတောင်းမဆို ပြည့်သောနေရာဖြစ်သည်။
တစ်နေ့တွင် အဆုနသည် သံသယဖြစ်ဖွယ် လူတစုကလိုက်ဖမ်း၍ ထွက်ပြေးလာစဉ် ရွှန်းနှင့် ရုပ်တူသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူများသည် ကောင်လေးထံမှ Clavis ဟုခေါ်သည့် Agartha တိုင်းပြည်ကိုဝင်ရန် သော့ချောင်းကို လိုက်ရှာနေကြခြင်းဖြစ်သည်။ အဆုနနှင့် ရွှန်းတို့သည် ထွက်ပြေးကြရင်း ချောင်တစ်ခုတွင် ပိတ်မိသွားသောအခါ Agartha သို့ဝင်ရန်ဂိတ်ပေါက်သည် ရုတ်တစ်ရက်ပွင့်လာသည်။ ထိုအချိန်တွင် အဆုနသိလိုက်ရသည်မှာ ထိုလိုက်ဖမ်းနေသောသူများ၏ ခေါင်းဆောင်သည် အဆုန၏ အတန်းပိုင်ဆရာ Mr. Morisaki ဖြစ်ပြီး သူသည် ဆုံးပါးသွားသော သူ၏မိန်းမနှင့် ပြန်လည်ဆုံစည်းနိုင်ရန်အတွက် Agartha မြို့ကို လိုက်ရှာနေခြင်းဖြစ်သည်။ ထို့ပြင် သူမ တွေ့ခဲ့သော ကောင်လေးသည် ရွှန်း၏ ညီ Shin ဖြစ်နေသည်။
Agartha မြို့၏ဝင်ပေါက်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရသောအခါ အဆုနသည် ရွှန်းကိုရှာရန် သူမ၏စိတ်ကို ဆုံးဖြတ်ချက်ချလိုက်သည်။
ဤသို့ဖြင့် အဆုန၊ Mr. Morisaki နှင့် Shin တို့သည် ရည်မှန်းချက်ကိုယ်စီနှင့် ဒဏ္ဍာရီလာနယ်မြေသို့ ခြေချခဲ့ကြသည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ (၁၁) ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သောဆွေးနွေးပွဲ(၂၀၁၉)ကို ရန်ကုန်တွင် အောက်ပါအစီအစဉ်များအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ ဂျပန်ဘာသာသင်ဆရာ၊ ဆရာမများအား တတ်ရောက်ကြပါရန် ဖိတ်ခေါ်လိုက်ပါသည်။(ကြိုတင်စာရင်းပေးရန်လိုအပ်ပါသည်။)
<YANGON>
1) နေ့ရက်နှင့်အချိန် : ၃ ရက် အောက်တိုဘာလ ၂၀၁၉ ခုနှစ် (ကြာသပတေးနေ့) မနက် ၈ နာရီခွဲ မှ ညနေ ၄နာရီအထိ
2) နေရာ : ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
(အမှတ် ၁၁၉-၁၃၁၊တက္ကသိုလ်ရိပ်သာလမ်း၊ကမာရွတ်၊ရန်ကုန်)
3) စာရင်းပေးရန် https://docs.google.com/forms/d/1hsdqwbmCjf54hiOPkAdpLecpvhvSZnbwSpvzMFUziRg/edit?vc=0&c=0&w=1
စာရင်းပိတ်ရက် ၂၅ ရက် စက်တင်ဘာလ (ဗုဒ္ဓဟူးနေ့)
1.セミナーの内容
08:30 受付開始
09:00 開会式(学長挨拶、学科長挨拶、JF挨拶)
09:15‐10:15 JF 教師研修
「21世紀型スキル」コース参加報告(Daw Nan Myat Saw-YUFL)
10:15‐10:30 休憩
10:30-11:45 JF 教師育成プログラムセッション(國頭あさひ)
11:45-13:00 昼休み
13:00‐15:00 分科会※選択制です。どちらかの教室を受付で選んでください。
Ⓐ:「読解力を高める授業」(小西広明)
どうすれば外国語の文章が読めるようになるでしょうか。言葉の意味や使い方、文法を考えることも大切ですが、それだけではありま せん。 本セッションでは、外国語が読めるようになるために教室でどんな練習をしたらいいのか一緒に考えていきましょう。
Ⓑ:「会話練習を考えよう」(佐藤直樹)
会話練習をどのようにしていますか?会話力とはどんな「チカラ」なのでしょう?どうすれば会話ができるようになるのかを考えて、会話の練習をしましょう。
15:30-16:00 閉会式
アンケート及び教師票への記入にご協力ください。
参加証もお渡しします。
※မိမိတတ်ရောက်လိုသည့်ဆွေးနွေးပွဲအကြောင်းအရာကို Reception တွင်ရွေးချယ်ပေးပါရန်
2. 進行役:
佐藤 直樹 (さとう なおき)国際交流基金日本語上級専門家
國頭 あさひ(くにとう あさひ)国際交流基金日本語専門家
<သတိပြုရန်>
-ဆွေးနွေးကိုဂျပန်ဘာသာဖြင့်သာပြုလုပ်မည်ဖြစ်သည်။
-JLPT N3နှင့်အထက်ရှိရမည်။
-ဆွေးနွေးပွဲပြီးဆုံးသည်အထိတတ်ရောက်သူများကိုသာ Certificate ပေးမည်ဖြစ်ပါသည်။
အသေးစိတ်စုံစမ်းမေးမြန်းရန်
တာဝန်ခံ-ဒေါ်ပွင့်သဲချို
ဖုန်းနံပါတ်-၀၉-၈၉၁၀၅၅၅၅၃
ဂျပန်ဖောင်ဒေးရှင်းတွင် လစဉ်ပြုလုပ်နေကြဖြစ်တဲ့ Yukata Try-out ယုကတ ဝတ်ဆင်တဲ့ အစီအစဉ်ကို လာမည့် စနေနေ့ ၁၄ ရက်နေ့တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ်ဝတ်ဆင်သူ ( Yukata လုံးဝ လုံးဝ မဝတ်ဖူးသူများ) ကို ဦးစားပေးသွားမည်ဖြစ်ပါသည်။ Yukata size မှာ ဂျပန်လူမျိုး အရွယ်ရောက်အမျိုးသား၊ အမျိုးသမီးဝတ် medium size ဖြစ်ပါသည်။
နှစ်ချိန်ခွဲပြီး ပြုလုပ်သွားမည်ဖြစ်ပြီး မနက် ၁ဝ နာရီမှ ၁၂နာရီအထိ ပထမတစ်ချိန်၊ နေ့လည် ၂ နာရီမှ ၄ နာရီအထိ ဒုတိယတစ်ချိန် ပြုလုပ်သွားမည်ဖြစ်သည့်အတွက် မိမိအဆင်ပြေသည့်အချိန်တွင် လာရောက်ပါဝင်နိုင်ပါသည်။ လူဦးရေကန့်သက်ထားပြီး တစ်ချိန်ကို မိန်းကလေး (၈) ယောက်၊ ယောကျ်ားလေး (၂)ယောက် စုစုပေါင်း ဆယ်ယောက်စီသာ လက်ခံသွားမည်ဖြစ်သည့်အတွက် အမှန်တကယ် စိတ်ပါဝင်စားသူများသာ စာရင်းပေးသွင်းဖို့ မေတ္တာရပ်ခံချင်ပါသည်။ မိမိတို့၏ မိတ်ဆွေ၊ သူငယ်ချင်းများကိုပါ လေ့လာသူများအဖြစ်လည်း ခေါ်လာနိုင်ပါသည်။
Yukata ကို အပေါ်ကထပ်ပြီးဝတ်မည်ဖြစ်သည့်အတွက် ကော်လံမပါသော၊ ပေါ့ပါးသော အဝတ်အစားကို ဝတ်ဆင်လာရန် အကြံပြုချင်ပါသည်။ မှတ်ပုံတင်များကို ပွဲနေ့တွင် ယူဆောင်လာဖို့ လိုအပ်ပါသည်။ စာရင်းပေးသွင်းလိုပါက Japan Foundation, Yangon ၏ messanger မှတစ်ဆင့် မိမိပါဝင်လိုသော အချိန်၊ အမည်နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး စာရင်းပေးနိုင်ပါသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ (ေ
သာကြာ)နေ့ မနက် ၉ နာရီတွင် စာရင်းပိတ်မည်ဖြစ်သည်။
ကျပန်းရွေးချယ်သော စနစ်ဖြစ်တဲ့အတွက် မိမိ၏ သူငယ်ချင်းများနှင့်အတူ အဖွဲ့လိုက်စာရင်းပေးသူများအတွက် အဖွဲ့တစ်ခုလုံး ရွေးချယ်ခံရမည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။ ရွေးချယ်ခံရသူများကို သောကြာနေ့ နေ့လည်တွင် ဖုန်းဆက်အကြောင်းကြားမည်ဖြစ်ပြီး ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook page တွင်လည်း ပါဝင်မည့် လူစာရင်းကို ရွေးချယ်ပြီးဖြစ်တဲ့အကြောင်း ကြေငြာသွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူများကိုသာ ဖုန်းဆက်ပြီးအကြောင်းကြားမှာ ဖြစ်တဲ့အတွက် ဖုန်းလက်ခံမရရှိသောသူများသည် နောက်တစ်ကြိမ် ပြုလုပ်မည့် Yukata Try-out တွင် ပါဝင်ကြဖို့ အကြံပြုဖိတ်ခေါ်ချင်ပါတယ်။
“Yukata Try-out VI”
နေ့ရက် : ၂၀၁၉ခုနှစ် ၊ စက်တင်ဘာလ ၁၄ ရက် (စနေနေ့)
အချိန် : ၁ဝ နာရီမှ ၁၂ နာရီအထိ ( ပထမအချိန် ) ၊ ၂ နာရီမှ ၄ နာရီအထိ (ဒုတိယအချိန်)
နေရာ : ဂျပန်ဖောင်ဒေးရှင်း ၊ ရန်ကုန်
အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
အခမဲ့ လာရောက်ပါဝင်နိုင်ပါသည်။
ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။