ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ လာမည် မတ်လ(၂၁- ၂၂) ရက်နေ့များတွင် မန္တလေးမြို့ၡိပြည်သူလူထုအတွက် “သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၏အရေးပါမှုကို အသိပညာပေးရန်နှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေရန် အနုပညာက မည်သို့ပါ၀င်လုပ်ဆောင်နိုင်မည်နည်း” ခေါင်းစဉ်ဖြင့် အနုပညာလှုပ်ရှားမှု(စုပေါင်းဖန်တီးခြင်းအလုပ်ရုံ)ပြပွဲကို ကျင်းပသွားမည်ဖြစ်ပါသည်။

 

ပြပွဲ၏ရည်ရွယ်ချက်။  ။ ဂျပန်နိုင်ငံတွင် ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး လူအများအပြားသေဆုံး/ပျောက်ဆုံးခဲ့ရသည့် Great Kanto Earthquake ငလျင်ကြီးနှင့်ဆက်စပ်၍ စက်တင်ဘာလကို သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလအဖြစ် သတ်မှတ်ကာ ထိုလတွင် သဘာ၀ဘေးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုများကို မြို့ရွာတိုင်းတွင်ပြုလုပ်ကြပါသည်။ ထိုနည်းတူ ၂၀၂၅ ခုနှစ် မတ်လက မြန်မာနိုင်ငံ စစ်ကိုင်းနှင့်မန္တလေးတွင် လှုပ်ခတ်ခဲ့သောငလျင်ကြီး၏ တစ်နှစ်အကြာကာလ သက်ရောက်မှုရှိခဲ့သောနေရာတွင် အလားတူ အသိပညာပေးအစီစဉ်များကို ကျင်းပရန် ရည်ရွယ်ပါသည်။

 

ဤအနုပညာလှုပ်ရှားမှုမှတဆင့် “သဘာဝဘေးအန္တရာယ်ကို မည်သို့ကာကွယ်ရမည်ကို သတိပေးရန် ပြန်လည်လေ့လာရန်နှင့် စိတ်ကျန်းမာရေးအကြောင်း အသိပညာမြှင့်တင်ရန် အနုပညာၡင်များက ပြန်လည်ထင်ဟပ်ဖန်တီးကြမည်ဖြစ်ပါသည်၊ ထို့ပြင် အနုပညာၡင်မဟုတ်သူများ ပါ၀င်လုပ်ဆောင်နိုင်သော စုပေါင်းအနုပညာအလုပ်ရုံအစီစဥ်ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါသည်။ ပြပွဲတွင် မန္တလေးမြို့ခံပန်းချီပန်းပုနှင့်ဓာတ်ပုံ၊(အင်စတော်လေးၡင်း) အနုပညာၡင်များကလည်း ပါ၀င်ဖန်တီးပြသကြမည်ဖြစ်ပါသည်။ ပြပွဲရက်တွင် အနုပညာရှင်များနှင့် ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာတို့မှ ပြပွဲအကြောင်းနှင့် ဖြစ်ပေါ်လာပုံတို့ကို စကားပြောပွဲတစ်ခုအသွင်ဖြင့်လည်း ရှင်းလင်းပြောကြားသွားမည် ဖြစ်ပြီး တက်ရောက်လိုသူများအနေနှင့် အောက်ပါဖောင်တွင် တပါတည်း ရွေးချယ်စာရင်းပေးနိုင်ပါသည်။

 

ဤပြပွဲကို မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး စုပေါင်းအနုပညာအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ရန်အတွက်ကိုမူ သီးသန့်စာရင်းပေးကာ တက်ရောက်ခွင့်ရသူများကို ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။ လူဦးရေအကန့်အသတ်ရှိပါသဖြင့် အရင်ဆုံးစာရင်းပေးသူများကို ဦးစားပေးဆက်သွယ်သွားပါမည်။

 

……

 

စုပေါင်းအနုပညာအလုပ်ရုံဆွေးနွေးပွဲ။  ။ ဂျပန်ဖောင်ဒေးၡင်း(ရန်ကုန်)က ကျွန်ုပ်တို့အတွက်(ပြန်လည်လေ့လာနိုင်သော) စုပေါင်းမှတ်တမ်း(collective memory) အနေဖြင့် ပြပွဲတွင်ထည့်သွင်းပြသရန်အတွက် (အခမဲ့) စုပေါင်းအနုပညာဖန်တီးခြင်း အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို စီစဥ်ထားပါသည်။ စိတ်ပါ၀င်စားသူ မန္တလေးမြို့ခံ လူငယ်လူကြီးအနုပညာချစ်သူများ ပါဝင်ဖန်တီးလိုပါက အောက်ပါ Google form ကိုဖြည့်သွင်းစာရင်းပေးနိုင်ပါကြောင်း ဝမ်းမြောက်စွာဖိတ်ကြားအပ်ပါသည်။ (အလုပ်ရုံဆွေးနွေးပွဲ အသေးစိတ်အချက်အလက်များကို Google form တွင်ဖေါ်ပြထားပါသည်)။

 

….

 

စုပေါင်းအနုပညာအလုပ်ရုံဆွေးနွေးပွဲ- မတ်လ 21 ရက်(စနေနေ့) မနက်(၁၀)နာရီ၊

ပြပွဲဖွင့်ပွဲ- မတ်လ 22 ရက်(တနဂ်နွေနေ့) နံနက်(၁၀)နာရီ-ညနေ(၅ နာရီထိ)၊  Talk session – 1:00 PM to 2:30 PM (1st Floor)။

နေရာ – MABA office, Mingalar Mandalay, water street, Ward-6. 3rd floor.

စာရင်း‌ပေးရန် –  Disaster Prevention & Mental Health Activities Through Art:  (Workshop Registration Form) – Fill out form

 

Curator/Workshop Conductor: Aung Myat Htay

Artist/Mental Health Workshop: Zun Ei Phyu

Artist Collective lead: Suu Myint Thein(Mr.), with participant young artist: Hlaing Kyaw Phyo, Ye Yint Win(Morris John)

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ လာမည် မတ်လ(၂၁- ၂၂) ရက်နေ့များတွင် မန္တလေးမြို့ၡိ ပြည်သူလူထုအတွက် “သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၏အရေးပါမှုကို အသိပညာပေးရန်နှင့် စိတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်စေရန်အနုပညာက မည်သို့ပါ၀င်လုပ်ဆောင်နိုင်မည်နည်း” ခေါင်းစဉ်ဖြင့် အနုပညာလှုပ်ရှားမှု(စုပေါင်းဖန်တီးခြင်းအလုပ်ရုံ)ပြပွဲကို ကျင်းပသွားမည်ဖြစ်ပါသည်။

 

ဤအနုပညာလှုပ်ရှားမှုမှတဆင့် “သဘာဝဘေးအန္တရာယ်ကို မည်သို့ကာကွယ်ရမည်ကို သတိပေးရန် ပြန်လည်လေ့လာရန်နှင့် စိတ်ကျန်းမာရေးအကြောင်း အသိပညာမြှင့်တင်ရန် အနုပညာၡင်များက ပြန်လည်ထင်ဟပ်ဖန်တီးကြမည်ဖြစ်ပါသည်၊ ထို့ပြင် အနုပညာၡင်မဟုတ်သူများ ပါ၀င်လုပ်ဆောင်နိုင်သော စုပေါင်းအနုပညာအလုပ်ရုံအစီစဥ်ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါသည်။ ပြပွဲတွင် မန္တလေးမြို့ခံပန်းချီပန်းပုနှင့်ဓာတ်ပုံ၊(အင်စတော်လေးၡင်း) အနုပညာၡင်များကလည်း ပါ၀င်ဖန်တီးပြသကြမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အခမဲ့လာရောက်ကြည့်ရှုနိုင်ပါသည်။

 

ဂျပန်ဖောင်ဒေးၡင်း၊ ရန်ကုန်က (ပြန်လည်လေ့လာနိုင်သော) စုပေါင်းမှတ်တမ်း(collective memory) အနေဖြင့် ပြပွဲတွင် ထည့်သွင်းပြသရန်အတွက် (အခမဲ့) စုပေါင်းအနုပညာဖန်တီးခြင်း အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို စီစဥ်ထားပါသည်။ စိတ်ပါ၀င်စားသူ မန္တလေးမြို့ခံ လူငယ်လူကြီးအနုပညာချစ်သူများ ပါဝင်ဖန်တီးလိုပါက အခမဲ့စာရင်းပေးသွင်း ပါဝင်နိုင်မည်ဖြစ်ပြီး စာရင်းပေးရန်အတွက် သီးသန့်ပိုစ့်ကို မကြာမီတင်ပေးသွားမည် ဖြစ်ပါသည်။

 

ပြပွဲအချက်အလက်များ

စုပေါင်းအနုပညာအလုပ်ရုံဆွေးနွေးပွဲ- မတ်လ 2 ရက်(စနေနေ့) မနက်(၁၀)နာရီ၊

ပြပွဲဖွင့်ပွဲ- မတ်လ 22 ရက်(တနဂ်နွေနေ့) နံနက်(၁၀)နာရီ- ညနေ(၅ နာရီထိ)၊

နေရာ – MABA Office, Mingalar Mandalay, Water Street, Ward-6. 3rd floor.

Curator/Workshop Conductor: Aung Myat Htay

 

Artist/Mental Health Workshop: Zun Ei Phyu

 

Artist Collective lead: Suu Myint Thein (Mr.), with participant young artist: Hlaing Kyaw Phyo, Ye Yint Win(Morris John)

ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေနဲ့ ကစားစရာ အရုပ် တွေ အကြောင်းကိုလေ့လာနိုင်မယ့်အပြင် ပျော်စရာကောင်းတဲ့အစီစဉ်တွေကို ခံစားနိုင်မယ့် The Japan Foundation Yangon ရဲ့ OMOCHA : Japanese Toys Today Opening Event ပွဲလေးကို မတ်လ ၁၄ ရက်နေ့ မနက် ၁၀ နာရီမှညနေ၄နာရီထိ Japan Foundation ရန်ကုန်မှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။

ဒီပွဲလေးမှာ  Myanmar Cosplay Society (MCS) ကနေပြီးတော့ ဂျပန်နိုင်ငံရဲ့ Anime ၊ Game တွေ ၊ Figure ကိုကြိုက်နှစ်သက်ကြတဲ့ Otaku တွေ Cosplayer တွေ တင်မကပဲ စိတ်ဝင်စားကြတဲ့ လူတွေ အတွက် ရည်ရွယ်ပြီး အထူးအစီအစဉ်လေးတွေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။

ဒီအထူးအစီစဉ်တွေကတော့ Megazordတွေနဲ့ တခြား Gattai Category ဝင် အရုပ်တွေ, Super Sentai, Kamen Rider Belt တွေကို authentic စုဆောင်းထားတဲ့ Collector တွေရဲ့ Showcase တွေ

Pokémon TCG တွေကို သဘောကျနှစ်သက် လေ့လာကြည့်ချင်တဲ့သူတွေအတွက် Pokémon TCG Game ပွဲ

ငယ်ငယ်တုန်းက ဆော့ကစားခဲ့ကြဖူးတဲ့ Beyblade ဂျင်လေးတွေကို ပြန်လည်ဆော့ကစားနိုင်မယ့် Beyblade 1 vs 1 Fun Match

Othello နဲ့ ဂျပန်ရိုးရာ စစ်တုရင်ဖြစ်တဲ့ Shogi ဆော့ကစားနည်းတွေကိုသေချာလေး ရှင်းပြပြီး ကိုယ်တိုင်ဆော့ကစားနိုင်မယ့် အစီအစဉ်

Anime တွေကို ကြိုက်နှစ်သက်ကြတဲ့လူတွေအတွက် Anime Character Cosplayer တွေနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆော့ကစားနိုင်မယ့် Anime Character Quest

Anime Music တွေကို ကြိုက်နှစ်သက်ကြတဲ့ လူတွေ ပါဝင်ဖြေဆိုနိုင်မယ့် Anime Music Quiz နဲ့

ပွဲကိုတက်ရောက်လာတဲ့ Cosplayer တွေ အတွက် Cosplay Parade အစီအစဉ်တွေကို ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။

ဒီလိုမျိုး အစီအစဉ်တွေအများကြီးရှိတဲ့ အတွက်ကြောင့် ဝါသနာတူ သူငယ်ချင်းတွေ မိသားစုတွေနဲ့ Cosplayer တွေကော Otaku တွေကော ဂျပန်ယဉ်ကျေးမှုတွေကို လေ့လာနေသူတွေ အကုန်လုံးအတွက် OMOCHA : Japanese Toys Today Opening Event လေးကို လာရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်နော်။

ဖွင့်ပွဲအသေးစိတ်

📅နေ့ရက်- မတ်လ ၁၄ရက်နေ့ (စနေနေ့)

⏰အချိန်-မနက် ၁၀နာရီမှ ၄နာရီအထိ

📍နေရာ- ဂျပန်ဖောင်ဒေးရှင်းရန်ကုန်

ပြပွဲအသေးစိတ်

🎨ပြပွဲခေါင်းစဉ် – OMOCHA: Japanese Toys Today

📅ပြပွဲဖွင့်ရက်- မတ်လ ၁၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့)မှ မတ်လ ၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)ထိ (အပတ်စဉ် တနင်္လာနေ့များ ပိတ်သည်)

⏰ပြပွဲဖွင့်ချိန် – မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲထိ

📍နေရာ – ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်း။

🚌ဗျိုင်းရေအိုးစင်မှတ်တိုင်အနီး၊ ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

✨ ပြပွဲဝင်ကြေး အခမဲ့ဖြစ်တဲ့အပြင် ပုံမှန်လာရောက်ကြည့်ရှုဖို့အတွက် ကြိုတင်စာရင်းပေးစရာလည်း မလိုပါဘူး!

မှတ်ချက်။ ။ ကားပါကင်မရှိပါ။

“အခြေခံအဆင့်အတန်းများအတွက် ဘယ်လိုပြင်ဆင်ရင်ကောင်းမလဲ” 

“ပုံမှန်သင်နေကြအတန်းများတွင် အနည်းငယ်ပြောင်းလဲပြင်ဆင်ထားတာတွေ ထည့်သုံးချင်တယ်”ဆိုတဲ့ ဆရာ၊ဆရာမတို့အတွက် အကြံပြုချင်တဲ့အတန်းလေးတစ်ခုရှိပါတယ်။ 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)မှ MAJA Education Centerဖြင့်ပူးပေါင်း၍ ဂျပန်ဘာသာသင်ကြားရေးနည်းစနစ်မွမ်းမံသင်တန်းများ ပြုလုပ်ပေးလျက်ရှိပါတယ်။ ပထမအကြိမ်မြောက်တွင် များပြားစွာသောဆရာ၊ဆရာမများမှ ပါဝင်တက်ရောက်ပေးခဲ့ပြီး အလွန်ကောင်းမွန်တဲ့တုံ့ပြန်မှုများကို ရရှိခဲ့ပါတယ်။ 

ဒုတိယအကြိမ်မြောက်မှာတော့ ဆရာWalar Tun Sheinကို ပို့ချသူအဖြစ်ဖိတ်ကြားကာWaraWaraအခြေခံအဆင့်နည်းစနစ် အခြေခံအဆင့်သင်ကြားရန်ပြင်ဆင်မှု ~」ကို ခေါင်းစဉ်အဖြစ်ထား၍ ကျင်းပမည်ဖြစ်ပါသည်။ 

အတန်းကို အဆင်ပြေပြေသင်နိုင်ပါ့မလားဆိုတာက “အတန်းမစခင်ပြင်ဆင်မှုအပိုင်း”အပေါ်မှာ အလွန်မူတည်ပါတယ်။ ယခုအကြိမ်သင်တန်းမှာတော့ Minna no Nihongoကို နမူနာထားကာ အတန်းအတွက်ပြင်ဆင်မှုရဲ့ အဓိကအချက်တွေကိုလေ့လာပြီး တကယ့်လက်တွေ့ နမူနာအတန်းချိန်ကိုလည်း ကိုယ်တိုင်တွေ့ကြုံလေ့လာနိုင်မှာဖြစ်ပါတယ်။ 

WaraWaraနည်းမှာဆိုရင် နေ့စဥ်အတန်းများတွင် ချက်ချင်းအသုံးချနိုင်တဲ့အကြံဉာဏ်ကောင်းတွေ အများအပြားပါဝင်ပါတယ်။ ဆက်ဆက်လာရောက်လေ့လာပြီး ကိုယ်ပိုင်စတိုင်ဖြင့်အတန်းသင်ကြားနည်းကို ရှာဖွေကြည့်ကြရအောင်။  

 ဂျပန်ဘာသာသင်ကြားရေးဆရာအဖြစ်အတွေ့အကြုံနည်းသေးသူများ
 အခြေခံအဆင့်အတန်း သင်ကြားနည်းတွင် အခက်အခဲရှိသူများ
 အတွေးအမြင်အသစ် နဲ့ အကြံဉာဏ်အသစ်တွေ ရရှိချင်သူများ
 ဂျပန်ဘာသာသင်ကြားရေးဆရာ၊ ဆရာမများအချင်းချင်း ရင်းနှီးဖလှယ်ချင်သူများ 

ဒီလို ဆရာ၊ဆရာမများထံ အကြံပြုပေးချင်ပါတယ်။ လွတ်လပ်စွာပါဝင်တက်ရောက်နိုင်ပါတယ်။ 

*********** 

သင်တန်းအမည် ဒုတိယအကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနည်းစနစ်မွမ်းမံသင်တန်း  

ခေါင်းစဉ်WaraWaraအခြေခံအဆင့်နည်းစနစ် အခြေခံအဆင့်သင်ကြားရန်ပြင်ဆင်မှု ~」 

အကြောင်းအရာ:・Minna no Nihongoကို အသုံးပြုထားသည့် အတန်းတွင်းပြင်ဆင်မှုအတွက် အဓိကအချက်များ (မြန်မာဘာသာဖြင့် ပို့ချပါမည်။) 

ပို့ချသူဆရာ၏ နမူနာအတန်းချိန်
အဖွဲ့လိုက် ဆွေးနွေးခြင်း 

အသုံးပြုမည့် ဘာသာစကားမြန်မာဘာသာစကားတစိတ်တပိုင်းမှာ ဂျပန်ဘာသာစကား 

ပို့ချမည့်ဆရာWalar Tun SheinAkafuji Vocational Training Center 

နေ့ရက် နှင့် အချိန်၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက်နေ့ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် (၉း၀၀ မှ ၁၂း၀၀)အထိ  

နေရာMAJA Education Center  

No. 440(b), Zayya 14th Street, 10th ward, south okkalapa tsp, yangon 

https://maps.app.goo.gl/VikVU2mHEkRA4vRb6  

သင်တန်းကြေးအခမဲ့  

ကန့်သတ်လူဦးရေ၂၅ ဦး 

လျှောက်ထားရန်အောက်ပါ URLမှတဆင့် လျှောက်ထားနိုင်ပါသည်။
https://forms.office.com/r/mCbtcx0ZiQ 

လျှောက်လွှာဖောင်ပိတ်ရက်၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် ၁၂နာရီ 

တက်ရောက်ခွင့်ရသူများအား အကြောင်းကြားခြင်း၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် (သောကြာနေ့)   

ဆရာ၊ ဆရာမများ ပါဝင်ပေးမှုကို ဆက်ဆက်စောင့်မျှော်နေပါတယ်။ 

စုံစမ်းမေးမြန်းရန်ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ  

 Email nihongo.jfyg@jpf.go.jp 

 ဖုန်း  01-430920 

 တာဝန်ခံ KD Sunday Seng Htoi Khawn Taung 

   တနင်္လာနေ့မှ သောကြာနေ့အထိ(930-1530)ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။  

ယနေ့ခေတ် ဂျပန်ခေတ်ပေါ် ကလေးကစားစရာ အရုပ်တွေကို ကဏ္ဍအလိုက် ခွဲခြားပြီး စနစ်တကျ ပြသနေတဲ့ “ OMOCHA: Japanese Toys Today” ကမ္ဘာလှည့်ပြပွဲကို ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ မတ်လ ၁၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှ ၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ထိ ပြသလျက်ရှိပါတယ်။

 

တယောက်တည်းမကြည့်ချင်ဘူး ဆိုတဲ့သူတွေ၊ မနှစ်က Yokai Parade ပြပွဲတုန်းကလို ပြပွဲတာဝန်ခံက ရှင်းပြတာကို နားထောင်ရင်း အတူကြည့်ချင်တဲ့သူတွေအတွက် ဒီနှစ်ပြပွဲမှာလည်း မည်သူမဆို အခမဲ့ပါဝင်နိုင်တဲ့ Gallery Tour အစီအစဉ်လေး ရှိကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

 

Gallery Tours ကို နှစ်မျိုးခွဲခြားထားပြီး မြန်မာဘာသာစကားဖြင့်သာ ပြုလုပ်ပေးသွားမှာပါ။ သတ်မှတ်ထားချိန်မှာ ဘယ်သူမဆို ဘယ်နှယောက်ဖြစ်ဖြစ် ဝင်လာကြည့်လို့ရတဲ့ ပုံမှန် Individual Tours အစီအစဉ်က မတ်လ ၁၁ ရက်နေ့  (ဗုဒ္ဓဟူးနေ့)နဲ့  မတ်လ ၁၅ ရက်နေ့  (တနင်္ဂနွေနေ့) တို့မှာ တနေ့ကို ၂ ကြိမ်စီ ပြုလုပ်ပေးသွားမှာဖြစ်ပြီး ကြိုတင်စာရင်းမပေးဘဲ ကြေငြာထားတဲ့ အချိန်မှာ လာရောက်ပါဝင်နိုင်ပါတယ်။

 

ဂျပန်ဘာသာစကားသင်ကျောင်းတွေနဲ့ အခြားစိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေက အဖွဲ့လိုက် လာရောက်လေ့လာဖို့ Group Tours တွေကိုတော့ ကြိုတင်စာရင်းပေးရမှာ ဖြစ်ပြီး မတ်လ ၁၈ရက်နေ့ နဲ့  ၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွေမှာ တနေ့ကို ၂ ကြိမ် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အကန့်အသတ်ရှိတာကြောင့် အစောဆုံး စာရင်းပေးလာသူတွေကို ဦးစားပေးသွားမှာပါ။ ဒါကြောင့် အောက်မှာ ပါတဲ့ လင့်ကနေ စာရင်းပေးထားကြဦးနော်။

 

🎨ပြပွဲခေါင်းစဉ် – OMOCHA: Japanese Toys Today

📅ပြပွဲဖွင့်ရက် – မတ်လ ၁၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့)မှ မတ်လ ၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)ထိ (အပတ်စဉ် တနင်္လာနေ့များ ပိတ်သည်)

⏰ပြပွဲဖွင့်ချိန် – မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲထိ

📍နေရာ – ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်း။

🚌ဗျိုင်းရေအိုးစင်မှတ်တိုင်အနီး၊ ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

✨ ပြပွဲဝင်ကြေး အခမဲ့ဖြစ်တဲ့အပြင် ပုံမှန်လာရောက်ကြည့်ရှုဖို့အတွက် ကြိုတင်စာရင်းပေးစရာလည်း မလိုပါဘူး!

 

 

👤 Individual Tours👤

နေ့စွဲ – မတ်လ ၁၁ ရက်နေ့ ၊ မတ်လ ၁၅ ရက်နေ့

I အချိန် – မနက် ၁၁ နာရီမှ ၁၁ နာရီခွဲ၊ နေ့လည် ၂ နာရီမှ ၂ နာရီခွဲ

 

👥 Group Tours 👥

နေ့စွဲ – မတ်လ ၁၈ ရက်နေ့ ၊ မတ်လ ၂၅ ရက်နေ့

အချိန် – မနက် ၁၁ နာရီမှ ၁၁ နာရီခွဲ၊ နေ့လည် ၂ နာရီမှ ၂ နာရီခွဲ

စာရင်းပေးရန် – Registration Form for “ OMOCHA: Japanese Toys Today” Exhibition Group Tours – Fill out form

 

မှတ်ချက်။ အရင်ဆုံးစာရင်းပေးသူကို ဦးစားပေးမည်။ ကားပါကင်မရှိပါ။

ကလေးကစားစရာအရုပ်တွေဟာ လူသားတိုင်း မဖြစ်မနေဖြတ်သန်းလာရတဲ့ ကလေးငယ်ဘဝမှာ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အရာတွေဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ရှေးယခင်ကပင် ကလေးကစားဖို့ ရည်ရွယ်ဖန်တီးထားတဲ့အရုပ်တွေ၊ အလှပြအရုပ်နဲ့ မကောင်းတဲ့ မိစ္ဆာတွေဆီကနေ အကာအကွယ်ပေးတဲ့ အရုပ် စသဖြင့် အမျိုးအစားစုံလင်စွာ ဖန်တီးခဲ့ကြပြီး အဲဒိုခေတ် (၁၇ ရာစု – ၁၉ ရာစု) ပတ်ဝန်းကျင်ကနေ စတင်ကာ ကစားစရာ အရောင်းဈေးကွက်ရယ်လို့ ပီပီပြင်ပြင် ပေါ်ထွန်းလာခဲ့တာ ယနေ့တိုင်ပါပဲ။

 

ဒီနေ့ခေတ်မှာ ဂျပန်နိုင်ငံထုတ် ကလေးကစားစရာတွေအနက် မျိုးဆက်ပေါင်းများစွာ တည်တံ့နေတဲ့ အမှတ်တံဆိပ်တွေ၊ အမျိုးအစားတွေ ရှိနေပြီး တမူထူးခြားတဲ့ ယဉ်ကျေးမှုတစ်ခု ဆိုရင်လည်း မမှားပါဘူး။ ဂျပန်နိုင်ငံရဲ့ မျက်မှောက်ခေတ် ကစားစရာတွေကို စုံလင်စွာနဲ့ ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်ဖို့ “ OMOCHA: Japanese Toys Today” ဆိုတဲ့ ပြပွဲကို ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)မှ စီစဉ်ပြသသွားမှာ ဖြစ်ပါတယ်။

 

မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်မယ့် “ OMOCHA: Japanese Toys Today” ပြပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်နေေေ့ (ဗုဒ္ဓဟူးနေ့)ထ မှ စတင်ပြီး မတ်လ ၂၅ ရက်နေေ့ (ဗုဒ္ဓဟူးနေ့)ထိ သုံးပတ်ကြာအောင် ပြသသွားမှာပါ။ ပြပွဲဝင်ကြေး အခမဲ့ဖြစ်တဲ့အပြင် ပုံမှန်လာရောက်ကြည့်ရှုဖို့အတွက် ကြိုတင်စာရင်းပေးစရာလည်း မလိုပါဘူး။ ပြပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။

 

🎨ပြပွဲခေါင်းစဉ် – OMOCHA: Japanese Toys Today

📅ပြပွဲဖွင့်ရက် – မတ်လ ၁၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့ )မှ မတ်လ ၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)ထိ (အပတ်စဉ် တနင်္လာနေ့များ ပိတ်သည်)

⏰ပြပွဲဖွင့်ချိန် – မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲထိ

📍နေရာ – ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်း။

🚌ဗျိုင်းရေအိုးစင်မှတ်တိုင်အနီး၊ ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

✨ ပြပွဲဝင်ကြေး အခမဲ့ဖြစ်တဲ့အပြင် ပုံမှန်လာရောက်ကြည့်ရှုဖို့အတွက် ကြိုတင်စာရင်းပေးစရာလည်း မလိုပါဘူး!

မှတ်ချက်။ ။ ကားပါကင်မရှိပါ။

 

ယနေ့ခေတ်ရဲ့ နာမည်ကျော် ဂျပန်ကစားစရာ အရုပ်အမှတ်တံဆိပ်နဲ့ အမျိုးအစားတွေကို ဗဟုသုတရဖွယ် တနေရာတည်းမှာ လေ့လာကြည့်ရှုနိုင်မှာဖြစ်လို့ လာရောက်ခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

~『IRODORI』ကိုသုံးပြီး စကားဝိုင်းပိုမိုကျယ်ပြန့်လာအောင် လုပ်ကြရအောင်~

◆『IRODORI』ကိုအသုံးပြုပြီး စကားပြောအတန်းများကို သင်ကြားချင်သော ဆရာ၊ဆရာမများ နဲ့ စကားပြောအတန်းများအတွက် အကြံဉာဏ်လိုချင်သော ဆရာ၊ဆရာမများထံသို့

☆ ယခုတစ်ခါမှာတော့ အခြေခံအဆင့်ပြီးမြောက်ထားသော ကျောင်းသားများအတွက် ပြန်လှန်လေ့ကျင့်ခြင်း နဲ့ စကားပြောလေ့ကျင့်ခန်းများတွင်『IRODORI』သင်ထောက်ကူအား အကျိုးရှိရှိ စီမံအသုံးပြုလို့ရမယ့်နည်းလမ်းများကို စဥ်းစားကြည့်ကြပါမယ်။

☆ဆရာ၊ဆရာမတို့ရဲ့စွမ်းရည်+AIအထောက်အပံ့ကိုပေါင်းစပ်ပြီး အခြေခံအဆင့်ပြီးမြောက်ထားသော ကျောင်းသားတွေအတွက် သင့်တော်ကိုက်ညီတဲ့ စကားပြောစာသားများကို အချိန်တိုတိုအတွင်း ပြုလုပ်နိုင်မယ့်နည်းလမ်းများကို လက်တွေ့လေ့လာကြည့်ကြရအောင်။

☆『IRODORI』ကို သုံးပြီး စကားပြောစွမ်းရည်ကို တိုးတက်အောင်လုပ်လို့ရနိုင်မယ့်နည်းလမ်းများကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

အသေးစိတ်အကြောင်းအရာများကို အောက်တွင်ဆက်လက်ဖတ်ရှုပေးကြပါ။

■ဆွေးနွေးပွဲနေ့ရက်နှင့်အချိန်:  ၂၀၂၆ခုနှစ်၊ မတ်လ ၇ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ၉:၀၀ ~ ၁၂:၀၀

■ကျင်းပမည့်ပုံစံ:Offline

■ကျင်းပမည့်နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ၏ ဒုတိယထပ်Seminarခန်း။

အမှတ်-၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

■အနီးဆုံးဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်။ ဘတ်စ်ကားနံပါတ်-၄၃၊ ၆၄၊ ၈၀။

■သတ်မှတ်ဦးရေ:၁၆ဦး။

■သင်တန်းကြေး:အခမဲ့။

※ဆွေးနွေးပွဲအတွင်း အင်တာနက်ကိုအသုံးပြုပါမယ်။ ကိုယ်ပိုင်ဖုန်း၊ ကိုယ်ပိုင်အင်တာနက်ဖြင့် ချိတ်ဆက်အသုံးပြုရမှာဖြစ်ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

■လျှောက်ထားနိုင်သူများ: မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေတဲ့『IRODORI』သင်ထောက်ကူအသုံးပြုလျက်ရှိသော ဆရာ၊ ဆရာမများ။ (JFS B1/JLPT N3အထက်)

※ဂျပန်လူမျိုး ဆရာ၊ ဆရာမများလည်း ပါဝင်နိုင်ပါတယ်။

■ယူဆောင်လာရမည့်အရာ: PCယူဆောင်လာပေးပါရန်။

■လျှောက်ထားရန်:အောက်ပါ Microsoft Form တွင် ဖြည့်သွင်းလျှောက်ထားပေးပါရန်။

Microsoft Form URL:

https://forms.office.com/r/wxwag5UuC8

■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ မတ်လ ၅ရက်နေ့ (ကြာသပတေးနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂:၀၀ နာရီ။

■ပါဝင်ခွင့်ရရှိကြောင်းအသိပေးချက်:ပါဝင်ခွင့်ရရှိသူများအား မတ်လ ၅ရက်နေ့ (ကြာသပတေးနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၂:၀၀ နာရီနောက်ပိုင်းမှစတင်ပြီး ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားပေးသွားပါမည်။

အားလုံးပါဝင်ပေးကြဖို့ကို စောင့်မျှော်လျက်ရှိပါတယ်။

ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာတွင်  လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း「Sura Sura တဒို့ခုပွဲ」ကို ကျင်းပလျက်ရှိပါတယ်။「တဒို့ခု」ဆိုသည်မှာ လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာဖြင့်ရေးထားသားသည့် စာအုပ်များကို ပျော်ပျော်ရွှင်ရွှင်နှင့် အများအပြားဖတ်ရှုသည့် လေ့လာနည်းတစ်ခုပဲ ဖြစ်ပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်သည့် Readingအတန်းချိန်နှင့်မတူဘဲ တဒို့ခုမှာဆိုရင် မိမိတို့နှစ်သက်တဲ့စာအုပ်ကို လွတ်လပ်စွာ ဖတ်ရှုနိုင်ပါတယ်။ N5 levelမှ N1 Levelအထိ မည်သူမဆို ပါဝင်ဖတ်ရှုနိုင်ပါတယ်။ ပါဝင်သူများကို 「တဒို့ခုစာဖတ်ကဒ်」ပြုလုပ်ပေးမှာ ဖြစ်ပြီး စာဖတ်ကဒ်တွင် အမှတ်၃ခုပြည့်တိုင်း တစ်ကြိမ်စီလက်ဆောင်ပစ္စည်းလေးတွေကို ထုတ်ယူနိုင်ပါတယ်။ 🎁 ဒါ့အပြင် တဒို့ခုစာအုပ်အသစ်တွေလည်း ရောက်ထားပါတယ်နော်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှာ ဂျပန်ဘာသာစာအုပ်များကို  အများအပြားဖတ်ရှုနိုင်ရန် အသင့်ပြင်ဆင်ပြီး စောင့်မျှော်လျှက်ရှိပါတယ်။ အတူတူ ပျော်ပျော်ရွှင်ရွှင် ဂျပန်ဘာသာစကားကို လေ့လာကြည့်ကြရအောင်!

 

အောက်ပါLinkမှတဆင့် ပထမအကြိမ် မှ ပဥ္စမအကြိမ်မြောက်အထိ ကျင်းပခဲ့သော တဒို့ခုရဲ့ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/v/16etkeorVu/

 

ကျင်းပမည့်နေ့ရက် နှင့် အချိန် :  ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၇ရက်နေ့ (သောကြာနေ့) နံနက် ၁၀:၀၀ မှ ၁၁:၃၀အထိ

ကျင်းပမည့်နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။

ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

ပါဝင်ကြေး :  အခမဲ့။

လျှောက်ထားနိုင်သည့်သူများ :  ဂျပန်ဘာသာစကားလေ့လာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ။

လျှောက်ထားရမည့်ပုံစံ : အောက်ဖော်ပြပါ Microsoft Form မှတဆင့် လျှောက်ထားပေးပါ။

Surasuraတဒို့ခုစာဖတ်ပွဲ လျှောက်လွှာဖောင် (27, Feb, 2026)  – Fill out form

လျှောက်လွှာပိတ်ချိန် : ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၅ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန်  နေ့လည် (၁၂)နာရီ

သတ်မှတ်ဦးရေ : ၃၀ဦး

*လျှောက်ထားသူများပြားသောအချိန်မျိုးတွင် လျှောက်လွှာဖောင်ကို စော၍ ပိတ်ခြင်းမျိုးလည်းရှိနိုင်ပါသဖြင့် နား လည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

★ Japan Foundation Yangon၏ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်:01-430920・ 01-430921

ဂျပန်စာလေ့လာနေတာကြာနေပြီဆိုပေမယ့် ဂျပန်လိုပြောမထွက်ဘူး… ဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောတဲ့အခါမှာ တစ်ဖက်လူပြောနေတာကို အကုန်နားလည်ပေမယ့် ဂျပန်လိုပြန်ပြောဖို့ ထွက်မလာဘူး၊ ဂျပန်စာ စကားပြောသင်တန်းတွေတက်ထားပေမယ့် လက်တွေ့ပြောဆိုမှုသိပ်မရှိလို့ ပြောမထွက်တော့ဘူး.. ဆိုတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသလား။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းအရာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ၂ လ ၁ ခါ ပြုလုပ်ပေးလျက်ရှိပါတယ်။ ‌ဖေဖော်ဝါရီလမှာတော့ မင်္ဂလာပွဲကျင်းပတာနဲ့ပတ်သက်တဲ့ “結婚式” ဆိုတဲ့အကြောင်းအရာနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတူညီမှု၊ ကွာခြားမှုတွေကို ဂျပန်လိုပြောဆိုဖလှယ်သွားမှာဖြစ်လို့  စိတ်ဝင်စားသူများပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။  ဂျပန်စာ N4 levelပဲ ရှိပေမယ့် ဂျပန်လို တက်တက်ကြွကြွ ပါဝင်ပြောဆိုလိုသူများလည်း လျှောက်ထားနိုင်ပါတယ်။

https://forms.office.com/r/7A5k9Ujvna?origin=lprLink

 

နေ့ရက်နှင့်အချိန်။ ။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ

သတ်မှတ်ဦးရေ။ ။ ၂၅ ဦး

ဂျပန်စာ levelသတ်မှတ်ချက်။ ။ N3 levelနှင့်အထက် (N4 levelများလည်းပါဝင်နိုင်ပါတယ်)

ကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)

အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်
ဘတ်စ်ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀

※ပွဲတွင်ပါဝင်နိုင်မည့်သူများကို ဂျပန်‌‌‌ဖောင်ဒေးရှင်းမှ ဖေဖော်ဝါရီလ ၂၃ ရက် (တနင်္လာနေ့)တွင် ဖုန်းဆက်အကြောင်းကြားသွားမှာဖြစ်ပါတယ်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG) သည် License Academy မှ စီစဉ်ကျင်းပသော Japan Education Fair 2026 in Yangon တွင် ပါဝင်သွားမည်ဖြစ်ပါတယ်။

ပွဲတွင် ဂျပန်ဘာသာလေ့လာရာတွင် အသုံးဝင်သော အွန်လိုင်းကွန်တန့်များကို မိတ်ဆက်ပေးခြင်းနှင့် ဂျပန်ဘာသာနဲ့ဆက်စပ်တဲ့ ပျော်စရာဂိမ်းတွေကိုလည်း ပြုလုပ်သွားဖို့  စီစဉ်ထားပါတယ်။

လာရောက်လည်ပတ်သူများအတွက် လက်ဆောင်များလည်း ရှိပါသဖြင့် အားလုံးပဲ သေချာပေါက်လာရောက်လည်ပတ်ကြပါနော်!🥳

 

💫 Japan Education Fair 2026 in Yangon အကျဉ်းချုပ် 💫

📅 ရက်စွဲ :၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် (စနေ) နှင့် ၂၂ ရက် (တနင်္ဂနွေ)

⏰ အချိန် :မနက် ၁၀:၀၀ မှ မွန်းလွဲ ၃:၀၀ ထိ

📍 နေရာ : M-Tower ၁၈ လွှာ

(အမှတ် ၅၂၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်)

🎫 ဝင်ကြေး : အခမဲ့

📝ပါဝင်ရန်:ကြိုတင်စာရင်းသွင်းရန်လိုအပ်ပါသည်။ အောက်ပါဖောင်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLScl4VHtFpJwo-zK4b-DkL4knwfoaOYHv2y0azwON1SKK3999g/viewform?usp=header

 

【ဆက်သွယ်ရန်】

Nice Myanmar

📞 ဖုန်း — 09-250430217၊ 09-408855622

📧 အီးမေးလ် — operation@nicemyanmartravel.com

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။