ဂျပန်ဖောင်ဒေးရှင်းရန်ကုန်တွင် လစဉ် ဂျပန်ရိုးရာဝတ်စုံ Yukata ကို ဝတ်ဆင်ကြည့်နိုင်မည့် Yukata Try-out အစီအစဉ်ကို ပြုလုပ်လျက်ရှိပါသည်။ ၂၀၂၀ ခုနှစ်အတွက် Yukata Try-out VIII ကို လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ပထမဦးဆုံးအကြိမ်ဝတ်ဆင်သူ ( Yukata လုံးဝ လုံးဝ မဝတ်ဖူးသူများ) ကို ဦးစားပေးသွားမည်ဖြစ်ပါသည်။ Yukata size မှာ ဂျပန်လူမျိုး အရွယ်ရောက်အမျိုးသား၊ အမျိုးသမီးဝတ် medium size ဖြစ်ပါသည်။
ယခုလအတွက် အစီအစဉ်တွင် မိန်းကလေး (၁၀) ယောက်၊ ယောကျ်ားလေး (၄)ယောက် စုစုပေါင်း ဆယ်လေးယောက် လက်ခံသွားမည်ဖြစ်ပြီး အမှန်တကယ် စိတ်ပါဝင်စားသူများသာ စာရင်းပေးသွင်းဖို့ မေတ္တာရပ်ခံချင်ပါသည်။ မိမိတို့၏ မိတ်ဆွေ၊ သူငယ်ချင်းများကိုပါ လေ့လာသူများအဖြစ်လည်း ခေါ်လာနိုင်ပါသည်။
Yukata ကို အပေါ်ကထပ်ပြီးဝတ်မည်ဖြစ်သည့်အတွက် ကော်လံမပါသော၊ ပေါ့ပါးသော အဝတ်အစားကို ဝတ်ဆင်လာရန် အကြံပြုချင်ပါသည်။ မှတ်ပုံတင်များကို ပွဲနေ့တွင် ယူဆောင်လာဖို့ လိုအပ်ပါသည်။ စာရင်းပေးသွင်းလိုပါက Japan Foundation, Yangon ၏ messanger မှတစ်ဆင့် မိမိအမည်နှင့် ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး စာရင်းပေးနိုင်ပါသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ (ေ
သာကြာ)နေ့ မနက် ၉ နာရီတွင် စာရင်းပိတ်မည်ဖြစ်သည်။
ကျပန်းရွေးချယ်သော စနစ်ဖြစ်တဲ့အတွက် မိမိ၏ သူငယ်ချင်းများနှင့်အတူ အဖွဲ့လိုက်စာရင်းပေးသူများအတွက် အဖွဲ့တစ်ခုလုံး ရွေးချယ်ခံရမည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။ ရွေးချယ်ခံရသူများကို သောကြာနေ့ နေ့လည်တွင် ဖုန်းဆက်အကြောင်းကြားမည်ဖြစ်ပြီး ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook page တွင်လည်း ပါဝင်မည့် လူစာရင်းကို ရွေးချယ်ပြီးဖြစ်တဲ့အကြောင်း ကြေငြာသွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူများကိုသာ ဖုန်းဆက်ပြီးအကြောင်းကြားမှာ ဖြစ်တဲ့အတွက် ဖုန်းလက်ခံမရရှိသောသူများသည် နောက်တစ်ကြိမ် ပြုလုပ်မည့် Yukata Try-out တွင် ပါဝင်ကြဖို့ အကြံပြုဖိတ်ခေါ်ချင်ပါတယ်။
“Yukata Try-out VIII”
နေ့ရက် : ၂၀၂၀ခုနှစ် ၊ ဇန်နဝါရီလ ၁၁ ရက် (စနေနေ့)
အချိန် : ၁ဝ နာရီမှ ၁၂ နာရီအထိ
သတ်မှတ်လူဦးရေ : ၁၄ ဦး ( မိန်းကလေး ၁၀ ဦး၊ ယေကျ်ားလေး ၄ ဦး)
နေရာ : ဂျပန်ဖောင်ဒေးရှင်း ၊ ရန်ကုန်
အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
အခမဲ့ လာရောက်ပါဝင်နိုင်ပါသည်။
国際交流基金は、日本での生活場面で求められる基礎的な日本語コミュニケーション力をCan-do Statement(「~できる」という課題遂行力を表す形)で記述した、「JF生活日本語Can-do」を開発・公開しました。そして、その「JF生活日本語Can-do」を学習目標にした新たな日本語教材を制作し、2020年3月末に公開します。
本セミナーでは、新教材の概要を説明し、模擬授業を通して新教材を体験することができます。
なお、説明は全て日本語で行われます。
※参加には申し込みが必要です。それぞれの会場のURLよりお申し込みください。
【マンダレー】
日時:2020年1月20日(月) AM9:00~AM11:45
場所:MABA 3階セミナールーム
Block-1, Unit-6, 2nd Floor (MABA office), Mingalar Mandalay, Water street, Chan Mya Tharzi Township, Mandalay
定員:60名
申し込みURL:https://docs.google.com/forms/d/e/1FAIpQLSf180LLvS1SqQodrmSbXbA6RP5gF1Sk0616djmQHGHd340GRQ/viewform?usp=sf_link
【内容】
1) 生活日本語のための教材(仮)概要説明
2) 新教材の体験学習
3) 体験学習の振り返り
【対象】
N3以上の日本語教師
【申し込み受付期間】
応募は先着順で受け付けます。定員に達し次第締め切ります。
2019年12月23日(月)2020年~1月16日(木)9:00AM(時間を過ぎてのお申し込みは受付いたしません)
【担当者】
雄谷マユミ、竹谷友里、坂田佑貴
【お問い合わせ先】
nihongo@jpf-mm.org
※年末年始は問い合わせへの返信が遅くなることがございますので、予めご了承ください。
国際交流基金は、日本での生活場面で求められる基礎的な日本語コミュニケーション力をCan-do Statement(「~できる」という課題遂行力を表す形)で記述した、「JF生活日本語Can-do」を開発・公開しました。そして、その「JF生活日本語Can-do」を学習目標にした新たな日本語教材を制作し、2020年3月末に公開します。
本セミナーでは、新教材の概要を説明し、模擬授業を通して新教材を体験することができます。
なお、説明は全て日本語で行われます。
※参加には申し込みが必要です。それぞれの会場のURLよりお申し込みください。
【ヤンゴン】
日時:2020年1月15日(水) AM9:00~AM11:45
2020年1月18日(土) AM9:00~AM11:45
場所:国際交流基金ヤンゴン日本文化センター 2階セミナールーム
No. 70, Nat Mauk Lane (1), Bahan Township, Yangon
定員:各回25名
申し込みURL: https://docs.google.com/forms/d/e/1FAIpQLSdR0h2Y6M22VUREDVfFkEM64em3YcEiuJ2iMjVCFfRtmWCVEg/viewform?usp=sf_link
【内容】
1) 生活日本語のための教材(仮)概要説明
2) 新教材の体験学習
3) 体験学習の振り返り
【対象】
N3以上の日本語教師
【申し込み受付期間】
応募は先着順で受け付けます。定員に達し次第締め切ります。
2019年12月23日(月)2020年~1月8日(水)PM4:00(時間を過ぎてのお申し込みは受付いたしません)
【担当者】
雄谷マユミ、竹谷友里、坂田佑貴
【お問い合わせ先】
nihongo@jpf-mm.org
※年末年始は問い合わせへの返信が遅くなることがございますので、予めご了承ください。
ဒီဇင်ဘာ၂၁ရက်နေ့ (စနေနေ့) နေ့လယ် ၂နာရီမှ ၄နာရီအထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှာ Nihongo Club ပြုလုပ်မှာဖြစ်ပါတယ်။ Nihongo Club ဆိုတာကတော့ ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ရွှင်စွာ စကားစမြည်ပြောဆိုကြမယ့် အစီအစဉ်ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ NIHONGO Partners အစီအစဉ်နဲ့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တက္ကသိုလ် ကျောင်းသားကျောင်းသူ ၁၂ဦးက ပါဝင်မှာဖြစ်ပြီး ဂျပန်ယဉ်ကျေးမှု၊ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ကျောင်းသားဘဝနဲ့ပတ်သက်ပြီး မိတ်ဆက်ပြောကြားမှာဖြစ်ပါတယ်။ ဂျပန်ဘာသာနဲ့ အားလုံးပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြရအောင်။
စာရင်းပေးသွင်းရန် – ဂျပန်ဖောင်ဒေးရှင်းရန်ကုန် FB Page (The Japan Foundation, Yangon) ၏ Message box သို့ အမည်၊ ဖုန်းနံပါတ်တို့ကို ပေးပို့၍ စာရင်းပေးသွင်းနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်သွားတာနဲ့ စာရင်းပိတ်မှာဖြစ်ပါတယ်။
နေ့ရက်/အချိန် -၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၁ရက် ( စနေနေ့ ) နေ့လယ် ၂ နာရီ မှ ၄ နာရီ အထိ
လူဦးရေ – ၂၀ဦး
ဘာသာစကား -ဂျပန်ဘာသာ
ဝင်ကြေး -အခမဲ့
လိပ်စာ – ဂျပန်ဖောင်ဒေးရှင်းရန်ကုန်
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
| စာမေးပွဲအကြောင်းအရာအသေးစိတ် |
| ရန်ကုန် |
စာမေးပွဲကျင်းပမည့်နေရာ |
စာမေးပွဲကျင်းပမည့်နေရာ (ရန်ကုန်မြို့တွင်း) အား ဖြေဆိုရန်စာရင်းပေးသွင်းပြီးလျှင် အကြောင်းကြားပါမည်။ |
| စာမေးပွဲကျင်းပမည့်နေ့ |
၂၀၂၁ ခုနှစ် မတ်လ ၁ ရက်၊ ၃ ရက် ~၁၉ ရက်
※ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်မှုအခြေအနေအရ ပြောင်းလဲခြင်းများရှိနိုင်ပါသည်။ |
| မန္တလေး |
စာမေးပွဲကျင်းပမည့်နေရာ |
စာမေးပွဲကျင်းပမည့်နေရာ (မန္တလေးမြို့တွင်း) အား ဖြေဆိုရန်စာရင်းပေးသွင်းပြီးလျှင် အကြောင်းကြားပါမည်။ |
| စာမေးပွဲကျင်းပမည့်နေ့ |
၂၀၂၁ ခုနှစ် မတ်လ ၈ ရက် ~၁၂ ရက်
※ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်မှုအခြေအနေအရ ပြောင်းလဲခြင်းများရှိနိုင်ပါသည်။ |
| စာမေးပွဲကြေး |
USD 22 ဒေါ်လာနှင့်ညီမျှသည့် မြန်မာကျပ်ငွေဖြင့်သာပေးချေရမည်။ |
| စာမေးပွဲလျှောက်လွှာ
တင်သွင်းခြင်း
နည်းလမ်း (စာမေးပွဲဖြေဆိုခွင့်လက်မှတ် voucher ဝယ်ယူခြင်း) |
၂၀၂၁ ခုနှစ် မတ်လမှစတင်၍ ပြုလုပ်မည့် စာမေးပွဲအတွက် လျှောက်လွှာတင်သွင်းခြင်းတွင်အသုံးပြုနိုင်သည့် စာမေးပွဲဖြေဆိုခွင့်လက်မှတ် (voucher) လျှောက်လွှာတင်သွင်းခြင်းများကို လက်ခံဆောင်ရွက်ပါမည်။
※စာမေးပွဲကျင်းပမည့်နေရာများတွင် ဖြေဆိုခွင့်လက်မှတ် (voucher) ရောင်းချခြင်းနှင့် ၎င်းနှင့် ပတ်သက်သော အသိပေးခြင်းများမပြုလုပ်ပါ။
လျှောက်လွှာပုံစံ
⇓
| ဇန်နဝါရီလ ၂၉ ရက် (သောကြာနေ့) မနက် ၉ နာရီ (ဒေသစံတော်ချိန်) မှစတင်ကာ လျှောက်လွှာတင်သွင်းရမည့် ဝက်ဘ်ဆိုဒ်တွင် စာမေးပွဲဖြေဆိုခွင့်လက်မှတ် (voucher) လျှောက်လွှာတင်သွင်းခြင်းကို လက်ခံဆောင်ရွက်မည်။
・လျှောက်လွှာတင်သွင်းရမည့်ဝက်ဘ်ဆိုဒ်၏URLအား ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ် တွင် ထုတ်ပြန်မည်ဖြစ်သည်။
・ဦးရာလူစနစ်ဖြစ်သည်။
・လျှောက်လွှာတင်သွင်းရာတွင် Prometric IDလိုအပ်မည်ဖြစ်သည့်အတွက် ကြိုတင်၍ Prometric IDကိုပြုလုပ်ပါ။ |
⇓
| ဖေဖော်ဝါရီလ ၃ ရက် (ဗုဒ္ဓဟူးနေ့) တွင် စာမေးပွဲဖြေဆိုခွင့်လက်မှတ် (voucher) အတွက် ငွေပေးချေခြင်း နှင့်စပ်လျဉ်းသော အချက်အလက်များကို အီးမေးလ်ဖြင့်အကြောင်းကြားပါမည်။ |
⇓
| စာမေးပွဲကြေးပေးချေပြီးနောက်တွင် စာမေးပွဲဖြေဆိုခွင့်လက်မှတ် (voucher)နံပါတ်ကို Prometricမှ အီးမေးလ်ဖြင့် အကြောင်းကြားမည်ဖြစ်သည်။
※စာမေးပွဲဖြေဆိုခွင့်လက်မှတ် (voucher) အတွက် ငွေပေးချေရန်ကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် (ကြာသပတေးနေ့) မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက် (တနင်္လာနေ့)
※စာမေးပွဲဖြေဆိုခွင့်လက်မှတ် (voucher) အတွက် ငွေပေးချေခြင်းနှင့်ပတ်သက်သည်များသည် စာမေးပွဲဖြေဆိုခွင့်လက်မှတ် (voucher) အတွက် ငွေပေးချေခြင်း နှင့်စပ်လျဉ်းသော အချက်အလက်များကို အကြောင်းကြားသော အီးမေးလ်တွင်သာ ပါရှိမည်ဖြစ်သည်။ |
⇓
| ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် (ကြာသပတေးနေ့) မှစ၍ Prometric ၏ ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် စာမေးပွဲဖြေဆိုရန်စာရင်းသွင်းပါမည်။
※စာမေးပွဲဖြေဆိုရန်စာရင်းသွင်းခြင်းတွင် voucherနံပါတ်သည်အရေးကြီးပါသည်။ |
|
| စာမေးပွဲနေ့တွင်ယူဆောင်လာရမည့်စာရွက်များ |
・အတည်ပြုစာ (Confirmation Letter)
・အောက်ပါကိုယ်ရေးမှတ်ပုံတင်စာရွက်စာတမ်းများထဲမှတစ်ခု
- နိုင်ငံကူးလက်မှတ် (Passport)
- နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုတြီဘာသာပြန်မိတ္ထူ (မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာ) (ID(NRC)with Notarial Translation)
- ယာဉ်မောင်းလိုင်စင်
※Prometric IDပြုလုပ်ချိန်တွင်ထည့်သွင်းခဲ့သော အင်္ဂလိပ်ဘာသာဖြင့်နာမည်စာလုံးပေါင်းနှင့် ကိုယ်ရေးအချက်အလက်စီစစ်အတည်ပြုအထောက်အထား၏ အင်္ဂလိပ်ဘာသာပြန် နာမည်စာလုံးပေါင်းသည် တစ်ထပ်တည်းကျရန်လိုအပ်ပါသည်။
※ID (NRC)ကို ကိုယ်ရေးအချက်အလက်စိစစ်အတည်ပြုအထောက်အထား အဖြစ် အသုံးပြုချိန်တွင် နိုတြီရုံးသို့တောင်းဆိုကာပြုလုပ်ဆောင်ရွက်ပေးလိုက်သော အင်္ဂလိပ်ဘာသာဖြင့်ဘာသာပြန်ဆိုထားသည့် ထောက်ခံစာ (Notary)ကိုယူဆောင်လာပါ။ |
စာမေးပွဲဖြေဆိုသည့်နေ့အတွက်
|
စာမေးပွဲမဖြေဆိုမီ စာမေးပွဲဖြေဆိုခြင်း ကို ဖတ်ရှုထားပါ |
| စာမေးပွဲဖြေဆိုခြင်းနှင့်
ပတ်သက်သော
စုံစမ်းမေးမြန်းခြင်း
|
・Prometric Customer Service Center
အင်္ဂလိပ်ဘာသာ/ ဂျပန်ဘာသာဖြင့်စုံစမ်းမေးမြန်းရန်
ဖုန်းနံပါတ် 08008008032 (ခေါ်ဆိုမှုအခမဲ့)
မြန်မာဘာသာဖြင့်စုံစမ်းမေးမြန်းရန်
ဖုန်းနံပါတ် 09977532789 (ခေါ်ဆိုမှုအခမဲ့မဟုတ်ပါ)
|
※ဖောင့်ထည့်သွင်းထားခြင်းမရှိသော ကွန်ပျူတာ၊ စမတ်ဖုန်းစသည်တို့တွင် မြန်မာဘာသာစကားမပေါ်သည်များလည်း ရှိနိုင်သည်။
JFT-Basic ဆိုသည်မှာ
၁။ စာမေးပွဲကျင်းပရခြင်းရည်ရွယ်ချက်
ဂျပန်ဖောင်ဒေးရှင်းဂျပန်ဘာသာအခြေခံစာမေးပွဲ (Japan Foundation Test for Basic Japanese၊ အတိုကောက်အခေါ်- JFT-Basic) သည် အဓိကအားဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့် နိုင်ငံခြားသားများအနေဖြင့် နေ့စဉ်နေထိုင်မှုဘဝတွင် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာ၍ “အတိုင်းအတာတစ်ခုအထိ နေ့စဉ်သုံးစကားပြောများ တတ်မြောက်ပြီး နေထိုင်မှုဘဝတွင် အခက်အခဲမရှိသည့် ဂျပန်ဘာသာစွမ်းရည်” ရှိမရှိကို အဆုံးအဖြတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်သည်။ ဤစာမေးပွဲသည် ဥရောပဘာသာစကားဆိုင်ရာ ဘုံရည်ညွှန်းချက်မူဘောင် (CEFR: Common European Framework of Reference for Languages: Learning, teaching, assessment) ၊ တစ်နည်အားဖြင့်၊ CEFR အတိုင်း ဂျပန်ဖောင်ဒေးရှင်းမှ “အပြန်အလှန် နားလည်ရန်အတွက် ဂျပန်ဘာသာစကား” အတွေးအခေါ်ကို အခြေခံသည့် ဂျပန်ဘာသာသင်ကြားရေးမူဘောင်အဖြစ် သတ်မှတ်ခဲ့သည့် “JF ဂျပန်ဘာသာစကားသင်ကြားမှုစံနှုန်း” (JF-Standard) အပေါ်အခြေခံ၍ “ ဂျပန်ဘာသာကိုအသုံးပြုပြီး မည်သည့်အရာကို မည်မျှလုပ်နိုင်သနည်း ” ဆိုသည်ကို တိုင်းတာမည်ဖြစ်ပါသည်။
JFT-Basic ကို ၂၀၁၉ခုနှစ် ဧပြီလ ၁ရက်နေ့မှ စတင်ခဲ့သည့် နေထိုင်ခွင့်ဗီဇာ (ကျွမ်းကျင်လုပ်သား အမှတ် ၁) ရရှိနိုင်ရန်အတွက် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာသည့် စာမေးပွဲအဖြစ်လည်း အသုံးပြုသည်။ကျွမ်းကျင်လုပ်သားစနစ်နှင့်ပတ်သက်သော အချက်အလက်များကို အောက်တွင် လေ့လာ နိုင်ပါသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် (မြန်မာဘာသာ)
အထူးကျွမ်းကျင်လုပ်သားအထွေထွေအထောက်အကူပြုဝက်ဘ်ဆိုဒ် (ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးအေဂျင်စီ)
၂။ စာမေးပွဲသတ်မှတ်ချက်
ဂျပန်ဘာသာသည် မိခင်ဘာသာစကားမဟုတ်သော နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ ဤစာမေးပွဲကို ကျင်းပခြင်းဖြစ်သည်။ အဓိကအားဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့် နိုင်ငံခြားသားများအတွက် ရည်ရွယ်ပါသည်။
၃။ စစ်ဆေးမည့်ပုံစံ
ဤစာမေးပွဲအား ကွန်ပျူတာစနစ်ကို အခြေခံသည့်ပုံစံ (CBT : Computer Based Testing)ဖြင့် ကျင်းပမည်ဖြစ်သည်။ နိုင်ငံအသီးသီးရှိ စာစစ်ဌာနများတွင် ကွန်ပျူတာကို အသုံးပြု၍ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေဆိုခြင်းများ ပြုလုပ်ပါမည်။ ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည့် မေးခွန်းနှင့် နားကြပ်မှတစ်ဆင့် ကြားရသည့်အသံများကို နားထောင်၍ ကွန်ပျူတာမျက်နှာပြင်ပေါ်မှတစ်ဆင့် ဖြေဆိုရမည်ဖြစ်သည်။

ပုံ ၁ CBT မျက်နှာပြင်ပုံရိပ်
ကွန်ပျူတာမျက်နှာပြင်အလယ်ဗဟိုဧရိယာတွင် မေးခွန်းနှင့် ရွေးချယ်ရမည့်အဖြေများကို ဖော်ပြထားပါသည်။ ထို့ပြင် ကွန်ပျူတာမျက်နှာပြင်တစ်ဝိုက်တွင် မေးခွန်းကဏ္ဍအမည်၊ စာမေးပွဲအမည်၊ ကျန်ရှိသောအချိန်နှင့် ဖြေဆိုမှုအခြေအနေ စသည်တို့ကို ဖော်ပြထားသည်။

ပုံ ၂ မေးခွန်းမျက်နှာပြင်ပုံရိပ်

ပုံ ၃ မိမိနိုင်ငံ၏ဘာသာစကားဖြင့်ဖတ်ရှုနိုင်သည့်ပုံရိပ်
ဤစာမေးပွဲတွင် မေးခွန်းအား အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည်။ Your Language ခလုတ်ကို နှိပ်လိုက်ပါက *မိမိနိုင်ငံ၏ ဘာသာစကားဖြင့် မေးခွန်းကို ဖတ်ရှုနိုင်မည်ဖြစ်သည်။
မေးခွန်းအဓိပ္ပာယ်၊ အခြေအနေများကို သဘောပေါက်နားလည်အောင် သေချာစွာဖတ်၍ ဖြေဆိုပါ။ နားထောင်သဘောပေါက်ခြင်းကဏ္ဍတွင် Play ခလုတ် ကိုနှိပ်ပါက အသံထွက်ပေါ်လာမည်ဖြစ်ပြီး ၂ ကြိမ်အထိ နားထောင်နိုင်မည်ဖြစ်သည်။ ဖြေဆိုလိုသည့်အဖြေကို click နှိပ်၍ ရွေးချယ်ပါ။ ရွေးချယ်ထားသည့် အဖြေ သည် အရောင်ပြောင်းသွားမည်။
*မိမိနိုင်ငံ၏ဘာသာစကားဆိုသည်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Your Language 1 : အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ အင်ဒိုနီးရှားဘာသာ၊ ခမာဘာသာ၊ မွန်ဂိုဘာသာ၊ မြန်မာဘာသာ၊ နီပေါဘာသာ၊ ထိုင်းဘာသာ၊ ဗီယက်နမ်ဘာသာ
Your Language 2 : ဥဇဘက်ဘာသာ
(သက်ဆိုင်ရာအချက်အလက်များ)
စာမေးပွဲကွန်ပျူတာမျက်နှာပြင်အား အသုံးပြုပုံနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက အောက်တွင် လေ့လာနိုင်ပါသည်။
(မြန်မာဘာသာဖြင့်)
(ဂျပန်ဘာသာဖြင့်)
https://youtu.be/eU7IW4bc3y0
(အင်္ဂလိပ်ဘာသာဖြင့်)
https://youtu.be/WbKVWhxGdEQ
၄။ စာမေးပွဲဖွဲ့စည်းပုံ
ဤစာမေးပွဲတွင် စကားလုံးများနှင့်ဝေါဟာရများ၊ စကားပြောနှင့်ဖော်ပြချက်များ၊ နားထောင်သဘောပေါက်ခြင်း၊ ဖတ်ရှုသဘောပေါက်ခြင်း စသည့် အပိုင်း(၄)ပိုင်း ပါဝင်ပါမည်။ ဤစာမေးပွဲဖွဲ့စည်းပုံနှင့် မေးခွန်းအသီးသီး၏ ရည်ရွယ်ချက်မှာ ဇယား(၁)အတိုင်းဖြစ်သည်။
ဇယား(၁) စာမေးပွဲဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်
| မေးခွန်းကဏ္ဍ |
မေးခွန်းကဏ္ဍများ၏ရည်ရွယ်ချက် |
မေးခွန်းခေါင်းစဉ် |
မေးခွန်းပုံစံ |
စကားလုံးများ
နှင့်
ဝေါဟာရများ
( မေးခွန်း ၁၂ ခုခန့် ) |
နေ့စဉ်လူနေမှုဘဝတွင်အသုံးပြုရမည့် ဂျပန်ဘာသာ စကားလုံးများကို ဖတ်နိုင်ခြင်းရှိမရှိ၊ အခြေဝေါဟာရများကို သိရှိထားပြီးအသုံးချ
နိုင်ခြင်းရှိမရှိကို စစ်ဆေးပါမည်။ |
စကားလုံးများ၏အဓိပ္ပာယ် |
စကားလုံးများ၏ အဓိပ္ပာယ်ကိုမေးမြန်းခြင်း |
| စကားလုံးအသုံးများ |
စကားလုံးအသုံးများကိုမေးမြန်းခြင်း |
| ခန်းဂျိအသံထွက် |
ခန်းဂျိဖြင့်ရေးသားထားသောစကားလုံး၏အသံထွက်ကို
ဟိရဂနဖြင့်မေးမြန်းခြင်း |
| ခန်းဂျိ၏အဓိပ္ပာယ်နှင့်အသုံးများ |
ခန်းဂျိဖြင့်ရေးသားထားသောစကားလုံး၏အဓိပ္ပာယ်နှင့်အသုံးများ
ကိုမေးမြန်းခြင်း |
စကားပြောနှင့်
ဖော်ပြချက်များ(မေးခွန်း ၁၂ ခုခန့်) |
နေ့စဉ်လူမှုဘဝ၏စကားပြောများတွင်လိုအပ်သည့်သဒ္ဒါနှင့် ဖော်ပြချက်များ အသုံးပြုနိုင်ခြင်းရှိမရှိ စစ်ဆေးပါမည်။ |
သဒ္ဒါ |
စကားပြောများ၏စကားဆက်များနှင့်ကိုက်ညီသည့်သင့်တော်သောသဒ္ဒါကိုအသုံးပြုနိုင်ခြင်းရှိမရှိမေးမြန်းခြင်း |
| ဖော်ပြချက် |
စကားပြောများ၏စကားဆက်များနှင့် ကိုက်ညီသည့် သင့်တော်သောဖော်ပြချက်ကိုသုံးနိုင်ခြင်းရှိမရှိမေးမြန်းခြင်း |
နားထောင် သဘောပေါက်ခြင်း
( မေးခွန်း ၁၂ ခုခန့် ) |
နေ့စဉ်လူနေမှုဘဝတွင် စကားပြောနှင့်ညွှန်ကြား ချက်များကိုနားထောင်ပြီး နားလည်သဘောပေါက်ခြင်း
ရှိမရှိကိုစစ်ဆေးပါမည်။ |
အကြောင်းအရာကိုနားလည်ခြင်း(လူမှုဆက်ဆံရေးပြောစကားများ) |
သတင်းအချက်အလက်များနှင့်လူမှုဆက်ဆံရေးပြောစကားများကို နားထောင်ပြီးအကြောင်းအရာကိုနားလည်ခြင်းရှိမရှိမေးမြန်းခြင်း |
| အကြောင်းအရာကို နားလည်ခြင်း(ဆိုင်နှင့်အများပြည်သူနှင့် ဆိုင်သောနေရာများတွင်ပြောသောစကားများ) |
ဆိုင်နှင့်အများပြည်သူနှင့်ဆိုင်သောနေရာများတွင်ပြောသော စကားများကိုနားထောင်ပြီး အကြောင်းအရာကို နားလည်ခြင်း ရှိမရှိမေးမြန်းခြင်း |
| အကြောင်းအရာကို နားလည်ခြင်း(ညွှန်ကြားချက်နှင့် အသိပေးကြေညာချက်များ) |
ညွှန်ကြားချက်နှင့်အသိပေးကြေညာချက်၊ အသံလွှင့်ခြင်းစသည်တို့ကိုနားထောင်ပြီး အကြောင်းအရာကို နားလည်ခြင်းရှိမရှိ မေးမြန်းခြင်း |
ဖတ်ရှုသဘောပေါက်ခြင်း
( မေးခွန်း ၁၂ခုခန့် ) |
နေ့စဉ်လူနေမှုဘဝတွင် အသုံးပြုနေသည့် ပေးစာနှင့်ကြော်ငြာစာ၊ ရှင်းလင်းချက် စသည်တို့ကို ဖတ်ပြီး နားလည်သဘောပေါက်ခြင်းရှိမရှိ စစ်ဆေးပါမည်။ |
အကြောင်းအရာကိုနားလည်ခြင်း |
ပေးစာ၊ ပို့စာစသည့် တိုတောင်း၍လွယ်ကူသည့်စာကြောင်းများကို ဖတ်ပြီးအကြောင်းအရာကိုနားလည်ခြင်းရှိမရှိမေးမြန်းခြင်း |
| သတင်းအချက်အလက် ရှာဖွေခြင်း |
နေ့စဉ်မြင်တွေ့နေကျဖြစ်သောဆိုင်းဘုတ်၊ကြော်ငြာစာ၊ စာရွက်စာတမ်း အစရှိသည်တို့မှလိုအပ်သောသတင်းအချက်အလက်များကိုရှာဖွေဖော်ထုတ်နိုင်ခြင်းရှိမရှိမေးမြန်းခြင်း |
မေးခွန်း ၅၀ ခုခန့် မေးထားမည်ဖြစ်ပြီး ဖြေဆိုချိန်မှာ မိနစ် ၆၀ ဖြစ်ပါသည်။ မေးခွန်းကဏ္ဍအလိုက် ဖြေဆိုမှုကြာချိန်ကို ကန့်သတ်ထားခြင်းမရှိပါ။ မေးခွန်းကဏ္ဍတစ်ခုတည်းအတွင်းတွင်ဖြစ်ပါက အချိန်မရွေး ပြင်ဆင်ခြင်း၊ ထပ်မံဖြေဆိုခြင်း ပြုနိုင်ပါသည်။ သို့သော် နောက်ထပ်မေးခွန်းကဏ္ဍတစ်ခုသို့ ပြောင်းလိုက်ပြီးပါက ရှေ့တွင်ဖြေဆိုခဲ့သော မေးခွန်းကဏ္ဍသို့ပြန်သွားပြီး ဖြေဆိုခြင်းမျိုး မပြုနိုင်တော့ပါ။ ထို့အပြင် နားထောင်သဘောပေါက်ခြင်းကဏ္ဍတွင် မေးခွန်းများကို ရှေ့နောက်ပြောင်းပြီး ပြင်ဆင်ခြင်း၊ ထပ်မံဖြေဆိုခြင်းများ မပြုလုပ်နိုင်ပါ။
၅။ စာမေးပွဲအဆင့်သတ်မှတ်ချက်
ဤစာမေးပွဲသည် JF Standard မှ ဂျပန်ဘာသာစွမ်းရည်အဆင့်သတ်မှတ်ချက်အဖြစ် အသုံးပြုနေသည့် CEFR ၏ မူဘောင်အတိုင်း “ ဂျပန်ဘာသာကိုအသုံးပြုပြီး မည်သည့်အရာကို မည်မျှလုပ်နိုင်သနည်း ” ဆိုသည့် လုပ်ဆောင်မှုစွမ်းရည်အဆင့်ကို ရည်ညွှန်းဖော်ပြပါသည်။ လုပ်ဆောင်မှုစွမ်းရည်ကို Can-do ( လုပ်နိုင်သည် ) ဆိုသည့် စာလုံးဖြင့်ဖော်ပြပြီး၊ A1၊ A2၊ B1၊ B2၊ C1၊ C2 ဟူ၍ အဆင့် ၆ ဆင့် သတ်မှတ်ထားသည်။
အဆင့်များပုံစံကို အောက်ပါပုံ၄တွင် လေ့လာနိုင်သည်။

ပုံ ၄ Can-do ၏ အဆင့်၆ဆင့်
ဤစာမေးပွဲတွင် CEFR ၊ JF Standard ၏ A1 ၊ A2 အဆင့်၏ Can-do ကို အခြေခံထားသည့် မေးခွန်းများ ပါဝင်မည်ဖြစ်ပြီး စကားလုံးများနှင့်ဝေါဟာရများ၊ စကားပြောနှင့်ဖော်ပြချက်များ၊ နားထောင်သဘောပေါက်ခြင်း၊ ဖတ်ရှုသဘောပေါက်ခြင်း စသည့် အပိုင်း(၄)ပိုင်းမှတစ်ဆင့် ယေဘုယျအားဖြင့် ဂျပန်နိုင်ငံတွင် နေထိုင်စဉ်ကာလအတွင်း နေ့စဉ်နေထိုင်မှုတွင် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာခြင်းဖြစ်သည်။ လုပ်ငန်းခွင်ဝင်ရောက်ရန်အတွက်လိုအပ်သော “ အတိုင်းအတာတစ်ခုအထိ နေ့စဉ်သုံးစကားပြောများ တတ်မြောက်ပြီး နေထိုင်မှုဘဝတွင် အခက်အခဲမရှိသည့် အနေအထား ” ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် A2 အဆင့်ရှိ ဂျပန်ဘာသာစွမ်းရည်ပိုင်ဆိုင်ထားခြင်း ရှိမရှိကို စစ်ဆေးဆုံးဖြတ်ပါမည်။
A2 အဆင့်သတ်မှတ်ချက်မှာ အောက်ပါဇယား၂ ၏ အလယ်တွင်ရှိပါသည်။
ဇယား ၂ A2 အဆင့်သတ်မှတ်ချက် (အခြားအဆင့်သတ်မှတ်ချက်များနှင့် နှိုင်းယှဉ်ပြခြင်း )
| အဆင့် |
အဆင့်သတ်မှတ်ချက် |
| B1 |
- လုပ်ငန်းခွင်၊ ကျောင်း၊ အပန်းဖြေနေရာများတွင် ပုံမှန်မြင်တွေ့နေကျ အကျွမ်းတဝင်ရှိပြီးသား အကြောင်းအရာများနှင့်ပတ်သက်သည့် နေ့စဉ်သုံးစကားပြောများဖြစ်ပါက စံပြုနိုင်သောစကားသုံးများဖြစ်ပါက အဓိကကျသောအချက်များကို နားလည်သဘောပေါက်နိုင်သည်။
- ထိုစကားလုံးများသုံးနှုန်းပြောဆိုသောဒေသသို့ သွားရောက်ချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်သည်။
- အကျွမ်းတဝင်ရှိပြီသား ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများအပေါ်တွင် ရိုးရှင်းသောနည်းလမ်းဖြင့် ချိတ်ဆက်နိုင်ပြီး ၎င်းနှင့်ဆက်စပ်သော စကားများကိုလည်း ဖန်တီးနိုင်သည်။ အတွေ့အကြုံ၊ အဖြစ်အပျက်၊ အိပ်မက်၊ ဆန္ဒ၊ ရည်မှန်းချက်များအကြောင်း ရှင်းလင်းပြောဆိုနိုင်ပြီး အတွေးအမြင်နှင့် စီမံကိန်းအကြောင်းအရင်း၊ ရှင်းလင်းချက်များကို လိုရင်းတိုရှင်းပြောဆိုနိုင်သည်။
|
| A2 |
- အခြေခံကျသော ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် မိသားစု အချက်အလက်များ ၊ ဈေးဝယ်ထွက်ခြင်း၊ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင် စသည့် တိုက်ရိုက်ဆက်စပ်မှုရှိသော နယ်ပယ်များနှင့်ပတ်သက်၍ အသုံးများသော စကားလုံးများနှင့် အသုံးအနှုန်းဖော်ပြချက်များကို သိရှိနားလည်သည်။
- ရိုးရှင်းသောနေ့စဉ်လုပ်ငန်းများဖြစ်ပါက အကျွမ်းတဝင်ရှိပြီးသားအကြောင်းအရာများနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုဖလှယ်နိုင်သည်။
- မိမိအကြောင်းအရာ၊ မိမိပတ်ဝန်းကျင်ရှိအခြေအနေများနှင့် တိုက်ရိုက်အားဖြင့် ပတ်သက်ဆက်နွယ်မှုရှိသည့် နယ်ပယ်များ၏ အကြောင်းကို ရိုးရှင်းလွယ်ကူသော စကားလုံးများဖြင့် ရှင်းလင်းပြောကြားနိုင်သည်။
|
| A1 |
- လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် အသုံးများလေ့ရှိသော နေ့စဉ်သုံးစကားအသုံးအနှုန်းများ၊ အခြေခံအဓိပ္ပာယ်တူသောစကားပြောများကို နားလည်အသုံးချနိုင်သည်။
- မိမိကိုယ်ကိုမိတ်ဆက်ခြင်းနှင့် အခြားသူများအား မိတ်ဆက်ခြင်းတို့ကို ပြုလုပ်နိုင်ပြီး မိမိနေထိုင်သည့်နေရာ၊ မိမိနှင့်သိကျွမ်းသူများ၊ မိမိ၏ပိုင်ဆိုင်မှု စသည့် ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များအား မေးမြန်းခြင်းနှင့် ပြန်လည်ဖြေဆိုခြင်းများ ပြုလုပ်နိုင်သည်။
- အကယ်၍ တစ်ဖက်လူမှ ဖြည်းဖြည်းနှင့် ရှင်းလင်းပြတ်သားစွာ ပြောဆိုပြီး နားလည်အောင်ပြောပေးပါက အပြန်အလှန် စကားပြောဆိုနိုင်သည်။
|
CEFR၏ဘုံမူဘောင်ကိုးကားချက်အဆင့် : ယေဘုယျတိုင်းတာမှုအဆင့်
၆။ စာမေးပွဲရလဒ်အားအကြောင်းကြားခြင်း
စာမေးပွဲရလဒ်ကို ဖြေဆိုသူထံသို့ အောက်ပါအတိုင်း အကြောင်းကြားပါမည်။
| စာမေးပွဲဖြေဆိုသည့်နေ့ |
စာမေးပွဲပြီးဆုံးပါက ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် စုစုပေါင်းရမှတ်နှင့် စာမေးပွဲရလဒ်ကို ဖော်ပြပါမည်။ |
| စာမေးပွဲပြီးနောက် ရုံးဖွင့်ရက် ၅ ရက်အတွင်း |
ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် Log in ဝင်လိုက်ပါက တရားဝင်စာမေးပွဲရလဒ် အကြောင်းကြားစာပေါ်လာမည်ဖြစ်ပြီး ထိုအကြောင်းကြားစာကိုပရင့်ထုတ်ယူနိုင်ပါသည်။ |
စာမေးပွဲရလဒ်အကြောင်းကြားစာတွင် စုစုပေါင်းရမှတ်နှင့် ၎င်းရမှတ်ပေါ်တွင်အခြေခံဆုံးဖြတ်ထားသည့် စာမေးပွဲရလဒ် ပါရှိပါမည်။ စုစုပေါင်းရမှတ်သည် အဖြေမှန်အရေအတွက်အတိုင်း ရေတွက်ခြင်းမဟုတ်ဘဲ ပျမ်းမျှခြင်း ဟု ခေါ်သည့် စာရင်းအင်းတွက်ချက်မှုများဖြင့် တွက်ချက်ထားသည့် အတိုင်းအတာအမှတ်များဖြင့် ဖော်ပြပါမည်။ စုစုပေါင်းပေးမှတ်သည် ၁၀ မှတ် မှ ၂၅၀ မှတ် အထိ ဖြစ်သည်။ စုစုပေါင်းရမှတ်သည် ရလဒ်စံနှုန်းအမှတ် (အမှတ် ၂၀၀) အထက်ရရှိပါက “အတိုင်းအတာတစ်ခုအထိ နေ့စဉ်သုံးစကားပြောများ တတ်မြောက်ပြီး နေထိုင်မှုဘဝတွင် အခက်အခဲမရှိသည့် ဂျပန်ဘာသာစွမ်းရည်စံနှုန်းနှင့် ပြည့်မီသည်”ဟု သတ်မှတ်ပါသည်။ ထို့အပြင် ကိုးကားအချက်အလက်များအဖြစ် မေးခွန်းကဏ္ဍတစ်ခုချင်းစီ၏ အဖြေမှန်ကန်မှုနှုန်းကို ဖော်ပြသွားပါမည်။

ဇယား ၅ စာမေးပွဲရလဒ်အကြောင်းကြားစာပုံ
စာမေးပွဲရလဒ်အကြောင်းကြားစာ၏ ဒုတိယမြောက်စာမျက်နှာတွင် ဂျပန်ဘာသာစွမ်းရည်စံနှုန်း အချက်အလက်များ အကြောင်း ရှင်းပြထားပါသည်။ အသေးစိတ်အကြောင်းအရာကို ၅။ စာမေးပွဲအဆင့်သတ်မှတ်ချက် တွင် ကြည့်ရှုပါ။
၇။ မေးခွန်းနမူနာ
JFT-Basic ၏ မေးခွန်းနမူနာများကို လေ့လာနိုင်ပါသည်။ မေးခွန်းကဏ္ဍ ၄ ခု၏ ကဏ္ဍ ၁ ခုချင်းစီ ၏ ခေါင်းစဉ် ၁ ခုလျှင် မေးခွန်း ၁ ခုနှုန်းဖြင့် စုစုပေါင်း နမူနာမေးခွန်း ၁၁ ခုကို ဖော်ပြထားပါသည်။ ခေါင်းစဉ် အသီးသီး၏ မေးခွန်းပုံစံ၊ အကြောင်းအရာ၊ အဆင့်ပုံစံများကို လေ့လာနိုင်သည်။
※လက်တွေ့စာမေးပွဲ၏ မေးခွန်းမျက်နှာပြင်နှင့် ကွဲပြားခြားနားမှုရှိနိုင်ပါသည်။
၈။ စာမေးပွဲရှင်းလင်းချက်
အထက်ဖော်ပြပါ JFT-Basic ၏ အကြောင်းအရာများကို တစ်စုတစ်စည်းတည်း သိရှိနိုင်အတွက် Slide ပုံစံဖြင့် ပြုစုထားသော စာရွက်စာတမ်းဖြစ်ပါသည်။ (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ) လွတ်လပ်စွာ ဒေါင်းလုတ်ရယူနိုင်ပါသည်။
စာမေးပွဲရှင်းလင်းချက် စာရွက်စာတမ်း (PDF: 2.6MB)
စာမေးပွဲဖြေဆိုခြင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် (အင်္ဂလိပ်ဘာသာ/ ဂျပန်ဘာသာဖြင့်)
ဖုန်းနံပါတ် – 08008008032 (ခေါ်ဆိုမှုအခမဲ့)
မြန်မာဘာသာဖြင့်စုံစမ်းမေးမြန်းရန်
ဖုန်းနံပါတ် 09977532789 (ခေါ်ဆိုမှုအခမဲ့မဟုတ်ပါ)
အီးမေးလ် – customersupportenglishJLFW@prometric.com
မေးမြန်းနိုင်သည့်အချိန် – တနင်္လာနေ့ မှ သောကြာနေ့၊ မြန်မာစံတော်ချိန် မနက် ၉နာရီမှ ညနေ၅နာရီအထိ
(စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များမှအပ)
ဖုန်းခေါ်ဆိုမေးမြန်းသူများ ဖုန်းခေါ်ဆိုခကုန်ကျခြင်းမရှိပါ။
ပြသမည့် ရုပ်ရှင်
HER BROTHER (Otouto) (1960 / 98min)
Director : Kon Ichikawa
နေ့ရက် – 12th December 2019
အချိန် – 6:30 PM
နေရာ – The Japan Foundation,
အမှတ် (၇၀) နတ်မောက်လမ်းသွယ် (၁) ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
Door open – 6:00 PM
အင်္ဂလိပ် စာတန်းထိုး
with English Subtitles
ရုပ်ရှင် ပြ အပြီးတွင် 3-Act Film Magazine ၏ editor ကိုအောင်ဖြိုးမှ ဆွေးနွေးမည် ဖြစ်ပါသည်။
ဝင်ကြေးအခမဲ့ ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို လာရောက် ကြည့်ရှုနိုင်ပါသည်။ Free Admission.
Story
Gen is 17 and only three years older than her brother, but she seems much more mature than Hekiro who is headstrong yet timid at the same time. Their father is a writer, not spectacularly successful but rather well-known in the country. He is shut up in his study all day long and most of the night. Their stepmother, a devout Christian, is a semi-invalid suffering from rheumatism.
The four members of the family are equally stubborn in their respective ways, and the friction between their father and step-mother adds to the oppressive gloominess that hangs over the home. It seems to draw Gen and Hekiro even closer together than ordinary sister and brother in normal homes, and she tries to be a little mother to him.
In spite of Gen’s anxiety over Hekiro’s unpredictable behaviors at times, the worst happens. One day when she returns from school, her stepmother tells her that he has been expelled from the Christian school she had chosen for him, for stealing. She bitterly blames the father for Hekiro’s delinquency, saying that he spoils him.
Organized by:
The Agency for Cultural Affairs of Japanese Government,
The Embassy of Japan in Myanmar,
Japan Foundation, Yangon
(C)KADOKAWA CORPORATION
ဂျပန်ရိုးရာ Origami စက္ကူခေါက်ခြင်းကို စိတ်ပါဝင်စားသူများအတွက် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အထူးသီးသန့် Origami Workshop ကို ပြုလုပ်သွားမည်ဖြစ်သည်။ Agency of Cultural Affairs မှ ခန့်အပ်ထားသည့် ယဉ်ကျေးမှု သံတမန်တစ်ဦးဖြစ်သည့် ဆုခုဘ တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျွန် မိတနိက ပုံမှန်ပြုလုပ်နေကြ Origami စက္ကူခေါက်နည်းများနှင့် ကွဲပြားသည့် ပုံစံများဖြစ်သည့် စက်လုံးပုံ၊ ဥပုံ၊ ခရင် ပုံသဏ္ဍာန် အစရှိသည့် စိတ်ဝင်စားဖွယ် Origami ပြုလုပ်နည်းများကို သင်ကြားပြသသွားမည်ဖြစ်ပါသည်။
Workshop ကို မနက်ပိုင်းနှင့် နေ့ခင်းပိုင်းဟူ၍ နှစ်ပိုင်းခွဲထားပြီး မိမိနှစ်သက်ရာ အချိန်ကိုမူတည်ပြီး တက်ရောက်နိုင်ပါသည်။ လူဦးရေကို ၂ဝ ဦးကန့်သတ်ထားသည့်အတွက် ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။ သတ်မှတ်လူဦးရေပြည့်ပါက စာရင်းပိတ်မည်ဖြစ်ပါသည်။ အသက် ၁၂ နှစ်အောက်ငယ်သော ကလေးငယ်များ ပါဝင်မည်ဆိုပါက လူကြီးတစ်ဦးမှ အတူတူလိုက်ပါရမည်ဖြစ်သည်။ ပါဝင်လိုပါက မိမိ၏ အမည်နှင့် ဖုန်းနံပါတ် (ကလေးဖြစ်ပါက အမည်၊အသက်နှင့် အတူလိုက်ပါမည့် လူကြီးတစ်ဦး၏ အမည်၊ ဖုန်းနံပါတ်) ကို ဂျပန်ဖောင်ဒေးရှင်း၏ Facebook messanger မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။
နေ့ရက် – ဒီဇင်ဘာလ ၁၄ ရက်နေ့
အချိန် – မနက်ပိုင်း ( ၁ဝ နာရီ မှ ၁၂ နာရီအထိ)
နေ့ခင်းပိုင်း ( ၁ နာရီခွဲမှ ၃ နာရီခွဲအထိ)
နေရာ – ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန်
သတ်မှတ်လူဦးရေ – ၂ဝ ဦး
ဘာသာစကား – ဂျပန်ဘာသာ၊ မြန်မာဘာသာ
ပရော်ဖက်ဆာ မိတနိ၏ ကိုယ်ရေးအကျဉ်း
ဒေါက်တာ မိတနိသည် Tokyo Graduate School of Engineering တက္ကသိုလ်မှ အင်ဂျင်နီယာ ပါရဂူဘွဲ့ကို ၂၀၀၄ ခုနှစ်တွင် ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် RIKEN သုတေသနအဖွဲ့အစည်းကို စတင်ဝင်ရောက်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်တွင် ဆုခုဘ တက္ကသိုလ်၊ ကွန်ပြူတာသိပ္ပံဌာန၌ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝ၁၅ ခုနှစ်မှ ယနေ့အထိ ဆုခုဘ တက္ကသိုလ်တွင် ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသည်။ ဂျပန်နိုင်ငံ Agency of cultural Affairs မှ ၂ဝ၁၉ ခုနှစ်အတွက် ခန့်အပ်ထားသည့် cultural envoy (ယဉ်ကျေးမှု သံတမန်) တစ်ဦးလည်းဖြစ်သည်။ ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ ဂျပန်သိပ္ပံနှင့်နည်းပညာ အေဂျင်စီတွင် PRESTO researcher အဖြစ် သုတေသနများပြုလုပ်ခဲ့ပြီး ကွန်ပြူတာကို အသုံးပြုပြီး Origami ဂျပန်စက္ကူခေါက်သည့် နည်းလမ်းများ၊ ဒီဇိုင်းများကို လေ့လာခဲ့သည်။ သူသည် ကလေးဘဝကတည်းက စက္ကူခေါက်ပြီး လက်မှုပစ္စည်းများ ပြုလုပ်ခြင်း၊ ကွန်ပြူတာအသုံးပြုခြင်းတို့ကို နှစ်သက်ခဲ့ရာ ၎င်းတို့သည် ယနေ့ သူလေ့လာနေသည့် ဘာသာရပ်ဖြစ်လာခဲ့သည်။ သူသည် ဂျပန် Origami Academic Society ၏ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး “3D Origami Art” ၊ “Curved Origami Design” အစရှိသည့် စာအုပ်များကိုလည်း ရေးသားခဲ့သည်။ သူ၏ Origami လက်ရာများကို “Death Note: Light Up the New World” နှင့် “Shin Godzilla” အစရှိသည့် ရုပ်ရှင်ကားများတွင် မြင်တွေ့နိုင်သည်။
Shodo အခြေခံကို လေ့လာကြပါစို့
ဒီဇင်ဘာလ ၇ရက် ( စနေနေ့ ) ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ အခြေခံ Shodo အကြောင်းကို လက်တွေ့သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ ဒီပို့ချမှုကို ရန်ကုန်မြို့မှာ နေထိုင်လျက်ရှိတဲ့ Ms. Yume က သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး အခြေခံ Shodo အကြောင်းကို လေ့လာနိုင်မှာဖြစ်ပါတယ်။ Shodo ဆိုတာက ရှေးခေတ်ဂျပန်နိုင်ငံမှာ အသုံးပြုခဲ့တဲ့ စာရေးကိရိယာတွေဖြစ်တဲ့ စုတ်တံနဲ့ မင်ကို အသုံးပြုပြီး Kanji ( ခန်းဂျိ ) နဲ့ Kana ( ခန ) စာလုံးတွေကို အနုပညာလက်ရာမြောက်အောင် ရေးဆွဲတဲ့ ဂျပန်ရဲ့ ရိုးရာအနုပညာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီတစ်ခေါက်ပို့ချမှုမှာတော့ စုတ်တံကိုင်နည်း၊ မင်အသုံးပြုနည်း တို့ကို လေ့လာရမှာဖြစ်ပြီး Shodo အခြေခံဖြစ်တဲ့ Hane (ဟနဲ)၊ Harai (ဟလအိ)၊ Tome (တိုမဲ) တို့ကို လေ့ကျင့်ပြီး နောက်ဆုံးအနေဖြင့် လက်ရာတစ်ခုခုကို အတူတူဖန်တီးကြမှာ ဖြစ်ပါတယ်။ ဂျပန်ဘာသာလေ့လာနေသူများနဲ့ အနုပညာကို စိတ်ပါဝင်စားသူများအတွက် တက်ရောက်သင့်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ အသုံးပြုမယ့် ဘာသာစကားကတော့ ဂျပန်ဘာသာနဲ့ မြန်မာဘာသာပါ။
ပို့ချမယ့်သူအကြောင်း အကျဉ်းချုပ် – Ms. Yume၊ ရန်ကုန်မြို့တွင် ၇နှစ်ခွဲခန့်ကြာ နေထိုင်လျက်ရှိပြီး၊ အသက် ၄နှစ်မှ ၁၁နှစ်အထိ Shodo ကို လေ့လာခဲ့သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက်တွင် Shodo ရေးဆွဲခြင်းကို ပြန်လည်စတင်ခဲ့ပြီး ဒီဇိုင်းအမျိုးမျိုးနှင့် Shodo ကို ပေါင်းစပ်ပြီး အနုပညာလက်ရာအသစ်များ ဖန်တီးလျက်ရှိသည်။
စာရင်းပေးသွင်းရန် – Japan Foundation Yangon ၏ Facebook Messenger မှတစ်ဆင့် အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် တက်ရောက်လိုသည့် အချိန်တို့ကို ပေးပို့၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။ လူဦးရေ အကန့်အသတ်ရှိသည့်အတွက် သတ်မှတ်လူဦးရေပြည့်သွားပါက စာရင်းပိတ်မည်ဖြစ်ပါသည်။
နေ့ရက် :၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့ ( စနေနေ့ )
အချိန် : နေ့လည် ၂နာရီခွဲမှ ၄နာရီအထိ
သတ်မှတ်လူဦးရေ : ၁၅ ဦး
ဘာသာစကား : ဂျပန်ဘာသာ၊ မြန်မာဘာသာ
ဝင်ကြေးအခမဲ့
နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ၊ အမှတ် ၇ဝ ၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဒီလအတွက် Saturday Yoke Shin ကို “No one to watch over me” ဆိုတဲ့ ဂျပန် thriller ဒရမ်မာဇာတ်ကားကို ပြသသွားမှာဖြစ်ပါတယ်။ “Bayside Shakedown” ရုပ်ရှင်စီးရီးကို ရေးသားရိုက်ကူးခဲ့သော ဒါရိုက်တာ ရောအိချိ ခိမိဇုက၏ ဇာတ်ကားဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း ပရိတ်သတ်များကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကြောင်းနဲ့ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာကို တွေ့မြင်နိုင်မှာပါ။
(ဇာတ်လမ်းအကျဉ်း)
ခေတ်မီတိုးတက်လာတဲ့ ယနေ့ခေတ်လူ့အဖွဲ့အစည်းရဲ့ ပူပင်ကြောင့်ကြမှုတွေကို သရုပ်ဖော်ထားတဲ့ ဒရမ်မာကားဖြစ်ပါတယ်။ လူငယ်အရွယ် သားဖြစ်သူက မိမိကိုယ်ကို သတ်သေရန်ကြိုးစားမှုကြောင့် သောကပွားနေရသော မိသားစုအကြောင်းနှင့် ထိုမိသားစုကိုကာကွယ်ဖို့ ညွှန်ကြားခံခဲ့ရသော စုံထောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားပါတယ်။
ဖုနမူရာ မိသားစုသည် သားအကြီးဆုံးက မိမိကိုယ်ကို အဆုံးစီရင်ပြီးနောက်ပိုင်းမှာ မီဒီယာများ၏ အာရုံစိုက်မှုကိုခံနေရသည့် ပစ်မှတ်တစ်ခုဖြစ်လာပါတယ်။ ဒါ့အပြင် စိတ်ကြောက်လန့်ရှုပ်ထွေးနေသော သမီးဖြစ်သူ ဆအိုရိကို ခဆုအုရာအမည်ရှိ စုံထောက်က ကာကွယ်စောင့်ရှောက်နေတဲ့ အပြုအမူတိုင်းက အင်တာနက်ပေါ်မှာ ပြန့်သွားပါတယ်။ သေနိုင်လောက်တဲ့ တူတူပုန်း ကစားပွဲမှာ ခဆုအုရာနဲ့ ဆအိုရိတို့ နောက်ဆုံးမှာ အင်တာနက်ကို ဆေးစွဲနေသလို စွဲနေသူများ၏ အငြိုးတကြီး စွပ်စွဲမှုများကြားက ဘယ်လိုလွတ်မြောက်လာလဲဆိုတာကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ရှေးခေတ်ကတည်းက Origami ကို လူကြိုက်များသော ဂျပန်ယဉ်ကျေးမှုတစ်ခုအဖြစ် သိခဲ့ကြသည်။ Origami ဟူသော စကားလုံးသည် စက္ကူလက်မှုပစ္စည်းပြုလုပ်ခြင်း (အနုပညာဖန်တီးမှုတစ်ရပ်) ဟူ၍ ကမ္ဘာတစ်ဝှမ်းတွင် သိကြသည်။ လက်မှုပစ္စည်းပြုလုပ်ခြင်းအပြင် Origami ၏ အခြား ထူးခြားသည့်ပုံစံများ ရှိနိုင်မည်လား။ Origami ပြုလုပ်ခြင်းနယ်ပယ်ကို သင်္ချာ၊ ကွန်ပြူတာသိပ္ပံနှင့် အင်ဂျင်နီယာ အစရှိသည့် သိပ္ပံနယ်ပယ်များတွင် ဖြန့်ကျက်ကြည့်ပါက မည်သို့ဖြစ်လာမည်နည်း။ ဆုခုဘ တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျွန် မိတနိသည် Origami ပြုလုပ်ခြင်း အနုပညာကို သိပ္ပံရှုထောင့်မှ မိတ်ဆက်ပေးခဲ့သူ ပညာရှင်တစ်ဦးဖြစ်သည်။ “3D Origami Art” နှင့် “Curved Origami Design” အစရှိသည့် စာအုပ်များကို ရေးသားခဲ့ပြီး သူ၏ သိပ္ပံဆန်ဆန် Origami ဖန်တီးမှုကို နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများဖြစ်သည့် Death Note: Light Up the New World နှင့် “Shin Godzilla” ဇာတ်ကားများတွင် တွေ့မြင်နိုင်သည်။
“Science of Origami” ပြပွဲတွင် ပရော်ဖက်ဆာ ဂျွန် မိတနိ၏ မတူညီသော ရှုထောင့်မှ ပြုလုပ်ဖန်တီးထားသည့် Origami လက်ရာများကို ပြသသွားမည်ဖြစ်ပါသည်။ Origami ကမ္ဘာအသစ်ကို ရှာဖွေပြီး Origami အနုပညာသည် သိပ္ပံနယ်ပယ်တွင် ဘယ်လောက်ဝင်ဆံ့နိုင်လဲဆိုတာကို “Science of Origami” ပြပွဲသို့လာရောက်ပြီး အဖြေရှာကြရအောင်။
နေ့ရက် – ဒီဇင်ဘာလ ၁ဝ ရက်မှ ၁၃ ရက်နေ့အထိ
အချိန် – ၉ နာရီမှ ၅ နာရီအထိ
နေရာ – ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန်။
ပရော်ဖက်ဆာ ဂျွန် မိတနိ၏ ကိုယ်ရေးအကျဉ်း
ဒေါက်တာ ဂျွန် မိတနိသည် Tokyo Graduate School of Engineering တက္ကသိုလ်မှ အင်ဂျင်နီယာ ပါရဂူဘွဲ့ကို ၂၀၀၄ ခုနှစ်တွင် ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် RIKEN သုတေသနအဖွဲ့အစည်းကို စတင်ဝင်ရောက်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်တွင် ဆုခုဘ တက္ကသိုလ်၊ ကွန်ပြူတာသိပ္ပံဌာန၌ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝ၁၅ ခုနှစ်မှ ယနေ့အထိ ဆုခုဘ တက္ကသိုလ်တွင် ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသည်။ ဂျပန်နိုင်ငံ Agency of Cultural Affairs မှ ၂ဝ၁၉ ခုနှစ်အတွက် ခန့်အပ်ထားသည့် cultural envoy (ယဉ်ကျေးမှု သံတမန်) တစ်ဦးလည်းဖြစ်သည်။ ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ ဂျပန်သိပ္ပံနှင့်နည်းပညာ အေဂျင်စီတွင် PRESTO researcher အဖြစ် သုတေသနများပြုလုပ်ခဲ့ပြီး ကွန်ပြူတာကို အသုံးပြုပြီး Origami ဂျပန်စက္ကူခေါက်သည့် နည်းလမ်းများ၊ ဒီဇိုင်းများကို လေ့လာခဲ့သည်။ သူသည် ကလေးဘဝကတည်းက စက္ကူခေါက်ပြီး လက်မှုပစ္စည်းများ ပြုလုပ်ခြင်း၊ ကွန်ပြူတာအသုံးပြုခြင်းတို့ကို နှစ်သက်ခဲ့ရာ ၎င်းတို့သည် ယနေ့ သူလေ့လာနေသည့် ဘာသာရပ်ဖြစ်လာခဲ့သည်။ သူသည် ဂျပန် Origami Academic Society ၏ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး “3D Origami Art” ၊ “Curved Origami Design” အစရှိသည့် စာအုပ်များကိုလည်း ရေးသားခဲ့သည်။ သူ၏ Origami လက်ရာများကို “Death Note: Light Up the New World” နှင့် “Shin Godzilla” အစရှိသည့် ရုပ်ရှင်ကားများတွင် မြင်တွေ့နိုင်သည်။