မေလ ၁၀ ရက်နေ့ဟာ အမေများနေ့ဖြစ်ပြီး ဂျပန်မှာတော့ အမေကို ကျေးဇူးတင်ကြောင်းပြောတဲ့အနေနဲ့ အနီရောင်ကာနေးရှင်းပန်းကို လက်ဆောင်ပေးကြပါတယ်။
မေလ (၁၀) ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အပြည်ပြည်ဆိုင်ရာ အမေများနေ့ ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်နှင့်အတူ Online Origami activity တစ်ခုဖြစ်သည့် အမေများနေ့ Origami အစီအစဉ်တွင် မေမေကို ကျေးဇူးတင်ကြောင်းစာရေးသားဖို့ ကာနေးရှင်းပန်းပုံပို့စ်ကတ် လှလှလေးကို ခေါက်လုပ်ပြီး ပါဝင်ဆင်နွဲလိုက်ကြအောင်။ ပို့စကတ်မှာ ချစ်မေမေကို ကျေးဇူးတင်ကြောင်းစာရေးဖို့လည်း မမေ့ပါနဲ့နော်!
ခေါက်လုပ်ပြီးသား ကာနေးရှင်း ပို့စကတ်လေးတွေကိုလည်း ဓာတ်ပုံရိုက်ပြီး #Mother’sday #OnlineOrigamClubActivity လို့ရေးပြီး ဒီနေ့ကနေစပြီးတော့ အမေများနေ့အထိ comment မှာ တင်ပေးခြင်းဖြင့် ပါဝင်လိုက်ရအောင်။ ဂျပန်ဖောင်ဒေးရှင်း အနေနှင့် ဓာတ်ပုံများအားလုံးကို စုစည်းပြီး အမှတ်တရ Video လေးတစ်ခု ပြုလုပ်သွားဖို့အစီအစဉ်ရှိပါတယ်။
ကာနေးရှင်းပန်းပုံ ပို့စကတ် ခေါက်ပုံခေါက်နည်း အဆင့်ဆင့်နှင့် tutorial video ၏ YouTube link ကို အောက်တွင် ဖော်ပြပေးထားပါတယ်။
ကာနေးရှင်းပန်းပုံ ပို့စကတ်ခေါက်ရန် လိုအပ်သော ပစ္စည်းများ
အနီရောင် စက္ကူ တစ်ရွက် (အလျား၊အနံ – ၁၅ စင်တီမီတာ)၊ အနံ (၂.၃ စင်တီမီတာ) အလျား(၅.၅ စင်တီမီတာ) ရှိသော စက္ကူစငယ်တစ်ခု၊ ကတ်ကြေး၊ စာအိတ်ပြုလုပ်ရန် A4 စာရွက်တစ်ရွက်
အကယ် အနီရောင်စက္ကူမရှိပါက အခြား အရောင်ပါသော wrapping paper သို့မဟုတ် အဖြူရောင် စက္ကူကို မိမိနှစ်သက်သည့် ရောင်စုံခဲတံဖြင့် ခြယ်ပြီး ပြုလုပ်နိုင်ပါသည်။
ကြည့်ရှုရန် လင့်ခ်: https://www.origami-club.com/mother/letter/video.html
အာမာဘီအ (yokai) ပုံဆွဲပြိုင်ပွဲ
ဂျပန်တွင် မစ်ကော့အရုပ်များသည် ချစ်စဖွယ်ကောင်းသော ဇာတ်ကောင်များအဖြစ်သာမက ဂျပန်နှင့် ကမ္ဘာကို ချိတ်ဆက် ဆက်သွယ်ပေးနေသော ကြားခံသံတမန် အရုပ်လေးများလဲဖြစ်ကြသည်။ ယခုလို home stay ကာလတွင် “Amabie” ဟုခေါ်သောာ ဒဏ္ဍာရီလာ Yokai Characrter သည် လူမှုကွန်ယက် နှင့် မီဒီယာများကြားတွင် ရေပန်းစားနေသည်။ ဒဏ္ဍာရီလာ အကြောင်းအများအရ “Amabie” သည် ကပ်ရောဂါများကို ရပ်တန့်နိုင်သော တန်ခိုးရှိသည်ဟု ယူဆယုံကြည်ကြပြီး ကမ္ဘာကြီး ပြန်လည်ကျန်းမာလာစေရန် တောင်းဆုဆန္ဒပြုသော ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်များတွင် Amabie ပုံကို ရေးဆွဲမျှဝေမှုများပြု လုပ်လျက်ရှိနေသည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် online မှ ပါဝင်နိုင်တဲ့ community fun art activity တစ်ခုအနေဖြင့် “Amabie” ပုံဆွဲပြိုင်ပွဲကို ပြုလုပ်မည်ဖြစ်ပါတယ်။ ပြိုင်ပွဲအကြောင်းအရာအသေးစိတ်၊စည်းကမ်း၊အချက်များကို event ထဲရှိ Posts များတွင်ကြည်ရှု့ပေးပါ။
(အသုံးပြုထားသော Amabie ဓာတ်ပုံသည် ကျိုတိုတက္ကသိုလ်၊ ပင်မစာကြည့်တိုက်၏ ထောက်ပံ့မှုဖြင့် ရယူအသုံးပြုထားခြင်းဖြစ်ပါသည်။ )
Amabie Drawing Contest ပုံဆွဲပြိုင်ပွဲသည် အိမ်မှာနေရင်း အတူတကွ ပါဝင်ဆင်နွှဲနိုင်မည့် ပုံဆွဲ activity တစ်ခုဖြစ်ပြီး ပုံဆွဲဝါသနာပါသူများ၊ Manga ဆွဲရတာဝါသနာပါသူများ မိမိတို့အိမ်မှာနေရင်း အနုပညာနဲ့ ဆက်စပ်မိစေရန် စီစဉ်ထားခြင်းဖြစ်သည်။
Contest တွင် ပါဝင်မည့် ပြိုင်ပွဲဝင်များသည်
၁. Amabia အရုပ်ကို မိမိ စိတ်ကူးကိုယ်ပိုင်ဟန်ဖြင့် စာရွက်ပေါ်တွင် ရေးဆွဲခြင်း (သို့) ဒီဂျစ်တယ်နည်းဖြင့် ရေးဆွဲရမည် ဖြစ်သည် ။
၂. မိမိရေးဆွဲထားသည့်ပုံကို မိမိအမည်(သို့) Artist အမည်၊ ပုံ၏ခေါင်းစဉ်၊ အီးမေးလ်တို့နှင့်အတူူတကွ ဂျပန်ဖောင်ဒေးရှင်း၏ Messanger သို့ွ မေလ ၂၀ ရက်နေ့ ည ၁၂ နာရီမတိုင်ခင် ပို့ပေးပါ။
၃. မိမိကိုယ်တိုင်ဖန်တီးရေးဆွဲထားသော ပုံများ ကိုသာလက်ခံမည် ဖြစ်ပြီး၊ မသင့်တော်မသက်ဆိုင်သော ရုပ်ပုံများကို ထည့်သွင်းစဉ်စားသွားမည်မဟုတ်ပါ။
၄. ပြိုင်ပွဲဝင်များ၏ ပုံများကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Amabie contest Event page တွင် တင်ပေးသွားမှာဖြစ်လို့ ပရိသတ်များက Amabie ပြပွဲကို အွန်လိုင်းမှ ကြည့်ရှုနေရသလို ခံစားရမှာပါ
၅. မေလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်များရဲ့ Amabie drawing တွေကို Event page မှာ poll လုပ်ပြီး တင်ပေးထားမှာဖြစ်ပြီး ထိုအချိန်မှစပြီး မေလ ၂၅ ရက်နေ့ မနက် ၉ နာရီ အထိ ပရိသတ်များက မိမိနှစ်သက်ရာ Amabia drawing ကို vote ပေးနိုင်မှာဖြစ်ပါတယ်။
၆. မေလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီမှာတော့ ပရိသတ်ရဲ့ vote အများဆုံးရရှိတဲ့ Amabie drawing ၃ ခုနဲ့ ရေးဆွဲသူ artists များကို ဂျေပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook Page တွင် ကြေငြာပေးသွားမှာဖြစ်ပါတယ်။
၇. Amabie Contest မှာ အကောင်းဆုံး Amabie drawing ဆုရရှိသူသုံးဦးကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု E-certificates များ ပေးအပ်သွားမှာဖြစ်ပြီး ပါဝင်ဆင်နွှဲသူများကိုလည်း participation E-certificates များ ပေးအပ်သွားမှာဖြစ်ပါတယ်။
တွစ်တာရှိနမူနာလက်ရာများကို ကြည့်ရန်: https://twitter.com/hashtag/amabie…
Amabie အကြောင်း
Amabie Yokai သည် ၁၈ ရာစုနှစ် ၁၈၄၆ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ Higo no Kuni (ယနေ့ခေတ် ခုမမိုတို စီရင်စု) ဒေသ၌ ပေါ်ထွက်လာခဲ့သည်။ မြို့အရာရှိက ၎င်းကို တွေ့တဲ့အခါမှာ ၎င်းက “ဒီနှစ်ကနေစပြီး နောက်ခြောက်နှစ်ကြာအောင် စိုက်ပျိုးရေးကောင်းမွန်မယ်၊ အနာရောဂါဖြစ်ပွားပါက အကျွနု်၏ ရုပ်ပုံကို ပြလိုက်ပါ၊ နေပြန်ကောင်းလာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ နောက်တစ်နေ့မှာ ထို Amabie ကို ပုံကြမ်းဆွဲပြီး သူပြောခဲ့တဲ့အကြောင်းအရာတွေကို တစ်မြို့လုံးကို ဖြန့်ဝေခဲ့ပါတယ်။ ဒဏ္ဍာရီလာပုံပြင်များအရ Amabie သည် အစိမ်းရောင်တစ်လက်လက်ဖြင့် တောက်ပနေပြီး အကြေးခွံကိုယ်ထည်၊ ငှက်နှုတ်သီး၊ ရှည်လျားသောဆံပင်ရှိကာ အမြီးနှင့်တူသော ခြေသုံးချောင်းရှိသော သတ္တဝါဖြစ်သည်။ ၎င်းသည် အနာဂါတ်ကိုမြင်နိုင်ပြီး အနာရောပါများကို ပျောက်ကင်းစေသော အစွမ်းရှိသည်ဟု ဆိုကြသည်။ ယခု ကိုဗစ် ၁၉ ကာလတွင် Amabie ၏ ရုပ်ပုံများသည် လူမှုကွန်ယက်စာမျက်နှာများတွင် အများအပြားထွက်ပေါ်လာခဲ့ပြီး twitter တွင်လည်း Amabie challenge များပြုလုပ်လျက်ရှိကာ ကမ္ဘာ့ကပ်ရောဂါကို ပျောက်အောင် ဆုတောင်းလျက်ရှိကြသည်။ ဂျပန်နိုင်ငံ၏ ကလည်း Amabie ကို ကိုရိုနာရောပါအကြောင်း အသိပညာပေးရာတွင် ကာတွန်းဇာတ်ကောင်အဖြစ် အသုံးပြုလျက်ရှိသည်။
(အသုံးပြုထားသော Amabia ဓာတ်ပုံသည် ကျိုတိုတက္ကသိုလ်၊ ပင်မစာကြည့်တိုက်၏ ထောက်ပံ့မှုဖြင့် ရယူအသုံးပြုထားခြင်းဖြစ်ပါသည်)
အွန်လိုင်း Origami Club အစီအစဉ် 📢📢📢
မိမိတို့အိမ်မှ သားသားမီးမီးများနှင့် ဂျပန်ဆာမူရိုင်း ခမောက် Origami ခေါက်ပြီး Kodomo no hi (Children’s Day) ကို ဆင်နွှဲကြမယ်
ဂျပန်နိုင်ငံတွင် မေလ ၅ ရက်နေ့ကို Kodomo no hi (Children’s Day) အဖြစ် သတ်မှတ်ထားပြီး Tengu no Sekku (Boy’s Festival) ဟု လည်း ခေါ်ကြသည်။ အဲဒိုခေတ် ရှိုးဂွန်း တွင် သားယောင်္ကျားလေးဖွားမြင်ပါ
Origami Club သည် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏
Children’s Day ကို ဆင်နွှဲသောအနေဖြင့် ခေါက်ရမယ့် Origami ကတော့ Kabuto ခေါ် ဆာမူရိုင်း ခမောက်ဖြစ်ပါတယ်။ မိမိတို့အိမ်မှာရှိတဲ့ သတင်းစာ၊ဂျာနယ် A 4 စာရွက်တို့ဖြင့် လွယ်ကူူလျင်မြန်စွာ ခေါက်နိုင်ပါတယ်။ ခေါက်ပုံခေါက်နည်း အဆင့်ဆင့်နှင့် tutorial video ၏ YouTube link ကို အောက်တွင် ဖော်ပြပေးထားပါတယ်။
*** Online Origami Club တွင် ပါဝင်ရန်
(၁) YouTube link ရှိ tutorial video မှ ခေါက်နည်းအတိုင်း ခေါက်ပါ
(၂) မိမိခေါက်ထားသော Kabuto ခမောက်ကို ဓာတ်ပုံရိုက်ပြီး ယခု post အောက်တွင် #OnlineOrigamiClubActivity #celebrateKodomonohi ရေးပြီး ဓာတ်ပုံကို comment section တွင် တင်ပေးခြင်းဖြင့် ပါဝင်နိုင်ပါသည်။
Kabuto Origami ခေါက်ရန် လိုအပ်သော ပစ္စည်းများ
A4 စာရွက် ၁ ရွက် (သို့) စာမျက်နှာ လေးဘက်ပါသော သတင်းစာ၊ ဂျာနယ် စာရွက် ၁ ရွက် ၊ ကတ်ကြေး
ကလေးများခေါင်းတွင် ဆောင်းလို့ရတဲ့အရွယ် Kabuto ကို ပြုလုပ်လိုပါက သတင်းစာ၊ဂျာနယ် အသုံးပြုပါ။
မခေါက်မီ မိမိ၏စာရွက်ကို အလျား၊အနံညီသော စတုရန်းပုံဖြစ်အောင် ပြုလုပ်ပါ။v ထို့နောက် အောက်ပါ လင့်ခ်ရှိ video ကို ကြည့်ပြီး Kabuto ကို ပြုလုပ်နိုင်ပါပြီ။
ကြည့်ရှုရန် လင့်ခ် : https://
新教材公開のお知らせ
2020年3月31日に日本語コースブック『いろどり 生活の日本語 初級1』『いろどり 生活の日本語 初級2』が公開されました。
(https://www.irodori.jpf.go.jp/)
これは外国の人が日本で生活や仕事をする際に必要となる、基礎的な日本語のコミュニケーション力を身につけるための教材です。インターネット上で公開されるこの教材はだれでも無料でダウンロードすることができます。ただこれは英語版ですので、ミャンマーの日本語学習者には少し使いにくいかもしれません。そこで国際交流基金ヤンゴン日本文化センターでは、『いろどり 生活の日本語 初級1』『いろどり 生活の日本語 初級2』のミャンマー語版を作成、製本し、各日本語教育機関に無料でお配りしたいと考えています。製本完成はいまのところ6月中を予定しています。
၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဂျပန်ဘာသာဖတ်စာအုပ်「いろどり生活の日本語初級1」「いろどり生活の日本語初級2」(Irodori seikatunonihongo shokyuu 1 & 2) ကိုဝက်ဆိုဒ်တွင်ဖော်ပြထားပါသည်။ (https://www.irodori.jpf.go.jp/)
ထိုသင်ထောက်ကူသည် ဂျပန်နိုင်ငံတွင်သွားရောက် အလုပ်လုပ်မည့်နိုင်ငံခြားသားများအတွက် လုပ်ငန်းခွင်နှင့် နေ့စဉ် နေထိုင်မှုဘဝတွင် လိုအပ်သောအခြေခံဂျပန်ဘာသာစွမ်းရည်ကိုတိုးတက်လာရန်အတွက် အသုံးပြုနိုင်သော သင်ထောက်ကူဖြစ်ပါသည်။ အင်တာနက်စာမျက်နှာတွင်ဖော်ပြ
ထားသောထိုသင်ထောက်ကူကိုမည်သူမဆိုအခမဲ့ download လုပ်နိုင်ပါသည်။ သို့သော်ယခုသင်ထောက်ကူသည် အင်္ဂလိပ်
ဘာသာဖြစ်သောကြောင့်မြန်မာနိုင်ငံရှိဂျပန်ဘာသာလေ့လာသူများအတွက်အသုံးပြုရာတွင် အဆင်မပြေမှုများရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှ 「いろどり生活の日本語初級1」「いろどり生活の日本語初級2」(Irodori seikatunonihongo shokyuu 1 & 2) ကိုမြန်မာဘာသာဖြင့်ထုတ်လုပ်ပြီး ဂျပန်ဘာသာသင်တန်းကျောင်းများသို့ အခမဲ့ပေးဝေသွားရန်စီစဉ်
ထားပါသည်။ မြန်မာဘာသာပြန်ဆိုထားသော စာအုပ်ကိုဇွန်လလယ်တွင် ပေးဝေနိုင်မည်ဟု ခန့်မှန်းထားပါသည်။
ဒီလ Saturday Yokeshin အစီစဉ်မှာ DAD’s LUNCH BOX ရုပ်ရှင်ကားကို ပြသသွားမှာ ဖြစ်ပါတယ်။
*****************************************************************************
ဇတ်လမ်း အကျဉ်း
Twitter လူမှုမီဒီယာကွန်ရက် ပေါ်တွင် လူပေါင်း ၂၆၀၀၀၀ ကျော်၏ like ရရှိခဲ့ပြီး၊ ၈၀၀၀၀ ကျော် re-Tweeted ပြု လုပ်ခြင်ခံခဲ့ရသော ဖြစ်ရပ်မှန် ဇတ်လမ်းတစ်ခု အပေါ် ဇတ်အိမ်တည် ထားပြီး၊ andymori နှင့် ONE OK ROCK တို့လို နာမည်ကြီး Bands တွေ ရဲ့ Music Video တွေကို ရိုက်ကူးပေးခဲ့သော ပဲ့ပိုင်ရှင် ဒါရိုက်တာ FUKATSU Masakazu ရဲ့ လက်ရာ ဖြစ်ပါသည်။
Midori သည် အထက်တန်းကျောင်းတက်နေသည့် ၃ နှစ်လုံးလုံး တွင် သူ၏ ဖခင် ပြင်ဆင်ချက်ပြုတ်ပေးခဲ့သော ထမင်းဘူးကို နေတိုင်းစားသုံးခဲ့ ပြီး၊ အထက်တန်းကျောင်းသူဘဝ၏ နောက်ဆုံးနေ့ထမင်းဘူးထဲတွင် အထက်တန်း ပထမဆုံးနေ့က ထမင်းဘူး ဓာတ်ပုံနှင့် သူ၏ ဖခင် ထံမှာ စာတစ်စောင် ကို တွေရှိလိုက်သည်………….
Origami Club
Date : 22 February, 2020
Time : 1:30 pm ~ 3:30 pm
Place : Japan Foundation, Yangon, No. 70, Nat Mauk Lane (1), Bahan Township.
Expected participants : 15 ppl (maximum)
Entry : free
ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် ပဲခူးမြို့တို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ
JLPT 2020 JULY
ဇူလိုင်လ ၅ ရက်နေ့ ရန်ကုန်မြို့ ၊ မန္တလေးမြို့ နှင့် ပဲခူးမြို့တို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ အတွက် လျှောက်လွှာများကို အောက်ပါအစီအစဉ်အတိုင်း လက်ခံသွားပါမည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၅) ရက် (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့် နေရာ
ရန်ကုန်မြို့ ၊ မန္တလေးမြို့ ၊ ပဲခူးမြို့။
၃။ လျှောက်လွှာအရောင်းကာလ (ရန်ကုန် – ၁ ၊ ရန်ကုန် – ၂)
၂၀.၂.၂၀၂၀ (ကြာသပတေးနေ့) မှ *** လျှောက်လွှာ ကုန်သည်အထိ ***
လျှောက်လွှာလက်ခံကာလ (ရန်ကုန် – ၁)
Level N5 – ၂၃.၂.၂၀၂၀ (တနင်္ဂနွေနေ့) မှ ၂၅.၂.၂၀၂၀ (အင်္ဂါနေ့)
Level N4 – ၂၆.၂.၂၀၂၀ (ဗုဒ္ဓဟူးနေ့) မှ ၂၈.၂.၂၀၂၀ (သောကြာနေ့)
Level N1, N2, N3 – ၂၉.၂.၂၀၂၀ (စနေနေ့) မှ ၉.၃.၂၀၂၀ (တနင်္လာနေ့)
လျှောက်လွှာလက်ခံကာလ (ရန်ကုန် – ၂)
Level N4, N5 – ၂၉.၂.၂၀၂၀ (စနေနေ့ ) မှ ၃.၃.၂၀၂၀ (အင်္ဂါနေ့)
Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ထုတ်ပေးမည့်ကာလ (ရန်ကုန် – ၁ ၊ ရန်ကုန် – ၂)
၂၀.၃.၂၀၂၀ (သောကြာနေ့) မှ ၃.၄.၂၀၂၀ (သောကြာနေ့)
အချိန် – မနက် ၉:၃၀ နာရီ မှ ညနေ ၄:၀၀ နာရီ အထိ
နေရာ – MAJA Education Centre
အမှတ် ၆၆/A၊ သူရလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ပုဏ္ဏမီမှတ်တိုင်)
ဖုန်း – 09 962751373
၄။ လျှောက်လွှာအရောင်းကာလ (မန္တလေး)
၂၀.၂.၂၀၂၀ (ကြာသပတေးနေ့) မှ *** လျှောက်လွှာ ကုန်သည်အထိ ***
လျှောက်လွှာလက်ခံကာလ (မန္တလေး)
၁.၃.၂၀၂၀ (တနင်္ဂနွေနေ့) မှ ၆.၃.၂၀၂၀ (သောကြာနေ့)
Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ထုတ်ပေးမည့်ကာလ (မန္တလေး)
၇.၃.၂၀၂၀ (စနေနေ့) မှ ၂၀.၃.၂၀၂၀ (သောကြာနေ့)
အချိန် – မနက် ၉:၃၀ နာရီ မှ ညနေ ၄:၀၀ နာရီ အထိ
(နေ့လည် ၁၂ နာရီ မှ ၁ နာရီ အထိ ထမင်းစား နားပါမည်။)
နေရာ – MAJA (Mandalay Branch)
ပထမထပ်၊ ရေလမ်း၊ တိုက်(၁)၊ အခန်း(၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
ဖုန်း – 09 255162533
၅။ လျှောက်လွှာအရောင်းကာလ ( ပဲခူး )
၃.၃.၂၀၂၀ (အင်္ဂါနေ့) မှ *** လျှောက်လွှာ ကုန်သည်အထိ ***
လျှောက်လွှာလက်ခံခြင်း နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား ထုတ်ပေးမည့်ကာလ ( ပဲခူး )
Level N4, N5 – ၄.၃.၂၀၂၀ (ဗုဒ္ဓဟူးနေ့) မှ ၉.၃.၂၀၂၀ (တနင်္လာနေ့)
အချိန် – မနက် ၉:၃၀ နာရီ မှ ညနေ ၄:၀၀ နာရီ အထိ
နေရာ – ပဲခူးတက္ကသိုလ်၊ ပဲခူးမြို့။
ဖုန်း – 09 962751373
၆။ လျှောက်လွှာကြေး – တစ်စောင် = ၂၀၀၀ ကျပ်
၇။ စာမေးပွဲကြေး – N1, N2, N3 – ၄၀၀၀၀ ကျပ်
N4, N5 – ၃၀၀၀၀ ကျပ်
မှတ်ချက်။ ။ ပြီးခဲ့သည့်နှစ်မှစ၍ စာဖြေသူများ အဆမတန်များပြားလာသည့်အတွက် စာဖြေဌာန မလုံလောက်ခြင်းကို ဖြေရှင်းနိုင်ရန်နှင့် စာဖြေဌာနများတွင် စာဖြေသူများ ပိုမိုအဆင်ပြေ ကောင်းမွန်စွာဖြင့် ဖြေဆိုနိုင်ရန် စီစဉ်မည့်အတွက်ကြောင့် စာမေးပွဲကြေးတိုးမြှင့်ရခြင်းဖြစ်သည်ကို နားလည်ပေးရန်မေတ္တာရပ်ခံအပ်ပါသည်။
——————————————————————————————————-
လျှောက်လွှာလက်ခံမည့် နည်းလမ်း
အထက်ဖော်ပြပါနေရာများတွင် လျှောက်လွှာ တစ်စောင် (၂၀၀၀ ကျပ်) ဖြင့် ရယူပြီး လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်း၍ မှတ်ပုံတင် မိတ္တူ နှင့် အတူ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ ။ ကျောင်းမှ တာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီးလာရောက် လျှောက်ထားပါက ဖြေဆိုမည့်ကျောင်းသား/သူများ၏ အမည်၊ မွေးသက္ကရာဇ်တို့ကို level ခွဲခြား၍ စာရင်းပြုစုထားသော စာရွက် နှင့်အတူ မှတ်ပုံတင်မိတ္တူ (အမည်နှင့် မွေးသက္ကရာဇ်ကို အင်္ဂလိပ်လိုရေးသားပြီး)ပါပူးတွဲတင်ပေးရပါမည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် လျှောက်ထားသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို အထက်ဖော်ပြပါ သတ်မှတ်ရက်အတွင်းသာပြန်လည်ထုတ်ယူရပါမည်။
ပဲခူးမြို့တွင် လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို လျှောက်လွှာလက်ခံကာလအတွင်း တစ်ပါတည်းပြန်လည်ထုတ်ယူနိုင်ပါမည်။
၅။Download ရယူရန်
လျှောက်လွှာ
၂၀၂၀ခုနှစ် ဇူလိုင်လ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲလမ်းညွှန်
အထူးသတိပြုရန်
မှတ်ပုံတင် ပျောက်ဆုံးသူများ၊ လက်ဝယ်မရှိသူများအနေဖြင့် အောက်ဖော်ပြပါ ကဒ်ပြား များဖြင့် လျှောက်ထား နိုင်ပါသည်။ ယင်းကဒ်ပြားများမှ လွှဲ၍ ကျန် အခြားမည်သည့်ကဒ်ပြားနှင့်မှ လျှောက်ထား၍ မရနိုင်ပါ။
၁။ ယဉ်မောင်းလိုင်စင်
၂။ နိုင်ငံကူးလက်မှတ်
၃။ ကျောင်းသားကဒ် (အစိုးရ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ) သတိပြုရန်။ ။ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကဒ်များ လက်မခံပါ။
၄။ ကျောင်းသားကဒ် (အစိုးရ တက္ကသိုလ်၊ ကောလိပ်များ) သတိပြုရန်။ ။ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကဒ်များ လက်မခံပါ။
၅။ မွေးစာရင်း (အသက် ၁၀ နှစ်အောက် လျှောက်ထားမည့်သူများ)
အသေးစိတ်သိရှိ လိုသည်များကို MAJA Facebook၊ The Japan Foundation Yangon Facebook နှင့် ဂျပန်သံရုံး Website များတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
ဖုန်း – ၀၉ ၉၆၂၇၅၁၃၇၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်)
2020年02月日本語教師勉強会@ヤンゴン
こんにちは。今月もミャンマー日本語教師勉強会を国際交流基金ヤンゴン日本文化センターで実施します。参加したい方はメールの申し込みが必要です。
★★申込のない方は参加出来ませんのでご了承ください★ ★
ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ ( ရန်ကုန် )
မင်္ဂလာပါ။ ဒီလမှာလည်း ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန် ယဉ်ကျေးမှုစင်တာ (The Japan Foundation, Yangon) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
(E-mail ဖြင့်ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။)
★★ကြိုတင်စာရင်းပေးသွင်းထားခြင်းမရှိသူများ တက်ရောက်ခွင့်ရမည်မဟုတ်ပါ★★
「2020年02月日本語教師勉強会@ヤンゴン」
日時:2020年02月28日(金)14:00~16:30
場所:The Japan Foundation, Yangon 2階セミナールーム
講師:Ms.KUNITO Asahi (The Japan Foundation)
Mr.KONISHI Hiroaki (The Japan Foundation)
内容:「音読(おんどく)の方法」プラス日本語教師相談会
【申込先】
メールでお名前、所属(学校や会社名)、電話番号をお願います。
nihongo@jpf-mm.org
【ကြိုတင်စာရင်းပေးသွင်းရန်】
nihongo@jpf-mm.org သို့ (အမည်၊ အလုပ်အကိုင် 『တက်ရောက်နေသောကျောင်း၊ သင်ကြားနေသောကျောင်း၊ ကုမ္ပဏီ နာမည်』ဆက်သွယ်ရမည့်ဖုန်းနံပါတ်) တို့ကို February 26th နောက်ဆုံးထား၍ E-mail ဖြင့် စာရင်း ပေးသွင်း နိုင်ပါသည်။
【定員】
25名
【参加資格】
日本語教師(ミャンマー人、日本人)、志望者含む
【参加費】
無料
【締め切り】
02月26日(水)
တာဝန်ခံ-မပွင့်သဲချို
The Japan Foundation, Yangon
Mobile-09-891055553
Mail- nihongo@jpf-mm.org
လူဦးရေ ၂၅ ဦးခန့်သတ်မှတ်ထားပြီး ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများ အခမဲ့ တက်ရောက်နိုင်ပါသည်။
2020年2月日本語教師勉強会@マンダレー
こんにちは。今月もマンダレーMABA の3階で日本語教師勉強会を行います。日本語を教える先生方と一緒に日本語教育について勉強、相談そしてネットワークづくりが出来る場になればと思います。 参加したい方はメールの申し込みが必要です。
★★申込のない方は参加出来ませんのでご了承ください ★★
ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် ဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ ( မန္တလေး )
မင်္ဂလာပါ။ ဒီလမှာလည်း MABA ရဲ့ ၃ လွှာမှာ ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်တဲ့ ဆွေးနွေးပွဲပြုလုပ်မှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဂျပန်ဘာသာသင်ကြားနေတဲ့ ဆရာ၊ ဆရာမများနဲ့ အတူ သင်ကြားရေးနည်းစနစ်များနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားသွားမှာဖြစ်တဲ့အတွက်တက်ရောက်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ E-mail ဖြင့်ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။
★★ကြိုတင်စာရင်းပေးသွင်းထားခြင်းမရှိသူများ တက်ရောက်ခွင့်ရမည် မဟုတ်ပါ★★
「2020年2月日本語教師勉強会@マンダレー」
日時:2020年2月21日(金)9:30~12:00
場所:3rd floor (MABA), Water Street, Block-1, Unit-6,
Mingalar Mandalay, Chan Mya Tharzi Township, Mandalay
講師:Ms. KUNITO Asahi, Mr. KONISHI Hiroaki (The Japan Foundation, Yangon)
内容:「音読の方法」
【申込先】
nihongo@jpf-mm.org のメールに
-お名前
-所属(学校や会社名)
-電話番号 をお願いします。
【ကြိုတင်စာရင်းပေးသွင်းရန်】
nihongo@jpf-mm.org သို့
-အမည်၊
-အလုပ်အကိုင် (တက်ရောက်နေသောကျောင်း၊ သင်ကြားနေသောကျောင်း၊ ကုမ္ပဏီနာမည်)
-ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကို January 20 နောက်ဆုံးထား၍ E-mail ဖြင့်စာရင်းပေးသွင်းနိုင်ပါသည်။
【定員】
25名
【参加資格】
日本語教師(ミャンマー人、日本人)、志望者含む
【参加費】
無料
【締め切り】
2月20日(木)
တာဝန်ခံ – မမိုးပွင့်အိမ်
The Japan Foundation, Yangon
Mobile – 09889228466
Mail – nihongo@jpf-mm.org
လူဦးရေ ၂၅ ဦးခန့်သတ်မှတ်ထားပြီး အခမဲ့ တက်ရောက်နိုင်ပါသည်။
JFT-Basic(日本語基礎テスト)セミナーのご案内
Japan Foundationは、在留資格「特定技能」取得要件のひとつとなる、日本語能力を測るためのテスト「JFT-Basic(日本語基礎テスト)」を3月から実施します。
これに伴い、在ミャンマー日本国大使館との共催で、「特定技能」制度および「JFT-Basic(日本語基礎テスト)」の概要について、ヤンゴンとマンダレーで以下のとおりセミナーを開催します。
JFT-Basic (ဂျပန်ဘာသာအခြေခံစာမေးပွဲ) ဆွေးနွေးပွဲ လမ်းညွှန်
ဂျပန်ဖောင်ဒေးရှင်းသည် နေထိုင်ခွင့်အရည်အချင်း(ကျွမ်းကျင်လုပ်သားဗီဇာ) ရယူရန်လိုအပ်သော ဂျပန်ဘာသာအရည်အချင်းကို တိုင်းတာသည့်စာမေးပွဲ (JFT-Basic ဂျပန်ဘာသာအခြေခံစာမေးပွဲ) ကို မတ်လမှစ၍ ကျင်းပပါမည်။ စာမေးပွဲကျင်းပမှုနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ပူးပေါင်း၍ ကျွမ်းကျင်လုပ်သားစနစ် နှင့် “JFT-Basic (ဂျပန်ဘာသာအခြေခံစာမေးပွဲ)” အကြောင်းအရာ နှင့် ပတ်သက်သည့် ဆွေးနွေးပွဲ ကို ရန်ကုန်နှင့် မန္တလေးတွင် အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါသည်။
【お申込リンク】
マンダレー http://bit.ly/2Obwiba
ဆွေးနွေးပွဲတက်ရောက်ရန် နာမည်စာရင်း ပေးသွင်းခြင်း
မန္တလေး ー http://bit.ly/2Obwiba
【お申込締切】 2020年2月6日(木) 17:00
စာရင်းပေးသွင်းနိုင်မည့်နောက်ဆုံးရက်
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၆ရက် (ကြာသပတေးနေ့) ညနေ ၅ နာရီအထိ
【日時・場所】
マンダレー
2020年2月10日(月) 13:30~16:30
MABA 3F セミナールーム
Block-1, Unit-6, 2nd Floor (MABA office), Mingalar Mandalay, Water Street, Chan Mya Tharzi Township, Mandalay
定員:50名
ဆွေးနွေးပွဲ ကျင်းပမည့်နေရာ
(အချိန်နှင့် နေရာ)
၂၀၂၀ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်
(တနင်္လာနေ့) နေ့လည် ၁နာရီခွဲမှ ၄နာရီခွဲ
MABA ရုံးခန်း၊ တတိယထပ်၊ ဘလောက် (၁) ၊ တိုက်အမှတ် (၆) ၊
မင်္ဂလာမန္တလေး၊ ရေလမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
သတ်မှတ်ဦးရေ ー ၅၀ ဦး
(ကောင်တာ)→စာရွက်စာတမ်းဝေမျှခြင်း→နေရာယူခြင်း
ဆွေးနွေးပွဲသည် ၁နာရီခွဲတွင် စတင်မည်ဖြစ်ပါသဖြင့် ၁နာရီခွဲ မတိုင်ခင်တွင် လာရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
【セミナー対象者】
・日本語教師、送り出し機関等、当試験の対象者を指導する立場の方々
・JLPT N3以上(説明は日本語で行います)
※原則として1機関につき2名までとさせていただきます。
ဆွေးနွေးပွဲသို့ တက်ရောက်နိုင်သည့်သူ
-ဂျပန်ဘာသာစကားသင်ကြားနေသော ဆရာ၊ ဆရာမများ ၊ ပြည်ပအလုပ်အကိုင် အေဂျင်စီများ၊ စာမေးပွဲဖြေဆိုမည့်သူများအား ပို့ချသင်ကြားမည့်သူများ
-JLPT N3 နှင့် အထက်ရှိသူများ (ရှင်းလင်းပွဲကို ဂျပန်ဘာသာဖြင့် ပြုလုပ်မည်ဖြစ်သည်။)
ဆွေးနွေးပွဲအတွက် အဖွဲ့အစည်းတစ်ခုမှ အများဆုံး ၂ ဦးသာ တက်ရောက်နိုင်မည်ဖြစ်ပါသည်။
【セミナー概要】
第1部(13:30~15:10)
1.「特定技能」概要説明(在ミャンマー日本国大使館)
2.JFT-Basic(日本語基礎テスト)概要・申込方法説明(Japan Foundation)
第2部(15:30~16:30)
3.学習のヒント:新教材・e-learning紹介など
※定員に達し次第締め切らせていただきます。同様のセミナーを今後も随時実施予定です。
ဆွေးနွေးပွဲ အကြောင်းအရာများ
ပထမအပိုင်း(နေ့လည် ၁နာရီခွဲမှ ၃နာရီ ၁၀မိနစ်)
၁။ ကျွမ်းကျင်လုပ်သားနှင့် ပတ်သက်၍ ရှင်းလင်းခြင်း(မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး)
၂။ JFT-Basic (ဂျပန်ဘာသာအခြေခံ စာမေးပွဲ ) နှင့် ပတ်သက်၍ ရှင်းလင်းခြင်းနှင့် လျှောက်လွှာလျှောက်ထားပုံ
နည်းလမ်းရှင်းလင်းခြင်း (ဂျပန်ဖောင်ဒေးရှင်း)
ဒုတိယအပိုင်း (ညနေ ၃နာရီခွဲ မှ ၄ နာရီခွဲ)
၃။ သင်ယူလေ့လာရန် အချက်များ သင်ထောက်ကူ အသစ်နှင့် e-learning မိတ်ဆက်
ဆွေးနွေးပွဲ အတွက်သတ်မှတ်ဦးရေပြည့်သွားပါက နာမည်စာရင်းပေးခြင်းကို ထပ်မံလက်ခံတော့မည်မဟုတ်ပါ။ နောက်ပိုင်းတွင်လည်း အလားတူ ဆွေးနွေးပွဲများ ပြုလုပ်သွားရန် အစီအစဥ်ရှိပါသည်။
〈JFT-Basicについて〉
主として就労のために来日する外国人が遭遇する生活場面でのコミュニケーションに必要な日本語能力を測定し、「ある程度日常会話ができ、生活に支障がない程度の能力」があるかどうかを判定することを目的としています。
※在留資格「特定技能」の申請にあたって、日本語能力試験(N4以上)に合格している方は、JFT-Basic(日本語基礎テスト)を受験する必要はありません。
※テストは今後も奇数月に複数日実施する予定です。今回、受験者が定員に達し、受験できない場合は、次回のテストにお申し込みください。
(JFT-Basic နှင့် ပတ်သက်၍)
အဓိကအနေဖြင့် ဂျပန်ဘာသာနိုင်ငံသို့ လာရောက်အလုပ်လုပ်သော နိုင်ငံခြားသားများ နေ့စဉ်အသုံးပြုရမည့် ဂျပန်ဘာသာ အရည်အချင်းကို တိုင်းတာပြီး ဂျပန်ဘာသာ စကားကိုအတန်အသင့် ပြောတတ်ပြီး နေ့စဉ်ဘဝကို အခက်အခဲမရှိ ဖြတ်သန်းနိုင်လောက်သော ဘာသာစကားအရည်အချင်းရှိမရှိကို စစ်ဆေးခြင်းဖြစ်ပါသည်။
※ဂျပန်နိုင်ငံတွင် နေထိုင်ခွင့် အရည်အချင်း(ကျွမ်းကျင်လုပ်သားဗီဇာ) လျှောက်ထားရာတွင် လိုအပ်သည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ(N4နှင့် အထက်) အောင်မြင်ထားသူသည် JFT-Basic (ဂျပန်ဘာသာအခြေခံစာမေးပွဲ) ကို ဖြေဆိုရန်မလိုပါ။
※ စာမေးပွဲကို နောက်တွင်လည်း “မ” ဂဏန်းလများတွင် ရက်အနည်းငယ်ကြာ ကျင်းပပါမည်။ ယခုတစ်ခေါက်ကျင်းပမည့် စာမေးပွဲတွင် သတ်မှတ်ဦးရေပြည့်သွား၍ စာမေးပွဲဖြေဆိုခွင့်မရခဲ့ပါက နောက်တစ်ခေါက် ကျင်းပသည့် စာမေးပွဲကို ဖြေဆိုပါ။
参考:https://yg.jpf.go.jp/my/event/ဂျပန်ဖောင်ဒေးရှင်းဂျပန/
本セミナーに関するお問合せ:
The Japan Foundation
+95-(1)-430920/430921
nihongo@jpf-mm.org
ကိုးကားရန် : https://yg.jpf.go.jp/my/event/ဂျပန်ဖောင်ဒေးရှင်းဂျပန/
ဆွေးနွေးပွဲ နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းခြင်း
The Japan Foundation
+95-(1)-430920/430921
nihongo@jpf-mm.org
ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။