2023日本語教師育成プログラム オンライン 夜コース申し込み受付開始!
国際交流基金ヤンゴン日本文化センターが2018年より開始し、第5回となる日本語教師育成プログラムです。日本語教師として必要な知識や理論、実践スキルを身につけるだけでなく、コース修了後も成長し続けられる教師となることを目指します。
今回は平日夜や土日に参加いただけるコースをご用意しました。これまで参加をあきらめていた方、ぜひご応募ください!
※参加希望者の多かった時間帯で1コース実施いたします。ご希望に添えない場合もございますので、あらかじめご了承ください。
1. プログラム概要
(1)期間:2023年2月‐2023年12月
前期:35回 2023年2月下旬から2023年7月上旬 予定
後期:35回 2023年8月上旬から2023年12月中旬 予定
時間:下記の4つの中からお選びください。参加希望者の多かったコースを実施します。
①月曜日と水曜日 ミャンマー時間 18:00~19:50
②水曜日と土曜日 ミャンマー時間 18:00~19:50
③水曜日と日曜日 水 ミャンマー時間 18:00~19:50
日 ミャンマー時間 9:00~10:50
④土曜日と日曜日 ミャンマー時間 18:00~19:50
(2)内容:社会からの要請に対応したよりコミュニカティブな日本語指導を可能とする日本語教師の育成と教授能力の向上を図るプログラム。具体的には初級初中級レベル(CEFRのA1及びA2レベル)への日本語教授をコミュニカティブに実践できる能力の育成を目指します。
(3)定員:約30名
(4)申請資格:ミャンマー国籍で現在ミャンマーに住んでいる方。JLPTのN2レベル相当の方。日本語指導経験の有無、年数は問いません。
(5)受講料:無料
(6)証明書:出席、授業への取り組み、試験、提出物、模擬授業等を総合的に評価し、合格点を満たした受講者には、国際交流基金より修了証明書(Certificate)が発行されます。
2. 申請方法
受講希望者は、以下の必要書類を2023年2月12日(日)16時までにEメールでお送りください。
※不合格でも可
※そのほかの日本語の試験を受験した場合はその試験結果を提出
※そのほか詳細は、
申請要領をご確認ください。
3. 問い合わせ
国際交流基金ヤンゴン日本文化センター
Eメール: nihongo@jpf-mm.org
電話番号: 09891055553
担当:Daw Pwint The Cho
受付時間:月曜日~金曜日(8:30-17:00)
(日本語は下にあります)
ဂျပန်အဝတ်အစားလို့ပြောရင် ကီမိုနိုကို အရင်မျက်စိထဲမှာ မြင်လာကြတဲ့သူတွေများပါတယ်။
ဂျပန်ရိုးရာအဝတ်အစားကို ကီမိုနိုလို့ခေါ်ကြပေမယ့် အရွယ်ရောက်သူများနေ့နဲ့ လက်ထပ်မင်္ဂလာပွဲမှာဝတ်ဆင်တဲ့ ကီမိုနို၊ သာမာန်သွားလာမှုတွေမှာဝတ်တဲ့ ကီမိုနိုဆိုပြီး အမျိုးအစားအမျိုးမျိုးရှိပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုတွေဝင်ရောက်လာတဲ့ မဲဂျိခေတ်ကနေစပြီး ကီမိုနိုကနေအနောက်တိုင်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်လာကြပြီး အခုခေတ် ဂျပန်ရဲ့ဝတ်စားဆင်ယင်မှုပုံစံ ဖြစ်လာခဲ့ပါတယ်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာသည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးထမ်းစတာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင်နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို စတင်ခဲ့ပြီး ဒီတစ်ခေါက်အကြောင်းအရာကတော့ “ဂျပန်ရဲ့ဝတ်စားဆင်ယင်မှု”ဖြစ်ပါတယ်။ ဂျပန်နဲ့ မြန်မာရဲ့ အဝတ်အစားအရောင်ရွေးချယ်မှုနဲ့ ပုံစံရွေးချယ်မှုကွာခြားပုံအကြောင်းစတာေတွေကို ဂျပန်လူမျိုးနဲ့ အချင်းချင်းမျှဝေပြီး ဂျပန်လိုပြောရမဲ့ပွဲဖြစ်တာကြောင့် စိတ်ပါဝင်စားသူများ အောက်ပါ google form ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။
https://docs.google.com/…/1FAIpQLSdPgt28sK8…/viewform…
နေ့ရက်နှင့်အချိန်။ ။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀နာရီမှ ၁၁ နာရီခွဲအထိ
သတ်မှတ်ဦးရေ။ ။ ၁၀ ဦး
ဂျပန်စာ level။ ။ N3 levelနှင့်အထက်
ကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
※ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း mask များ ဝတ်ဆင်၍ ပါဝင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
日本語で楽しく話そう!! <<日本の服装>>
日本の服といえば「着物」を先に目に浮かぶ人が多いでしょう。「着物」にも成人式や結婚式で着るもの、普段着として着るものなどいろいろな種類があります。また西洋化が進んだ明治時代以降から服装も伝統的な着物から洋服へ変わって、今では日本独特の服装に定着してきました。
国際交流基金ヤンゴン日本文化センターは日本語を勉強している人のために日本の文化や習慣などを日本人と楽しく日本語で交流できる「日本語で楽しく話そう!!」というプログラムを始めました。今回のテーマは「日本の服装」です。日本の服装とミャンマーの服装の色選びやデザインの違いなど日本とミャンマーの服装について日本人と日本語でお話しできるので、興味がある人はグーグルフォームを記入して参加してください。
https://docs.google.com/…/1FAIpQLSdPgt28sK8…/viewform…
日時 :2022年11月23日(水) 午前10:00~11:30
定員:10名
日本語レベル:N3以上
場所 :The Japan Foundation Yangon
No. 70, Nat Mauk Lane (1), Bahan Township.
※コロナ感染予防対策として、参加する人はみんなマスクの着用をお願いします
2022-2023 日本語教師育成プログラム オンラインコース 申し込み受付開始!
国際交流基金ヤンゴン日本文化センターが2018年より開始し、今年で第4回となる日本語教師育成プログラムです。日本語教師として必要な知識や理論、実践スキルを身につけるだけでなく、コース修了後も成長し続けられる教師となることを目指します。ぜひご応募ください!
1. プログラム概要
(1)期間:2022年12月‐2023年9月
前期:2022年12月下旬から2023年4月上旬 予定
後期: 2023年6月上旬から2023年9月中旬 予定
毎週月曜日と木曜日の9時~12時
(2)内容:社会からの要請に対応したよりコミュニカティブな日本語指導を可能とする日本語教師の育成と教授能力の向上を図るプログラム。具体的には初級初中級レベル(CEFRのA1及びA2レベル)への日本語教授をコミュニカティブに実践できる能力の育成を目指します。
(3)定員:約30名
(4)申請資格:ミャンマー国籍で現在ミャンマーに住んでいる方。JLPTのN2レベル相当の方。日本語指導経験の有無、年数は問いません。
(5)受講料:無料
(6)証明書:出席、授業への取り組み、試験、提出物、模擬授業等を総合的に評価し、合格点を満たした受講者には、国際交流基金より修了証明書(Certificate)が発行されます。
2. 申請方法
受講希望者は、以下の必要書類を2022年11月24日(木)16時までにEメールでお送りください。
※不合格でも可
※そのほかの日本語の試験を受験した場合はその試験結果を提出
※そのほか詳細は、下記ウェブサイトの申請要領をご確認ください。
3. 問い合わせ
国際交流基金ヤンゴン日本文化センター
Eメール: nihongo@jpf-mm.org
電話番号: 09891055553
担当:Daw Pwint The Cho
受付時間:月曜日~金曜日(8:30-17:00)
(ミャンマー語の後に日本語が続きます)
၂၃ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အောက်ပါအချက်အလက်များကို ဖတ်ရှု၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
၁။ ကျင်းပမည့် နေ့ရက်
ပြိုင်ပွဲကျင်းပမည့်နေ့။ ။၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၂) ရက် (စနေနေ့)
(※ပဏာမအဆင့်ကိုအောင်ခဲ့သူများသာ)
၂။ လျှောက်လွှာလျှောက်ထားနိုင်သူ
(၁) အသက် ၁၆ နှစ် မှ ၃၀ နှစ် အတွင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း နေထိုင်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။
(၂) ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမ မဖြစ်ရ။ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများ မပါပါ)
(၃) ယခင်ကျင်းပခဲ့ဖူးသော ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဆုရရှိဖူးထားသူမဖြစ်ရ။
၃။ လျှောက်လွှာလက်ခံခြင်း
လျှောက်လွှာများကို အောက်ဖော်ပြပါ Google Form Link တွင် ဖြည့်စွက်ပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာလက်ခံမည့်ကာလ ။ ။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၃) ရက် (တနင်္လာနေ့) မနက် ၉ နာရီ မှ အောက်တိုဘာလ (၁၁) ရက် (အင်္ဂါနေ့) ညနေ ၄ နာရီအထိ ပေးပို့လျှောက်ထားနိုင်ပါသည်။
(※အောက်တိုဘာလ (၃) ရက်မှသာ အောက်ဖော်ပြပါ link ကိုအသုံးပြုနိုင်မည် ဖြစ်သည်။
https://docs.google.com/…/1FAIpQLSfgrdgbivb0…
Application ဖောင်ဖြည့်ရန်အတွက် အောက်ပါတို့ကို ပြင်ဆင်ထားရန်လိုအပ်ပါသည်။
(၁) G-mail account ဖြင့် ဖောင်ဖြည့်ရမည်ဖြစ်သောကြောင့် ကိုယ်ပိုင် G-mail အကောင့်ဖွင့်ထားရမည်။
(၂) ဓာတ်ပုံ (3×4 cm) (File name: မိမိအမည်-1) နှင့် မှတ်ပုံတင်အရှေ့အနောက်ပုံ (File name: မိမိအမည်-2) တို့ကို JPG file ဖြင့် ဖြစ်အောင်ကြိုပြင်ထားရမည်။ ဖိုင်တစ်ခုလျှင် Size 3MB အောက် ဖြင့် ပြင်ဆင်ပေးပါ။
(၃) Speech ၏ အကြောင်းအရာ ကို ဂျပန်ဘာသာ စာလုံးရေ ၁၀၀၀ ခန့် ဖြင့် (Word File) ပြင်ထားရမည်။
(File name: မိမိအမည်-3)
(၄) မိမိယှဥ်ပြိုင်မည့် Speech သည် (3) မိနစ်ထက်မနည်း (4) မိနစ်ထက်မပိုသော အသံဖိုင် (File name: မိမိအမည်-4) ကို (Mp3) ဖြင့် သွင်းထားရမည်။ File size 10MB ဝန်းကျင်ခန့် ပြင်ဆင်ပေးပါ။
၄။ ပဏာမရွေးချယ်ခြင်း
ပဏာမရွေးချယ်မှုတွင် ပြိုင်ပွဲဝင်ပြောကြားမည့် အကြောင်းအရာကို ပြိုင်ပွဲအတိုင်းပြောကြားရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာဖြင့် အမေးအဖြေများ ပြုလုပ်၍ အကဲဖြတ်ရွေးချယ်သွားမည် ဖြစ်ပါသည်။
(※လျှောက်ထားသူများ၏ လျှောက်လွှာ၊ Speech (Word file နှင့် အသံဖိုင်) ကို စီစစ်ပြီး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားသူများသည် ပဏာမရွေးချယ်မှုတွင် ယှဉ်ပြိုင်ခွင့်ရရှိပါမည်။)
ပဏာမရွေးချယ်မည့်နေ့။ ။၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၂) ရက် (စနေနေ့) နှင့် အောက်တိုဘာလ (၂၃) ရက် (တနင်္ဂနွေနေ့)
※ ပဏာမရွေးချယ်ခြင်းကို အွန်လိုင်းဖြင့်သာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
၅။ ဂျပန်ဘာသာစကားပြောပြိုင်ပွဲ
ပဏာမအဆင့်ရွေးချယ်မှုရလဒ်များကို ပြိုင်ပွဲဝင်များထံသို့ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး သက်ဆိုင်ရာ ပွဲစီစဉ်ကျင်းပသည့်အဖွဲ့အစည်းများ၏ Facebook စာမျက်နှာတွင် ကြေညာသွားပါမည်။ ပဏာမအဆင့် အောင်မြင်သူများသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့ ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။
※ အသေးစိတ်ကို ပါဝင်ယှဉ်ပြိုင်ရမည့်သူများအား တိုက်ရိုက် ဆက်သွယ်အကြောင်းကြားပါမည်။
၆။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း 09-428612151, 09-262602121
※လက်ရှိဖြစ်ပေါ်နေသောအခြေအနေအပေါ်မူတည်၍ ပွဲရက်ရွှေ့ဆိုင်းခြင်းစသည့် အစီအစဉ်ပြောင်းလဲခြင်းများ၊ ပွဲရပ်နားခြင်းများရှိနိုင်ပါသည်။
第23回 日本語スピーチコンテスト2022
第23回日本語スピーチコンテストを2022年11月12日に開催します。ご興味がある方は以下の確認し、参加いただけます。
1.本選
本選開催日時:2022年11月12日(土) 9:00~12:00
(※予選通過者のみ)
2. 参加条件
(1) 16歳~30歳までのミャンマー国籍を有する者でミャンマー在住の者
(2) 日本語教師ではない者(パートタイムやボランティアは除く)
(3) 過去に日本語スピーチコンテスト入賞経験の無いもの
3. 参加申込方法
下記のGoogle Form URLに必要事項を記入して申し込んでください。
申し込み受付日時 : 2022年10月3日(月)の9時から10月11日(火)の16時まで
(※下記のURLは10月3日からアクセスできます)
https://docs.google.com/…/1FAIpQLSfgrdgbivb0…
申し込むときは以下の準備をしておく必要があります。
(1)Gmailアカウントで申し込むことになりますのでGmailアカウントを作成しておいてください。
(2)3 cm x 4 cmの顔写真(ファイル名: 氏名-1)とNRCの表と裏写真(ファイル名: 氏名-2)をJPEG形式にして送ってください。1つのファイルのサイズは3 MB以下にしてください
(3)スピーチ内容は日本語で約1000字(Word file)で準備してください。(ファイル名: 氏名-3)
(4)3分以上4分以内のスピーチ音声ファイル(ファイル名: 氏名-4)をMP3形式で録音して送ってください。音声ファイルのサイズは約10 MBにしてください。
4. 一次審査方法
本番と同じスピーチを、実際にしてもらい、その後の質疑応答と合わせて審査を行います。
(※申込内容、スピーチ原稿と音声ファイルを審査し、条件を満たした者は予選に出場できます)
予選開催日時 : 2022年10月22日(土)、23日(日)
※予選はオンラインだけで開催いたします。
5. 本選
一次予選の結果は、参加者へ連絡します。また合わせて主催各団体のFacebookでも発表します。予選通過した方は2022年11月12日(土)に開催する本選に出場できます。
※詳細は本選出場者に個別に連絡します。
6. お問い合わせ
ミャンマー元日本留学生協会(MAJA)
Tel: 09-428612151, 09-262602121
※諸般の事情により、計画変更(実施日変更等)や中止の可能性があります。
၁၄ ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သောဆွေးနွေးပွဲ (၂၀၂၂ ခုနှစ်)
(下に日本語文があります)
ကြီးမှူးကျင်းပသည့်အဖွဲ့အစည်း- ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာ
ဆွေးနွေးမည့်အကြောင်းအရာ- 「JLPT」ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ၏ထူးခြားချက်များ
ကျင်းပမည့်နေ့ရက်နှင့်အချိန်- ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ (စနေနေ့) မြန်မာစံတော်ချိန် နေ့လယ် ၁၀ နာရီမှ ၁၂ နာရီခွဲအထိ
ကျင်းပမည့်ပုံစံ- အွန်လိုင်း (zoom)
ဆွေးနွေးပို့ချမည့်သူ- Ms.Osumi Atsuko (Japan Foundation Japanese Test Center Chief Reasher)
အကြောင်းအရာ- ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ၏ ထူးခြားချက်များဖြစ်သော 「5段階レベル」「課題遂行のためのコミュニケーション能力」「尺度得点」「Can-doリスト」နှင့်ပတ်သက်ပြီးအသေးစိတ်ဆွေးနွေးပါမည်။
*ယခုဆွေးနွေးပွဲသည် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲပြင်ဆင်မှုများအကြောင်းမပါဝင်ပါ။
တစ်ဖန် မြန်မာနိုင်ငံ၏ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲဖောင်၊ လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများလည်းမပါဝင်ပါ။
ပါဝင်တတ်ရောက်နိုင်မည့်သူနှင့် အသုံးပြုမည့်ဘာသာစကား
・မြန်မာနိုင်ငံရှိဂျပန်ဘာသာသင်ကြားရေးနှင့်သက်ဆိုင်သူများ။
・မြန်မာလူမျိုးဆရာ၊ ဆရာမ သည် ဂျပန်စာ N3 နှင့် N3 အထက်ရှိရပါမည်။ ဆွေးနွေးပွဲကို အဓိကအားဖြင့် ဂျပန်ဘာသာဖြင့်ပြုလုပ်သွားမည်ဖြစ်သော်လည်း အချို့အကြောင်းအရာများအား မြန်မာဘာသာသို့ ပြန်ဆို ပြောကြားခြင်းများရှိပါမည်။ မေးခွန်းများကိုလည်းမြန်မာဘာသာဖြင့်မေးမြန်းနိုင်ပါသည်။
ဆွေးနွေးပွဲတတ်ရောက်ရန်လျှောက်ရမည့်နည်းလမ်း
https://onl.sc/SDdaVAR မှတဆင့်လျှောက်ထားနိုင်ပါသည်။ စက်တင်ဘာလ ၁ ရက်နေ့ (ကြာသပတေးနေ့) မတိုင်ခင် ဆွေးနွေးပွဲတက်ရောက်ရန် zoom link ပို့ပေးပါမည်။
နောက်ဆုံးလက်ခံမည့်နေ့ရက်- ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက် (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် ညနေ ၅ နာရီ
ဆက်သွယ်မေးမြန်ရန် – nihongo@jpf-mm.org , 09-893118255
第14回日本語教師セミナーのお知らせ
主 催 :国際交流基金ヤンゴン日本文化センター(JFYG)
テーマ :「JLPT」―JLPTの特徴を知ろう―
開催 日:2022年9月3日(土)10:00~12:30(ミャンマー時間)
開催方法:オンライン(Zoom)
講 師 :大隅敦子(国際交流基金日本語試験センター主任研究員)
内 容 :JLPTの特徴である「5段階レベル」「課題遂行のためのコミュニケーション能力」「尺度得点」「Can-doリスト」といったキーワードを詳しく説明します。
*このセミナーはJLPTの受験対策の内容ではありません。
また、ミャンマーでのJLPTの出願、申し込み方法などについては話題にしませんことをご了承の上お申し込みください。
対象・使用言語:
・ミャンマーの日本語教育に関わる方。
・ミャンマー人の先生は日本語能力N3以上とします。原則日本語で進めますが、一部の内容にミャンマー語通訳を入れます。また質問はミャンマー語でも受け付けます。
・日本人の先生方も参加可能ですが、主対象をミャンマー人の先生方としますので、比較的ゆっくりした話し方になるなどご理解の上お申し込みください。
申し込み方法:
下記フォームからお申し込みください。9月1日(木)までにZoomアカウントをご連絡します。
申し込みフォーム :https://onl.sc/SDdaVAR
申し込み締め切り:2022年8月31日(水)17:00(ミャンマー時間)
お問い合わせ:nihongo@jpf-mm.org , 09-893118255
၂၀၂၂ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ (တနင်္ဂနွေနေ့) တွင် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) အား အောက်ဖော်ပြပါအတိုင်း ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပမည်ဖြစ်ပါသည်။
※ Covid-19 ရောဂါဖြစ်ပွားမှုများနှင့်လက်ရှိအခြေအနေများကြောင့် ဖြေဆိုသူဦးရေ သတ်မှတ်ချက်များဖြင့်သာ ကျင်းပပြုလုပ်သွားနိုင်မည်ဖြစ်ပြီး၊ လူအချင်းချင်းထိတွေ့မှု မရှိစေရန် အွန်လိုင်းမှသာ လျှောက်လွှာများကို လက်ခံသွားမည်ဖြစ်ကြောင်း ဦးစွာအသိပေးအပ်ပါသည်။ အခက်အခဲများအကြားတွင် ကျင်းပပြုလုပ်ရန် စီစဉ်ရသည် ဖြစ်ပါသောကြောင့် လူဦးအကန့်အသတ်ထားရှိမှုအပေါ် နားလည်ပေးပါရန်နှင့် စာမေးပွဲအောင်မြင်ရန် လိုအပ်ချက်မြင့်မားသူများသာ လျှောက်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စာမေးပွဲဝင်ရောက် ဖြေဆိုမည့်သူများမှာ အောက်ပါ အချက်အလက်များကိုလေ့လာပြီး လျှောက်ထားနိုင်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်နေ့ရက်
ဇူလိုင်လ (၃) ရက်နေ့ (တနင်္ဂနွေနေ့)
၂။ ကျင်းပမည့်နေရာ၊ စာမေးပွဲအဆင့်နှင့် အရေအတွက်
ရန်ကုန်မြို့ – N1 ၂၀၀ ဦး၊ N2 ၁၀၀၀ ဦး၊ N3 ၂၀၀၀ ဦး၊ N4 ၆၈၀၀ ဦး
မန္တလေးမြို့- N1 ၁၀၀ ဦး၊ N2 ၁၅၀ ဦး၊ N3 ၃၅၀ ဦး၊ N4 ၃၄၀၀ ဦး
စာမေးပွဲအဆင့်နှင့် အရေအတွက်မှာ ယခုအကြိမ်တွင် ကျင်းပပေးနိုင်သည့် လူဦးရေနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလစာမေးပွဲတွင် ဖြေဆိုခဲ့သည့်လူဦးရေပေါ်တွင် အခြေခံ၍ သတ်မှတ်ထားပြီး၊ စာမေးပွဲအောင်လက်မှတ် အသုံးချနိုင်မှု ဦးစားပေးလိုအပ်ချက်များအရ N1 ၊ N2 ၊ N3 ၊ N4 သာ ယခုအကြိမ်တွင် ထည့်သွင်းထားခြင်းဖြစ်ပါသည်။
၃။ စာမေးပွဲကြေး
စာမေးပွဲကြေး (N4) – ၃၀,၀၀၀ကျပ်
စာမေးပွဲကြေး (N3 , N2 , N1) – ၄၀,၀၀၀ကျပ်
လျှောက်လွှာကြေး – ၃,၀၀၀ကျပ်
Covid-19 ရောဂါကူးစက်မှုအခြေအနေနှင့် အခြားသော အကြောင်းအရင်းများကြောင့် စာမေးပွဲပြုလုပ်ကျင်းပနိုင်ခြင်းမရှိပါက စာမေးပွဲကြေးအား ပြန်လည်ပေးအပ်သွားမည်ဖြစ်သော်လည်း၊ လျှောက်လွှာကြေးအား ပြန်လည်ထုတ်ပေးမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ လျှောက်လွှာကြေးသည် လျှောက်လွှာ လက်ခံစီစဉ် ဆောင်ရွက်ခြင်းအတွက် ကုန်ကျသောစရိတ် ဖြစ်ပါသည်။
၄။ လျှောက်လွှာလက်ခံမည့်ကာလ
N1,N2 (Yangon + Mandalay) – ၂၃.၂.၂၀၂၂ မှ ၁.၃.၂၀၂၂ အထိ
N3 (Yangon + Mandalay) – ၂၄.၂.၂၀၂၂ မှ ၂.၃.၂၀၂၂ အထိ
N4 (Mandalay) – ၂၅.၂.၂၀၂၂ မှ ၃.၃.၂၀၂၂ အထိ
N4 (Yangon) – ၂၆.၂.၂၀၂၂ မှ ၄.၃.၂၀၂၂ အထိ
※ သတ်မှတ်အရေအတွက်ပြည့်သည်နှင့် လျှောက်လွှာလက်ခံခြင်းကို ရပ်ဆိုင်းမည် ဖြစ်ပါသည်။
၅။ Online Application လျှောက်ထားရန်အတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ရန်လမ်းညွှန်
ကြိုတင်ပြင်ဆင်ရမည့်အရာများ
(၁) Email အကောင့်
(၂) JLPT Application Form 2022A
(၃) ID Card (NRC စသည့် သက်သေခံကဒ်ပြား)
(၄) ဓာတ်ပုံ
(၁) Form တင်ခြင်း၊ Test Voucher လက်ခံခြင်းတို့အတွက် Email Account လိုအပ်ပါသည်။ အကောင့်တခုမှ တစ်ကြိမ်သာ လက်ခံရန်ပြုလုပ်ထားပါသဖြင့် မိမိကိုယ်ပိုင် Email Account အား ဖွင့်လှစ်ထားရှိပါရန် အသိပေးအပ်ပါသည်။
(၂) JLPT Application Form 2022A အား အောက်ဖော်ပြပါ Link မှ Download လုပ်ပါ။
https://ascoja-maja.org.mm/…/application_form__2022A…
၂၀၂၂ခုနှစ် ဇူလိုင်လ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲလမ်းညွှန်
https://ascoja-maja.org.mm/upload/pdf/test_guide_2022A.pdf
“How to Fill in the Application Form and Test Voucher” (အထက်ပါ စာမေးပွဲလမ်းညွှန် Page 21-30)
ကွန်ပျူတာတွင် “Adobe Reader Application” ဖြင့် JLPT Application Form 2022A (writable) File တွင် အချက်အလက်များကိုတိကျမှန်ကန်စွာဖြည့်သွင်းပြီး၊ Adobe Reader ၏ “Fill & Sign Tools” ကိုအသုံးပြုကာ၊Form A, B, C တို့တွင် Date နှင့် Signature အားဖြည့်သွင်းပါ။
သတိပြုရန် – Form A ၏ အပေါ်ဆုံး ညာဖက်ရှိ “受験上の配慮を希望 Request Special Testing Accommodations ” သည် မသန်စွမ်းသူများသာ အမှန်ခြစ်ရမည် ဖြစ်ပါသည်။
Date ဖြည့်သွင်းနည်း – “Fill & Sign Tools” မှ “Add Text” ကိုနှိပ်ပါ။ Form A ၏ Date နေရာကိုနှိပ်ပြီး၊ နေ့စွဲအားရေးသွင်းပါ။ (Eg: 2022/01/20)Form B, Form C တွင်လည်းအလားတူအတိုင်းနေ့စွဲအားဖြည့်သွင်းပါ။
Signature ဖြည့်သွင်းနည်း – စာရွက်အဖြူပေါ်တွင် စာဖြေသူလက်မှတ် ရေးထိုးကာဓာတ်ပုံရိုက်၍ (သို့) Scan ဖတ်ကာ image file ဖြင့် သိမ်းဆည်းပါ။ “Fill & Sign Tools” မှ “Place Signature” ကိုနှိပ်ပါ။ (အခြား Signature သိမ်းထားပြီးဖြစ်နေပါက၊ “Clear Saved Signature” ဖြင့် ဖျက်ပါ။) “Place Signature” Window ပေါ်လာပါက “Used an image”ကိုရွေးပြီး၊ File နေရာတွင် မိမိ၏လက်မှတ်အားသိမ်းဆည်းထားသော image file ကို ရွေးပေးပါ။ “Accept” ကိုနှိပ်ပြီးပါကမိမိလက်မှတ်အားသိမ်းဆည်းပြီးဖြစ်ပါသည်။ Form A ၏ “Signature” နေရာကို Mouse နှိပ်ပြီး၊ လက်မှတ်အားဖြည့်သွင်းပါ။ Form B, Form C တွင်လည်းအလားတူအတိုင်း လက်မှတ်အားဖြည့်သွင်းပါ။
အချက်အလက်အားလုံးဖြည့်သွင်းပြီးပါကFile Name အား မိမိ “အမည်-Form”ဖြင့် ပြုလုပ်ပေးပါ။ (Eg: “MAUNGMAUNG-Form.PDF”)
(ထို FileအားJLPT Online Application Form တင်ရာတွင် Attached လုပ်ပေးရမည် ဖြစ်ပါသည်။)
※ပြည့်စုံမှုမရှိသော လျှောက်လွှာအားလက်ခံ၍ မရနိုင်ခြင်းများရှိနိုင်ပါသဖြင့်၊ လျှောက်လွှာပါ အချက်အလက်များကို မှန်ကန်သေချာစွာ ဖြည့်သွင်းပြင်ဆင်ထားပါရန် အသိပေးအပ်ပါသည်။
(၃) ID Card (သက်သေခံကဒ်ပြား) File ကို Online Application တင်ရာတွင် Upload လုပ်ရန်လိုအပ်ပါသော ကြောင့် File အား ပြင်ဆင်ထားရမည် ဖြစ်ပါသည်။ နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ ပတ်စပို့၊ ကျောင်းသားကဒ် (အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်များသာ) လက်ခံမည် ဖြစ်ပါသည်။ ID Card ၏ File Name အား စာမေးပွဲလျှောက်ထားသူ၏ “အမည်-ID ” ဖြင့် ပြုလုပ်ပေးပါ။ (Eg: “MAUNGMAUNG-ID.JPG”)
လျှောက်လွှာတင်ရာတွင် ပေးပို့ထားသည့် သက်သေခံကဒ်ပြားမူရင်းအား စာမေးပွဲဖြေဆိုသည့်နေ့တွင် ယူဆောင် လာရမည် ဖြစ်ပြီး၊ သက်သေခံကဒ်ပြားမူရင်း မပါသူသည် စာမေးပွဲ ဖြေဆိုခွင့် ရရှိမည် မဟုတ်ပါ။
(၄) Test Voucher တွင် ထည့်ပေးရန်အတွက် ဓာတ်ပုံကိုလည်း File ဖြင့် ပြင်ဆင်ထားရမည် ဖြစ်ပါသည်။ ဓာတ်ပုံသည် မျက်နှာကိုရှေ့တည့်တည့်မှရိုက်ထားရမည်ဖြစ်ပြီး၊ နောက်ခံ(Back Ground) သည် အရောင်တမျိုးတည်း ဖြစ်နေရပါမည်။ ဓာတ်ပုံFile Name အား မိမိ “အမည်-Photo”ဖြင့် ပြုလုပ်ပေးပါ။ (Eg: “MAUNGMAUNG-Photo.JPG”)
၆။ Online Application လျှောက်ထားခြင်း။
စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူများသည် မိမိဖြေဆိုမည့် အဆင့် (Level) နှင့် မြို့အလိုက် သက်ဆိုင်ရာ“JLPT Online Application Form”သို့ ဝင်ရောက်လျှောက်ထားရမည် ဖြစ်သည်။ JLPT Online Application Form Link အား အောက်ဖော်ပြပါ နေ့ရက်နှင့် အချိန်များတွင် MAJA Facebook Page တွင် ကြေငြာသွားပါမည်။
N1,N2 (Yangon + Mandalay) – ၂၃.၂.၂၀၂၂ မနက်၁၀:၀၀ နာရီ
N3 (Yangon + Mandalay) – ၂၄.၂.၂၀၂၂ မနက်၁၀:၀၀ နာရီ
N4 (Mandalay) – ၂၅.၂.၂၀၂၂ မနက်၁၀:၀၀ နာရီ
N4 (Yangon) – ၂၆.၂.၂၀၂၂ မနက်၁၀:၀၀ နာရီ
Online Application Form ပါအချက်အလက်များကိုဖြည့်စွက်ပြီး၊ အောက်ဆုံးတွင်ရှိသော Attachment တွင် မိမိအမည်ဖြင့် သိမ်းဆည်းထားသော JLPT Application Form 2022 ဖိုင်၊ ID Card (သက်သေခံကဒ်ပြား)ဖိုင် နှင့် ဓာတ်ပုံ ကို Upload လုပ်ပါ။
Online Application Form ပါ နေရာများအားလုံးကိုဖြည့်စွက်ပြီး၊ အထက်ဖော်ပြပါဖိုင် (၃) ခုအားUpload လုပ်ပြီးပါက “Submit” button ကိုနှိပ်ပြီးပါကဖောင်တင်ခြင်းပြီးဆုံးမည် ဖြစ်ပါသည်။
၇။ စာမေးပွဲကြေး ပေးသွင်းခြင်း
ပြည့်စုံမှန်ကန်စွာဖြည့်သွင်းထားသော လျှောက်လွှာများအတွက် စာမေးပွဲကြေးပေးသွင်းရမည့် သတ်မှတ်ရက် အသေးစိတ် ကို Level အလိုက် MAJA FB Page တွင် ထပ်မံ ကြေငြာ ပေးသွား ပါမည်။
စာမေးပွဲကြေးပေးသွင်းရာတွင် AYA (iBanking, Bank, Agent) , KBZ (Pay, iBanking, Bank, Agent) မှ တဆင့် အောက်ပါငွေပေးသွင်းခြင်းလမ်းညွှန် အတိုင်းပေးသွင်းရမည် ဖြစ်ပါသည်။ (ကြိုတင်ပြင်ဆင်နိုင်ပါရန် ဖော်ပြပေးထားပါသည်။)
<AYA>
https://drive.google.com/…/1j7ZLR8Q2XTPy5mjbRME…/view…
<KBZ>
https://drive.google.com/…/1x_nP…/view…
Online မှတဆင့် ငွေပေးသွင်းရန် အခက်အခဲရှိသူများအနေဖြင့် (ငွေပေးသွင်းရမည့်ကာလရောက်လျှင်)
ရန်ကုန် – 09-986 093 637၊ 09-980 446 834
မန္တလေး – 09-255 162 533 ဖုန်းသို့ ဆက်သွယ် နိုင်ပါသည်။
ငွေပေးသွင်းပြီး၍ ဖြေဆိုခွင့်ရရှိသည့် လျှောက်ထားသူများစာရင်းအား ကြေငြာပေးသွားမည်ဖြစ်ပြီး TestVoucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကို Email မှတဆင့် (၁.၆.၂၀၂၂ မှ ၂၅.၆.၂၀၂၂ အတွင်း) ပေးပို့သွားပါမည်။
(စာမေးပွဲဖြေဆိုသည့်နေ့၊ စာမေးပွဲဖြေဆိုသည့် စာဖြေခန်းတွင် Test Voucher Copy နှင့် ID Card မူရင်းအား စစ်ဆေးပြီး Test Voucher မူရင်းအား ထုတ်ယူပေးမည် ဖြစ်ပါသည်။)
လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ရန်ကုန် – 09-428 756 746 ၊ 09-962 751 373
မန္တလေး – 09-255 162 533
ဖုန်းလက်ခံဖြေကြားချိန်။ တနင်္လာနေ့ မှ သောကြာနေ့ (နံနက် ၉:၃၀ မှ ၁၂:၀၀၊ နေ့လယ် ၁:၀၀ မှ ၄:၃၀)
ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။