Yakishime As Teawares” (ဂျပန်ရိုးရာ ရေနွေးကြမ်းအိုးနှင့် ခွက်များအကြောင်း)
လက်ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်တွင် ပြုလုပ်ကျင်းပရန်စီစဉ်ထားသော ယာကီရှိမဲ မြေထည်လက်ရာပြပွဲ အစီအစဉ်၏ ခေါင်းစဉ်ကွဲတစ်ခုဖြစ်သော “Yakishime As Teawares” ခေါင်းစဉ်အောက်တွင် ဂျပန်၏ ထင်ရှား သော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် Sado (ခေါ်) လက်ဖက်ရည်တည်ခင်း ဧည့်ခံသော အခမ်းအနားတွင် မရှိမဖြစ် ဖြစ်သောရေနွေးကြမ်းအိုး၊ ခွက်များကို ပြသထားမည်ဖြစ်ပြီး အဆိုပါအိုးခွက်၊ ရေနွေးအိုးများ အသုံး ပြုပုံနှင့်သမိုင်းကြောင်းကို ဆွေးနွေးသွားမည့်စကားဝိုင်းတစ်ခုကိုလည် ကျင်းပရန်စီစဉ် ထားပါသည်။
အဆိုပါစကားဝိုင်းကို ဂျပန်လူမျိုး Ms.Hyodo မှဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ပါလင့်မှတစ်ဆင့်ကြိုတင်စာရင်းပေးသွင်းသွားရမည်ဖြစ်ပါသည်။ စကားဝိုင်းအပြီးတွင်လဲဂျပန်ရိုးရာ လက်ဖက်စိမ်းရည် Matcha ဖြင့်တည်ခင်း ဧည့်ခံသွားမည်ဖြစ်သည်။
အစီအစဉ်အသေးစိတ်
အချိန် – မနက် ၁ဝ နာရီမှ ၁၁ နာရီအထိ
နေ့ရက် – ဇူလိုင်လ ၁၅ ရက်၊ စနေနေ့၊ ၂ဝ၂၃
နေရာ – ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ်(၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/QyMjQTcRSnAFhZ6d7
ယာကီရှိမဲပြပွဲ၏ ခေါင်းစဥ်ခွဲ ၃ ခုထဲမှ တစ်ခုဖြစ်သော အနုပညာလက်ရာမြောက် ယာကီရှိမဲမြေထည်ပစ္စည်းများ ခေါင်းစဥ်အောက်တွင် ဂျပန်အနုပညာရှင်များ၏ ခေတ်ပြိုင် လက်ရာများကို ခင်းကျင်းပြသထားမည်ဖြစ်သည်။
နေစဥ်အသုံးဝင်မြေထည်ပစ္စည်းများမှ အနုပညာလက်ရာများအဖြစ် ကူးပြောင်းလာမှုသည် အဓိကအကြောင်းအရာ ဖြစ်သည်။ နေ့စဥ်ဘ၀တွင် မြေအိုးမြေခွက်များ၏ အသုံး၀င်မှုသည် လူ့သမိုင်းတွင် လူနေမှုအဆင့်အတန်းမြင့်မား လာသည်နှင့်အမျှ အခြေခံရုပ်လိုအပ်ချက်ကိုကျော်လွန်၍ အနုပညာလက်ရာမြောက်ပစ္စည်းများအဖြစ် ယဥ်ကျေး မှုအဆင့်အတန်းမှာလဲ မြင့်မားလာခဲ့သည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ ပြပွဲကာလအတွင်းတွင် စတူဒီယိုနွယ်မှ မြန်မာကြွေထည်အနုပညာရှင် မစိုးယုနွယ်နှင့်အတူစကားဝိုင်းတစ်ခုကို စီစဥ်ထားပြီး ရိုးရာWabi-sabi Concept နှင့် မော်ဒန် ခေတ်ပြိုင် Experimental Minimalistic art concept များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် ပြပွဲတွင်လဲ ဂျပန်အနုပညာရှင်များ၏ လက်ရာအပြင် မစိုးယုနွယ်၏ လက်ရာတစ်ချို့ကိုလဲ ပြသထားမည် ဖြစ်ပါသည်။
မစိုးယုနွယ်နှင့် စကား၀ိုင်းတွင် လူဦးရေကန့်သတ်ချက်ရှိသောကြောင့် ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။
အစီအစဉ် အသေးစိတ်
အချိန် – နေ့လည် ၂ နာရီမှ ၃ နာရီအထိ
နေ့ရက် – ဇူလိုင်လ ၁၅ ရက်၊ စနေနေ့၊ ၂ဝ၂၃
နေရာ – ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် – ၇ဝ၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်
အောက်ပါလင့်ခ်မှ စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/ThJH5BfbS1ytZuGd6
“ မြေဓာတ်၏ အသွင်ကူးမှု”
“ ရိုးရာမှခေတ်ပြိုင် ကြွေထည်၊မြေထည် လက်ရာပြပွဲ”
(English below)
“Yakishime” (焼締) – ယာကီရှိမဲ ဆိုသည်မှာ မီးဖြင့် အပူပေး၍ ပုံသွင်းယူသည်ဟူသော “Yakishimeru” (焼き締める)(ယာကီရှိမဲရု)မှ အဓိပ္ပာယ်ဆင်းသက်လာခြင်းဖြစ်သည်။ စကြာဝဠာအတွင်းရှိ ရုပ်ဝတ္ထုအားလုံးသည် ဓာတ်ကြီး ၄ ပါးဖြင့် ဖွဲ့စည်းထားသကဲ့သို့ ဂျပန် Yakishime မြေထည်များသည်လည်း မူလဘူတတွင် အစိုင်အခဲမြေဓာတ်မှ စိုစွတ်သောရေဓာတ်ဖြင့် ပေါင်းစည်း၍ ရွှံ့စေးဖြစ်လာပြီး ပုံသွင်းဖန်တီးယူကာ မီးအပူဓာတ်ဖြင့် ဖုတ်၍ လေဓာတ်ဖြင့် လေသလပ်ခံကာ အိုး၊ခွက်၊အနုပညာလက်ရာများအဖြစ် အသွင်ကူးပြောင်းသွားခြင်းဖြစ်သည်။
‘YAKHISHIME — မြေဓာတ်၏ အသွင်ကူးမှု’ travelling exhibition ၏ အဓိကအကြောင်းအရာမှာ မြေစေးကို စဉ့်မသုတ်ဘဲ မီးပြင်းပြင်းဖြင့် တိုက်ကာ မြေအိုးမြေခွက်များ ဖုတ်ရသော Yakishime – ယာကီရှိမဲ အိုးဖုတ်နည်းအတတ်ပင် ဖြစ်ပါသည်။ ရှေးအကျဆုံးသော ယာကီရှိမဲ မြေအိုးမြေခွက်များမှာ အေဒီ ၄ ရာစုမှ ၅ ရာစုကြား ကာလမှ ဖြစ်ပြီး ယာကီရှိမဲ အိုးဖုတ်နည်းအတတ်သည် အေဒီ ၁၂ ရာစုမှ ၁၇ ရာစုကြားတွင် နည်းစနစ်တကျ တိုးတက်ဖြစ်ပေါ်ထွန်းကားလာခဲ့သည်။ ဂျပန်နိုင်ငံ၏ အိုးထိန်းပညာထွန်းကားရာ အရပ်များ ဖြစ်သော Bizen ၊ Shigaraki ၊ Tokoname စသည့်မြို့များတွင် တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြသည်။
လူ့သမိုင်းယဉ်ကျေးမှုတွင် မြေအိုးမြေထည် ပန်းကန်ခွက်ယောက်များသည် လူသားတို့၏ နေ့စဉ်ဘဝတွင် ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လူသားတို့သည် မိမိတို့၏ သဘာဝပတ်ဝန်းကျင်ကို နားလည်သဘောပေါက်လာချိန်မှစ၍ မိမိတို့၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်တိုးတက်လာစေခဲ့သော ရုပ်ဝတ္ထုပစ္စည်းများကို ဖန်တီးအသုံးပြုလာနိုင်ခဲ့ကြသည်။ ဂျပန်တို့၏ Sado (茶道) ခေါ် လက်ဖက်စိမ်းယဉ်ကျေးမှု၏ အဓိကမရှိမဖြစ် ရုပ်ဝတ္ထုပစ္စည်းဖြစ်သည့် ရေနွေးအိုး၊ လက်ဖက်ရည်ကြမ်းခွက် စသည့် လက်ဖက်ရည် တည်ခင်းဧည့်ခံသည့်အခမ်းအနားတွင် အသုံးပြုသော မြေထည်ပစ္စည်းများမှာလည်း ယာကီရှိမဲနည်းဖြင့် ဖန်တီးထားသလို ဂျပန်ရိုးရာ washoku (和食)- ဝရှောခု ဟင်းလျာများနှင့် တွဲဖက်ပါဝင်သော အိုး၊ပန်းကန်၊ခွက်ယောက်များမှာလည်း ယာကီရှိမဲနည်းကို အသုံးပြုထားသော မြေထည်များသာဖြစ်သည်။ ဤကဲ့သို့ နေ့စဉ် အသုံးဝင် မြေထည်ပစ္စည်းများသည် ခေတ်အဆက်ဆက်တွင် လက်တွေ့အသုံးဝင်မှုနှင့်အတူ အနုစိတ်ပုံဖော် လက်ရာမြောက် အနုပညာများအဖြစ်လည်း တစ်ဖြေးဖြေးချင်း အသွင်ကူးလာခဲ့သည်။ ဤပြပွဲတွင် ရိုးရာသဘာဝအတိုင်း ပြုလုပ်ဖန်တီးထားပြီး wabi-sabi (the art of imperfection) ကို ဖော်ကျူးထားသော အနုပညာလက်ရာများအပြင် ခေတ်သစ်နှင့် ခေတ်ပြိုင် experimental နှင့် minimalism လက်ရာမြောက် အမျိုးမျိုးသော ယာကီရှိမဲ မြေထည်လက်ရာများကိုလည်း ခင်းကျင်းပြသထားမည်ဖြစ်ပါသည်။
ပြပွဲ အစီအစဉ် အသေးစိတ်
အချိန် ။ ။ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ
နေ့ရက် ။ ။ ဇူလိုင်လ ၁၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ (တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် ပြခန်းပိတ်ပါသည်)
နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ယဉ်ကျေးမှုစင်တာ၊ အမှတ်-၇ဝ၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
“Dokusho no Aki” (ဆောင်းဉီးရာသီ စာဖတ်မည် စာပေစကားဝိုင်း)
Anomie – Alienation
မြန်မာ ၁၂ လရာသီပွဲတော်များထဲတွင် နယုန်လ စာတော်ပြန်ပွဲ ရှိသကဲ့သို့ပင် ဂျပန်တွင်လဲ “ Dokusho no Aki(読書の秋)” ဆောင်းဦးရာသီ စာပေရာသီ” ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ မိုးအကုန် ဆောင်းအကူး၊ အေးချမ်းတဲ့ ဥတုရာသီ၊ နေ့တာတိုပြီး ညတာရှည်လာတဲ့အချိန်က စာအုပ်ဖတ်ဖို့ အကောင်းဆုံးအချိန်အဖြစ် ဂျပန် ဂန္တဝင်စာရေးဆရာကြီးဖြစ်တဲ့ Natsume Soseki ကိုယ်တိုင် သတ်မှတ်ခဲ့ပြီး ဆောင်းဉီးရာသီမှာ စာဖတ်တဲ့ အလေ့အထကို ပြုစုပျိုးထောင်ခဲ့တာဖြစ်ပါတယ်။
ယခုတစ်ခါမှာတော့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ယဥ်ကျေးမှုနဲ့အနုပညာအစီအစဥ်တစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဂျပန်စာပေချစ် ပရိသတ်တွေကြား ဆွေးနွေးချိတ်ဆက် မိတ်ဖွဲ့လိုရမယ့် စာပေစကားဝိုင်း တစ်ခုကို စီစဥ်ထားပါတယ်။ ဂျပန်စာပေများမှတစ်ဆင့် ဂျပန်လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနဲ့ ပြဿနာများကို လေ့လာနိုင်ရန် ဂျပန်ယဉ်ကျေးမှုနှင့်စာပေကို စိတ်ဝင်စားသူများအတွက် စီစဉ်တင်ဆက်ထားခြင်းဖြစ်ပါသည်။
ဒီတစ်ခေါက်စကားဝိုင်းကိုတော့ စာရေးဆရာ Osamu dazai ရဲ့ No Longer Human စာအုပ်နဲ့ စာရေးဆရာမ Sayaka Murata ရဲ့ Convenience Store Woman တို့ကို ရွေးချယ်ထားပါတယ်။ စာအုပ်နှစ်အုပ်ထဲက ဇာတ်ကောင် နှစ်ယောက်က မတူညီတဲ့ ခေတ်နှစ်ခေတ်ရဲ့ အခြေအနေပေါ် နောက်ခံဇာတ်အိမ်တည်ဆောက်ထားသော်လည်း တူညီချက်မှာ ဇာတ်ကောင်နှစ်ယောက်လုံးသည် လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျ မဖြစ်မှုအပေါ် ရုန်းကန်ရသော ဇာတ်ရုပ်သဏ္ဌာန်ဖြစ်သည်။ No Longer Human စာအုပ်မှ ဇာတ်ကောင် အမျိုးသား Yozo သည် သာမန်လူတစ်ဦးအဖြစ် လူ့အဖွဲ့အစည်းတွင် ဝင်ဆံ့အောင် ကြိုးပမ်းနေသော သူတစ်ဉီးဖြစ်ပြီး အရက်၊အမျိုးသမီးများနှင့် ကင်းကွာ၍ မနေနိုင်သော သူတစ်ဉီးဖြစ်ကာ မိမိကိုယ်ကို အဆုံးစီရင်သွားသောသူဖြစ်သည်။ Convenience Store Woman မှ ဇာတ်ကောင် အမျိုးသမီး Keiko သည် ၁၈ နှစ်ကြာ စတိုးဆိုင်အရောင်းစာရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မျက်မှောက်ခေတ် ဂျပန်လူ့အဖွဲ့အစည်း၏ ကျားမရေးရာ ဆိုင်ရာ လူမှုပြဿနာများ၊ အလုပ်အကိုင်နှင့် လုပ်အားဆိုင်ရာ အယူအဆများကို မီးမောင်းထိုးပြထားသော ဇာတ်ကောင်ဖြစ်သည်။ စကားဝိုင်းတွင် ထိုစာအုပ်နှစ်အုပ်မှ အဓိက ဇာတ်ကောင်များ၏ လူ့အဖွဲ့အစည်းတွင် မဝင်ဆံ့မှုမှတစ်ဆင့် ဂျပန်လူ့အဖွဲ့အစည်း၏ မတူညီသော လူမှုစီးပွားနောက်ခံ ယဉ်ကျေးမှုများအကြောင်းကို လေ့လာဖော်ထုတ်ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။
စကားဝိုင်းတွင် ပါဝင်လိုသူများအနေဖြင့် အဆိုပါစာအုပ်နှစ်အုပ် (သို့) ကြိုက်နှစ်သက်ရာတစ်အုပ်ကို ကြိုတင်ဖတ်ရှုလာဖို့ လိုအပ်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် စာကြည့်တိုက်တွင်လည်း Convenience Store Women မြန်မာ ဘာသာပြန် စာအုပ်နှင့် No Longer Woman ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ စာအုပ်တို့ကို ထားရှိပေးထားမည်ဖြစ်သည့်အတွက် ယဉ်ကျေးမှုစင်တာ ဖွင့်ချိန်အတွင်း လာရောက်ဖတ်ရှုနိုင်ပါသည်။
အောက်ပါလင့်ခ်တွင် စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/xevgtQvibKk94QkW7
အချိန် ။ ။ နေ့လည် ၂ နာရီ
နေ့ရက် ။ ။ အောက်တိုဘာလ ၂၁ ရက် (စနေနေ့)
နေရာ ။ ။ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်
လူဉီးရေ ။ ။ ၃ှဝ ဉီး
ပါဝင်ခွင့်ရရှိသူများကို ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသွားပါမည်။ (ပါဝင်ဖို့အတည်ပြုပြီးမှ စကားဝိုင်းနေ့တွင် cancel လုပ်ခြင်း၊ မတက်ရောက်ခြင်းများသည် အခြားတက်ရောက်လိုသူများကို နစ်နာစေသောကြောင့် တက်နိုင်သရွေ့ မပြုလုပ်မိပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
ကာရာတေး မွေးဖွားရာ အိုကီနာဝါ (Okinawa: The Birthplace of Karate)
အိုကီနာဝါရဲ့ ရိုးရာကိုယ်ခံပညာက ဘာလဲဆိုတာ သိပါသလား?
ကာရာတေး (空手) ဖြစ်ပါတယ်။ ဂျပန်မှာ ကာရာတေးကို “ဟေးဝ နို ဘူ” (平和の武) (ငြိမ်းချမ်းရေး ကိုယ်ခံပညာ) လို့ ခေါ်ကြပြီး ကမ္ဘာတစ်ဝှမ်း ကာရာတေးပညာရပ်ကို လေ့လာလေ့ကျင့်နေသူ လူဉီးရေ ၁၃၀ သိန်းရှိပါတယ်။ ကာရာတေး ကိုယ်ခံပညာက အိုကီနာဝါကနေ ဖြစ်လာတယ်ဆိုတာ လူအများစုက မသိကြပါဘူး။ အိုကီနာဝါကျွန်းဆွယ်ရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုက ကာရာတေး ရိုးရာကိုယ်ခံပညာထဲမှာ အခြေတည်ထားပါတယ်။
“အိုကီနာဝါအကြောင်း လေ့လာစရာ၊ ဂျပန်ဖောင်ဒေးရှင်းကို လာခဲ့ပါ” (Okinawa Month) အစီအစဉ်အနေနဲ့ အိုကီနာဝါနှင့် ပါတ်သတ်တဲ့ အစီအစဉ်များကို စက်တင်ဘာ ၁လ လုံးပြုလုပ်ကျင်းပလျက်ရှိပါတယ်။ နောက်ဆုံးအစီအစဉ်အနေနဲ့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် “ကာရာတေးမွေးဖွားရာ အိုကီနာဝါ” (Okinawa: the Birthplace of Karate) အစီအစဉ်မှာ ကာရာတေး ကိုယ်ခံပညာ ဖြစ်ပေါ်လာပုံ၊ ကာရာတေးနှင့် အိုကီနာဝါ၊ ကာရာတေး သရုပ်ဖော်ပြသကွက်နှင့် ကာရာတေး kihon training for all တို့ပါရှိမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးအကျီနဲ့ ဘောင်းဘီဝတ်လာဖို့ အကြံပြုပါတယ်။
အချိန် ။ ။ နေ့လည် ၂ နာရီ – ၃ နာရီခွဲ
နေ့ရက် ။ ။ စက်တင်ဘာလ ၃ဝရက် (စနေနေ့)
နေရာ ။ ။ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
https://forms.gle/yWFDhfJ7pu3iUGys7
“ကာရာတေး မွေးဖွားရာ အိုကီနာဝါ” အစီအစဉ်အတွက် ဖိတ်ခေါ်ထားတဲ့ ကာရာတေးနည်းပြကတော့ ဂျပန် ကာရာတေး Shotokan (松濤館) အဖွဲ့ချုပ်တွင် အဆင့် (၃) ခါးပတ်နက်ရရှိထားပြီး ကာရာတေးနည်းပြအဖြစ် ၇ နှစ် ကြာအောင် သင်ကြားပြသပေးခဲ့တဲ့ sensei ယုတ ကိုးနိရှိ ဖြစ်ပါတယ်။ sensei က တရုတ်နိုင်ငံတွင် ကာရာတေး အကူနည်းပြအဖြစ် ၅ နှစ်သင်ကြားပေးခဲ့ပြီး နယူးဂိနိ နိုင်ငံတွင် အဓိကနည်းပြအဖြစ် ၂ နှစ်ကြာအောင် သင်ကြား ပေးခဲ့သည်။ sensei သည် လက်ရှိတွင် Japan Traditional Karate Association ၏ မြန်မာသင်တန်းကျောင်းခွဲ တွင် ကာရာတေးနည်းပြအဖြစ် သင်ကြားပေးလျက်ရှိပါသည်။
အိုကီနာ၀ါနဲ့ အဲအိဆာ(エイサー)ခွဲခြားလို့မရတဲ့အရာ၊ အိုကီနာ၀ါ အဲအိဆာအကသည် ဂျပန်တွင်သာမက အပြည်ပြည်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားများကြားတွင်လဲ ကျော်ကြားသောအကတစ်ခုဖြစ်သည်။
အီယာဆာဆာ(イーヤーサーサー)နဲ့ ဟာအီယာ(ハーイーヤー) သံပြိုင်ထွက်သည့် ညာသံနှင့်အတူ အားမာန်အပြည်နှင့် စည်ကြီး၊စည်ငယ် အသွယ်သွယ် မှ ညီညာတီးခတ် ပဲ့တင်သံနှင့်အတူ စီတန်းလှည့်လည်လေ့ရှိသော အဲအိဆာအကသည် လျူးကျူးခေတ်မှ ယနေ့အထိတိုင် အိုကီနာ၀ါ၏ ထင်ရှားသော ယဥ်ကျေးမှုပြယုဂ် ပွဲတော်တစ်ခုဖြစ်သည်။ ဂျပန်ပြည်မ ရှိ ဒေသအချို့နဲ့ မတူ၊ မူကွဲသော အိုဘုန်းပွဲတော်တွင် တီးခတ်ကပြဖျော်ဖြေလေ့ရှိပြီး၊ ပွဲတော်ကျင်းပချိန် နွေရာသီတွင် ကမ္ဘာလှည့် ခရီးသွား ဧည်သည်များနှင့် စည်းကားလေ့ရှိသည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ လက်ရှိကျင်းပပြုလုပ်နေသော Okinawa Month ၏ တတိယအပတ် အစီအစဥ်တွင် အဲအိဆာအက ကိုမိတ်ဆက်ထိတွေ့ပေးရန် စီစဥ်ထားပါသည်။
အဲအိဆာအက အကြောင်းကိုလဲ ရှင်းလင်းပြသပေးမည်ဖြစ်ပြီး၊ paarankuu(パーランクー) ပါရမ်ခု စည်ငယ်ဖြင့် အားလုံးအတူတူ ပါ၀င်တီးခတ် ကပြရမည်ဖြစ်သောကြောင့် စိတ်ပါ၀င်စားသူများ လာရောက်ပါ၀င်နိုင်ရန် အကြောင်း ကြားအပ်ပါသည်။
Session တစ်ခုကို လူ အယောက် ၁၅ ယောက် ကန့်သတ်ထားပြီး၊ မနက်ပိုင်းနှင့် နေ့လည်ပိုင်း နှစ်ချိန် ခွဲထားသောကြောင့် မိမိ အဆင်ပြေမည့် အချိန်တွင် တက်ရောက်လို့ရပါတယ်။ ကြိုတင်စာရင်းပေး သွင်းဖို့လိုအပ်ပြီး Frist come first စနစ်နဲ့ ပထမဆုံး စာရင်းပေးသွင်းသူတွေကို event မတိုင်ခင် တစ်ရက်ကနေ နှစ်ရက် အတွင်း အတည်ပြုဖို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားပါမယ်။ ပါ၀င်ဖို့ အတည်ပြုပြီးမှ event နေ့တွင် cancel လုပ်ခြင်း၊ မတက်ရောက်ခြင်းများသည် အခြားတက်ရောက် လိုသူများကို နစ်နာစေသောကြောင့် တက်နိုင်သရွေ့ မပြုလုပ်မိပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အစီအစဉ်အသေးစိတ်
ရက်စွဲ ။ ။ စက်တင်ဘာလ ၂၃ ရက်၊၂၀၂၃ (စနေနေ့)
မနက်ပိုင်းအချိန် ။ ။ မနက် ၁၀ နာရီမှ ၁ ၂ နာရီအထိ၊ ေန့လည်ပိုင်းအချီန် – နေ့လည် ၂ နာရီ မှ ၄ နာရီအထိ
နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ၊ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
*** ပေါ့ပေါ့ပါးပါးလှုပ်ရှားနိုင်သော အ၀တ်အထည်များ ၀တ်လာရင်လိုအပ်ပါသည်။
*** ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်သည်။
မနက်ပိုင်းအချိန်အတွက် စာရင်းပေးရန် >>> https://forms.gle/Y71uRf1qaFqF2BnCA
နေ့လည်ပိုင်းအချိန်အတွက် စာရင်းပေးရန် >>> https://forms.gle/tdXNL3VGiT5jtB657
*ပွဲမစခင် ၁၅ မိနစ်အလို လာပေးပါရန်နှင့် waiting list တွင် လူအရမ်းများသည့်အတွက် အဆက်အသွယ်အကြောင်းကြားခြင်းမရှိပဲ နောက်ကျပါက waiting list ထဲက လူများကို ထည့်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ယဥ်ကျေးမှုစင်တာ မှာ မပြုလုပ်တာကြာပြီဖြစ်တဲ့ Origami Workshop အစီအစဥ်လေးကို ဒီတစ်ခေါက် Okinawa Month မှာထည့်သွင်းပြုလုပ် စီစဥ်ထားပါတယ်။ ခေါက်ရမဲ့ စက္ကူအရုပ်လေးတွေကတော့ အိုကီနာ၀ါရိုးရာ Shīsā, シーサー (ရှီဆာခြင်္သေ့) အိုခီနာ၀ါကျွန်းပတ်လည် ပင်လယ်ပြင်တွင် နေထိုင်ကျက်စားသော Whale shark (ジンベエザ) ဝေလငါး နှင့် အိုကီနာ၀ါကျွန်းတွင် ပွင့်လေ့ရှိသော Hibiscus (ハイビスカス)ခေါင်ရမ်းပန်းတို့ ဖြစ်ပါတယ်။ Level ကတော့ Beginner နဲ့ Intermediate ကြားမှာ ရှိတဲ့အတွက် Origami ခေါက်တဲ့ အတွေ့အကြုံမရှိသူတွေလဲ join လို့ရပါတယ်။ အိုကီနာဝါရိုးရာ ဒဏ္ဏာရီလာ Shīsā, シーサー (ရှီဆာခြင်္သေ့)
အကြောင်း၊ Whale shark (ジンベエザメ)
အကြောင်း နှင့် Hibiscus (ハイビスカス)
အကြောင်းတို့ကိုလဲ Workshop မစခင်မှာ ကြိုတင်ရှင်းပြပေးသွားမှာပါ။
Session တစ်ခု ကို လူ အယောက် ၁၅ ယောက် ကန့်သတ်ထားပြီး၊ မနက်ပိုင်းနှင့် နေ့လည်ပိုင်း နှစ်ချိန် ခွဲထားသောကြောင့်မိမိ အဆင်ပြေမည့် အချိန်တွင် တက်ရောက်လို့ရပါတယ်။ ကြိုတင်စာရင်းပေးသွင်ဖို့လိုအပ်ပြီး Frist come first စနစ်နဲ့ ပထမဆုံး စာရင်းပေးသွင်းသူတွေကို workshop မတိုင်ခင် တစ်ရက်ကနေ နှစ်ရက် အတွင်း အတည်ပြုဖို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားပါမယ်။ ပါ၀င်ဖို့အတည်ပြု ပြီးမှ Workshop နေ့မှ cancel လုပ်ခြင်း မတက်ရောက်ခြင်းများသည် အခြားတက်ရောက်လိုသူများကို နစ်နာစေသောကြောင့် တက် နိုင်သရွေမပြုလုပ်မိပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Okinawa Month: 2nd week
Origami Workshop
နေစွဲ့ – ၁၆ ရက်နေ့ (စနေနေ့)
အချိန် – မနက်ပိုင်း အချိန် – ၁၀ နာရီမှ ၁၁ နာရီခွဲ
နေ့လည်ပိုင်း အချိန် – ၁ နာရီခွဲမှ ၃ နာရီ
နေရာ – ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်း
စာရင်းပေးသွင်းရန် အောက်ပါ link ကို နှိပ်ပါ။
https://forms.gle/sufSTUYvkBuKM8hQ7
Okinawa Month![]()
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် မြန်မာ-ဂျပန်ယဉ် ကျေးမှုဖလှယ်ရေး ပေါင်းကူးတံတားအနေဖြင့် ဂျပန်ယဉ်ကျေးမှုဆိုင်ရာ ပွဲအစီအစဉ်များကို တင်ဆက်ပေးလျက်ရှိပါသည်။ ယခု စက်တင်ဘာလတွင် “Okinawa Month” ဟူ၍ အိုကီနာဝါဒေသ၏ ယဉ်ကျေးမှု၊ အနုပညာ၊ သမိုင်းကြောင်းတို့ကို စိတ်ဝင်စားဖွယ်အစီအစဉ်များစွာဖြင့် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။
အိုကီနာဝါဒေသသည် ဂျပန်၏ အနောက်တောင်ဘက် အကျဆုံး နေရာတွင်တည်ရှိပြီး ကျွန်းငယ်ပေါင်း ၁၆၀ ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ အိုကီနာဝါသည် ယခင်က ဂျပန်ပြည်တွင် မပါဝင်ဘဲ လျူးကျူးနိုင်ငံတော်အဖြစ် တစ်ထီးတစ်နန်း တစ်သီးတစ်ခြား တည်ရှိခဲ့ပြီး အရှေ့အာရှ ကုန်သွယ်ရေးအတွက် အချက်အခြာကျသော နိုင်ငံတစ်ရပ်ဖြစ်ခဲ့သည်။ ထိုသို့ အရှေ့အာရှနှင့် တောင်အာရှနိုင်ငံများကြား ကုန်ဖလှယ်ရာဒေသဖြစ်သည့်အလျောက် ယဉ်ကျေးမှုမှာလည်း မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ ယဉ်ကျေးမှုုနှင့် ဆင်တူနိုင်သည့် အချက်များကိုလည်း တွေ့နိုင်မည်ဖြစ်သည်။
ဤသို့ စိတ်ဝင်စားဖွယ် သမိုင်းကြောင်းရှိသည့် အိုကီနာဝါ၏ ပင်လယ်ပြာ သဘာဝရှုခင်း၊ ထူးခြားသော အိုကီနာဝါ ဒေသိယဘာသာစကား၊ အစားအစာ၊ ယဉ်ကျေးမှုအကြောင်း မိတ်ဆက်ခြင်းကို “Okinawa Month” ၏ ပထမအပါတ် မိတ်ဆက်အစီအစဉ်အဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ မစ္စ ဟိနနို ရှိမိုဇတိုမှ အဓိကတင်ဆက်သွားမည်ဖြစ်ပြီး သူ၏ ဇာတိမှာလည်း အိုကီနာဝါဖြစ်ပါသည်။ အစီအစဉ်အပြီးတွင် ရိုးရာ အစားအစာဖြစ်သည့် Saataa Andagii (サーターアンダギー, Okinawan traditional style doughnuts)၊ Kuru Zaataa(黒砂糖, black sugar)နှင့် Sanpin Cha(さんぴん茶, jasmine tea) တို့ကိုလည်း မြည်းစမ်းနိုင်မည်ဖြစ်ပါသည်။
နောက်လာမည့် အပါတ်များတွင်လည်း အခြားစိတ်ဝင်စားဖွယ်ကောင်းသော အိုကီနာဝါယဉ်ကျေးမှုအစီအစဉ်များကို တင်ဆက်ပေးသွားမည်ဖြစ်သောကြောင့် အားလုံးကို စောင့်မျှော်ကြည့်ရှု ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
Okinawa Month
“1st week: Introduction to Okinawa”
နေ့ရက်။ ။ စက်တင်ဘာလ ၉ ရက် (စနေနေ့)
အချိန် ။ ။ မနက် ၁ဝ နာရီမှ ၁၂ နာရီအထိ
နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်
*လူဥ◌ီးရေကန့်သတ်ထားသည့်အတွက် အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းရန် လိုအပ်ပါသည်။
Registration link: https://forms.gle/PZqAxqNZ4KqoscQU8
(လင့်ခ်ကိုဝင်၍မရပါက VPN ဖွင့်၍ ဝင်ကြည့်ဖို့ အကြံပြုပါသည်)
ဂျပန်မှာ ဇူလိုင်ကနေ August လကုန်၊ စက်တင်ဘာလဆန်းအထိ နွေရာသီကျရောက်ပါတယ်။ ပူပြင်းတဲ့နွေရာသီရဲ့ ညနေခင်းတွေမှာ မရှိမဖြစ် လိုအပ်တာကတော့ ဝတ်ရတာ သက်တောင့်သက်သာရှိတဲ့ ယုကတဝတ်စုံရယ်၊ ယပ်တောင်တစ်လက်ရယ်၊ ခခိဂိုရိ (かき氷) ရေခဲခြစ်အေးအေးလေးရယ်ပါပဲ။ ညနေစောင်းလာတာနဲ့ ပုစဉ်းရင်ကွဲသံတွေ တစ်စီစီကြားနေရမယ်။ မိုးလေတိမ်ကင်းစင်တဲ့အခါ ကောင်းကင်မှာ မီးရှူးမီးပန်းလွှတ်တဲ့ (花火)ပွဲတွေကို ကြည့်ဖို့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူ ယုကတဝတ်စုံကိုယ်စီနဲ့ သွားကြမယ်။ မြန်မာမှာ ဘုရားပွဲဈေးတန်းလှည့်သလိုပဲ အပြန်မှာ နွေရာသီပွဲတော်(夏祭り)မှာ ဂိမ်းတွေဆော့၊ မုန့်ပတ်စားပြီးမှ အိမ်ပြန်ကြတဲ့ နွေရာသီ ယဉ်ကျေးမှုအစဉ်အလာရှိပါတယ်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာက ယခုတစ်ခေါက်မှာ အားလုံးအတွက် ဂျပန်ရဲ့ နွေရာသီပွဲ တော်(夏祭り)ကို ယူဆောင်လာပေးမှာြဖစ်ပါတယ်။ ယုကတဝတ်စုံဝတ်မယ်၊ ကိုယ်တိုင် ယပ်တောင်လုပ်ကြမယ်၊ ဂိမ်းတွေဆော့ကြမယ် စတဲ့အစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်။
နွေရာသီပွဲတော်အစီအစဉ်ကို August လ ၁၉ ရက်နေ့ (စနေနေ့) ဂျပန်ယဉ်ကျေးမှုစင်တာမှာ မနက် ၁၀ နာရီကနေစပြီး လာရောက်ပါဝင်ဆင်နွှဲလို့ရပါတယ်။ ယုကတ ဝတ်မယ်ဆိုရင်တော့ ကြိုတင်စာရင်းပေးသွင်းဖို့ လိုပါတယ်။
အောက်ပါလင့်ခ်တွင် ကြိုတွင်စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/DRxPq8bqGvL2tvceA
မေလ ၅ နေ့မှာ ကျရောက်ခဲ့တဲ့ Kodomo no hi (ကလေးများနေ့)ကို ဆင်နွှဲတဲ့အနေနဲ့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှာ ကလေးများပါ ပါဝင်နိုင်မယ့် Kodomo no hi event ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ Kodomo no hi အကြောင်းကို ရှင်းပြမယ်၊ Koinobori ငါးကြင်းအလံများကို Origami ခေါက်ပြီး အတူတူ လုပ်ကြမယ်၊ Kabuto ဆာမူရိုင်းတွေဆောင်းတဲ့ မောက်တိုခမောက်ကို အတူတူလုပ်ကြမယ်၊ အဖွဲ့လိုက် ယှဉ်ပြိုင်ကစားရမယ့် ဆာမူရိုင်းဂိမ်း၊ ဆူမိုဂိမ်းတွေလည်း ကစားကြမှာမို့ အားလုံးကို ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။
အချိန်နဲ့ နေ့ရက်ကို အောက်တွင်ကြည့်ရှုနိုင်ပြီး လူဉီးရေကန့်သတ်ထားတာဖြစ်လို့ မြန်မြန်စာရင်းပေးသွင်းဖို့ လိုပါတယ် (အမှန်တကယ်မပါဝင်နိုင်ပဲ စာရင်းပေးသွင်းပါက အခြားသူများအတွက် နစ်နာမှုရှိပါသဖြင့် စာရင်းပေးသွင်းပြီး ပွဲနေ့တွင်ကိုယ်တိုင်လာရောက်ပါဝင်နိုင်ပါမှ register လုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်)
အစီအစဉ်
အချိန် ။ ။ မနက် ၁ဝ နာရီမှ နေ့လည် ၁၂ နာရီခွဲအထိ
နေ့ရက် ။ ။ မေလ ၂ဝ ရက် (စနေနေ့)
နေရာ ။ ။ ဂျပန်ယဉ်ကျေးမှုစင်တာ၊ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်
သတ်မှတ်လူဉီးရေ ။ ။ ၁၅ ယောက်
စာရင်းပေးသွင်းရန် လင့်ခ် ။ ။ https://forms.gle/hdPxXziFpj6J6M6t5
ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။