မြန်မာနိုင်ငံရှိ ဂျပန်ဘာသာစကားသင်ကြားရေးနယ်ပယ်တွင် တက်ကြွစွာပါဝင်လှုပ်ရှားနေသော ဆရာ၊ဆရာများကို မိတ်ဆက်ပေးသည့် လူကြိုက်များသော မင်္ဂလာပါဆန်းဆေးအစီအစဥ်၏ ယခင်အပိုင်းများကို ပြန်လည်မျှဝေပေးသွားပါမည်။ ဂျပန်စာသင်ယူနေသူ ကျောင်းသား၊သူများနှင့် သင်ကြားပေးနေသော ဆရာ၊ဆရာမများအတွက် အကျိုးရှိစေနိုင်သည့်အကြောင်းအရာများ မြောက်များစွာပါဝင်ပါသည်။
ဆက်ဆက်ဖတ်ရှုကြည့်ကြပါရှင်။
အားလုံးပဲ မင်္ဂလာပါ။“မင်္ဂလာပါ! sensei” ရဲ့ တတိယအကြိမ်မြောက်အဖြစ် Logos Japanese Language Centre ရဲ့ ဆရာမ အေးအေးလတ် အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဆရာမ အေးအေးလတ် က ၁၉၉၈ ခုနှစ်ကစပြီး ဂျပန်မှာ ပညာတော်သင်နဲ့ အလုပ်လုပ်ရင်း ၆ နှစ်တာ ကုန်ဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့နောက်ပိုင်းမှာ ဂျပန်ဘာသာစကားသင်ကြားရေး ဆရာမဖြစ်လာပြီး ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားရောက်လိုသောကျောင်းသားများကို ဂျပန်ဘာသာစကားသင်ကြားပေးနေပါတယ်။ ဆရာမဟာ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာရဲ့ Irodori ပို့ချမှုသင်တန်းကို ပြီးမြောက်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။
Q.ဆရာမ အေးအေးလတ်က ဂျပန်ကိုဘာလို့ သွားချင်တယ်လို့ ဆုံးဖြတ်ခဲ့ပါသလဲ။
A. ကျွန်မရဲ့အစ်ကိုက ဂျပန်မှာအလုပ်လုပ်နေပြီး ဂျပန်အရုပ်တွေနဲ့ ကီမိုနိုတွေ၊ ဖူဂျီတောင်တွေ အကြောင်းအမြဲ ပြောတာကြားရပြီး သာယာလှပတဲ့ နိုင်ငံပဲလို့ ခံစားမိပါတယ်။ ဆောင်းရာသီမှာလည်း အတော်အေးပြီးနှင်းတွေကျတာမျိုးတွေကြောင့် မြန်မာနဲ့မတူဘဲကွဲပြားနေတဲ့ ဂျပန်နိုင်ငံမှာ ပညာသင်ကြားချင်တယ်လို့ အမြဲတမ်းတွေးခဲ့ဖူးပါတယ်။ တက္ကသိုလ်ဘွဲ့ရပြီးတာနဲ့ N4 အဆင့်အထိ ဂျပန်ဘာသာစကားကို မြန်မာမှာ လေ့လာခဲ့ပြီး အဲ့ဒီနောက်မှာတော့ ဂျပန်နိုင်ငံက ဂျပန်ဘာသာစကားကျောင်းမှာ ပညာတော်သင်သွားခဲ့ပါတယ်။
Q.ဂျပန်မှာ ဘယ်လိုနေထိုင်ခဲ့ပါသလဲ။
A. အလုပ်ခွင်မှာတော့ ဂျပန်လူမျိုးတွေအပြင် ကိုရီးယားလူမျိုး၊ တရုတ်လူမျိုး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဂျပန်လိုပြောဆိုဆက်သွယ်ပြီး အလုပ်မှာအဆင်ပြေချောမွေ့ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ဂျပန်မှာ မြန်မာလူမျိုးသိပ်မရှိတာမို့ အလုပ်ကဧည့်သည်တွေနဲ့ မသိတဲ့လူတစ်ချို့နဲ့ မြန်မာလူမျိုးတစ်ယောက်ကို သူတို့ဘယ်လိုမြင်ကြမလဲ၊ ကျွန်မဂျပန်ဘာသာစကားကို ကောင်းကောင်းကြီး ပြောနိုင်ပါ့မလားဆိုပြီးစိတ်ပူခဲ့ရပါတယ်။ ဂျပန်အစားအစာတွေကလည်း အစပိုင်းမှာ အရသာမတွေ့ဘဲ မြန်မာဟင်းလျာတွေရဲ့ အရသာကလည်းပြောင်းနေပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့နေသားကျသွားပါတယ်။ အားလပ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ Disneyland ကိုသွားလည်ခဲ့တာကတော့ အကောင်းဆုံး အမှတ်တရဖြစ်ခဲ့ပါတယ်။
Q.ဂျပန်သွားခဲ့တဲ့အတွေ့အကြုံတွေကိုရော ဘယ်လို လက်ဆင့်ကမ်းဖြစ်ပါသလဲ။
A. ကျွန်မ ဂျပန်ဘာသာစကားဆရာမအဖြစ် စတင် သင်ကြားတဲ့အခါမှာ မြန်မာမှာအင်တာနက်သုံးစွဲမှု မကျယ်ပြန့်သေးတာကြောင့် ဂျပန်မှာအလုပ်လုပ်ခဲ့ရပုံရယ် အတွေ့အကြုံတွေရယ်နဲ့ နေထိုင်စားသောက်ပုံတွေကို ကျောင်းသားတွေကို သေချာ ပြောပြပေးဖြစ်ပါတယ်။ ဥပမာအားဖြင့် မြန်မာက စားသောက်ဆိုင်တွေမှာ ဆိုင်ဝန်ထမ်းတွေက ဧည့်သည်ရဲ့အခြေအနေကို သိပ်ဂရုမစိုက်ကြပေမယ့် ဂျပန်မှာတော့ ဧည့်သည်ရဲ့အခြေအနေကို အဝေးကတောင် စစ်ဆေးနေပြီး ခေါ်လိုက်တာနဲ့ ချက်ချင်း ဧည့်သည်နားရောက်လာတာမျိုးတွေရှိပါတယ်။ အခုလည်း ဂျပန်လူမျိုးတွေ နှစ်သက်တဲ့အရာတွေနဲ့ မနှစ်သက်တဲ့အရာတွေကို အဓိကထားပြီး အတန်းတွေမှာ သင်ကြားပေးနေပါတယ်။
Q.ဂျပန်ဘာသာစကားသင်ယူနေသူတွေအတွက် အကြံဥာဏ်ကောင်းလေးတွေလည်း မျှဝေပေးဖို့တောင်းဆိုပါတယ်။
A. အရေးကြီးဆုံးအချက်ကတော့ သေချာပေါက် ဂျပန်ဘာသာစကား ကျွမ်းကျင်ဖို့ပဲဖြစ်ပါတယ်။ ကျွန်မ ဂျပန်ကိုသွားခဲ့တုန်းက အလုပ်ခွင်မှာသာမက နေ့စဉ်ဘဝမှာလည်း ဂျပန်ဘာသာစကားပြောဖို့ ခက်ခဲခဲ့တာကြောင့် အနည်းဆုံး N3 အဆင့်လောက်ထိလိုတယ်လို့ထင်ပါတယ်။ အခုခေတ်မှာ အင်တာနက်ကနေတစ်ဆင့် ဂျပန်နိုင်ငံအကြောင်းတွေကို လေ့လာလို့ရနေပြီဖြစ်လို့ သေချာပေါက်အကျိုးရှိစွာ အသုံးချစေချင်ပါတယ်။ အဓိကအနေနဲ့ အပြုအမူတွေက အရေးကြီးပြီး အများပြည်သူပိုင်နေရာတွေနဲ့ ရထားတွေ၊ ဘတ်စ်ကားတွေထဲမှာ ထားရမယ့် အပြုအမူတွေက မြန်မာလူမျိုးတွေနဲ့ ကွာခြားတာမို့လို့ သေချာလေ့လာထားစေချင်ပါတယ်။
ဆရာမ အေးအေးလတ် က ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေ အကြောင်းကို ကောင်းကောင်းနားလည်ပြီးဂျပန်ဘာသာစကားသင်ကြားရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ အခုကနေစပြီး ဂျပန်စာလေ့လာနေသူအားလုံးကို ဂျပန်နိုင်ငံရဲ့ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေကို ဆက်လက်ဝေမျှပေးသွားဖို့ မေတ္တာရပ်ခံပါတယ်ရှင်။
【Logos Japanese Language Centre】
Facebookページ:https://www.facebook.com/logosjapaneselanguagecentre
笑顔が素敵なエイエイラッ先生☺
授業中も日本での経験についてお話ししています!
07/03/2026
မင်္ဂလာပါ Sensei (၂၇)ကြိမ်မြောက် :ဆရာမဝင်းသိင်္ဂီကျော်03/03/2026
အဖွဲ့လိုက်လေ့လာရေးခရီး “Visit JFYG” အတွက် လျှောက်လွှာများ လက်ခံနေပါသည် (၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ)18/02/2026
Kira Kira Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!17/02/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း17/02/2026
Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။11/02/2026
စင်တာပိတ်ရက် အသိပေးကြေညာခြင်း04/02/2026
Waku Waku Nihongo ❝Challenge with Erin!❞ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း24/01/2026
(၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။16/01/2026
၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း15/01/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း14/01/2026
Akafuji Vocational Training Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!09/01/2026
Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ!02/01/2026
ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း26/12/2025
နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း30/12/2025
မင်္ဂလာပါ Sensei (၂၆)ကြိမ်မြောက် :ဆရာမ ရွှန်းလဲ့နဒီမောင်26/12/2025
Folded Heritage: Japanese Origami Workshop14/12/2025
ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် “CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ” ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီးခြင်း03/12/2025
Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!06/11/2025
ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater05/11/2025
AIMI Japanese Language Center မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!01/10/2025
SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!04/04/2025
မန္တလေးမြို့တွင် ကျင်းပမည့် JFT-Basic စာမေးပွဲအား ဖျက်သိမ်းကြောင်း ကြေငြာခြင်း13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)