မင်္ဂလာပါ Sensei (၂၇)ကြိမ်မြောက် :ဆရာမဝင်းသိင်္ဂီကျော်

အားလုံးပဲ မင်္ဂလာပါ။ ❝မင်္ဂလာပါ Sensei❞အစီအစဉ်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်ဘာသာသင်ကျောင်းတွေမှာ သင်ကြားပေးလျှက်ရှိတဲ့ ဆရာ၊ ဆရာမတွေကို မိတ်ဆက်ပေးနေတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ယခုတစ်ကြိမ် မိတ်ဆက်ပေးမှာကတော့ Akashi Japanese Language Centre ၏ ဆရာမဝင်းသိင်္ဂီကျော်ပဲ ဖြစ်ပါတယ်။ ဆရာမဝင်းသိင်္ဂီကျော်ဟာဆိုရင်  ဂျပန်နိုင်ငံ၊ Saitamaခရိုင်ရှိ ဂျပန်ဖောင်ဒေးရှင်းဂျပန်ယဥ်ကျေးမှုစင်တာ(JF)မှပြုလုပ်သော နိုင်ငံခြားသားဂျပန်ဘာသာစကားသင်ကြားရေးဆရာ၊ ဆရာမများအတွက် လေ့လာရေးပရိုဂရမ် နှင့် JFYGရှိ ဂျပန်ဘာသာစကားသီးခြားစွမ်းရည်သင်ကြားရေးနည်းစနစ်သင်တန်းတို့ကို ပါဝင်တက်ရောက်ပြီး ကျောင်းသား၊ကျောင်းသူများ ဂျပန်နိုင်ငံကိုသွားရောက်ရာတွင် အခက်မကြုံရစေမယ့် အတန်းများသင်ကြားပေးနိုင်ဖို့ကိုရည်ရွယ်ပြီး နေ့စဥ်ကြိုးစားအားထုတ်လျှက်ရှိပါတယ်။  ကျောင်းသားများအတွက်ရော၊ ဆရာများအတွက်ပါ အထောက်အကူပြုသည့် အကြံဉာဏ်ကောင်းတွေအများအပြားပါရှိသည့်အတွက် ဆက်ဆက်ကြည့်ရှုကြည့်ကြပါရှင်။

【Akashi Japanese Language Centre Facebook Page】

https://www.facebook.com/share/1KP6TgDEoG/?mibextid=wwXIfr

Notice & Announcements

View All