Kira Kira Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!

ဖေဖော်ဝါရီလ၄ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် “ Visit JFYG” ကိုငါးကြိမ်မြောက်ကျင်းပခဲ့ပါတယ်။ ထိုနေ့တွင် ဂျပန်ဖောင်‌‌ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)ရဲ့လုပ်ဆောင်နေသော ပရိုဂရမ်များအကြောင်းကို မိတ်ဆက်ပေးပြီး၊ Japanese Culture Quiz, Origami နဲ့ Karutaလက်တွေ့လုပ်ဆောင်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ လာရောက်ပေးခဲ့သော Kira Kira Japanese Language Centerကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စင်တာဖွင့်ရက်များတွင်လည်း ထပ်မံလာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

Visit JFYGပရိုဂရမ်ကို လျှောက်ထားပေးကြသော သင်တန်းကျောင်းများ၊ အဖွဲ့အစည်းများအား ကျေးဇူးအများကြီးတင်ပါတယ်။ ၂၀၂၆ခုနှစ် ၃လပိုင်းအထိ လျှောက်လွှာဖောင်များ ပြည့်သွားပြီဖြစ်ပါတယ်။   ၂၀၂၆ ခုနှစ် ၄လပိုင်းမှစ၍ လျှောက်ထားမှုများကို ပြန်လည်လက်ခံမည့်အချိန်တွင် SNS နှင့် Websiteမှတဆင့် အသိပေးကြေညာသွားမှာ ဖြစ်ပါတယ်။

Notice & Announcements

View All