Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!

ဒီဇင်ဘာလ၃ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် “ Visit JFYG” ကိုသုံးကြိမ်မြောက်ကျင်းပခဲ့ပါတယ်။ ထိုနေ့တွင် ဂျပန်ဖောင်‌‌ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာာ(JFYG)ရဲ့လုပ်ဆောင်နေသော ပရိုဂရမ်များအကြောင်းကို မိတ်ဆက်ပေးပြီး၊ Japanese Culture Quiz, Origami နဲ့ Karutaလက်တွေ့လုပ်ဆောင်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ လာရောက်ပေးခဲ့သော Global Education Center ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စင်တာဖွင့်ရက်များတွင်လည်း ထပ်မံလာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

Visit JFYGပရိုဂရမ်ကို လျှောက်ထားပေးကြသော သင်တန်းကျောင်းများ၊ အဖွဲ့အစည်းများအား ကျေးဇူးများကြီးတင်ပါတယ်။ ၂၀၂၆ခုနှစ် ၃လပိုင်းအထိ လျှောက်လွှာဖောင်များ ပြည့်သွားပြီဖြစ်ပါတယ်။  ၂၀၂၆ခုနှစ် ၄လပိုင်းမှစပြီး လျှောက်လွှာဖောင်များပြန်လည်လက်ခံတဲ့အချိန်တွင် အားလုံး၏လျှောက်ထားမှုများကို စောင့်မျှော်နေပါတယ်။

Notice & Announcements

View All