Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။

The Japan Foundation Test for Basic Japanese (JFT-Basic) သည် ဂျပန်နိုင်ငံ၏ နေ့စဉ်နေထိုင်မှုဘဝအတွင်း ပြောဆိုဆက်ဆံရေးအတွက် လိုအပ်သော ဂျပန်ဘာသာစကားကျွမ်းကျင်မှုကို တိုင်းတာသည့် စာမေးပွဲတစ်ခုဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် သြဂုတ်လမှစ၍ လက်ရှိ A2 အဆင့်အပြင် A1 နှင့် A2.1အဆင့်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။

ထိုပြောင်းလဲမှုမှတဆင့် The Common European Framework of Reference for Languages: Learning, teaching, assessment (CEFR)၊ “ JF ဂျပန်ဘာသာစကားသင်ကြားမှုစံနှုန်း” နှင့် “ ဂျပန်ဘာသာစကားပညာရေးအတွက် အညွှန်းဘောင်” တို့မှ A1 သို့မဟုတ် A2.1 သို့မဟုတ် A2.2 (A2) အဆင့်ကို ရောက်ရှိနေခြင်းရှိမရှိ ဆုံးဖြတ်နိုင်လာပြီး၊ ကျွမ်းကျင်လုပ်သားစနစ် (ကျွမ်းကျင်လုပ်သားအမှတ် ၁) သာမက ၂၀၂၇ ခုနှစ်၊ ဧပြီလတွင် စတင်ကျင့်သုံးမည့် Employment for Skill Development Program အတွက် လိုအပ်သည့် ဂျပန်ဘာသာစကားကျွမ်းကျင်မှုအဆင့်ကို အကဲဖြတ်ပေးမည့် စာမေးပွဲအဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

JFT-Basic၏ Employment for Skill Development Programနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ JFT-Basic websiteမှတဆင့် ကြည့်ရှုနိုင်ပါသည်။

ဂျပန်ဘာသာဖြင့်:2026年8月からJFT-BasicはA1、A2.1も判定できるようになります | JFT-Basic 国際交流基金日本語基礎テスト

အင်္ဂလိပ်ဘာသာဖြင့်:From August 2026, JFT-Basic Will Also Assess A1 and A2.1 | JFT-Basic Japan Foundation Test for Basic Japanese

မြန်မာဘာသာဖြင့်:၂၀၂၆ခုနှစ် ဩဂုတ်လမှစ၍ JFT-Basic စာမေးပွဲသည် A1 နှင့် A2.1ကိုလည်း အကဲဖြတ်နိုင်မည် | JFT-Basic Japan Foundation Test for Basic Japanese

JFT-Basic၏ Employment for Skill Development Programဆောင်ရွက်မှုနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းလိုသည်များရှိပါက အောက်ဖော်ပြပါဆက်သွယ်ရန်လိပ်စာများသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ သို့သော် စာမေးပွဲဘိုကင်တင်ခြင်း၊ စာမေးပွဲဖြေဆိုခြင်းနှင့်ပတ်သက်သော မေးမြန်းမှုများမှာ お問い合わせ|特定技能試験|プロメトリック ထံ မေးမြန်းစုံစမ်းပေးပါရန်။

ဂျပန်ဖောင်ဒေးရှင်းရုံးချုပ် ဂျပန်ဘာသာဌာနရုံးခွဲ(၂)
E-mail(အင်္ဂလိပ်ဘာသာ  သို့မဟုတ် ဂျပန်ဘာသာဖြင့်ပေးပို့ရန်):jft-basic@jpf.go.jp

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ

E-mail(မြန်မာဘာသာ သို့မဟုတ် ဂျပန်ဘာသာဖြင့်ပေးပို့ရန်):nihongo.jfyg@jpf.go.jp

Notice & Announcements

View All