(၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာတွင် ဒီဇင်ဘာလ ၂၀ရက်နေ့၌ (၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar「IRODORIကိုအသုံးပြုကြည့်ကြမယ်」ဆိုတဲ့ ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲ၏ပထမအပိုင်းတွင် ဂျပန်ဖောင်ဒေးရှင်းမှပြုလုပ်ထားသည့် သင်ထောက်ကူတစ်ခုဖြစ်သော 『IRODORI』အကြောင်းကို မိတ်ဆက်‌ရှင်းပြပေးခဲ့ပြီး၊ ဒုတိယအပိုင်းတွင် 『IRODORI』ကို အသုံးပြုသည့်အတန်းချိန်ကို ကိုယ်တိုင်လက်တွေ့ပါဝင်ကြည့်ကာ ဂျပန်ဘာသာစကားသင်ကြားရေး ဆရာ၊ဆရာမများနှင့်အတူ 『IRODORI』ကို ပိုမိုနက်ရှိုင်းစွာနားလည်လာအောင် ပြုလုပ်ခဲ့ကြပါတယ်။

JFYGတွင် ဂျပန်ဘာသာစကားသင်ကြားရေးဆရာ၊ဆရာမများအတွက် အကျိုးရှိစေမယ့် ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားဖို့ ရှိပါတယ်။ အားလုံးနှင့်အတူ ဆွေးနွေးပွဲများတွင် တွေ့ဆုံနိုင်ဖို့ကို ပျော်ရွှင်စွာနဲ့ စောင့်မျှော်နေပါမယ်။

Notice & Announcements

View All