အဖွဲ့လိုက်လေ့လာရေးခရီး “Visit JFYG” အတွက် လျှောက်လွှာများ လက်ခံနေပါသည် (၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ)

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG) အကြောင်းကို ပိုမိုသိရှိလေ့လာနိုင်ရန်အတွက် လစဥ်တစ်ကြိမ်၊ လအစ(ပထမအပတ်) ဗုဒ္ဓဟူးနေ့တွင် အခမဲ့အဖွဲ့လိုက် လာရောက်လေ့လာနိုင်သည့် အစီအစဥ်ကို စီစဥ်ပေးလျက်ရှိပါသည်။ ဂျပန်ယဥ်ကျေးမှုနှင့်ဂျပန်ဘာသာစကားကို စိတ်ဝင်စားသော  သင်တန်းကျောင်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီများအား  ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာသို့ ဖိတ်ကြားအပ်ပါသည်။ JFYGကိုလာရောက်လည်ပတ်ကြည့်ရှုကြမည်မလား။

★ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာသည် ဘယ်လိုနေရာမျိုးဖြစ်သလဲ၊ ဘယ်လိုပွဲမျိုး၊ ပရိုဂရမ်များကိုလုပ်ဆောင်နေသလဲ ဆိုတာကိုမိတ်ဆက်ပြောပြသွားပါမည်။

★ဂျပန်ယဥ်ကျေးမှုကို ကိုယ်တိုင်ထိတွေ့နားလည်နိုင်မည့် လှုပ်ရှားမှုအစီအစဥ်များကိုလည်း ပြုလုပ်ပေးသွားပါမည်။

★စာကြည့်တိုက်နေရာကိုလည်း မိတ်ဆက်ပေးသွားပါမည်။

[အသေးစိတ်]

・တစ်လလျှင် တစ်ကြိမ်၊ လအစ(ပထမအပတ်) ဗုဒ္ဓဟူးနေ့တိုင်းကျင်းပပါမည်။

・အခကြေးငွေပေးသွင်းစရာမလိုပါ။

・ပုဂ္ဂိုလ်တစ်ဦးချင်းမဟုတ်ဘဲ ကျောင်း၊ အဖွဲ့အစည်း၊ ကုမ္ပဏီ စသည့် အဖွဲ့လိုက်သာ ပါဝင်လေ့လာနိုင်ပါသည်။

・အဖွဲ့လိုက် လာရောက်လေ့လာလိုသူများအတွက် 「Visit JFYG」၏ ပါဝင်သူခေါ်ယူမှုနှင့်စပ်လျဥ်း၍

・ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)တွင် ကျွန်ုပ်တို့၏လှုပ်ရှားမှုများနှင့် ဂျပန်ယဥ်ကျေးမှုအကြောင်းကို မိတ်ဆက်ပေးမည်ဖြစ်သောကြောင့် ဂျပန်ဘာသာစကားကိုလေ့လာထားခြင်းမရှိပေမယ့်လည်း ဂျပန်နှင့်ပတ်သက်ပြီး စိတ်ဝင်စားမှုရှိပါက လာရောက်လေ့လာဖို့ကြိုဆိုပါတယ်။

・အများဆုံးပါဝင်နိုင်သည့် လူဦး‌ရေအရေအတွက် ၃၀ဦးထိသာ ပါဝင်နိုင်ပါသည်။

・အချိန်မှာ နံနက်၁၁နာရီမှ ၁၂နာရီခွဲထိ (တစ်နာရီခွဲခန့်) ဖြစ်ပါသည်။

・တစ်နေ့လျှင် အဖွဲ့တစ်ဖွဲ့သာလက်ခံမည်ဖြစ်ပြီး (first-come, first-served)ပုံစံအတိုင်း

အစဥ်လိုက်လျှောက်ထားသူများအားဦးစားပေးသွားမည်ဖြစ်ပါသည်။

အောက်ပါ လျှောက်လွှာဖောင်မှတဆင့် လျှောက်ထားနိုင်ပါသည်။

https://forms.office.com/r/21mK1t2QST

Notice & Announcements

View All