ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာဖွင့်ရက် အသိပေးကြေညာချက်📢

ဇူလိုင်လ ၂၃ရက်နေ့မှစ၍ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာနှင့် စာကြည့်ခန်းအား အပတ်စဥ် အင်္ဂါနေ့မှ စနေနေ့အထိ (တစ်ပတ်၅ရက် နံနက် ၉နာရီခွဲမှ နေ့လည် ၃နာရီခွဲ) တိုးမြှင့် ဖွင့်လှစ်လိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။ 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် ဂျပန်ဘာသာစကားနှင့် ယဥ်ကျေးမှုကိုလေ့လာရန် သင့်တော်သော နေရာတစ်ခုဖြစ်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ စာဖတ်ခန်းတွင် ဂျပန်ဘာသာဆိုင်ရာ ဝတ္တုများ၊ မန်းဂများ၊ ရသစာပေများ၊ ဘာသာပြန်စာအုပ်များ ဖတ်ရှုနိုင်သည့်အပြင် ဂျပန်စာအရည်အချင်းစစ် စာမေးပွဲနှင့်သက်ဆိုင်သော စာအုပ်များပါရှိသောကြောင့် လွတ်လပ်အေးချမ်းစွာ စာလေ့လာနိုင်ပါသည်။ထို့အပြင် ဂျပန်ရိုးရာဂိမ်းများလည်း ထားရှိထားသောကြောင့် လာရောက်လည်ပတ်ဖို့ဖိတ်ခေါ်အပ်ပါသည်။ 

ကြိုတင်စာရင်းပေးသွင်းရန်မလိုဘဲ အခမဲ့လာရောက်နိုင်ပါသည်။ 

Notice & Announcements

View All