ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater

ဂျပန်ဖောင်ဒေးရှင်းရဲ့ တင်ဆက်မှုနဲ့ ဂျပန်ရုပ်ရှင်ဇာတ်ကားကောင်းတွေကို တစ်နှစ်ပတ်လုံး အခမဲ့ကြည့်ရှုရင်း ဂျပန်ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို လေ့လာနိုင်မယ့် JFF Theater ပလက်ဖောင်းမှာ အောက်တိုဘာလကုန်ကနေ စတင်ပြီး ရုပ်ရှင်ဇာတ်ကားအသစ်တွေ ရောက်ရှိနေပါပြီ။

🎥JFF Theater – https://en.jff.jpf.go.jp/
ဒီတခါ ပြသနေတဲ့ ဇာတ်ကားတွေကတော့ ယခင် Japanese Film Festival ဂျပန်အွန်လိုင်းရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဒရာမာကားကောင်းတွေနဲ့ အသိဗဟုသုတ ရနိုင်မယ့် အစားအသောက်နဲ့ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်တွေ ပါဝင်ပါတယ်။

💌 No Longer Heroine
အေးဆေးတည်ငြိမ်တဲ့ အထက်တန်းကျောင်းက ငယ်သူငယ်ချင်းနဲ့ ကျောင်းက နာမည်အကြီးဆုံးကောင်လေးကြားက ကြိုတင်ခန့်မှန်းလို့မရတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီလိုအခြေအနေမှာ ဟာတိုရီ လုပ်နိုင်တာတစ်ခုက သက်ပြင်းတစ်ချက်ချပြီးတော့ “ သူတို့ထဲက ဘယ်သူက ငါ့ရဲ့မင်းသားဖြစ်မလဲ” ဆိုတာ ဆုံးဖြတ်ဖို့ပါပဲ။

📢 TEIICHI -Battle of Supreme High-
ကျောင်းသားကောင်စီဥက္ကဌရာထူးကို ရဖို့ ပြိုင်ဘက်တွေကို လှည့်ပတ်ကြိုးကိုင်နေတဲ့ တေးအိချိတစ်ယောက် “ ခေါင်းဆောင်မှုဆိုတာ တကယ်တော့ ဘာလဲ” ဆိုတာကို စဉ်းစားနေမိတယ်။ အဆုံးအဖြတ်ပေးမဲ့ “ ကျောင်းသားကောင်စီရွေးကောက်ပွဲ” စတင်ပါပြီ။

🏫 MY love STORY!!
၁၅ နှစ်သာရှိသေးပေမဲ့ ထွားကျိုင်းတဲ့ခန္ဓာကိုယ်နဲ့ ရင့်ကျက်တဲ့ရုပ်ရည်ကြောင့် တခြားအထက်တန်းကျောင်းသာတွေနဲ့မတူဘဲ ထူးခြားနေတဲ့ ဂိုးဒါ တာကဲအိုရဲ့ ဖြူစင်နုပျိုတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

🤾 #HandballStrive
ကူမားမိုတို ငလျင်နောက်ပိုင်းမှာတော့ မာဆာအိုရဲ့ဘဝဟာ ကျောင်းနဲ့ လက်ရှိနေနေရတဲ့ ယာယီခှိုလှုံရေးစခန်းကလွဲပြီး တခြား အနာဂတ်ကို ပုံဖော်ကြည့်ဖို့ ခက်ခဲ့နေခဲ့တယ်။ တစ်နေ့တော့ သူဟာ လက်ပစ်ဘောကစားနေတဲ့ ဓါတ်ပုံတစ်ပုံနဲ့ အရာအားလုံးကို ပြောင်းလဲသွားစေခဲ့တယ်။

🍱 BENTO HARASSMENT
ခေါင်းမာတဲ့ ဆယ်ကျော်သက်သမီးတစ်ယောက်နဲ့ တကိုယ်တည်းစောင့်ရှောက်ရတဲ့ မိခင်တစ်ယောက်ရဲ့ မျက်ရည်ကျစရာ ရယ်မောစရာ အဖြစ်အပျက်လေးတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းပါ။ သူတို့နှစ်ယောက်ကြားက နားလည်မှုလွဲနေတဲ့ ဆက်ဆံရေးကို မိခင်မေတ္တာအပြည့်နဲ့ ပြင်ဆင်ပေးလိုက်တဲ့ “ ဘန်းတို” ထမင်းဘူးလေးတွေက ပြန်လည်ဆက်သွယ်ပေးခဲ့ပါတယ်။

🍝 Restaurant From The Sky
အထီးကျန်နေတဲ့နှလုံးသားကို ကုစားဖို့ ကြိုးစားနေတဲ့ ဝါတာရုနဲ့ သူ့သူငယ်ချင်းတွေဟာ ဟင်းချက်ကျွမ်းကျင်တဲ့ ဧည့်သည်တော်ကြီးနဲ့ မထင်မှတ်ဘဲ ဆုံခဲ့ရတဲ့အချိန်မှာ သူတို့ကိုယ်တိုင်စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ ချက်ထားတဲ့အစားအစာဟာ ဘယ်လောက်တောင် အရသာရှလဲဆိုတာ သိရှိသွားကြတယ်။

👓 MEGANE glasses
တစ်ကိုယ်တည်း အေးအေးဆေးဆေးနေဖို့ ခရီးထွက်လာတဲ့ တာအဲကိုဟာ ထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့ ကျွန်းတစ်ကျွန်းဆီ ရောက်သွားခဲ့တယ်။ သူကိုယ်တိုင်ကလည်း ဘဝရဲ့အကူးအပြောင်းကာလတစ်ခုမှာ ရောက်နေသလိုပဲ ကျွန်းလေးရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုကို တဖြည်းဖြည်း လက်ခံသဘောကျလာခဲ့ပါတယ်။

🍚 Mottainai Kitchen (ဆက်လက်ပြသနေဆဲ)
မဖြုန်းတီးနဲ့၊ ချက်ပြုတ်လိုက်! ဂျပန်နိုင်ငံရဲ့ အစားအသောက်စွန့်ပစ်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရင်း ရေရှည်ဖြေရှင်းနည်းတွေကို ရှာဖွေတင်ဆက်ထားတဲ့ ခရီးသွားရင်း ဟင်းချက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။

ဇာတ်ကားလေးတွေကိုကြည့်ပြီး ဂျပန်‌ကျောင်းသားဘဝကို စိတ်ဝင်စားသွားနိုင်သလို ဗိုက်ဆာသွားကြမှာတော့ အသေချာပါပဲ။ ဒီဇာတ်ကားတွေကို အောက်တိုဘာလ ၃၁ ရက်နေ့ကနေ စတင်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ထိ ပြသသွားမှာ ဖြစ်ပါတယ်။ ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာလည်း JFF Theater ပတ်သက်ပြီး Event လေးတွေ ကျင်းပသွားဦးမှာဖြစ်လို့ ကြည့်ရှုရင်း စောင့်နေပါဦးနော်။

#JFYG #JapanFoundationYangon #JapanFoundation #JFFT #JapanFilmFestival #Films

Notice & Announcements

View All