ဂျပန်ဖောင်ဒေးရှင်းသည် ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပြီး ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများပြုလုပ်နိုင်ရန်အတွက် အခွင့်အလမ်းများ၊ အသုံးတည့်သော ယဉ်ကျေးမှုပစ္စည်းများ၊ ပွဲနေရာများ အစရှိသည်တို့ကို ထောက်ပံ့ပေးလျက်ရှိသည်။
ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်မှပြုလုပ်သော အစီအစဉ်များ :၂၀၂၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့မှုအစီအစဉ်များအတွက် လျှောက်လွှာခေါ်ယူလျက်ရှိပါသည်။
https://www.jpf.go.jp/e/program/
လျှောက်ထားမှုများကို ဂျပန်ဖောင်ဒေးရှင်း၏ အွန်လိုင်းမှလျှောက်ထားရမည့် ဝက်ဘ်ဆိုဒ် (https://www.apply.jpf.go.jp) မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့၏ ဂျပန်စံတော်ချိန် နေ့လယ် ၁ နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။ ကျေးဇူးပြု၍ “ အာရှအနုပညာနှင့် ယဉ်ကျေးမှု (Visual Arts) အတွက် ဂျပန်ဖောင်ဒေးရှင်း Fellowship” နှင့် “ အင်ဒိုပစိဖိတ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သုတေသနများအတွက် ဂျပန်ဖောင်ဒေးရှင်း Fellowship (JFIPP)” အစီအစဉ်များနှင့် ပတ်သက်သည့် အချက်အလက်များကို ၂၀၂၅ ခုနှစ်အတွင်းတွင် ပြန်လည်ကြေညာပေးသွားမည်ကို သတိပြုပေးပါ။
※ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရုံးသို့ အီးမေးလ် သို့မဟုတ် စာရွက်စာတမ်းများပေးပို့လျှောက်ထားမှုများကို လက်ခံမည်မဟုတ်ပါ။
၁။ ယဉ်ကျေးမှုနှင့်အနုပညာဖလှယ်ရေး (ယဉ်ကျေးမှု)
(၁) အာရှအနုပညာနှင့် ယဉ်ကျေးမှု (Visual Arts) အတွက် ဂျပန်ဖောင်ဒေးရှင်း Fellowship
“ WA Project 2.0: နောင်မျိုးဆက်နှင့်အတူ အနာဂါတ်တစ်ခုယှဉ်တွဲဖန်တီးရန် ပူးပေါင်းဆောင်ရွက်ခြင်း” (https://www.jpf.go.jp/e/project/special/bunkanowa2/index.html#:~:text=On%20the%20occasion%20of%20the%2050th%20Year%20of%20ASEAN-Japan%20Friendship) ၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဤပရိုဂရမ်တွင် အရှေ့တောင်အာရှ(ASEAN)နိုင်ငံများ၊ အိန္ဒိယ၊ အရှေ့တီမောနှင့် ဂျပန်နိုင်ငံတို့တွင် Visual Art ကဏ္ဍ၌ နိုင်ငံနယ်နိမိတ်များကိုကျော်လွန်၍ ပူးပေါင်းဖန်တီးဆောင်ရွက်သည့် ပရောဂျက်များကို အားထုတ်ပျိုးထောင်မည့် လူပုဂ္ဂိုလ်များ ပေါ်ထွက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်သည့် Fellowship အစီအစဉ်ဖြစ်ပါသည်။
(၂) ဂျပန်အနုပညာဆိုင်ရာသုတေသနများအတွက် အိရှိဘရှိ ဖောင်ဒေးရှင်း / ဂျပန်ဖောင်ဒေးရှင်း Fellowship
ဤအစီအစဉ်သည် Japanese visual arts ကို အထူးပြုလေ့လာနေသည့် ပညာရှင်များ၏ တိုးတက်မှုအတွက် ထောက်ပံ့ပေးရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံရပ်ခြားမှ သုတေသီများနှင့် ပြတိုက်မှူးများအား ဂျပန်နိုင်ငံတွင် သုတေသနပြုလုပ်နိုင်မည့် အခွင့်အလမ်းများ ပေးအပ်သည့် အစီအစဉ်ဖြစ်ပါသည်။ ဤသို့ ထောက်ပံ့ပေးခြင်းဖြင့် ဂျပန်ပြည်ပတွင် ဂျပန်အနုပညာများ မိတ်ဆက်ခြင်းနှင့် လေ့လာမှုုများအား မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါသည်။ ဤ Fellowship ကို အိရှိဘရှိဖောင်ဒေးရှင်းမှ ထောက်ပံ့မှုနှင့် ဂျပန်ဖောင်ဒေးရှင်းမှ အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။
(၃) ပြည်ပပြပွဲများအားထောက်ပံ့ခြင်းအစီအစဉ်
ဤအစီအစဉ်သည် ဂျပန်အနုပညာနှင့်ယဉ်ကျေးမှုများကို နိုင်ငံရပ်ခြားရှိ ပရိသတ်များထံသို့ မိတ်ဆက်ပေးသော ပြပွဲများအား စီစဉ်ကျင်းပသည့် ပြည်ပအနုပညာပြတိုက်များနှင့် အနုပညာအဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေးငွေပေးအပ်သည့် အစီအစဉ်ဖြစ်သည်။ ထို့အပြင် ဤအစီအစဉ်သည် ဂျပန်အနုပညာရှင်များနှင့် ၎င်းတို့၏လက်ရာများကို မိတ်ဆက်ပေးသည့် ၂ နှစ် ၁ ကြိမ်၊ ၃ နှစ် ၁ ကြိမ် ပြုလုပ်သော ပြည်ပရှိ နိုင်ငံတကာပြပွဲများအား ထောက်ပံ့ပေးရန် ရေးဆွဲထားခြင်းဖြစ်သည်။
(၄) ဘာသာပြန်ဆိုခြင်းနှင့် ထုတ်ဝေခြင်းအတွက် ထောက်ပံ့ခြင်းအစီအစဉ်
ဤအစီအစဉ်သည် ဂျပန်ဘာသာဖြင့်ရေးသားထားသော စာအုပ်များအား ဘာသာပြန်ဆိုခြင်း နှင့်/သို့မဟုတ် ထုတ်ဝေခြင်းပြုလုပ်မည့် ပြည်ပမှ စာပေထုတ်ဝေသူများအတွက် ထောက်ပံ့ကြေးတစ်စိတ်တစ်ပိုင်း ပေးအပ်သည့် အစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်သည် ပြည်ပမှစာပေထုတ်ဝေသူများ ဂျပန်စာပေများကို ဘာသာပြန်ဆိုပြီး ထုတ်ဝေခြင်းအားဖြင့် ဂျပန်အကြောင်းကို ပိုမိုနားလည်သဘောပေါက်လာစေရန် ရည်ရွယ်ပါသည်။ ဤထောက်ပံ့ကြေးသည် ဘာသာပြန်ကုန်ကျစရိတ် နှင့်/သို့မဟုတ် ထုတ်ဝေစရိတ် ( ဥပမာအားဖြင့် စက္ကူ၊ စာစီစာရိုက်၊ ပရင့်ထုတ်ခြင်း နှင့် စာအုပ်ချုပ်ခြင်း ) များအတွက် အကျုံးဝင်သည်။ လျှောက်ထားသူများသည် “ ဘာသာပြန်ဆိုခြင်းသာ”၊ “ထုတ်ဝေခြင်းသာ”၊ “ဘာသာပြန်ဆိုခြင်းနှင့်ထုတ်ဝေခြင်း” စသည်တို့အနက်မှ တစ်ခုအား ရွေးချယ်လျှောက်ထားနိုင်သည်။
၂။ နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်ကြားရေး [ဘာသာစကား]
(၁) ဂျပန်ဘာသာသင်ကြားရေးပြုလုပ်လျက်ရှိသော အဖွဲ့အစည်းများအတွက် ထောက်ပံ့ခြင်း (ထောက်ပံ့ကြေးပေးအပ်ခြင်း)
ဤအစီအစဉ်သည် ဂျပန်ဘာသာသင်ဆရာများနှင့် ကျောင်းသားများအတွက် ဂျပန်ဘာသာသင်ကြားရေးအစီအစဉ်များကိုပြုလုပ်နေသည့် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်ကျောင်းများ၊ အဖွဲ့အစည်းများအတွက် ထောက်ပံ့ခြင်းဖြစ်သည်။
(၂) ဂျပန်ဘာသာသင်ဆရာများအတွက် သင်တန်းအစီအစဉ်များ
The Japan Foundation Japanese-Language Institute, Urawa (JFJLI, Urawa) သည် နိုင်ငံရပ်ခြားတွင် ဂျပန်ဘာသာသင်ကြားနေသည့်ဆရာများအတွက် ဂျပန်နိုင်ငံ (စိုင်းတမခရိုင်) တွင် ဂျပန်ဘာသာသင်ကြားရေးပိုင်းဆိုင်ရာသင်တန်းအစီအစဉ်များကို သင်ကြားပို့ချလျက်ရှိသည်။
အစီအစဉ်တစ်ခုချင်းစီ၏ သတ်မှတ်စံနှုန်းများ၊ အချိန်ကာလနှင့် အကြောင်းအရာများမှာ ကွဲပြားပါသည်။
— ဂျပန်ဘာသာသင်ဆရာများအတွက် အခြေခံသင်တန်းအစီအစဉ်
ဤအစီအစဉ်သည် လုပ်သက်နုသေးသော ဂျပန်ဘာသာသင်ဆရာများ ဂျပန်ဘာသာစကားစွမ်းရည်တိုးတက်လာရန်၊ သင်ကြားရေးနည်းလမ်းအခြေခံများကို သိရှိနားလည်စေရန်နှင့် ဂျပန်နိုင်ငံအကြောင်းကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်နိုင်စေရန် ရေးဆွဲထားသော ၆ လကြာ သင်တန်းအစီအစဉ်ဖြစ်သည်။
— ဂျပန်ဘာသာသင်ဆရာများအတွက် ဂျပန်ဘာသာစကားအစီအစဉ်
ဤအစီအစဉ်သည် ဂျပန်ဘာသာသင်ဆရာတစ်ယောက်အနေဖြင့် မရှိမဖြစ်လိုအပ်သော ဂျပန်ဘာသာစကားစွမ်းရည်အား မြှင့်တင်နိုင်မည့် အခွင့်အလမ်းကို ပေးအပ်သည့် ၆ ပတ်ကြာ သင်တန်းအစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်တွင် ဂျပန်ဘာသာသင်ကြားရေးနည်းလမ်းများနှင့်ပတ်သက်သည့် သင်ခန်းစာများ ပါဝင်မည် မဟုတ်ပါ။
— ဂျပန်ဘာသာသင်ဆရာများအတွက် ဂျပန်ဘာသာသင်ကြားရေးနည်းလမ်းအစီအစဉ် (နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီသင်တန်းများ)
ဤအစီအစဉ်သည် သင်ကြားရေးနည်းလမ်းများတိုးတက်လာရန် ရေးဆွဲထားသော ၄ ပတ်မှ ၆ ပတ်ကြာ သင်တန်းအစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်ကို ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သုံးကြိမ်ပြုလုပ်မည်ဖြစ်သည်။ ဤအစီအစဉ်တွင် ဂျပန်ဘာသာစွမ်းရည်တိုးတက်ရန်အတွက် သင်ခန်းစာများ ပါဝင်မည် မဟုတ်ပါ။
— နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်အားလက်ခံရန် ဂျပန်စာသင်ကြားပေးနေသော ဂျပန်ဘာသာသင်ဆရာများအတွက် ဂျပန်ဘာသာသင်ကြားရေးနည်းလမ်းအစီအစဉ် (သင်ကြားရေးပိုင်းဆိုင်ရာ)
ဤအစီအစဉ်သည် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစနစ်စသည့်အလုပ်အကိုင်ဗီဇာဖြင့် ဂျပန်နိုင်ငံသို့လာရောက်လိုသူများအား ဂျပန်စာသင်ကြားပေးသောလုပ်ငန်းစဉ်များကို ထောက်ပံ့လိုသောရည်ရွယ်ချက်ဖြင့် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်ကြားနေသောသင်တန်းကျောင်းနှင့် အဖွဲ့အစည်းများမှ ဆရာ၊ ဆရာမများ ဂျပန်ဘာသာသာသင်ကြားမှုစွမ်းရည်မြင့်မားလာစေရန်နှင့် ဂျပန်အကြောင်းအရာ၊ လူမှုယဉ်ကျေးမှုတို့အား ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်လာစေရန် သင်ကြားပေးသော ၄ ပတ်ကြာသင်တန်းအစီအစဉ်ဖြစ်သည်။
— နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်အားလက်ခံရန် ဂျပန်စာသင်ကြားပေးနေသော ဂျပန်ဘာသာသင်ဆရာများအတွက် ဂျပန်ဘာသာစကားသင်ကြားရေးအစီအစဉ် (ဂျပန်ဘာသာစကားပိုင်းဆိုင်ရာ)
ဤအစီအစဉ်သည် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစနစ်စသည့်အလုပ်အကိုင်ဗီဇာဖြင့် ဂျပန်နိုင်ငံသို့လာရောက်လိုသူများအား ဂျပန်စာသင်ကြားပေးသောလုပ်ငန်းစဉ်များကို ထောက်ပံ့လိုသောရည်ရွယ်ချက်ဖြင့် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်ကြားနေသောသင်တန်းကျောင်းနှင့် အဖွဲ့အစည်းများမှ ဆရာ၊ ဆရာမများ ဂျပန်ဘာသာသာစကားစွမ်းရည်မြင့်မားလာစေရန် သင်ကြားပေးသော ၅ ပတ်ကြာသင်တန်းအစီအစဉ်ဖြစ်သည်။
(၃) ယဉ်ကျေးမှုနှင့် ပညာရေးနယ်ပယ်ရှိ ပညာရှင်များအတွက်အစီအစဉ်
ဤအစီအစဉ်သည် သုတေသီများ၊ ဘွဲ့လွန်ကျောင်းသားများ၊ စာကြည့်တိုက်မှူးများ၊ ပြတိုက်နှင့်အနုပညာပြတိုက်မှူးများ စသည့် မိမိတို့၏ အထူးပြုပညာရပ်နယ်ပယ်များနှင့် သုတေသနလုပ်ရှားဆောင်ရွက်မှုများ အဆင်ပြေချောမွေ့ရန်အတွက် ဂျပန်ဘာသာကျွမ်းကျင်မှုလိုအပ်သော ပညာရှင်များအား ထောက်ပံ့ရန်ရည်ရွယ်ချက်သည့် အစီအစဉ်ဖြစ်သည်။ The Japanese-Language Institute, Kansai တွင် လက်တွေ့ကျသည့် ဂျပန်ဘာသာစကားများသင်ကြားပေးခြင်းနှင့် မိမိတို့၏ သုတေသနလုပ်ငန်းများ၊ သက်ဆိုင်ရာအထူးပြုနယ်ပယ်များတွင်လက်တွေ့အသုံးချစေခြင်းဖြင့် ဂျပန်ဘာသာစကားအရည်အချင်း တိုးတက်လာရန် သင်ကြားပို့ချမည့် အစီအစဉ်ဖြစ်သည်။
၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၆ လကြာသင်တန်းကိုသာ သင်ကြားပို့ချသွားမည်ဖြစ်သည်။
၃။ ပြည်ပရှိဂျပန်ရေးရာလေ့လာရေးနှင့် နိုင်ငံတကာဆွေးနွေးခြင်း [အပြန်အလှန်ဆွေးနွေးခြင်း]
(၁) JF-JSA-ASEAN သုတေသနဆိုင်ရာထောက်ပံ့ခြင်းအစီအစဉ်
မျိုးဆက်သစ်လူစွမ်းအားအရင်းအမြစ်သစ်များပြုစုပျိုးထောင်ခြင်းဖြင့် အရှေ့တောင်အာရှနှင့် ဂျပန်နိုင်ငံအကြား ခိုင်မာတည်မြဲသောဆက်ဆံမှုနှင့် ယုံကြည်မှုကိုတည်ဆောက်လိုသောရည်ရွယ်ချက်ဖြင့် အရှေ့တောင်အာရှနိုင်ငံဂျပန်ရေးရာလေ့လာရေးအဖွဲ့အစည်း (Japanese Studies Association in Southeast Asia (JSA-ASEAN))၏ ထောက်ပံ့မှုဖြင့် အရှေ့တောင်အာရှရှိ ဂျပန်ရေးရာလေ့လာရေးနယ်ပယ်ရှိ သုတေသီများ ဂျပန်နိုင်ငံသို့သွားရောက်၍ သုတေသနလုပ်ငန်းများလုပ်ဆောင်ခြင်း၊ နယ်ပယ်ဆိုင်ရာနှီးနှောဖလှယ်ခြင်းများ လုပ်ဆောင်နိုင်ရန် ထောက်ပံ့ကူညီသည့်အစီအစဉ်ဖြစ်သည်။
(၂) မျိုးဆက်သစ်ပညာရှင်များနှင့်အတူ အနာဂတ်ကို ပူးပေါင်းဖန်တီးခြင်းဖြင့် သုတေသနကွန်ရက်ခိုင်မြဲစေမည့် ထောက်ပံ့ခြင်းအစီအစဉ်
မျိုးဆက်သစ်ပညာရှင်လူစွမ်းအားအရင်းအမြစ်သစ်များပြုစုပျိုးထောင်ခြင်းဖြင့် အရှေ့တောင်အာရှနှင့် ဂျပန်နိုင်ငံအကြား ခိုင်မာတည်မြဲသောဆက်ဆံမှုနှင့် ယုံကြည်မှုကိုတည်ဆောက်လိုသောရည်ရွယ်ချက်ဖြင့် ဤအစီအစဉ်သည် ဂျပန်ရေးရာလေ့လာရေးဆိုင်ရာနယ်ပယ်ရှိ ကွန်ရက်တည်ဆောက်ခြင်းနှင့် ခိုင်မာတည်မြဲအောင်လုပ်ဆောင်နေသည့် အရှေ့တောင်အာရှနိုင်ငံများရှိ အဖွဲ့အစည်းများကိုထောက်ပံ့ခြင်းများပြုလုပ်ပါသည်။
(၃) အင်ဒိုပစိဖိတ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သုတေသနများအတွက် ဂျပန်ဖောင်ဒေးရှင်း Fellowship (JFIPP)
ဤအစီအစဉ်သည် အင်ဒို-ပစိဖိတ်ဒေသအတွင်း ကြုံတွေ့ရလေ့ရှိသည့် နိုင်ငံရေးအခက်အခဲများကို ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံ လေးနိုင်ငံတို့တွင် အခြေစိုက်ဦးစီးသုတေသနပြုလုပ်နေသည့် သုတေသနပညာရှင်၊ အသိပညာအတတ်ပညာရှင်များကို ထောက်ပံ့ပေးမည့် အစီအစဉ်ဖြစ်ပါသည်။ သုတေသနပညာရှင်များ၏ ဇာတိကို ထည့်သွင်းမည်မဟုတ်ပါ။
(၄) Japan-ASEAN နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်းအတွက် ထောက်ပံ့ခြင်းအစီအစဉ် (JFSEAP) (ထောက်ပံ့ကြေးပေးအပ်ခြင်း)
ဤအစီအစဉ်ကို နိုင်ငံတကာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းရန် ရည်ရွယ်ဦးဆောင်နေသည့် ဂျပန် သို့မဟုတ် အရှေ့တောင်အာရှ (ASEAN) အခြေစိုက် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို ထောက်ပံ့ပေးရန် ရည်ရွယ်ဒီဇိုင်းရေးဆွဲထားကာ ဂျပန်နိုင်ငံနှင့် အရှေ့တောင်အာရှ (ASEAN) နိုင်ငံများအကြား ဥာဏဆိုင်ရာ ပေါင်းကူးဆက်ဆံမှုနှင့် ယုံကြည်မှုကို အဆင့်ဆင့်တည်ဆောက်ပြီး အနာဂါတ်မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။
ဂျပန်ဖောင်ဒေးရှင်းသည် အခြားသောအဖွဲ့အစည်းများနှင့်လည်း ဂျပန်ရေးရာလေ့လာရေးနှင့်ပတ်သက်သည့် ထောက်ပံ့မှုအစီအစဉ်များကိုပြုလုပ်လျက်ရှိပါသည်။ အသေးစိတ်ကို အောက်ပါဝက်ဘ်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
(၁) JF-GJS သုတေသနထောက်ပံ့ခြင်းအစီအစဉ်
ဤအစီအစဉ်သည် ဂျပန်နိုင်ငံပြင်ပတွင် ဂျပန်ရေးရာလေ့လာရေးကို မြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်ဖောင်ဒေးရှင်းနှင့် The Institute for Advanced Studies on Asia of the University of Tokyo (Tobunken) မှပူးပေါင်း၍ ဂျပန်ရေးရာလေ့လာရေးနယ်ပယ်ရှိ post-doctoral သုတေသီများ ဂျပန်နိုင်ငံရှိ Tobunken တွင် သုတေသနလုပ်ငန်းများလုပ် လုပ်ဆောင်ခြင်းကို ထောက်ပံ့ခြင်းဖြစ်သည်။ ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲနှင့် ဟောပြောပွဲများကျင်းပခြင်းဖြင့် ပရောဂျက်ဦးဆောင်သူအဖြစ် အတွေ့အကြုံများရယူနိုင်ရန်၊ နိုင်ငံတကာအပြန်အလှန်ဆွေးနွေးခြင်းတွင်ပါဝင်ခဲ့သူများနှင့် ကွန်ရက်သစ်ကိုဖွဲ့စည်းပြီး ကျယ်ပြန့်လာအောင် ဆောင်ရွက်ခြင်းများကိုလည်း ရည်ရွယ်သည်။
(၂) JF-Nichibunken သုတေသနထောက်ပံ့ခြင်းအစီအစဉ်
ဤအစီအစဉ်သည် ဂျပန်နိုင်ငံပြင်ပတွင် ဂျပန်ရေးရာလေ့လာရေးကို မြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်ဖောင်ဒေးရှင်းနှင့် The International Research Center for Japanese Studies, National Institutes for the Humanities (Nichibunken) မှပူးပေါင်း၍ ဂျပန်ရေးရာလေ့လာရေးနယ်ပယ်ရှိ post-doctoral သုတေသီများ ဂျပန်နိုင်ငံရှိ Nichibunkenတွင် သုတေသနလုပ်ငန်းများလုပ် လုပ်ဆောင်ခြင်းကို ထောက်ပံ့ခြင်းဖြစ်သည်။ ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲနှင့် ဟောပြောပွဲများကျင်းပခြင်းဖြင့် ပရောဂျက်ဦးဆောင်သူအဖြစ် အတွေ့အကြုံများရယူနိုင်ရန်၊ နိုင်ငံတကာအပြန်အလှန်ဆွေးနွေးခြင်းတွင်ပါဝင်ခဲ့သူများနှင့် ကွန်ရက်သစ်ကိုဖွဲ့စည်းပြီး ကျယ်ပြန့်လာအောင် ဆောင်ရွက်ခြင်းများကိုလည်း ရည်ရွယ်သည်။
Fellowships|International Research Center for Japanese Studies (Nichibunken)
07/03/2026
မင်္ဂလာပါ Sensei (၂၇)ကြိမ်မြောက် :ဆရာမဝင်းသိင်္ဂီကျော်03/03/2026
အဖွဲ့လိုက်လေ့လာရေးခရီး “Visit JFYG” အတွက် လျှောက်လွှာများ လက်ခံနေပါသည် (၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ)18/02/2026
Kira Kira Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!17/02/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း17/02/2026
Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။11/02/2026
စင်တာပိတ်ရက် အသိပေးကြေညာခြင်း04/02/2026
Waku Waku Nihongo ❝Challenge with Erin!❞ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း24/01/2026
(၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။16/01/2026
၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း15/01/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း14/01/2026
Akafuji Vocational Training Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!09/01/2026
Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ!02/01/2026
ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း26/12/2025
နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း30/12/2025
မင်္ဂလာပါ Sensei (၂၆)ကြိမ်မြောက် :ဆရာမ ရွှန်းလဲ့နဒီမောင်26/12/2025
Folded Heritage: Japanese Origami Workshop14/12/2025
ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် “CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ” ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီးခြင်း03/12/2025
Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!06/11/2025
ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater05/11/2025
AIMI Japanese Language Center မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!01/10/2025
SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!04/04/2025
မန္တလေးမြို့တွင် ကျင်းပမည့် JFT-Basic စာမေးပွဲအား ဖျက်သိမ်းကြောင်း ကြေငြာခြင်း13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)