မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း

မြန်မာနိုင်ငံရှိ ဂျပန်ဘာသာစကားသင်ကြားရေးနယ်ပယ်တွင် တက်ကြွစွာပါဝင်လှုပ်ရှားနေသော ဆရာ၊ဆရာများကို မိတ်ဆက်ပေးသည့် လူကြိုက်များသော မင်္ဂလာပါဆန်းဆေးအစီအစဥ်၏ ယခင်အပိုင်းများကို ပြန်လည်မျှဝေပေးသွားပါမည်။ ဂျပန်စာသင်ယူနေသူ ကျောင်းသား၊သူများနှင့် သင်ကြားပေးနေသော ဆရာ၊ဆရာမများအတွက် အကျိုးရှိစေနိုင်သည့်အကြောင်းအရာများ မြောက်များစွာပါဝင်ပါသည်။

ဆက်ဆက်ဖတ်ရှုကြည့်ကြပါရှင်။

—————————————————————————————————————-

【စတုတ္ထအကြိမ်မြောက် မင်္ဂလာပါဆန်းဆေးအစီအစဥ်:ဆရာမ အိရွှေစင်】

【ミンガラーバー!先生 第4回စတုတ္ထအကြိမ်မြောက်မင်:Ei Shwe Sin先生】

အားလုံးပဲ မင်္ဂလာပါ။ “မင်္ဂလာပါ! sensei” အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ကျောင်းတွေအများကြီးမှာ ပါဝင်လှုပ်ရှားနေတဲ့ ဆရာမကို မိတ်ဆက်ပေးချင်ပါတယ်။ စတုတ္ထမြောက်အနေနဲ့ Mizuho Japanese Language School ရဲ့ ဆရာမအိရွှေစင် ပဲဖြစ်ပါတယ်။ ဆရာမအိရွှေစင်က ဂျပန်ကိုပညာတော်သင်သွားပြီးတဲ့နောက်၂၀၁၅ ခုနှစ်မှာ ဇာတိမြေ ပခုက္ကူမှာ ဂျပန်ဘာသာစကားသင်တန်းကျောင်းကို တည်ထောင်ခဲ့ပါတယ်။ကျွန်တော်တို့ ဂျပန်ဖောင်ဒေးရှင်း ဂျပန်ယဉ်ကျေးမှုစင်တာရဲ့ ဂျပန်စာမွမ်းမံ ဆရာဖြစ်သင် သင်တန်းကိုလည်း ပြီးမြောက်အောင်မြင်ထားပါတယ်။

Q : ဆရာမအိရွှေစင် ဂျပန်ဘာသာစကားသင်ကြား‌ရေးဆရာမ ဘယ်လိုဖြစ်လာသလဲဆိုတာကို ပြောပြပေးပါ။

A: မြန်မာနိုင်ငံမှာ တက္ကသိုလ်ဘွဲ့ရပြီးနောက် ဂျပန်ကို ၆နှစ်ကြာပညာတော်သင်သွားခဲ့ပါတယ်။ ဂျပန်မှာနေခဲ့တဲ့ အတွေ့အကြုံကို အသုံးပြုပြီး မြန်မာပြန်လာပြီးတဲ့နောက် ငွေကြေးအခက်အခဲကြောင့် ရန်ကုန်နဲ့ မန္တလေးတွေမှာ ဂျပန်ဘာသာစကား မသင်ကြားနိုင်တဲ့ လေ့လာသူတွေအတွက် အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ကျောင်းကိုတည်ထောင်ပြီး ဂျပန်ဘာသာစကားကိုစတင်သင်ကြားခဲ့ပါတယ်။

Q : ဘာကြောင့် ရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာရဲ့ ဂျပန်စာမွမ်းမံ ဆရာဖြစ်သင် သင်တန်းအစီအစဉ်ကို တတ်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါသလဲ။

A: ဂျပန်မှာ ပညာတော်သင်သွားခဲ့တဲ့အတွေ့အကြုံရှိပေမယ့်လည်း ဂျပန်ဘာသာစကား သင်ကြားရေးနဲ့ပတ်သတ်ပြီး လေ့လာခဲ့တာမျိုးမရှိတဲ့အတွက်ကြောင့် ဂျပန်ဘာသာစကားကို စတင်သင်ကြားဖို့အတွက် မိမိကိုယ်တိုင်အရင်လေ့လာခဲ့ပါတယ်။ ထို့နောက် ဆရာတစ်ယောက်အနေနဲ့အတွေ့အကြုံတွေရခဲ့ပေမယ့် ဆရာတစ်ယောက်ရဲ့အခြေခံကျတဲ့ နည်းပညာတွေ နည်းပါးခဲ့တာမို့ ကျောင်းသားတွေအတွက် သင့်လျော်တဲ့ သင်ကြားပို့သမှု ပေးနိုင်ဖို့အတွက် ယုံကြည်မှုတွေ နည်းပါးခဲ့ပါတယ်။ ဂျပန်ဘာသာစကားဆရာမ သူငယ်ချင်းတစ်ယောက်ဆီကနေ ဂျပန်စာမွမ်းမံ ဆရာဖြစ်သင်တန်းအကြောင်းကို ကြားသိရပြီး အွန်လိုင်းနဲ့ လည်း သင်တန်းတက်ခွင့်ရခဲ့တာကြောင့် လျှောက်ထားဖြစ်ခဲ့ပါတယ်။

Q : ဂျပန်စာမွမ်းမံ ဆရာဖြစ်သင်တန်း အစီအစဉ်ကို တတ်ရောက်ပြီးနောက် စာသင်တဲ့အချိန်မှာ သတိပြုမိတဲ့ အချက်တွေရှိပါသလား။

A: သင်တန်း မတက်ရောက်ခင်မှာ ကျွန်မအနေနဲ့ ဆရာကချည်းသင်ကြားပေးတဲ့နည်းလမ်းနဲ့သာ သင်ကြားပေးနေခဲ့မိပြီး သင်တန်းတက်ပြီးနောက်မှာတော့ ကျောင်းသားတွေရဲ့ output ထွက်လာအောင် စိတ်သွင်းပြီးသင်ကြားခဲ့ပါတယ်။ ဥပမာအားဖြင့် သဒ္ဒါ သင်တဲ့အခါမှာ အဲ့ဒီသဒ္ဒါကိုအသုံးပြုပြီး စကားပြောခိုင်းတာမျိုးတွေနဲ့ ဝါကျတည်ဆောက်ပြီး ချရေးခိုင်းတာမျိုးတွေ ပြုလုပ်ခိုင်းတတ်လာပါတယ်။ ကျောင်းသားတွေ output ထွက်ဖို့အခွင့်အလမ်းများလာတာရယ်၊  ဆရာမအနေနဲ့လည်း ကျောင်းသားတွေအကြောင်းကို ကောင်းကောင်းသိလာပြီး ကျောင်းသားတွေနဲ့ ဆက်ဆံရေးလည်း တိုးတက်ကောင်းမွန်လာပါတယ်။ ထို့အပြင် အတန်းတွေကလည်း ပျော်စရာကောင်းလာပြီး သင်ကြားရလွယ်ကူလာပါတယ်။

Q : ဂျပန်ဘာသာစကား လေ့လာနေတဲ့ ကျောင်းသား၊ ကျောင်းသူများအား အကြံဉာဏ်ပေးဖို့ တောင်းဆိုပါရစေ။

A : စာမေးပွဲအောင်ပြီး “အောင်လက်မှတ်” ရယုံပဲ ရည်မှန်းတဲ့သူတွေရှိပေမယ့် နေ့စဉ်စကားပြောနဲ့ အလုပ်မှာ စကားပြောတာတွေ၊ စာရေးသားတာတွေပြုလုပ်နိုင်မယ့် ဂျပန်ဘာသာစကားကို တတ်မြောက်ထားဖို့ကလည်း အရေးကြီးပါတယ်။ ကျွန်မလည်း ဂျပန်စာ N4 level နဲ့ ဂျပန်ကိုပညာတော်သင်သွားခဲ့တာမို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး ယနေ့အချိန်ထိ ဂျပန်ကိုပို့ပေးခဲ့တဲ့ ကျောင်းသားတွေလည်း ခက်ခက်ခဲခဲကြိုးစားရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဂျပန်စာ ကောင်းကောင်းမရတဲ့အခါ နားလည်မှုလွဲတာလား ကိုယ်က အမှားလုပ်မိသလားကို မသိပဲ တခြားလူတွေဆီကအပြစ်တင်တာကို ကြုံရတတ်ပြီး နေ့စဉ်ဘဝနဲ့အလုပ်မှာ မပျော်ရွှင်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့တာကြောင့် အခုကစပြီး Output လုပ်နိုင်တဲ့  လေ့လာမှုကို အဓိကထားပြီး လုပ်သွားစေချင်ပါတယ်။

ဆရာမအိရွှေစင်ဟာ ပခုက္ကူမှာ ဂျပန်ဘာသာစကား လေ့လာသင်ယူနေတဲ့ကျောင်းသားကျောင်းသူတွေအတွက် အမြဲတမ်းကောင်းမွန်တဲ့ပညာရေးကိုလက်ဆင့်ကမ်းချင်တဲ့စိတ်ထားဖြင့်  ဂျပန်ဘာသာစကားသင်ကြားပို့ချပေးနေတဲ့ စိတ်အားထက်သန်တဲ့ ဆရာမတစ်ယောက်ပဲဖြစ်ပါတယ်။ သေချာပေါက်အခုကနေစပြီး ဂျပန်ဘာသာစကားကို Outputလုပ်နိုင်တဲ့ ကျောင်းသားကျောင်းသူတွေကို မွေးထုတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင် !

【Mizuho Japanese Language School】

Facebook:Mizuho | Pakokku | Facebook

Notice & Announcements

View All