၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံအလယ်ပိုင်းတွင်လှုပ်ခတ်ခဲ့သောငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီး ဆုံးရှုံးမှုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဂျပန်ဖောင်ဒေးရှင်း(JF)မှ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ရန်ကုန်တွင် လက်ရှိကြုံတွေ့နေရသော လျှပ်စစ်မီးပျက်သည့်အခြေအနေများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျ ပန်ယဉ်ကျေးမှုစင်တာသည် ၄ လပိုင်း ၁ ရက်နေ့မှစ၍ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများ အခမဲ့အားသွင်းနိုင်ရန်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ စင်တာဖွင့်ချိန်မှာအောက်ပါအတိုင်းဖြစ်ပြီး စင်တာသို့လာရောက်အားသွင်းချိန်တွင် စင်တာမှသတ်မှတ်ချက်များကိုလိုက်နာပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ စင်တာတွင်လျှပ်စစ်မီးအသုံးပြုနိုင်သည့်အတွက် ဂျပန်စာလေ့လာနေသူများ စင်တာသို့လာရောက်ခြင်းကိုလည်း ကြိုဆိုပါသည်။ငလျင်ဒဏ်သင့်ပြည်သူများနှင့် အရပ်ဒေသများ အမြန်ဆုံး ပြန်လည်ထူထောင်လာစေရန် ဆုတောင်းမေတ္တာပို့အပ်ပါသည်။ ဂျပန်ဖောင်ဒေးရှင်း(JF)သည် ဂျပန်နိုင်ငံ၏မိတ်ဆွေသင်္ဂဟဖြစ်သည့် မြန်မာနိုင်ငံမှ ပြည်သူပြည်သားများအား တတ်စွမ်းသမျှကူညီထောက်ပံ့သွားပါမည်။
[စင်တာဖွင့်ချိန်နှင့် စုံစမ်းမေးမြန်းရန်]
စင်တာဖွင့်ရက်။ ။အပတ်စဉ် အင်္ဂါနေ့မှစနေနေ့
စင်တာဖွင့်ချိန်။ ။မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲ
လိပ်စာ။ ။ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ်။ ။၀၁-၄၉၀၃၂၀၊ ၀၉- ၈၉၃၁၁၈၂၅၅
အီးမေးလ်။ ။info.jfyg@jpf.go.jp
[သတ်မှတ်ချက်များ ]
– အခြားလိုအပ်သူများလည်း အားသွင်းနိုင်ရန် လူတဦးလျှင် ဖုန်းတလုံးသာအားသွင်းပေးပါရန်။
– အားသွင်းကြိုးနှင့်ခေါင်းများကို ငှားရမ်းပေးမည်မဟုတ်သောကြောင့် မိမိနှင့်တပါတည်းယူဆောင်လာပေးပါရန်။
– မိမိ၏ဖုန်းစသည့်ပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုများကို စင်တာမှတာဝန်ယူမည်မဟုတ်သောကြောင့် မိမိ၏ပစ္စည်းများကို မိမိကိုယ်တိုင်ကြည့်ရှုထိန်းသိမ်းပေးပါရန်။
– မိမိ၏ဖုန်းအားပြည့်ပါက တခြားသူအားသွင်းနိုင်ရန် အားသွင်းသည့်နေရာမှဖယ်ရှားပေးပါရန်။
– အထက်ပါစင်တာဖွင့်ချိန်၏ နေ့လယ် ၁၂ နာရီခွဲမှ ၁ နာရီခွဲအချိန်တွင် မီးစက်ကိုခဏတဖြုတ်အနားပေးရမည်ဖြစ်သည့်အတွက် ထိုအချိန်တွင် အားသွင်းခြင်းအပါအဝင် လျှပ်စစ်မီးများလည်း အသုံးပြု၍မရကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
– စင်တာတွင်ကားရပ်နားရန်နေရာမရှိသောကြောင့် ခြေလျင် (သို့) အများပြည်သူသုံးယာဉ်ဖြင့်သာ လာရောက်ပေးပါရန်။

07/03/2026
မင်္ဂလာပါ Sensei (၂၇)ကြိမ်မြောက် :ဆရာမဝင်းသိင်္ဂီကျော်03/03/2026
အဖွဲ့လိုက်လေ့လာရေးခရီး “Visit JFYG” အတွက် လျှောက်လွှာများ လက်ခံနေပါသည် (၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ)18/02/2026
Kira Kira Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!17/02/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း17/02/2026
Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။11/02/2026
စင်တာပိတ်ရက် အသိပေးကြေညာခြင်း04/02/2026
Waku Waku Nihongo ❝Challenge with Erin!❞ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း24/01/2026
(၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။16/01/2026
၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း15/01/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း14/01/2026
Akafuji Vocational Training Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!09/01/2026
Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ!02/01/2026
ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း26/12/2025
နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း30/12/2025
မင်္ဂလာပါ Sensei (၂၆)ကြိမ်မြောက် :ဆရာမ ရွှန်းလဲ့နဒီမောင်26/12/2025
Folded Heritage: Japanese Origami Workshop14/12/2025
ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် “CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ” ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီးခြင်း03/12/2025
Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!06/11/2025
ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater05/11/2025
AIMI Japanese Language Center မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!01/10/2025
SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!04/04/2025
မန္တလေးမြို့တွင် ကျင်းပမည့် JFT-Basic စာမေးပွဲအား ဖျက်သိမ်းကြောင်း ကြေငြာခြင်း13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)