ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း

ဒီဇင်ဘာလ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှာ ဂျပန်လူမျိုးတွေနဲ့ 「ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “日本人大学生・大学院生に聞いてみよう!日本の大学生活”」ဆိုတဲ့ပွဲအစီအစဉ်လေးကျင်းပခဲ့ပုံကို မျှဝေလိုက်ပါတယ်။ ဒီတခေါက်ပွဲမှာတော့ ဂျပန်လူမျိုး တက္ကသိုလ်ကျောင်းသား၊ ဘွဲ့လွန်ကျောင်းသားများနှင့် မြန်မာလူမျိုး ဂျပန်စာလေ့လာနေသူများအကြား မိမိတို့နိုင်ငံရဲ့ တက္ကသိုလ်ဘဝအကြောင်းနဲ့ပတ်သက်ပြီး အချင်းချင်းပြောဆိုဖလှယ်ခဲ့ကြပါတယ်။
‌ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာတွင် ဂျပန်စာလေ့လာနေသူများအတွက် ပျော်ရွှင်စရာဂိမ်းလေးမှတစ်ဆင့် ဂျပန်စာကိုလေ့လာလို့ရမယ့်ပွဲတွေ၊ ဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောဆိုဆက်ဆံခြင်းဖြင့် စကားပြောစွမ်းရည်တိုးလာမယ့်ပွဲတွေ ဆက်လက်ကျင်းပပြုလုပ်‌ပေးသွားမှာဖြစ်တဲ့အတွက် နှစ်သစ်မှာလည်း ဂျပန်‌ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာကို လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Notice & Announcements

View All