【၉ကြိမ်မြောက် IRODORIအသုံးပြုနည်း Seminar】

  • Nov 8, 2025 ~ Nov 8, 2025
  • 10:00~12:00PM
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane(1), Bahan Township, Yangon

【၉ကြိမ်မြောက် IRODORIအသုံးပြုနည်း Seminar】

~『IRODORI』ကိုသုံးပြီး စကားဝိုင်းပိုမိုကျယ်ပြန့််လာအောင် လုပ်ကြရအောင်~

ဂျပန်ဘာသာစကားသင်ကြားနေသော ဆရာ၊ ဆရာမအားလုံး မင်္ဂလာပါ။『IRODORI』သင်ထောက်ကူကိုသုံးပြီး စကားပြောအတန်းများကို သင်ကြားချင်သောဆရာ၊ဆရာမများ နှင့် စကားပြောအတန်းများအတွက် အကြံဉာဏ်လိုချင်သော ဆရာ၊ဆရာမများအတွက် ယခုတစ်ကြိမ် Seminarတွင်『IRODORI』ကို သုံးပြီး စကားပြောကို ပိုမိုတိုးချဲ့စေနိုင်မယ့် နည်းလမ်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

အသေးစိတ်အကြောင်းအရာများကို အောက်တွင်ဆက်လက်ဖတ်ရှုပေးကြပါ။

■ဆွေးနွေးပွဲနေ့ရက်နှင့်အချိန်: ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၈ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ၁၀:၀၀ ~ ၁၂:၀၀

■ကျင်းပမည့်ပုံစံ:Offline

■ကျင်းပမည့်နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ၏ Hallခန်း။

အမှတ်-၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

■အနီးဆုံးဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်။ ဘတ်စ်ကားနံပါတ်-၄၃၊ ၆၄၊ ၈၀။

■သတ်မှတ်ဦးရေ:၁၆ဦး။

■သင်တန်းကြေး:အခမဲ့။

■လျှောက်ထားနိုင်သူများ: မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေသော ဆရာ၊ ဆရာမများ။ (JFS B2/JLPT N2အထက်)

■လျှောက်ထားရန်:အောက်ပါ Microsoft Form တွင် ဖြည့်သွင်းလျှောက်ထားပေးပါရန်။

Microsoft Form URL: https://forms.office.com/r/XmMpRMLjQB?origin=lprLink

■လျှောက်လွှာပိတ်ချိန်:၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၅ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂:၀၀ နာရီ။

■ပါဝင်ခွင့်ရရှိကြောင်းအသိပေးချက်:ပါဝင်ခွင့်ရရှိသူများအား နိုဝင်ဘာလ၊ ၇ရက်နေ့ (သောကြာနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၂:၀၀ နာရီနောက်ပိုင်းမှစတင်ပြီး ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားပေးသွားပါမည်။

အားလုံးပါဝင်ပေးကြဖို့ကို စောင့်မျှော်လျက်ရှိပါတယ်။

Notice & Announcements

View All