၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများအတွက် သင်တန်းအစီအစဉ်များနှင့်ပတ်သက်သည့်ရှင်းလင်းပွဲ

  • Oct 20, 2025 ~ Oct 20, 2025
  • 2:00-3:30 pm

ဂျပန်ဖောင်ဒေးရှင်းသည် ဂျပန်နိုင်ငံရှိ The Japan Foundation Japanese-Language Institute, Urawa တွင် နိုင်ငံရပ်ခြားရှိဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများ ဂျပန်ဘာသာသင်ကြားနည်းနှင့် ဂျပန်ဘာသာ၊ ဂျပန်ယဉ်ကျေးမှုစသည်တို့ကို လေ့လာသင်ယူနိုင်သည့်သင်တန်းအစီအစဉ်များကို နှစ်စဉ်ပြုလုပ်လျက်ရှိပါသည်။ ထိုသင်တန်းအတွက် ၂၀၂၆ ဘဏ္ဍာရေးနှစ် လျှောက်လွှာများကိုစတင်လက်ခံနေပြီဖြစ်သည့်အတွက် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှ သင်တန်းအစီအစဉ်နှင့်ပတ်သက်သည့် မိတ်ဆက်ရှင်းပြခြင်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုပွဲတွင် သင်တန်းအစီအစဉ်များသို့ သွားရောက်တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများမှလည်း ၎င်းတို့၏အတွေ့အကြုံများကို ပြန်လည်မျှဝေသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသည့် ဆရာ၊ ဆရာမများ အောက်ပါ formတွင်ဖြည့်စွက်၍ နာမည်စာရင်းပေးသွင်းနိုင်ပါသည်။ အွန်လိုင်းမှတက်ရောက်မည့်သူများ Zoom link ကို အီးမေးလ်မှ ပေးပို့မည်ဖြစ်ပါသဖြင့် form တွင် မိမိ၏အီးမေးလ်လိပ်စာကို မှန်မှန်ကန်ကန် ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။

နေ့ရက်နှင့်အချိန်: ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၀ ရက်(တနင်္လာနေ့) နေ့လယ် ၂ နာရီမှ ၃ နာရီခွဲ
ပွဲကျင်းပမည့်ပုံစံ: Hybrid (JFYG / Zoom)
တက်ရောက်နိုင်သည့်သူများ: ဂျပန်ဘာသာသင်ကြားနေသော မြန်မာလူမျိုးဆရာ၊ ဆရာမများ (ဂျပန်စာအရည်အချင်းသတ်မှတ်ထားခြင်းမရှိပါ။)
ဘာသာစကား: ဂျပန်ဘာသာ၊ မြန်မာဘာသာ (ပရိုဂရမ်မိတ်ဆက်ကို ဂျပန်ဘာသာဖြင့်သာမိတ်ဆက်သွားမည်ဖြစ်ပါသည်)
နေရာ: ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ်၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်`
(ဗျိုင်းရေအိုးစင်မှတ်တိုင်၊ ဘတ်စ်ကားနံပါတ် ၄၃၊ ၆၄၊ ၈၀)
လျှောက်လွှာဖောင်ပိတ်မည့်ရက်: ၂၀၂၅ ခုနှစ် ‌အောက်တိုဘာလ ၁၈ ရက် (တနင်္ဂနွေနေ့) ညနေ ၅ နာရီ
လျှောက်ထားရန်လင့်⇒  https://forms.office.com/r/GJUk1WvU9U?origin=lprLink

Notice & Announcements

View All