ကူညီထောက်ပံ့မှုအမျိုးအစားများ
(၁) အစည်းဝေးကျင်းပခြင်းအားထောက်ပံ့ခြင်း (အွန်လိုင်းမှကျင်းပသည့်အစည်းအဝေးများအကျုံးဝင်သည်)
(၂) သင်ထောက်ကူများပြုလုပ်ခြင်းအားထောက်ပံ့ခြင်း
(၃) လွတ်လပ်စွာစီမံရေးဆွဲထားသည့်ပရောဂျက်များအားထောက်ပံ့ခြင်း
ရည်ရွယ်ချက်
ဤအစီအစဉ်သည် ဂျပန်နိုင်ငံတွင် နေထိုင်ရန်နှင့် အလုပ်လုပ်ကိုင်ရန်အတွက် လိုအပ်သော ဂျပန်ဘာသာသင်ကြားရေးလုပ်ငန်းစဉ်ကို ကူညီထောက်ပံ့လိုသောရည်ရွယ်ချက်ဖြင့် “ကျွမ်းကျင်လုပ်သားစနစ်” ဖြင့် ဂျပန်နိုင်ငံသို့လာရောက်မည့်သူများအတွက် ဂျပန်ဘာသာသင်ကြားရေးကို လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အစည်းများ၊ သင်တန်းကျောင်းများအတွက် လိုအပ်သော ကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းအား ထောက်ပံ့မည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် ၂၀၂၁ခုနှစ် မတ်လ ၃၁ ရက်အတွင်း ပြုလုပ်မည့် လုပ်ငန်းစဉ်များအတွက်သာ အကျုံးဝင်ပါသည်။
လျှောက်လွှာလျှောက်ရန်လိုအပ်ချက်များနှင့် လျှောက်လွှာဖောင်များကို အောက်တွင် ဒေါင်းလုတ်ဆွဲယူနိုင်ပါသည်။
–လျှောက်လွှာလျှောက်ရန်လိုအပ်ချက်များ
လျှောက်လွှာဖောင်များကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာသို့ မိမိတို့၏လုပ်ငန်းများ လုပ်ဆောင်ရန်လျာထားသည့်ရက်၏ အနည်းဆုံး ၁ လ ကြိုတင်၍ လျှောက်ထားရမည်။
သတိထားရမည့်အချက်
-ဖြည့်စွက်ထားသည့် လျှောက်လွှာဖောင်ဒေတာကို ဦးစွာ အီးမေးလ်ဖြင့်ပေးပို့ပါရန်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ လျှောက်လွှာဒေတာကို ကြည့်ရှုစစ်ဆေးပြီးနောက် ပြင်ဆင်ရန်လိုအပ်ချက်မရှိပါက မိမိတို့၏ လျှောက်လွှာဖောင်မူရင်းကို စာတိုက်မှတစ်ဆင့်ပေးပို့ရမည်ဖြစ်သည်။
-လျှောက်လွှာဖောင်ပေးပို့ပြီးနောက် လျှောက်လွှာတွင်ဖြည့်စွက်ထားသော အကြောင်းအရာများ အပြောင်းအလဲရှိပါက ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သို့ ချက်ချင်းအကြောင်းကြားရမည်။
– ပေးပို့ထားသောလျှောက်လွှာဖောင်များအားပြန်ပေးမည်မဟုတ်ပါသဖြင့် မိမိတို့ဖြည့်စွက်ထားသော လျှောက်လွှာဖောင်များကို မိတ္တူတစ်စုံယူထားပါ။
စုံစမ်းမေးမြန်းရန်
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
ဖုန်း ၀၉-၈၉၃ ၁၁၈ ၂၅၅၊ ၀၁-၄၃၀ ၉၂၀
အီးမေးလ် nihongo@jpf-mm.org
13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)