ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “日本人大学生・大学院生に聞いてみよう!日本の大学生活”

  • Dec 17, 2025 ~ Dec 17, 2025
  • 10:00~11:30
  • The Japan Foundation, Yangon
    No(70) Nat Mauk Lane (1), Bahan Township, Yangon

ဂျပန်စာလေ့လာနေတာကြာနေပြီဆိုပေမယ့် ဂျပန်လိုပြောမထွက်ဘူး… ဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောတဲ့အခါမှာ တစ်ဖက်လူပြောနေတာကို အကုန်နားလည်ပေမယ့် ဂျပန်လိုပြန်ပြောဖို့ ထွက်မလာဘူး… ဆိုတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသလား။  

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းအရာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ၂ လ ၁ ခါ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီဇင်ဘာလမှာတော့ ဂျပန်က ဘွဲ့လွန်ကျောင်းသားနဲ့တက္ကသိုလ်ကျောင်းသားတွေကို  တက္ကသိုလ်နဲ့ပတ်သက်ပြီးအမျိုးမျိုး ပြောဆိုမေးမြန်းလို့ရမယ့် 日本人大学生・大学院生に聞いてみよう!日本の大学生 ဆိုတဲ့အကြောင်းအရာနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ ဂျပန်မှာတက္ကသိုလ်‌ကျောင်းတက်ဖို့စိတ်ဝင်စားသူများ၊ ဂျပန်လိုပြောဆိုဖလှယ်လိုကြသူများပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။   

https://forms.office.com/r/XUZBFZRN9n?origin=lprLink 

 

နေ့ရက်နှင့်အချိန်။ ။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ 

သတ်မှတ်ဦးရေ။ ။ ၂၅ ဦး 

ဂျပန်စာ level။ ။ N3 levelနှင့်အထက်  

ကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)  

အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ()၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ 

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်
ဘတ်စ်ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀ 

ပွဲတွင်ပါဝင်နိုင်မည့်သူများကို ဂျပန်‌‌‌ဖောင်ဒေးရှင်းမှ ဒီဇင်ဘာလ ၁၅ ရက် (တနင်္လာနေ့)တွင် ဖုန်းဆက်အကြောင်းကြားသွားမှာဖြစ်ပါတယ်။ 

Notice & Announcements

View All