ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက်Event:❝Irodori ဂျပန်ဘာသာစကား အွန်လိုင်းအတန်းကို လက်တွေ့အသုံးပြုကြည့်ကြရအောင်! ❞
-
Aug 10, 2024
~ Aug 10, 2024
- 10:00AM~12:30PM
- ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ
အမှတ်၇၀၊နတ်မောက်လမ်းသွယ် (၁)၊ဗဟန်းမြို့နယ်၊ရန်ကုန်
ဂျပန်ဘာသာစကားကိုလေ့လာသင်ယူနေကြသောကျောင်းသား/သူများအားလုံး မင်္ဂလာပါ။အားလုံးပဲ ဂျပန်ဘာသာစကားလေ့လာရာမှာ အခက်တွေ့ရတဲ့ကိစ္စလေးတွေများ မရှိကြဘူးလား? ဥပမာ-“ ဝေါဟာရတွေေ၊ခန်းဂျီတွေ တော်တော်နဲ့မမှတ်မိနိုင်ဘူး” ၊ “ တစ်ယောက်တည်းလေ့လာနေတာကြောင့် ဂျပန်စကားပြောကျွမ်းကျင်မလာဘူး” စသည်ဖြင့် ဒီလိုမျိုးအကြောင်းအရာတွေမှာ အခက်တွေ့နေကြသူများ ဆက်ဆက် “ Irodori ဂျပန်ဘာသာအွန်လိုင်းအတန်း” ကို လက်တွေ့အသုံးပြုကြည့်ကြမလား?
Irodori ဂျပန်ဘာသာစကားအွန်လိုင်းအတန်းဟာဆိုရင် ဂျပန်နိုင်ငံရဲ့နေထိုင်မှုဘဝ နဲ့ ဂျပန်မှာသွားရောက်အလုပ်လုပ်ကိုင်ရာတွင် လိုအပ်မည့် အခြေခံကျသောဂျပန်ဘာသာစကားဖြင့် ပြောဆိုဆက်သွယ်ခြင်းစွမ်းရည်ကို သင်ယူတတ်မြောက်နိုင်သည့် အခမဲ့အွန်လိုင်းအတန်းတစ်ခုပဲဖြစ်ပါတယ်။လက်ကိုင်ဖုန်းနှင့်ကွန်ပျူတာကိုအသုံးပြုပြီး တစ်ယောက်တည်းစကားပြောလေ့ကျင့်ဖို့အတွက် အရေး၊အဖတ်တွေကို လေ့ကျင့်လို့ရနိုင်ပါတယ်။
Websiteတွင် မြန်မာဘာသာပြန်လည်းပါဝင်သည့်အတွက် အခုကစပြီးဂျပန်ဘာသာစကားလေ့လာမည့်သူတွေအတွက် အသုံးပြုကြည့်ဖို့အကြံပြုချင်ပါတယ်။ဆက်ဆက်” Irodori ဂျပန်ဘာသာစကား အွန်လိုင်းအတန်း” မှာပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူလေ့လာကြည့်ရအောင်!
★ပွဲကိုလာရောက်မည့်သူတွေအနေဖြင့် ပွဲရက်မတိုင်ခင်နောက်ဆုံးထား၍ “ Irodori ဂျပန်ဘာသာစကား အွန်လိုင်း အတန်း” ၏ Userစာရင်းသွင်းခြင်းကိုပြုလုပ်ထားပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
※User စာရင်းသွင်းပုံသွင်းနည်းအတွက် ယခု postတွင်ပါရှိသော ဓာတ်ပုံများကိုကြည့်ရှုပေးပါ။
■နေ့ရက်နှင့်အချိန်:၂၀၂၄ခုနှစ်၊သြဂုတ်လ၊၁၀ရက်နေ့(စနေနေ့)။
မြန်မာစံတော်ချိန် မနက်၁၀နာရီမှ နေ့လည်၁၂နာရီခွဲအထိ
■နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာ
အမှတ်၇၀၊နတ်မောက်လမ်းသွယ် (၁)၊ဗဟန်းမြို့နယ်၊ရန်ကုန်
■ပါဝင်နိုင်သူများ:ဂျပန်ဘာသာသင်ယူနေသောမြန်မာကျောင်းသား၊သူများ ※ယခုပွဲသည် ကျောင်းသား/သူတွေအတွက်သာရည်ရွယ်သောပွဲဖြစ်ပါသည်။ ဂျပန်ဘာသာသင်ကြားရေးဆရာ/ဆရာမများအနေဖြင့် နောက်လ(စက်တင်ဘာလ)တွင်အွန်လိုင်းမှပြုလုပ်မည့် “ いろどり 活用セミナー” တွင် ပါဝင်ရန် စောင့်မျှော်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
■သတ်မှတ်ဦးရေ-:40ဦး
လျှောက်ထားရန်နည်းလမ်း:အောက်ပါ linkမှတဆင့်လျှောက်ထားပေးပါရန်။
■လျှောက်လွှာပိတ်ချိန်:သြဂုတ်လ ၇ရက်နေ့(ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် ညနေ ၃နာရီ
※လျှောက်ထားသူဦးရေများပြားသောအခါတွင် လျှောက်လွှာစော၍ ပိတ်ခြင်းမျိုးလည်းရှိနိုင်ပါသည်။
★ယခုပွဲသည် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် ပွဲနေ့တွင် စင်တာသို့လာရောက်နိုင်သူများသာ လျှောက်ထားပေးပါရန် မေတ္တာရပ်ခံပါသည်။
【いろどり日本語オンラインコースを体験してみよう!(日本語学習者向けイベント)】
日本語を勉強しているみなさん、こんにちは!みなさんは、日本語の勉強で悩んでいることはありませんか?「ことばや漢字がなかなか覚えられない…」、「一人で勉強しているから、会話が上手にならない…」そんなお悩みのある方、ぜひ「いろどり日本語オンラインコース」を体験してみませんか?「いろどり日本語オンラインコース」は、日本で生活や仕事をするときに必要となる、基礎的な日本語のコミュニケーション力を身につけることができる無料のオンラインコースです。スマートフォンやパソコンを使って、一人でも会話の練習や読んだり書いたりする練習ができます。ミャンマー語でも勉強ができるので、これから日本語を勉強する方にもおすすめです。「いろどり日本語オンラインコース」で、ぜひ一緒に楽しく勉強しましょう!
★参加ご希望の方は、イベント当日までに「いろどり日本語オンラインコース」のユーザー登録をお願いいたします。
※ユーザー登録方法はFacebookの写真をご覧ください。
■日時:2024年月8月10日(土)午前10:00~午後12:30(ミャンマー時間)
■場所:国際交流基金 ヤンゴン日本文化センター(No.70, Nat Mauk Lane (1), Bahan Township, Yangon)
■対象:ミャンマー人日本語学習者 ※このイベントは日本語学習者向けです。日本語教師の方は9月に実施予定の「いろどり活用セミナー」(オンライン)へのご参加をお待ちしております。
■申込締切:8月7日(水)午後3:00(ミャンマー時間)
※申込みが多い場合は、早めに締め切ることがあります。ご了承ください。
★このイベントはヤンゴン日本文化センターで行いますので、イベント当日、センターにお越しいただける方のみお申込みください。