ဂျပန်ဖောင်ဒေးရှင်းမှ ပြုလုပ်ကျင်းပသည့် ဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများအတွက်သင်တန်းအစီအစဉ်များနှင့်ပတ်သက်သည့်အတွေ့အကြုံမျှဝေသည့်အစီအစဉ်

  • Jun 7, 2024 ~ Jun 7, 2024
  • 10:00 am - 11:30 am

(日本語はミャンマー語の後に続きます)

ဂျပန်ဖောင်ဒေးရှင်းသည် ဂျပန်နိုင်ငံ စိုင်းတမခရိုင်တွင်ရှိသည့် The Japan Foundation Japanese-Language Institute, Urawa တွင် နိုင်ငံရပ်ခြားရှိဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများ ဂျပန်ဘာသာသင်ကြားနည်းနှင့် ဂျပန်စာ၊ ဂျပန်ယဉ်ကျေးမှုစသည်တို့ကို လေ့လာသင်ယူနိုင်သည့် သင်တန်းအစီအစဉ်များကို ပြုလုပ်လျက်ရှိပါသည်။  ၂၀၂၃ ခုနှစ်တွင် ထိုသင်တန်းအစီအစဉ်သို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများမှ ၎င်းတို့၏အတွေ့အကြုံများကိုပြန်လည်မျှဝေရန် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာတွင် hybrid ပုံစံဖြင့် (အွန်လိုင်း/ စင်တာတွင်တက်ရောက်ခြင်း) အောက်ပါအတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ မိမိတက်ရောက်လိုသည့်ပုံစံကို အောက်ပါ formတွင်ဖြည့်စွက်၍ နာမည်စာရင်းပေးသွင်းနိုင်ပါသည်။

ဤအတွေ့အကြုံမျှဝေသည့်အစီအစဉ်သို့တက်ရောက်ခဲ့သူများအား ၂၀၂၅ ခုနှစ် သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်းစတင်ချိန်တွင် ဂျပန်ဖောင်ဒေးရှင်းမှ အီးမေးလ်ဖြင့် အသိပေး အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

နေ့ရက်နှင့်အချိန်:            ၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်(သောကြာနေ့)  မနက် ၁၀ နာရီ မှ ၁၁ နာရီခွဲ

ပွဲကျင်းပမည့်ပုံစံ:            Hybrid (ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာနှင့် Zoom)

တက်ရောက်နိုင်မည့်သူများ: မြန်မာလူမျိုး ဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများ  (ဂျပန်စာအရည်အချင်းသတ်မှတ်ထားခြင်းမရှိပါ)

ဘာသာစကား: မြန်မာဘာသာ

လျှောက်လွှာဖောင်ပိတ်မည့်ရက်:   ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက် (အင်္ဂါနေ့)

လျှောက်ထားရန်လင့်

https://forms.office.com/r/vGMmuuEc1G?origin=lprLink

※ယဉ်‌ကျေးမှုစင်တာ၏လိပ်စာမှာ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး အနီးဆုံးမှတ်တိုင်မှာ ဗျိုင်းရေးအိုးစင်မှတ်တိုင်ဖြစ်ပါသည်။ အတွေ့အကြုံမျှဝေသည့်အစီအစဉ်ပြီးဆုံးပြီးနောက်တွင် ယဉ်ကျေးမှုစင်တာသို့ လာရောက်တက်ရောက်သူများအား ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ မိတ်ဆက်နှင့် စင်တာတွင်ရှိသော သင်ကြားရေးပိုင်း ဆိုင်ရာစာအုပ်များကိုမိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။

 

「国際交流基金海外日本語教師研修報告会の開催について」

国際交流基金では、日本の埼玉県にある日本語国際センターにおいて海外の日本語教師が教授法や日本語、日本文化などについて研修できる制度を設けております。この度、2023年度研修に参加されたミャンマー人日本語教師による報告会を以下のとおり、国際交流基金ヤンゴン日本文化センターにてハイブリッド形式(対面・オンライン)で行います。ご興味のある方は下記のフォームを記入の上、お申し込みください。

こちらの報告会にご参加いただいた皆様には、2025年度の公募開始時に国際交流基金ヤンゴン日本文化センターからメールでお知らせいたします。

日時:2024年6月7日(金)10:00 ~11:30

参加方法:オンライン、または対面

※対面参加の方は、国際交流基金ヤンゴン日本文化センター(No. 70, Nat Mauk Lane (1), Bahan Township, Yangon. )にお越しください。報告会終了後は、当センターの利用方法や教師向けの書籍など、ご案内します。また、報告された先生方との交流もお楽しみください。

対象者:ミャンマー人日本語教師(どのレベルでも参加可能)

言語:ミャンマー語

申し込み締め切り:2024年6月4日(火)

申し込みURL:https://forms.office.com/r/vGMmuuEc1G?origin=lprLink

 

 

 

 

Notice & Announcements

View All