ဂျပန်နိုင်ငံ၏နေထိုင်မှုဘဝအကြောင်းကို လေ့လာကြည့်ရအောင်

တတိယအပိုင်းဆက် : ❝さようならလို့ပြောလို့မရဘူးလား?❞

အားလုံးပဲ မင်္ဂလာပါ။

『IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』ကို အသုံးပြုပြီး ဂျပန်နိုင်ငံရဲ့ အလေ့အထ နှင့် ယဥ်ကျေးမှုကို ဂျပန်ဘာသာစကားနှင့်အတူလေ့လာနိုင်မယ့် ဗီဒီယိုဇာတ်လမ်းတွဲရဲ့ တတိယအပိုင်းဖြစ်ပါတယ်။

ဒီတစ်ကြိမ်ခေါင်းစဥ်ကတော့ ❝さようなら❞ဆိုတဲ့ နှုတ်ဆက်စကားလုံးရဲ့အသုံးပြုပုံ ဖြစ်ပါတယ်။

အားလုံးက ဘယ်လိုအချိန်မျိုးမှာ ❝さようなら❞ကို သုံးပါသလဲ?

တကယ်တော့ ဂျပန်ဘာသာစကားမှာ ❝さようなら❞ကို သိပ်ပြီးသုံးလေ့သုံးထမရှိတဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။

ဗီဒီယိုလေးကိုကြည့်ပြီးတော့ အတူတူစဥ်းစားကြည့်ကြရအောင်!

Notice & Announcements

View All