ဂျပန်ဖောင်ဒေးရှင်းတွင် လစဉ် စနေနေ့တိုင်း ဂျပန်ရုပ်ရှင်ကားကောင်းများကို ပြသလျက်ရှိသည့် Saturday Yoke Shin အစီအစဉ်ကို ပြုလုပ်လျက်ရှိပါသည်။ သြဂုတ်လ၏ Saturday Yoke Shin အတွက် ရွေးချယ်ထားသည့် ဇာတ်ကားကတော့ “Mameshiba” (幼獣マメシバ) ဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့ နေ့လည် ၂ နာရီတွင် ပြသသွားမည်ဖြစ်ပါသည်။
“Mameshiba” (幼獣マメシバ) ဇာတ်ကားသည် အိမ်မှထွက်ပြေးသွားသော အမေကို အသတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် နှစ်လသားအရွယ်ခွေးပေါက်လေးတစ်ကောင်တို့ လိုက်ရှာကြပုံကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ ဇာတ်ကားတွင် တီဗွီ ဒရမ်မာ၊ ရုပ်ရှင်နှင့် ပြဇာတ်များတွင် အကြိမ်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသော နာမည်ရ အနုပညာရှင်များစွာပါဝင်ထားသည်။
တစ်နေ့တွင် အသက် ၃၅ နှစ်အရွယ်ရှိပြီး အလုပ်လက်မဲ့ အိမ်ထဲအိမ်ပြင် တစ်ခါမှ မထွက်ပဲ အိမ်ထဲမှာပဲနေလေ့ရှိသော ဆတိုဂျိရို သည် အိချိရော အမည်ရှိသော အနီရောင်လည်စည်းကို ပတ်ထားသည့် မမဲရှိဘ အမျိုးအစား ဂျပန်ခွေးလေးတစ်ကောင်နှင့်တွေ့ဆုံခဲ့သည်။ အိချိရောခွေး ကလေးသည် အိမ်မှထွက်ပြေးသွားသော ဆတိုဂျိရိုအမေက သူကို လိုက်ရှာရန် လွှတ်လိုက်သော တစ်ခုတည်းသော သဲလွန်စဖြစ်မှန်းသိလိုက်ရချိန်တွင် သူ၏အမေကို လိုက်ရှာရန်အတွက် အပြင်တစ်ခါမှမထွက်ဖူးသော ဂျိရိုသည် ပြင်ပလောကသို့ ထွက်ခွာရပါတော့သည်။
04/04/2025
မန္တလေးမြို့တွင် ကျင်းပမည့် JFT-Basic စာမေးပွဲအား ဖျက်သိမ်းကြောင်း ကြေငြာခြင်း13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)