Origami Club

  • Nov 16, 2019
  • 10 am - 12 pm
  • The Japan Foundation, Yangon
    No. 70, Nat Mauk Lane (1), Bahan township, Yangon

နိုဝင်ဘာလအတွက် ပြုလုပ်မယ့် Origami Club မှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်ကြပြီလား?
ယခုလာမယ့်အပတ်မှာတော့ ချစ်စရာကောင်းတဲ့ rabbit-chan ယုန်ရုပ်ကလေးနှင့် paper folding နည်းလမ်းကိုအသုံးပြုပြီး ဘောပင်၊ခဲတံ အစရှိတဲ့ stationery မျိုးစုံထည့်လို့ရတဲ့ pen holder လေးကို ပြုလုပ်သွားမည်ဖြစ်ပါသည်။
Japan Foundation တွင် လစဉ် “Origami Club” ကို ပြုလုပ်ပြီး အမျိုးစုံသော စက္ကူရုပ်များ၊ သော့ချိတ်များ၊ card များကို ပြုလုပ်နည်းကို သင်ကြားပေးလျက်ရှိပါသည်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး လူဦးရေကန့်သတ်ထားသည့်အတွက် Japan Foundation Yangon ၏ Facebook Messenger မှတဆင့် အမည်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို နိုဝင်ဘာလ (၁၅) ရက်နေ့ နေ့လည်(၁၂)နာရီ မတိုင်ခင်ပို့ပေးပြီး စာရင်းပေးသွင်းရန်အပ်ပါသည်။

Origami Club
နေ့ရက် : နိုဝင်ဘာလ (၁၆) ရက်နေ့၊ ၂ဝ၁၉ (စနေနေ့)
အချိန် :နေ့လည် ၁ဝ နာရီမှ ၁၂ နာရီအထိ
နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ၊ အမှတ် ၇ဝ၊ ၊ နတ်မောက်လမ်းသွယ် (၁)၊
ဗဟန်းမြို့နယ်၊ ရန်ကုန်။
သတ်မှတ်လူဦးရေ : ၁၅ ဦး ( ဦးရာလူစနစ်)
ပါဝင်ကြေး : အခမဲ့

Notice & Announcements

View All