Online Origami Club Activity

အိမ်မှာ အသည်းပုံ Origami ခေါက်ပြီး ကိုဗစ်ကာလမှာ မိမိနဲ့အခြားသူများကို အားပေးကြရအောင်

ယခုလို ကိုဗစ်ကာလအတွင်း အိမ်မှာနေပြီး social distancing လုပ်နေရတဲ့အချိန်မှာ မိမိစိတ်ကို အားပေးမြှင့်တင်ပြီး မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့လည်း ချစ်ခြင်းမေတ္တာဝေမျှကာ အားပေးဖို့လိုအပ်ပါတယ်။

ဒီတစ်ခေါက် Online Origami Club Activity မှာတော့ မိမိအပါအဝင် ချစ်ခင်ရသူများကို စိတ်ခွန်အားပေးတဲ့အနေနဲ့ အသည်းပုံ Origami ကို အိမ်မှာ အတူတူခေါက်ကြပြီး ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ Online Origami activity မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

အသည်းပုံ Origami ကို ခေါက်ဖူး၊ ခေါက်တတ်ကြသူများလည်း ရှိမှာပါ။ ဒီအစီအစဉ်မှာတော့ အသည်းပုံကို ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုတွေနဲ့ လွှမ်းခြုံထားပြီး အဓိပ္ပာယ်အပြည့်အဝနဲ့ အတူတူခေါက်ကြမှာဖြစ်ပါတယ်။

ပုံစံမျိုးစုံခေါက်လို့ရအောင် အသည်းပုံ Origami သုံးမျိုးကို မျှဝေထားပါတယ်။ မိမိနှစ်သက်ရာကို အောက်ပါ tutorial video link များမှာ ကြည့်ရှုပြီး ခေါက်နိုင်ပါတယ်။

ခေါက်ထားတဲ့ အသည်းပုံလေးတွေကို comment မှာ #OnlineOrigamiClubActivity #healyourself&others လို့ရေးပြီး ဇွန်လ (၁) ရက်နေ့အထိ ပို့ပေးကာ အားလုံးကို ချစ်ခင်နွေးထွေးမှုများ မျှဝေလိုက်ရအောင်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ အသည်းပုံများကို စုစည်းပြီး အမှတ်တရ video ပြုလုပ်သွားမှာဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ – ရောင်စုံစက္ကူ (အလျား၊အနံ တူ)

Tutorial video ကြည့်ရှုရန်

Easy Heart: https://en.origami-club.com/valentine/easyheart/index.html

Heart: https://en.origami-club.com/valentine/heart/index.html

Heart with wings : https://en.origami-club.com/valentine/wingheart/index.html

Notice & Announcements

View All