Online Origami Club Activity

    အွန်လိုင်း Origami Club အစီအစဉ် 📢📢📢

    မိမိတို့အိမ်မှ သားသားမီးမီးများနှင့် ဂျပန်ဆာမူရိုင်း ခမောက် Origami ခေါက်ပြီး Kodomo no hi (Children’s Day) ကို ဆင်နွှဲကြမယ်

    ဂျပန်နိုင်ငံတွင် မေလ ၅ ရက်နေ့ကို Kodomo no hi (Children’s Day) အဖြစ် သတ်မှတ်ထားပြီး Tengu no Sekku (Boy’s Festival) ဟု လည်း ခေါ်ကြသည်။ အဲဒိုခေတ် ရှိုးဂွန်း တွင် သားယောင်္ကျားလေးဖွားမြင်ပါက မေလ ၅ ရက်နေ့တွင် အလံလွှင့်တင်ကာ သားယောကျာၤးလေးများ ကျန်းကျန်းမာမာကြီးပြင်းလာစေရန်ဆုတောင်းဆင်နွှဲခဲ့ကြသည့် အလေ့အထရှိခဲ့သည်။ ယနေ့ခေတ်တွင်မူ သားယောကျ်ားလေးများ ကျန်းကျန်းမာမာဖြင့် ကြီးပြင်းလာစေရန်နှင့် အောင်မြင်သောဘဝကို ပိုင်ဆိုင်နိုင်စေရန် ဆုတောင်းကြပါသည်။ သားယောင်္ကျားလေးရှိသောအိမ်များတွင် ငါးကြင်းရုပ်အလံများ၊ ဆာမူရိုင်းအရုပ်နှင့် ဆာမူရိုင်းစစ်သည်တော်များဆောင်းသော ခမောက် များဖြင့် အလှဆင်လေ့ရှိပါသည်။

    Origami Club သည် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ လစဉ် ပြုလုပ်လျက်ရှိပြီး လူကြိုက်များသော အစီအစဉ်တစ်ခုဖြစ်ပြီး ယခုနှစ် မတ်လ အထိ နောက်ဆုံးကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုလို လူစုလူဝေးပွဲများကို ရှောင်ကြဉ်ပြီး အိမ်မှာနေရတဲ့ကာလမှာ မိမိတို့ရဲ့အိမ်မှာ Origami ခေါက်ပြီး Online Origami Club Activity မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

    Children’s Day ကို ဆင်နွှဲသောအနေဖြင့် ခေါက်ရမယ့် Origami ကတော့ Kabuto ခေါ် ဆာမူရိုင်း ခမောက်ဖြစ်ပါတယ်။ မိမိတို့အိမ်မှာရှိတဲ့ သတင်းစာ၊ဂျာနယ် A 4 စာရွက်တို့ဖြင့် လွယ်ကူူလျင်မြန်စွာ ခေါက်နိုင်ပါတယ်။ ခေါက်ပုံခေါက်နည်း အဆင့်ဆင့်နှင့် tutorial video ၏ YouTube link ကို အောက်တွင် ဖော်ပြပေးထားပါတယ်။

    *** Online Origami Club တွင် ပါဝင်ရန်

    (၁) YouTube link ရှိ tutorial video မှ ခေါက်နည်းအတိုင်း ခေါက်ပါ

    (၂) မိမိခေါက်ထားသော Kabuto ခမောက်ကို ဓာတ်ပုံရိုက်ပြီး ယခု post အောက်တွင် #OnlineOrigamiClubActivity #celebrateKodomonohi ရေးပြီး ဓာတ်ပုံကို comment section တွင် တင်ပေးခြင်းဖြင့် ပါဝင်နိုင်ပါသည်။

    Kabuto Origami ခေါက်ရန် လိုအပ်သော ပစ္စည်းများ

    A4 စာရွက် ၁ ရွက် (သို့) စာမျက်နှာ လေးဘက်ပါသော သတင်းစာ၊ ဂျာနယ် စာရွက် ၁ ရွက် ၊ ကတ်ကြေး

    ကလေးများခေါင်းတွင် ဆောင်းလို့ရတဲ့အရွယ် Kabuto ကို ပြုလုပ်လိုပါက သတင်းစာ၊ဂျာနယ် အသုံးပြုပါ။

    မခေါက်မီ မိမိ၏စာရွက်ကို အလျား၊အနံညီသော စတုရန်းပုံဖြစ်အောင် ပြုလုပ်ပါ။v ထို့နောက် အောက်ပါ လင့်ခ်ရှိ video ကို ကြည့်ပြီး Kabuto ကို ပြုလုပ်နိုင်ပါပြီ။

    ကြည့်ရှုရန် လင့်ခ် : https://www.origami-club.com/fun/samuraihat3/video.html

    Notice & Announcements

    View All