Magatama Workshop
ဂျပန်လက်မှုပညာအလုပ်ရုံဆွေးနွေးပွဲမှာ ဂျပန်ရှေးဟောင်းအလှဆင်ပစ္စည်း
“Magatama” ကိုပြုလုပ်ကြည့်ရအောင်
နိုဝင်ဘာလ ၉ ရက်(စနေနေ့) ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာတွင် လက်မှုပညာသင်တန်းကိုကျင်းပမှာဖြစ်ပါတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်း ၂ ကြိမ်ကျင်းပမှာဖြစ်ပါတယ်။ မိမိနှစ်သက်ရာအချိန်တွင် ပါဝင်ဆင်နွှဲနိုင်ပါသည်။
ဒီလက်မှုပညာသင်တန်းမှာ ဂျပန်ရှေးဟောင်းအလှဆင်ပစ္စည်း “Magatama” ကိုပြုလုပ်မှာဖြစ်ပါတယ်။
Magatama ဆိုတာက (Kofun) ခိုဖွန်းခေတ် က ဖန်တီးပြုလုပ်ခဲ့တဲ့ ဂျပန်၏ကိုယ်ပိုင်တစ်ခုတည်းသော အလှဆင်ပစ္စည်းကိုခေါ်တာဖြစ်ပါတယ်။ ဒီထူးခြားတဲ့ ပုံသဏ္ဍာန်က တိရိစ္ဆာန်တွေရဲ့ သွားနဲ့ အစွယ်ကို အပေါက်ဖောက်ပြီး လည်ပင်းမှာ ချိတ်ဆွဲလာကြရာကနေ ပြောင်းလဲဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ ကျောက်အရိုင်းကိုပွတ်တိုက်ပြီး အနာအဆာတွေကိုဖယ်ရှားပြီး ချောမွေ့ပြောင်လက်အောင် ပွတ်တိုက်ပြီး ပြုပြင်မွမ်းမံတဲ့အတတ်ပညာဖြစ်ပါတယ်။ ဒီတစ်ခေါက် သင်တန်းမှာတော့ ကိုယ်ပိုင်စိတ်ကြိုက်ပုံစံများကိုလည်း ပြုလုပ်ဖန်တီးနိုင်ပါတယ်။ ကလေးရောလူကြီးပါ ယောကျာ်း မိန်းမမရွေး ပျော်ရွင်စွာပါဝင်ဆင်နွှဲလို့ရမယ့် သင်တန်းတစ်ခုပါ။ ကိုယ်ပိုင်တီထွင်ပြုလုပ်နိုင်တဲ့ Magatama ကို အတူတူပြုလုပ်ကြရအောင်။ သင်တန်းအပြီးတွင် သင်ကြားပေးသောဆရာ တာနကနှင့်အတူ ပျော်ရွှွှင်စွာ စကားဝိုင်းဖွဲ့ပြောကြရအောင်။
စာရင်းပေးသွင်းရန်- The Japan Foundation,Yangon ၏ FB Messenger သို့ အမည်၊ ဖုန်းနံပါတ်နှင့် ပါဝင်လိုသောအချိန် ကိုပေးပို့၍ ကြိုတင်စာရင်ပေးသွင်းဖို့လိုအပ်ပါတယ်။ သတ်မှတ်လူဦးရေပြည့်သွားပါက စာရင်းပိတ်မှာဖြစ်ပါတယ်။
နေ့ရက် -နိုဝင်ဘာလ ၉ ရက် (စနေနေ့)
အချိန် – 10:00-12:00 (မနက်ပိုင်း)
14:00-16:00 (ညနေပိုင်း)
သတ်မှတ်ဦးရေ – ၂ဝ ဦး
သင်ကြားပြသပေးမည့်ဆရာ- Mr.Masayuki TANAKA (NGO Material Explorer’s)
ဘာသာစကား-ဂျပန်ဘာသာ၊ မြန်မာဘာသာ
ဝင်ကြေးအခမဲ့
နေရာ-အမှတ် (၇၀)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)