အွန်လိုင်းဆွေးနွေးပွဲ
“DŌ” Talk series အပိုင်း(၁) ~ ရှော့ဒိုး(စာလုံးအလှရေးခြင်းအတတ်ပညာ)
ミャンマー語の後に日本語が続きます。
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ ယခုလမှစပြီး ဂျပန်ဘာသာစကားလေ့လာနေသူများအတွက် ဂျပန်ယဉ်ကျေးမှုများ နှင့်ထိတွေ့နိုင်မယ့် “DŌ” Talk series အွန်လိုင်းစကားဝိုင်း အစီအစဉ်ကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ်ဖြစ်တဲ့ ဒီတစ်ခေါက်မှာ ရှော့ဒိုး (စာလုံးအလှရေးခြင်းအတတ်ပညာ) ကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ယနေ့အထိ ဂျပန်ဖောင်ဒေးရှင်းမှာ ရှော့ဒိုး (စာလုံးအလှရေးခြင်း အတတ်ပညာ) ကို သင်တန်းပို့ချပေးခဲ့တဲ့ ယူမဲစံပဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့လက်ရာတွေကို ဂျပန်ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘုတ်မှာ “ Yume Artigraphy” လို့ခေါ်တဲ့ ရှော့ဒိုးဖန်တီးမှုလက်ရာကို မိတ်ဆက်ပေးနေပါတယ်။ ရှောဒိုး (စာလုံး အလှရေးခြင်းအတတ်ပညာ)နဲ့ ပတ်သက်ပြီး ယူမဲစံ နဲ့ တိုက်ရိုက်ဆွေးနွေး ကြပြီး အတူတကွ ပျော်ပျော်ရွှင်ရွှင် လေ့လာကြရအောင်။ အားလုံးပါဝင် လျှောက်ထားကြဖို့ ဖိတ်ခေါ်ပါတယ်။
“DŌ” Talk series အကြောင်း
“DŌ” Talk series သည် ဂျပန်၏ ဘွန်းဘူလျောဒို အယူအဆကို အခြေခံထား ပြီး ဂျပန်ဘာသာစကားလေ့လာနေသူများကို ဘာသာစကားစွမ်းရည်ပိုင်း တွင်သာမက ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများကိုလည်း ထဲထဲဝင်ဝင် သိရှိနားလည်စေကာ ဘာသာစကားစွမ်းရည်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတ အညီအမျှ တိုးတက်နိုင်စေဖို့အတွက် ဂျပန်ယဉ်ကျေးမှုနှင့် မိတ်ဆက်ပေးမည့် အွန်လိုင်း talk အစီအစဉ်ဖြစ်သည်။ လစဉ် ရှော့ဒိုး(စာလုံးအလှရေးခြင်း အတတ်ပညာ) ခဒိုး(ပန်းအလှဆင်ခြင်အတတ်ပညာ)၊ ဘူဒို(ကိုယ်ခံပညာ) အစရှိသည့် နယ်ပယ်အသီးသီးမှ “DŌ”ပညာရပ်များမှ ပညာရှင်များကို ဖိတ်ခေါ်ပြီး ဂျပန်ဘာသာစကားလေ့လာနေသူများနှင့်အတူ ဂျပန်ဘာသာဖြင့် ပျော်ပျော်ရွှင်ရွှင် စကားဝိုင်းတစ်ခု ပြုလုပ်သွားမည်အစီအစဉ် ဖြစ်ပါသည်။
ရှော့ဒိုး(စာလုံးအလှရေးခြင်း အတတ်ပညာ)
ရှော့ဒိုး(စာလုံးအလှရေးခြင်း အတတ်ပညာ)ဆိုသည်မှာ စုတ်တံ နှင့် မှင်ကို အသုံးပြုပြီး အက္ခရာစာလုံးများ၏ မျက်စိပဒသာလှပမှုသာမက အနက်အဓိပ္ပါယ် ပေါ် ရေးဆွဲသူ၏ စိတ်နှလုံးကိုပါ ထင်ဟပ်ခံစားနိုင်သော အနုပညာတစ်ရပ်ဖြစ်ပါသည်။
နည်းပြဆရာမ” ယူမဲ” ၏ကိုယ်ရေးအကျဉ်း
ယူမဲ၊ ရန်ကုန်မြို့တွင်၈ နှစ်ကြာ နေထိုင်လျက်ရှိပြီး အသက်လေးနှစ်မှစကာ ရှော့ဒိုး (စာလုံးအလှရေးခြင်း အတတ်ပညာ) ကို ၁၁ နှစ်တိုင်အောင် လေ့လာခဲ့သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက်တွင် ရှော့ဒိုး (စာလုံးအလှရေးခြင်း အတတ်ပညာ) ရေးဆွဲခြင်းကို ပြန်လည်စတင်ခဲ့ပြီး ဒီဇိုင်းအမျိုးမျိုးနှင့် ပေါင်းစပ်ပြီး အနုပညာလက်ရာအသစ်များ ဖန်တီးလျက်ရှိသည်။
ယူမဲစံရဲ့ ရှော့ဒိုးဖန်တီးမှုလက်ရာကို ကိုးကားကြည့်ရှုရန် : “YUME Artigraphy” Calligraphy Series
https://business.facebook.com/creatorstudio/?tab=content_playlists&mode=facebook
ပွဲအစီအစဉ် နှင့် အသေးစိတ်
■ နေ့ရက် နှင့် အချိန် : ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ (တနင်္ဂနွေနေ့)၊
မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲမှ ၃ နာရီခွဲ
■ သတ်မှတ်ဦးရေ : ၂၀ ယောက်
■ ပြုလုပ်မည့်နည်းလမ်း : အွန်လိုင်းမှတစ်ဆင့် Zoom Application ကိုအသုံးပြု၍ ပြုလု
ပ်သွားပါမ ည်။
[ပါဝင်ခွင့် ရရှိခဲ့ပါက Invitation Link ကို တစ်ရက်အလိုတွင် Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။]
■ လျှောက်ထားရန် : အောက်တွင်ပေးထားသော Google form Link မှလျှောက်ထားပေးပါရန်။
■ လျှောက်ထားရန် URL :https://forms.gle/BUZJp2YXPonGTDrY9
■ နောက်ဆုံးလျှောက်ထားရန် : ဩဂုတ်လ ၃၀ ရက်နေ့ (တနင်္ဂနွေနေ့) ညနေ ၅ နာရီ
*ဤစကားဝိုင်းသည် ဂျပန်ဘာသာစကားကိုသာ အသုံးပြုပြီး ကျင်းပသွားမည်ဖြစ်ပြီး
ဂျပန်ဘာသာစကား ပြောဆိုရာတွင် ကြိုတင်ပြင်ဆင်ထားစရာ မလိုဘဲ ပြောဆိုနိုင်သူ၊ လူမှုရေးအရ ပြောဆိုဆက်ဆံနိုင်သူများအတွက် ရည်ရွယ်ပါသည်။
*လျှောက်ထားသူ ၂၀ယောက်ပြည့်သွားလျှင် လျှောက်လွှာပိတ်မည့်အတွက် အမြန်ဆုံးလျှောက်ထားကြဖို့ ဖိတ်ခေါ်ပါတယ်။
*စကားဝိုင်းအပြီးတွင်လည်း ဆွေးနွေးပွဲကို မှတ်တမ်းရုပ်သံရိုက်ကူးထားပြီး၊ မြန်မာဘာသာ စာတန်းထိုးဖြင့် ဆက်ဆက်တင်ဆက်ပေးသွားရန်လည်း စီစဉ်ထားပါသည်။
【オンラインセミナーのご案内「道トーク」シリーズ第一弾 〜書道〜 】
イベントについて
国際交流基金ヤンゴン日本文化センターでは、今月より日本語学習者が日本文化に出会う場として、オンライントークイベント「道トーク」を開催します。第一回目となる今回は、「書道」を紹介します!これまでも当センターで書道ワークショップの講師を勤めてくださったYumeさんです。また、 “YUME Artigraphy” として、Yumeさんの書道の作品を Facebookで 紹介しています。Yumeさんに書道について直接聞いてみませんか?一緒に楽しく書道について学びましょう。 たくさんの皆さんのご応募をお待ちしております!
道トークについて
文武両道という言葉にインスパイアされたこの「道トーク」シリーズは、ミャンマーの日本語学習者が、日本の文化に出会い、理解を深めるためのオンライントークイベントです。毎月、武道、華道、書道などのさまざまな分野の専門家を招いて、日本語でミャンマーの日本語学習者とオンラインで楽しいトークを行います。
書道について
書道は、筆と墨を使って文字の美しさや、自分の個性を表現する日本の芸術の一つです。
講師について
Yume。ヤンゴン在8年。4歳から11年間書道を習う。ミャンマーに来て、書道を再開し、色々なデザインと書道を組み合わせて、新しいアートに取り組み中。
“YUME Artigraphy” Calligraphy Series
https://business.facebook.com/creatorstudio/?tab=content_playlists&mode=facebook
【イベント詳細】
■日時:2020年9月6日(日) 14:30~15:30(ミャンマー時間)
■定員:20名
■実施方法:オンライン(Zoom)にて実施(参加URLは前日までにメールでご連絡いたします。)
■参加申込:下記URLよりお申込ください。
申込URL:https://forms.gle/BUZJp2YXPonGTDrY9
■申込締切:8月30日(日) 17:00
*本イベントは全て日本語で行います。日本語のみの会話に準備なしで参加でき、社交的なやりとりができる方が対象です。
*参加者のお申込が20名に達した時点で、申込を締め切りますので、お早めにお申込ください。
13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)