日本の歴史的な恋愛小説について学ぼう!日本研究セミナー「源氏物語と紫式部」

  • Oct 3, 2025 ~ Oct 3, 2025
  • 1:30 pm- 3:30 pm
  • The Japan Foundation, Yangon
    No. 70, Nat Mauk Lane (1), Bahan Township, Yangon
ဂျပန်ရဲ့ သမိုင်းဝင်အချစ်ဝတ္ထုအကြောင်းနဲ့ပတ်သက်ပြီး လေ့လာကြရ‌‌‌အောင်_ ဂျပန်ရေးရာလေ့လာရေး ဆွေးနွေးပွဲ “ The Tale of Genji and Lady Murasaki” ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
 
အားလုံးပဲ “ The Tale of Genji” ဆိုတဲ့ဂျပန်စာပေလက်ရာအကြောင်းကို သိကြပါသလား။ The Tale of Genji ဆိုသည်မှာ ၁၁ ရာစုနှစ် ဂျပန်တွင် Murasaki Shikibu (မူရဆခိ ရှိခိဘု)ဆိုတဲ့ အမျိုးသမီးစာရေးဆရာမှ ရေးသားခဲ့သည့် ကမ္ဘာပေါ်တွင်ရှေးအကျဆုံးသော အချစ်ဝတ္ထု‌ရှည်ဖြစ်ပါတယ်။ ဝတ္ထုရဲ့ အဓိကအကြောင်းအရာမှာ Genji (ဂန်းဂျိ) ဆိုတဲ့ မင်းမျိုးမင်းနွယ်ဝင်အမျိုးသားနှင့် အမျိုးသမီးများ၏ အချစ်ဇာတ်လမ်းဖြစ်သော်လည်း ထိုဝတ္ထုဟာ နိုင်ငံရေး၊ မိသားစု‌ရေးနဲ့ ထိုခေတ်ထိုအခါက မြင့်မြတ်သည့်လူတန်းစားအလွှာနှင့် သူတို့၏အတွေးအခေါ်များ စသည်တို့ကို အခြေခံပြီးရေးသားထားသည့် လက်‌ရာကောင်းတခုဖြစ်ပါတယ်။ ထို့အပြင့် ဗုဒ္ဓဘာသာ၏ ကြီးမားသောလွှမ်းမိုးမှုကိုလည်း ဝတ္ထုပါအကြောင်းအရာများမှတဆင့်မြင်တွေ့နိုင်ပြီး လူ့ဘဝ၏မတည်မြဲမှု အနိစ္စတရားသည်လည်း ထိုစာပေဖြစ်မြောက်လာရခြင်း၏ အရေးကြီးသည့် အချက်တချက်ဖြစ်ပါသည်။
The Tale of Genjiသည် ပြောင်မြောက်လှတဲ့ စာပေလက်ရာ တခုအဖြစ် လူသိများပြီး ဂျပန်စာပေနှင့် အနုပညာများပေါ်တွင်လည်း ကြီးမားသောသက်ရောက်မှုရှိပြီး နိုင်ငံတကာမှ ဘာသာစကားအမျိုးမျိုးသို့ ဘာသာပြန်ဆိုခြင်းများလည်းရှိပါသည်။
 
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)သည် Okayama University Japan Educational Information Center (OJEIC)နှင့် ပူးပေါင်း၍ ဂျပန်ရေးရာလေ့လာရေးနှင့် ပတ်သက်သည့် အခြေခံဗဟုသုတများကို ပညာရှင်များထံမှ သင်ယူလေ့လာနိုင်မည့် “ ဂျပန်ရေးရာလေ့လာရေး ဆွေးနွေးပွဲ “ ကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါတယ်။ ယခုတခေါက်ပြုလုပ်ကျင်းပမည့် အကြောင်းအရာမှာ “ The Tale of Genji and Lady Murasaki” ဖြစ်ပါသည်။
အားလုံးပဲ The Tale of Genji ကမ္ဘာကြီးကို အတူတူသွား‌ရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
 
🌸 ပွဲအစီအစဉ် 🌸
နေ့ရက်။ ။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ (သောကြာနေ့)
အချိန်။ ။ နေ့လယ် ၁ နာရီခွဲမှ ၃ နာရီခွဲ (မြန်မာစံတော်ချိန်)
ကျင်းပမည့်ပုံစံ။ ။ Hybrid (အွန်လိုင်းနှင့် စင်တာ)
နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ကြီးမှူးကျင်းပသည့်အဖွဲ့အစည်း။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)နှင့် Okayama University Japan Educational Information Center (OJEIC)
ဘာသာစကား။ ။ ဂျပန်ဘာသာ၊ မြန်မာဘာသာ (စကားပြန်ပါရှိပါသည်)
 
🌸 ဟောပြောသွားမည့်သူ 🌸
Dr.Yuri Komeda
(Faculty of Letters/Graduate school of Humanities & Social Science, Okayama University)
https://www.let.okayama-u.ac.jp/staff-list/komeda_yuri/
 
Dr.Thu Thu Nwe Aye
(Part-time Lecturer, Osaka University/Associate Coordinator, OJEIC)
 
🌸 လျှောက်ထားရန်လင့် 🌸
https://docs.google.com/forms/d/e/1FAIpQLSdJwIiUZF4SdX9M5lbiKxJc_slNIjznr8tfdNGTA46gan0j3Q/viewform?fbclid=IwY2xjawM-AXVleHRuA2FlbQIxMABicmlkETFqVGRRTlp1YW1iaXZKSmVkAR4eVkeAxc41HdwuvksSXiEVwQx-HlChMZm_Wvb-ypezSe_ZZsdMM0GEhY89NA_aem_H2L3IFkr5dGoL3Ckxs7eDw
 
 
🌸 စုံစမ်းမေးမြန်းရန် 🌸
Okayama University Japan Educational Information Center (OJEIC)
ဖုန်းနံပါတ် 09-7847-16570 
အီးမေးလ် ojeicmyanmar@gmail.com

Notice & Announcements

View All