【ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးခြင်း 】

  • Oct 20, 2025 ~ Dec 15, 2025
  • 9:30-12:30
  • The Japan Foundation, Yangon
    ဂျပန်ဖောင်းဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
    01-430920, 01-430921
    အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
    https://maps.app.goo.gl/QwUwnFms7dwBZzGw8
    အနီးဆုံးဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်
    ဘတ်စ်ကားနံပါတ်  :၄၃၊ ၆၄၊ ၈၀

ဂျပန်ဘာသာစကားသင်ကြားရေးဆရာများအားလုံးအတွက်

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာတွင် “ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း” ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။ အခြေခံအဆင့်သင်ကြားနည်းကို သင်ယူလေ့လာခြင်းမရှိဖူးသော စာသင်ကြားရေးသက်တမ်းနုနယ်သေးသည့် ဆရာများအတွက် အဓိကရည်ရွယ်သော သင်တန်းဖြစ်ပါတယ်။

ဤသင်တန်းမှာတော့ အခြေခံအဆင့်သင်ခန်းစာတွင် အရေးကြီးသည့် “သင်ခန်းစာကို မိတ်ဆက်ခြင်း” နှင့် “လေ့ကျင့်ခြင်း” တို့ရဲ့ သင်ကြားပုံကို ထဲထဲဝင်ဝင်လေ့လာပြီး မိမိတို့ရဲ့ စာသင်ခန်းတွင် ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ထားပါတယ်။

・မိမိကျောင်းသားဘဝက သင်ယူခဲ့တဲ့အတိုင်း ပြန်သင်ကြားနေမိပါသလား။

・မိမိအတွက် အဆင်ပြေတဲ့နည်းအတိုင်းသာ သင်ကြားနေမိပါသလား။

ကျောင်းသားများမှ “ဂျပန်စကားကို ဆက်လေ့လာချင်တယ်”၊ “ဂျပန်စကားသင်ရတာ ပျော်ဖို့ကောင်းတယ်” လို့ ခံစားရစေဖို့ဆိုရင်တော့ အခြေခံကို စလေ့လာတဲ့ အချိန်ကတည်းက “သင်ယူခြင်းရဲ့ ပျော်ရွှင်မှု” ကို ခံစားရဖို့အရေးကြီးပါတယ်။ အဲဒီအတွက် သင်ခန်းစာကို မိတ်ဆက်ခြင်းနဲ့ လေ့ကျင့်ခြင်းကို ထပ်မံဖြည့်စွက်ရန် လိုအပ်ပါတယ်။

နှလုံးသားထဲထိ စွဲမှတ်သွားစေမယ့် အတန်းဖန်တီးခြင်းကို အတူတကွလေ့လာပြီး စဉ်းစားကြည့်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

သင်တန်းအမည်

ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း

 

အကြောင်းအရာ

အခြေခံအဆင့်အတန်း၏ အခြေခံဖြစ်သည့် သင်ခန်းစာမိတ်ဆက်ခြင်းနှင့် လေ့ကျင့်ခြင်းကို လေ့လာခြင်း

 

Session 1 Orientation နှင့် အတန်းကို လက်တွေ့တက်ရောက်ကြည့်ခြင်း၊ သင်ခန်းစာမိတ်ဆက်ခြင်း

Session 2 အခြေခံလေ့ကျင့်ခြင်း1

Session 3  အခြေခံလေ့ကျင့်ခြင်း2

Session 4 လက်တွေ့လေ့ကျင့်ခြင်း

Session 5 အစမ်းသင်ကြားခြင်းအတွက် ပြင်ဆင်ခြင်း

Session 6  အစမ်းသင်ကြားခြင်းအတွက် ပြင်ဆင်ခြင်း(Online)

Session 7 အစမ်းသင်ကြားခြင်း

Session 8 အစမ်းသင်ကြားခြင်း

Session 9  သင်တန်းတစ်ခုလုံး၏ အချုပ်၊ သင်တန်းဆင်းပွဲ၊ နှီးနှောဖလှယ်ခြင်းအစီအစဉ်

 

အချိန်   

စုစုပေါင်း ၉ ကြိမ်၊ အပတ်စဉ် တနင်္လာနေ့၊ မနက် ၉:၃၀ မှ နေ့လည် ၁၂:၃၀ (ကြားတွင် ၁၅မိနစ် နားချိန်ပါရှိသည်)

・၈ကြိမ် (အပြင်တန်း):အောက်တိုဘာလ ၂၀ရက်၊ အောက်တိုဘာလ ၂၇ရက်၊ နိုဝင်ဘာလ ၁၀ရက်၊ နိုဝင်ဘာလ ၁၇ရက်၊ နိုဝင်ဘာလ ၂၄ရက်၊ ဒီဇင်ဘာလ ၁ရက်၊ ဒီဇင်ဘာလ ၈ရက်၊ ဒီဇင်ဘာလ ၁၅ ရက်

・၁ ကြိမ် (Online):နေ့ရက်နှင့် အချိန်ကို သင်ကြားမည့်ဆရာများနှင့် ပြန်လည်ဆွေးနွေးသတ်မှတ်ပါမည်။

*နိုဝင်ဘာလ ၃ရက်နေ့ အတန်းနားပါသည်။

 

နေရာ

ဂျပန်ဖောင်းဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ

အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

https://maps.app.goo.gl/QwUwnFms7dwBZzGw8

အနီးဆုံးဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်

ဘတ်စ်ကားနံပါတ်  :၄၃၊ ၆၄၊ ၈၀

 

သင်တန်းကြေး

အခမဲ့

 

လျှောက်ထားရန် လိုအပ်ချက်များ

・(၈)ကြိမ်လုံး ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သို့ ကိုယ်တိုင်လာရောက်တက်ရောက်နိုင်သူများ

・Online ဖြင့် ပြုလုပ်သော အတန်းကို ၁ ကြိမ် တက်ရောက်နိုင်သူများ

・မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေသူများ

・JLPT N3အထက်ရှိပြီး ဂျပန်ဘာသာဖြင့် ပို့ချသော အတန်းတွင် တက်ကြွစွာပါဝင်နိုင်သူများ

・စာသင်သက်တမ်းအတွေ့အကြုံ ၅နှစ်‌အောက်ရှိသူများ

・အစမ်းသင်ကြားခြင်းတွင် အသင်းအဖွဲ့ဖြင့် ပါဝင်နိုင်သူများ

*ဦးရာသူစနစ်မဟုတ်ပါ။ Application Formပါအကြောင်းအရာများအား ထည့်သွင်းသုံးသပ်ပြီးမှ တက်ရောက်ခွင့်ရရှိသူများအား ရွေးချယ်မည်ဖြစ်ပါသည်။

 

သတ်မှတ်ဦးရေ

၂၅ ဦး

 

ဖတ်စာအုပ်

ပို့ချသူမှ ပြင်ဆင်ထားသော စာရွက်စာတမ်းများ၊『国際交流基金 日本語教授法シリーズ9 初級を教える』

 

သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate)

သင်တန်း ၉ ကြိမ်အနက် ၇ ကြိမ်နှင့်အထက် တက်ရောက်ပြီး အတန်းပြီးဆုံးပြီးနောက်ကောက်ယူသည့် စစ်တမ်းကို ဖြေဆိုပြီးသူများကိုသာ ထုတ်ပေးပါမည်။

 

လျှောက်ထားရန်

အောက်ပါURLမှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။

https://forms.office.com/r/t9KkYdS8fK

 

ဖောင်ပိတ်ရက်

၂၀၂၅ခုနှစ် အောက်တိုဘာလ ၁၀ရက် (သောကြာ) နေ့လည် ၁၂နာရီ

 

တက်ရောက်ခွင့်ရရှိသူများအား ဆက်သွယ်မည့်ရက်

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ရက် မနက် ၉ နာရီနောက်ပိုင်း

 

စုံစမ်းမေးမြန်းရန်

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ

Email               nihongo.jfyg@jpf.go.jp

ဖုန်း                    09-891055553

တာဝန်ခံ            KD Sunday Seng Htoi Khawn Taung

(တနင်္လာနေ့ မှ သောကြာနေ့အထိ မနက် 9:00 မှ ညနေ 5:00အထိ ဆက်သွယ်စုံစမ်းနိုင်ပါသည်။)

 

လျှောက်ထားမှုများကို စောင့်မျှော်နေပါမည်။

 

#japanfoundationyangon #jfyg #jfyangon #jf #japanfoundation #国際交流基金 #ဂျပန်ဖောင်ဒေးရှင်း

Notice & Announcements

View All