နေထိုင်မှု၊ အလုပ်လုပ်ကိုင်ရန်ဂျပန်ဘာသာသင်ကြားသောအဖွဲ့အစည်းအား ကူညီထောက်ပံ့ခြင်းအစီအစဉ် (ထောက်ပံ့ကြေးပေးအပ်ခြင်း) –【သင်ထောက်ကူပစ္စည်းဝယ်ယူမှုအတွက်ထောက်ပံ့ခြင်း】

    ရည်ရွယ်ချက်

    ဤအစီအစဉ်သည် ဂျပန်နိုင်ငံတွင် နေထိုင်မှု၊ အလုပ်လုပ်ကိုင်မှုအတွက်လိုအပ်သော ဂျပန်ဘာသာသင်ကြားရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ရန်ရည်ရွယ်ချက်ဖြင့် “ကျွမ်းကျင်လုပ်သားစနစ်” ဖြင့် ဂျပန်နိုင်ငံသို့လာရောက်မည့်သူများအတွက် ဂျပန်ဘာသာသင်ကြားရေးကို လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ဝယ်ယူရန် ကုန်ကျစရိတ်၏ တစိတ်တပိုင်းအား ထောက်ပံ့မည်ဖြစ်ပါသည်။

    ဤပရိုဂရမ်အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နောက်ဆုံးထားပြုလုပ်ရန်လျာထားသည့် လုပ်ငန်းစဉ်များအတွက်သာ လျှောက်ထားနိုင်ပါသည်။

     

    လျှောက်ထားနိုင်သောအရည်အချင်းများ

    ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အတွင်းတွင် ပြီးဆုံးနိုင်မည့်၊ ဂျပန်နိုင်ငံသို့လာရောက်မည့်လုပ်သားများအတွက်ရည်ရွယ်သော ဂျပန်ဘာသာသင်ကြားရေး၏ အခြေခံကို တိုးချဲ့လိုသောပရောဂျက်များအတွက် လျှောက်ထားနိုင်ပါသည်။ (ပရောဂျက်အတွက် အကျုံးဝင်သည့်ကာလ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်)

    လျှောက်လွှာလျှောက်ရန်လိုအပ်ချက်များနှင့် လျှောက်လွှာဖောင်များကို အောက်တွင် ဒေါင်းလုတ်ဆွဲယူနိုင်ပါသည်။

    လျှောက်လွှာလျှောက်ရန်လိုအပ်ချက်များ (အင်္ဂလိပ်ဘာသာဖြင့်)

    လျှောက်လွှာလျှောက်ရန်လိုအပ်ချက်များ (ဂျပန်ဘာသာဖြင့်)

    လျှောက်လွှာဖောင်

    ပရောဂျက်စာရွက်

    လျှောက်လွှာဖောင်များကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ဆုံးထား၍ အရောက်ပေးပို့ရပါမည်။

     

    စုံစမ်းမေးမြန်းရန်
    ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
    အီးမေးလ် nihongo@jpf-mm.org

     

    Notice & Announcements

    View All