ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “占いは信じる?”

  • Jul 23, 2025
  • 10:00 am - 11:30 am
  • ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ
    အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
    အနီးဆုံးဘတ်စ်ကားမှတ်တိုင် - ဗျိုင်း‌ရေအိုးစင်မှတ်တိုင်
    ကားနံပါတ် - ၄၃၊ ၆၄၊ ၈၀
(日本語は下にあります)
 
ဂျပန်စာလေ့လာနေတာကြာနေပြီဆိုပေမယ့် ဂျပန်လိုပြောမထွက်ဘူး… နိုင်ငံခြားသားနဲ့ ဂျပန်လိုပြောဆိုဆက်ဆံတဲ့အခါမှာ ပြောနေတာကို အကုန်နားလည်ပေမယ့် ဂျပန်လို အကြောင်းပြန်ဖို့ မထွက်လာဘူး ဆိုတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသလား။
 
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းအရာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီတခေါက် နှီး‌နှောဖလှယ်ပြောဆိုသွားမယ့် အကြောင်းအရာက‌တော့ “占いは信じる?” ပဲဖြစ်ပါတယ်။ မြန်မာမှာ လက္ခဏာဗေဒင်၊ နေ့နံဗေဒင်စတဲ့ဗေဒင်တွေရှိသလို ဂျပန်မှာတော့ သွေးဗေဒင်၊ တားရော့ဗေဒင်နဲ့ ရာသီခွင်ဗေဒင်စတဲ့ ဗေဒင်တွေက လူကြိုက်များကြပါတယ်။ အဲ့ဒီအပြင် တခြားသော ဗေဒင်တွေနဲ့ပတ်သက်တာတွေလည်းရှိတာဖြစ်လို့ မိမိနိုင်ငံမှာရှိတဲ့ဗေဒင်နဲ့ပတ်သက်ပြီး ဂျပန်စကားပြောနိုင်ငံခြားသားများနဲ့ အတူတူ ဂျပန်လို ပြောဆိုဖလှယ်သွားကြရ‌‌အောင်။
 
ဒီပွဲကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီလအတွက် စင်တာမှာ ကြယ်တာရာပွဲအတွက် ဝါးပင်တွေတန်ဆာဆင်ထားတဲ့အတွက် ပွဲပြီးသွားရင် ကိုယ့်ရဲ့ ဆုတောင်းစာတွေကို ဝါးပင်မှာချိတ်ဆွဲနိုင်ကြမှာဖြစ်ပါတယ်။
ပွဲတက်ရောက်ဖို့စိတ်ပါဝင်စားသူများ အောက်ပါ‌ဖောင်ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။
https://forms.office.com/pages/responsepage.aspx?id=oy_HkJxhhky73GK1b_fZOeGK4RO2U2ZBn2M4XHMfKpFUQU1VQlVBUzczSDVXRERFMUEyWDVLTEw2Vy4u&origin=lprLink&route=shorturl
 
နေ့ရက်နှင့်အချိန်။ ။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ
သတ်မှတ်ဦးရေ။ ။ ၂၀ ဦး
ဂျပန်စာ level။ ။ N3 levelနှင့်အထက်
ကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်
ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀
※ပွဲတွင်ပါဝင်နိုင်မည့်သူများကို ဂျပန်‌‌‌ဖောင်ဒေးရှင်းမှ ဇူလိုင်လ ၂၁ ရက် (တနင်္လာနေ့)တွင် ဖုန်းဆက်အကြောင်းကြားသွားမှာဖြစ်ပါတယ်။
 
日本語で楽しく話そう!! <<占いは信じる?>>
 
「日本語学習歴が長いのに日本語がうまく話せない!!」、「外国人との会話でちゃんと聞き取れたのに返事ができない!!」などの悩みはありませんか?
 
国際交流基金ヤンゴン日本文化センターでは、日本語を勉強している人のために日本の文化や習慣などについて日本人と楽しく日本語でお話しできる「日本語で楽しく話そう!!」というプログラムを開催しています。今回のテーマは、「占いは信じる?」です。ミャンマーでは手相占いや曜日占いなどがあり、日本では血液型占いやタロット、星座占いが人気があります。そのほかにも色々な占いがあるので、お互いの国にある占いについて日本語話者と日本語で話して交流してみませんか?
本イベントは国際交流基金ヤンゴン日本文化センター(The Japan Foundation, Yangon)で開催します。今月はセンターに七夕のための笹を展示しているので、イベントが終わったあとは短冊に自分の願いを書いて笹にかけることができます。
 
イベントに参加希望の方は、ぜひ下記のURLからお申し込みください。今回は国際交流基金ヤンゴン日本文化センターにて対面で開催します。
申し込みURL >>https://forms.office.com/pages/responsepage.aspx?id=oy_HkJxhhky73GK1b_fZOeGK4RO2U2ZBn2M4XHMfKpFUQU1VQlVBUzczSDVXRERFMUEyWDVLTEw2Vy4u&origin=lprLink&route=shorturl
 
日時 :2025年7月23日(水) 午前10:00~11:30
定員:20名
日本語レベル:N3以上
場所 :国際交流基金ヤンゴン日本文化センター(The Japan Foundation, Yangon)
No. 70, Nat Mauk Lane (1), Bahan Township, Yangon
最寄りバス停:Byaing Yay Oe Zin Bus Stop
バス番号:43, 64, 80
 
※参加申し込みを受け付けた方には7月21日(月)に電話でご連絡します。

Notice & Announcements

View All