ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “外国から来たことば-外来語

  • Mar 27, 2024 ~ Mar 27, 2024
  • 10:00 am - 11:30 am
(日本語は下にあります)
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းစတာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှော ဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ “外国から来たことば-外来語” ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ဂျပန်နဲ့ မြန်မာနိုင်ငံရဲ့ မတူကွဲပြားချက်များနဲ့ တူညီချက်များကို ဂျပန်လူမျိုးနဲ့ နှီးနှောဖလှယ်ပြောကြားသွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ အောက်ပါ‌ဖောင်ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။ ဒီတခေါက်ကိုလည်း အွန်လိုင်းကနေပဲကျင်းပသွားမှာဖြစ်ပြီး ပါဝင်ခွင့်ရသူများကို အီးမေးလ်ဖြင့် Zoom လင့်ကို ပေးဖို့သွားမှာဖြစ်တဲ့အတွက် ဖောင်ဖြည့်စွက်ရမှာ မိမိရဲ့ အီးမေးလ်ကို မှန်မှန်ကန်ကန်ဖြည့်စွက်ရန်လိုအပ်ပါတယ်။
နေ့ရက်နှင့်အချိန်။ ။ ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ
သတ်မှတ်ဦးရေ။ ။ ၂၀ ဦး
ဂျပန်စာ level။ ။ N3 levelနှင့်အထက်
ကျင်းပမည့်နေရာ။ ။ အွန်လိုင်း (Zoom) ဖြင့်သာကျင်းပသွားမှာဖြစ်ပါတယ်
日本語で楽しく話そう!! <<外国から来たことば-外来語>>
国際交流基金ヤンゴン日本文化センターでは、日本語を勉強している人のために日本の文化や習慣などを日本人と楽しく日本語でお話しできる「日本語で楽しく話そう!!」というプログラムを開催しています。今回のテーマは、「外国から来たことば-外来語」です。日本とミャンマーのそれぞれの似ていることや異なっていることなどについて話し合って交流できる会です。興味がある方は、ぜひ下記のURLからお申し込みください。今回もオンラインでの開催になりますので、Zoom URLをお知らせするため、申し込みの際はご自分のメールアドレスを正しく記入してください。
日時 :2024年3月27日(水) 午前10:00~11:30
定員:20名
日本語レベル:N3以上
場所 :Zoom での開催

Notice & Announcements

View All