ဂျပန်လိုပျော်ပျော်ရွှင်ရွှင်စကားပြောကြရအောင် “マナー”

  • Oct 23, 2024 ~ Oct 23, 2024
  • 10:00 am - 11:30 am
  • The Japan Foundation, Yangon
    No. 70, Nat Mauk Lane (1), Bahan Township, Yangon
(日本語は下にあります)
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းအရာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီတခေါက် နှီး‌နှောဖလှယ်ပြောဆိုသွားမယ့် အကြောင်းအရာက‌တော့ “マナー” ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံသို့သွားရောက်ပညာသင်ကြားခြင်း၊ နေထိုင်ခြင်းနှင့် လုပ်ငန်းခွင်စတဲ့ အခြေအနေအမျိုးမျိုးတွင် သတိထားပြုမူရမယ့် အမူအကျင့်စတာတွေကို ဂျပန်လူမျိုးများနဲ့ နှီးနှောဖလှယ်ပြောကြားနိုင်မှာဖြစ်ပါတယ်။
ပွဲကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှာ ပြုလုပ်မှာဖြစ်တဲ့အတွက် ပွဲပြီးဆုံးရင် စင်တာမှ မန်းဂနှင့် ဂျပန်ဘာသာ၊ ဂျပန်ယဉ်ကျေးမှုနဲ့ဆိုင်တဲ့စာအုပ်တွေလည်း အခမဲ့ ဖတ်ရှုနိုင်သလို ဂျပန်ရိုးရာအရုပ်များကိုလည်း ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။
ပွဲတက်ရောက်ဖို့စိတ်ပါဝင်စားသူများ အောက်ပါ‌ဖောင်ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။
နေ့ရက်နှင့်အချိန်။ ။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ
သတ်မှတ်ဦးရေ။ ။ ၂၀ ဦး
ဂျပန်စာ level။ ။ N3 levelနှင့်အထက်
ကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
※ပွဲတွင်ပါဝင်နိုင်မည့်သူများကို ဂျပန်‌‌‌ဖောင်ဒေးရှင်းမှ အောက်တိုဘာလ ၂၁ ရက် (တနင်္လာနေ့)တွင် ဖုန်းဆက်အကြောင်းကြားမည်ဖြစ်ပါသည်။
日本語で楽しく話そう!! <<マナー>>
国際交流基金ヤンゴン日本文化センターでは、日本語を勉強している人のために日本の文化や習慣などについて日本人と楽しく日本語でお話しできる「日本語で楽しく話そう!!」というプログラムを開催しています。今回のテーマは、「マナー」です。日本での留学、生活や職場などで知っておくべき「マナー」について日本人と交流できます。
イベントは国際交流基金ヤンゴン日本文化センター(The Japan Foundation, Yangon)で開催します。イベントが終わったあとはセンターのリーディングルームでマンガ、日本語と日本文化についての本が読めます。また1階では日本の様々なお人形が飾ってあります。
興味がある方は、ぜひ下記のURLからお申し込みください。今回は国際交流基金ヤンゴン日本文化センターにて対面で開催します。
日時 :2024年10月23日(水) 午前10:00~11:30
定員:20名
日本語レベル:N3以上
場所 :国際交流基金ヤンゴン日本文化センター(The Japan Foundation, Yangon)
No. 70, Nat Mauk Lane (1), Bahan Township, Yangon
※参加申し込みを受け付けた方には10月21日(月)に電話でご連絡します。

Notice & Announcements

View All