အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း အားလုံးထံအသိပေးအပ်ပါသည်။ ယခုတစ်ကြိမ်မှာတော့ တိုကျိုတက္ကသိုလ်၏ပရော်ဖက်ဆာ OKUNO Yukikoမှ ❝CLIL၏ သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ❞ဆိုသည့် ခေါင်းစဥ်ဖြင့် (၂)ရက်တိုင်တိုင် ဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၅ရက်နေ့တွင် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ၌ ကျင်းပမည်ဖြစ်ပြီး၊ ၁၆ရက်နေ့တွင်တော့ MAJA Education Center၌ ပြုလုပ်ကျင်းပသွားပါမည်။
❝CLIL❞ဆိုတာက Content and Language Integrated Learningရဲ့ အတိုကောက်ဖြစ်ပြီး တိတိကျကျသတ်မှတ်ထားသည့် အကြောင်းအရာ (ဘာသာရပ် နှင့် အဓိကဆိုလိုရင်း၊ ခေါင်းစဥ်)တို့ကို သင်ကြားလိုသည့်ဘာသာစကားမှတဆင့် အကြောင်းအရာရော၊ ဘာသာစကားကိုပါ တစ်ပြိုင်နက်တည်းသင်ယူတတ်မြောက်စေနိုင်သည့် သင်ကြားရေးနည်းလမ်းပဲဖြစ်ပါတယ်။ ❝CLIL❞ဆိုတဲ့ဝေါဟာရကို သိပြီးသားဆရာ၊ဆရာမများအပါအဝင် ပထမဆုံးကြားဖူးတဲ့ဆရာ၊ဆရာမများပါ CLIL၏ သီအိုရီ နှင့် အသုံးပြုပုံနည်းလမ်းတို့နှင့်ပတ်သက်ပြီး အတူတူလေ့လာကြည့်ကြမလား။
ထို့အပြင် ၁၅ရက်နေ့ နေ့လည်တွင် ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက်သာမက တက္ကသိုလ်ကျောင်းသားများနှင့် ဂျပန်တွင်ဘွဲ့လွန်တက်ရောက်ချင်သူများအတွက် ရည်ရွယ်သည့် ❝သုတေသနတင်ပြခြင်းအတွက်ဖိတ်ခေါ်ခြင်း❞ဆိုသည့် ခေါင်းစဥ်ဖြင့် စကားဝိုင်း နှင့် ပိုစတာတင်ပြပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ပါသည်။
၁၆ရက်နေ့ နေ့လည်တွင်လည်း ❝ယခု မြန်မာနိုင်ငံတွင်လိုအပ်နေသော ဂျပန်ဘာသာသင်ကြားရေး❞ဆိုသည့် ခေါင်းစဥ်ဖြင့် ပါဝင်တက်ရောက်သူများနှင့် အပြန်အလှန် အမြင်များကို ဖလှယ်မည့်အစီအစဥ်ကိုလည်း စီစဥ်ထားပါသည်။ ဆက်ဆက် ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
※ဆွေးနွေးပွဲတစ်ခုချင်းစီအတွက် သီးသန့်စီလျှောက်လွှာတင်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
※ဆွေးနွေးပွဲကို ဂျပန်ဘာသာဖြင့်သာ ပြုလုပ်သွားမည်ဖြစ်ပါသည်။
【နိုဝင်ဘာလ ၁၅ရက်နေ့ (စနေနေ့)】နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)
လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUNkw1V0RSNllWWkVBTVFWM1pCWURWSEdXVSQlQCN0PWcu
လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUMDhSVVdCWVlNTEdDT0QzRVVETDQ2RklLQSQlQCN0PWcu
【နိုဝင်ဘာလ ၁၆ရက်နေ့ (တနင်္ဂနွေနေ့)】နေရာ:MAJA Education Center(MEC)
လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUMFJEN1Y1RkVNTktSWENFOVJBMUdVQkJMNCQlQCN0PWcu
လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUNk1BQTlVSVYwQk8zWFZaUFBaRFdES1g1TSQlQCN0PWcu
လျှောက်လွှာပိတ်ချိန်: နိုဝင်ဘာလ ၁၂ရက်နေ့ (ဗုဒ္ဓဟူးနေ့) ညနေ ၄နာရီ
*လျှောက်လွှာတင်သူများပြားသောအခါမျိုးတွင် လျှောက်လွှာဖောင်ကို စော၍ပိတ်ခြင်းမျိုး ရှိနိုင်ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မေးမြန်းစုံစမ်းရန်:nihongo.jfyg@jpf.go.jp
01-430920, 01-430921
★ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ၏ ဖုန်းနံပါတ်:01-430920・ 01-430921
★ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ၏ Facebook Page
:https://www.facebook.com/JFYangon

07/03/2026
မင်္ဂလာပါ Sensei (၂၇)ကြိမ်မြောက် :ဆရာမဝင်းသိင်္ဂီကျော်03/03/2026
အဖွဲ့လိုက်လေ့လာရေးခရီး “Visit JFYG” အတွက် လျှောက်လွှာများ လက်ခံနေပါသည် (၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ)18/02/2026
Kira Kira Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!17/02/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း17/02/2026
Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။11/02/2026
စင်တာပိတ်ရက် အသိပေးကြေညာခြင်း04/02/2026
Waku Waku Nihongo ❝Challenge with Erin!❞ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း24/01/2026
(၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။16/01/2026
၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း15/01/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း14/01/2026
Akafuji Vocational Training Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!09/01/2026
Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ!02/01/2026
ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း26/12/2025
နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း30/12/2025
မင်္ဂလာပါ Sensei (၂၆)ကြိမ်မြောက် :ဆရာမ ရွှန်းလဲ့နဒီမောင်26/12/2025
Folded Heritage: Japanese Origami Workshop14/12/2025
ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် “CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ” ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီးခြင်း03/12/2025
Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!06/11/2025
ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater05/11/2025
AIMI Japanese Language Center မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!01/10/2025
SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!04/04/2025
မန္တလေးမြို့တွင် ကျင်းပမည့် JFT-Basic စာမေးပွဲအား ဖျက်သိမ်းကြောင်း ကြေငြာခြင်း13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)