オンライン交流イベント「丸山大使と日本語で話そう!」

  • Jun 30, 2020
  • 11 am - 12 pm

日本語は、ミャンマー語の後に続きます。

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွဲအပ်ခြင်းခံရသော သံအမတ်ကြီး မစ္စတာ မာရုယာမအား ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံရှိ ဂျပန်ဘာသာစကားကို လေ့လာသင်ယူနေသူများ အွန်လိုင်းမှတစ်ဆင့် သံအမတ်ကြီးနှင့် တွေ့ဆုံပြောဆိုနိုင်မည့်အစီအစဉ်ကို ပြုလုပ်ပါမည်။ ဤအစီအစဉ်အတွက် ဂျပန်ဘာသာဖြင့် သံအမတ်ကြီးနှင့် ပြောဆိုဆွေးနွေးလိုသည့် ဂျပန်ဘာသာလေ့လာသင်ယူနေသူ ၁၀ဦးမှ ၁၅ဦး ကို လျှောက်လွှာခေါ်ယူသွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်တွင် ပါဝင်လိုသူများသည် အောက်တွင်ဖော်ပြထားသော “လျှောက်ထားရန်နည်းလမ်း” မှအချက်အလက်များကို ဖတ်ရှုပြီး လျှောက်ထားနိုင်ပါသည်။

သံအမတ်ကြီး မစ္စတာ မာရုယာမသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ကျော်ကြာ နေထိုင်ပြီး မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့်အပြင် မြန်မာနိုင်ငံအကြောင်းအသိဆုံးသော သံတမန်တစ်ဦးဖြစ်သည်ဟုဆိုလျှင်လည်း အားလုံးသဘောတူ ထောက်ခံကြမည်ဖြစ်ပါသည်။ ထို့ကြောင့် ဂျပန်သံအမတ်ကြီးအား ဂျပန်နိုင်ငံအကြောင်း၊ မြန်မာနိုင်ငံအကြောင်း၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးအကြောင်း၊ နိုင်ငံခြားဘာသာစကားလေ့လာခြင်း၊ အခုတလောသံအမတ်ကြီးမှ စိတ်ဝင်စားလျက်ရှိသော အရာများစသည့် စိတ်ဝင်စားဖွယ် ထူးခြားသည့် မေးခွန်းများကို ပေါ့ပေါ့ပါးပါးမေးမြန်းပြီး ပြောဆိုဆွေးနွေးကြည့်ကြရအောင်။ လွတ်လွတ်လပ်လပ်သွားလာ လှုပ်ရှားပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ပြောဆိုဆက်ဆံရန် ခက်ခဲနေသည့်အချိန်ဖြစ်သည့်အတွက် အွန်လိုင်းမှတစ်ဆင့် ပျော်ရွှင်စရာ အချိန်များကို အားလုံးကို ဝေမျှပေးချင်ပါသည်။

လျှောက်ထားရန်နည်းလမ်း

၁. လိုအပ်သည့်အချက်အလက်များ

-မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသော ဂျပန်ဘာသာစကားလေ့လာသင်ယူနေသူဖြစ်ရမည်။
-ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ N3 နှင့်အထက်ရှိသူဖြစ်ရမည်။ ဂျပန်ဘာသာဖြင့်သာပြောဆိုသည့် စကားဝိုင်းတွင် ကြိုတင်ပြင်ဆင်မှုမရှိသည့် အကြောင်းအရာတစ်ခုတွင် ဝင်ရောက်ပြောဆိုနိုင်သူဖြစ်ရမည်။
-ဤအစီအစဉ်ပြုလုပ်မည့် ဇွန်လ ၃၀ရက်နေ့ (အင်္ဂါနေ့) နေ့လည် ၁၁နာရီမှ ၁၂နာရီ အထိ zoomကို အသုံးပြု၍ အွန်လိုင်းတွင် ပါဝင်နိုင်သူဖြစ်ရမည်။

၂. လျှောက်ထားရမည့်နည်းလမ်း

အောက်တွင်ဖော်ပြထားသော လျှောက်လွှာဖောင်ဖြင့် လျှောက်ထားရမည်။

https://forms.gle/6kpLjjswW33kNuap6

၃. လျှောက်လွှာလက်ခံမည့်ကာလ

၂၀၂၀ခုနှစ် ဇွန်လ ၁၆ရက်နေ့ (အင်္ဂါ) မှ ဇွန်လ ၂၁ရက်နေ့ (တနင်္ဂနွေ)

၄.လူရွေးချယ်ခြင်းနှင့် အကြောင်းကြားခြင်း

-လျှောက်လွှာဖောင်တွင် ဖြည့်သွင်းထားသည့် အကြောင်းအရာ (သံအမတ်ကြီးအား မေးမြန်းလိုသည့်မေးခွန်းနှင့် ပါဝင်လိုသည့်အကြောင်းအရင်း)အပေါ်မူတည်၍ ရွေးချယ်သွားမည်ဖြစ်သည်။
-ရွေးချယ်ခံရသူများအား ဇွန်လ ၂၄ရက် (ဗုဒ္ဓဟူးနေ့)တွင် တိုက်ရိုက်ဖုန်းဆက်အကြောင်းကြားပါမည်။

၅. အခြား

-ဤအစီအစဉ်ကို ဂျပန်ဘာသာဖြင့်သာ ပြုလုပ်သွားမည်ဖြစ်သည်။
-ဤအစီအစဉ်ကို ဗီဒီယို မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၏ Facebookတွင် ဖော်ပြသွားမည်ဖြစ်ပါသည်။
-ထိုနေ့တွင် သတင်းမီဒီယာများမှ လာရောက်သတင်းယူမှုများရှိနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

သံအမတ်ကြီး မစ္စတာ မာရုယာမနှင့် ဂျပန်ဘာသာဖြင့် တိုက်ရိုက်ပြောဆိုနိုင်မည့် အခွင့်အရေးကောင်းတစ်ခုဖြစ်သည့်အတွက် အားလုံးကို ပါဝင်လျှောက်ထားဖို့ ဖိတ်ခေါ်အပ်ပါသည်။

国際交流基金ヤンゴン日本文化センターは、丸山市郎駐ミャンマー特命全権大使をお招きし、ミャンマーの日本語学習者がオンラインで大使と出会い、対話できるイベントを開催します。このイベントで、大使と日本語でお話しをしてみたい日本語学習者を10〜15名程度、募集します。希望される方は、下記の「応募のしかた」を読んでから、応募してくださいね。

通算ミャンマー駐在20年以上にわたる丸山大使のことを、最もミャンマーのことをよく理解されている外交官であると言ったら、みなさん賛同することでしょう。そして、大使のミャンマー語の美しい語りに感動しない人はいませんよね。そんな大使に、日本のこと、ミャンマーのこと、日本とミャンマーの関係のこと、外国語を勉強すること、最近はまっていることなどなど、ユニークな質問をなげかけて、語り合ってみませんか。自由に動き回って人と交流するのがちょっと難しい時期なので、オンラインで楽しい時間をみなさんと共有したいと思います。

【応募のしかた】

1.応募条件

・ミャンマー在住の日本語学習者
・日本語能力試験N3以上であること、日本語のみの会話に準備なしで参加でき、社交的なやりとりができること
・イベント当日6月30日(火)の11:00-12:00に必ずオンライン(Zoom使用)で参加できること

2.応募方法

・下の申し込みフォームより応募してください

https://forms.gle/6kpLjjswW33kNuap6

3.応募期間

2020年6月16日(火) 〜6月21日(日)

4.選考・発表

・申し込みフォームの内容(質問や参加希望の理由など)をもとに選考を行います
・選ばれた方は、6月24日(水)に直接電話で連絡いたします

5.その他

・本イベントは、全て日本語で行われます
・本イベントは録画し、後日The Japan Foundation, YangonのFacebookページで公開予定です
・メディアの取材が入る可能性がありますので、予めご了承ください。

丸山大使と日本語で直接お話しできる貴重な機会です!たくさんの皆さんのご応募をお待ちしております!

Notice & Announcements

View All