၁။ ပဏာမရွေးချယ်မည့် နေ့ရက်နှင့် နေရာ
(၁) မန္တလေး
နေ့ရက် – ၂၀၂၀ခုနှစ် အောက်တိုဘာလ ၄ရက် (တနင်္ဂနွေနေ့)
နေရာ – MAJA မန္တလေးရုံးခွဲ ( MABA Center အတွင်း )
ပထမထပ်၊ ရေလမ်း၊ Block-1 ၊ Unit-6 ၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
(၂) ရန်ကုန်
နေ့ရက် – ၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၀ရက် (စနေနေ့)၊ ၁၁ ရက် (တနင်္ဂနွေနေ့)
နေရာ – MAJA Office
အမှတ် ၂ ဘီ (၄)၊ နှင်းဥယျာဉ်အိမ်ယာ၊ သုမင်္ဂလာလမ်း၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
※ လျှောက်ထားသူများလာရောက်ရမည့်အချိန်များကို တစ်ဦးချင်းစီ ဆက်သွယ်အကြောင်းကြားပါမည်။
၂။ လျှောက်လွှာလျှောက်ထားနိုင်မည့်သူ
(၁) အသက် ၁၆နှစ် မှ ၃၀နှစ် အတွင်း ဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမ မဖြစ်ရ။ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများ မပါပါ)
(၃) ယခင်ကျင်းပခဲ့ဖူးသော ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဆုရရှိဖူးထားသူမဖြစ်ရ။
၃။ လျှောက်လွှာလျှောက်ထားခြင်း
၂၀၂၀ခုနှစ် ဩဂုတ်လ ၂၀ရက် (ကြာသပတေးနေ့) မှ စက်တင်ဘာလ ၁၁ရက် (သောကြာနေ့) အတွင်း လျှောက်လွှာဖောင်တွင် လိုအပ်သည်များကို ဖြည့်စွက်၍ event.maja.ygn@gmail.comသို့ ပေးပို့လျှောက်ထား နိုင်ပါသည်။
※လျှောက်လွှာဖောင်များကို ဤနေရာမှ ဒေါင်းလုတ်ရယူနိုင်ပါသည်။ (၂၁ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲဝင်ခွင့်လျှောက်လွှာဖောင်)
၄။ ပဏာမရွေးချယ်ခြင်း
ပွဲနေ့တွင်ပြောကြားမည့် အကြောင်းအရာကို ပဏာမရွေးချယ်ရာတွင် ပြောကြားရမည်ဖြစ်ပြီး အမေးအဖြေများ ပြုလုပ်၍ စီစစ်ရွေးချယ်သွားမည်ဖြစ်သည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် တူညီသော စံသတ်မှတ်ချက်ဖြင့် အမှတ်ပေးမည်ဖြစ်ပြီး အမှတ်အများဆုံးရသည့် ပြိုင်ပွဲဝင် ၁၅ ဦးသည် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိပါမည်။
၅။ နောက်ဆုံးအဆင့်ရွေးချယ်ခြင်း
(၁) ပဏာမအဆင့်ရွေးချယ်မှုရလဒ်များကို ပြိုင်ပွဲဝင်များထံသို့ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး သက်ဆိုင်ရာ ပွဲစီစဉ်ကျင်းပသည့်အဖွဲ့အစည်းများ၏ Facebook စာမျက်နှာတွင် ကြေညာသွားပါမည်။
(၂) ဂျပန်ဘာသာစကားပြောပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ကျင်းပမည့်နေရာနှင့်ပတ်သက်၍ ထပ်မံအသိပေးပါမည်။ အခြေအနေပေါ်မူတည်၍ အွန်လိုင်းဖြင့်ကျင်းပခြင်းမျိုးလည်း ရှိလာနိုင်ပါသည်။
၆။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း 09-428612151, 09-262602121
13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)