ခေါင်းစဥ် – ခန်းဂျီးအကြောင်းအခြေခံဗဟုသုတနှင့် Activity Idea
ဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများအားလုံးပဲမင်္ဂလာပါ။ လစဥ် စတုတ္ထမြောက်စနေနေ့မှာ ပြုလုပ်လျက်ရှိတဲ့ ဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့်ဆွေးနွေးပွဲရဲ့ အသိပေး အကြောင်းကြား ခြင်းဖြစ်ပါသည်။ စတုတ္ထအကြိမ်မြောက်ရဲ့ ခေါင်းစဥ်ကတော့ ခန်းဂျီးအကြောင်းအခြေခံဗဟုသုတနှင့် Activity Idea ဖြစ်ပါသည်။ ဂျပန်ဘာသာစကားကိုလေ့လာသင်ယူတော့မယ်ဆိုရင် ခန်းဂျီးကို ဖယ်ထားလို့မရပါဘူး။ ခန်းဂျီး အရေအတွက်နဲ့ အမျိုးအစားတွေလည်း ကွဲပြားလို့ မှတ်ရတာရော သင်ရတာရော ခက်ခဲပါတယ်။ ဒီတစ်ခေါက်မှာတော့ ခန်းဂျီးရဲ့ အခြေခံကျတဲ့အပိုင်းတွေကိုပြန်လည် လေ့လာပြီး ခန်းဂျီးကိုပျော်ပျော်ရွင်ရွင်လေ့လာလို့ရမယ့် Activity Idea တွေကိုလေ့လာသွားကြရအောင်။
စိတ်ဝင်စားတဲ့သူများ တက်ရောက်ခြင်းကို မျှော်လင့်နေပါမယ်။
■ ကျင်းပမည့်နေ့ရက် – ၂၀၂၃ ခုနှစ် မေလ ၂၇ ရက် (စနေနေ့) မနက် ၉ နာရီခွဲမှ နေ့လည် ၁၁ နာရီအထိ (မြန်မာစံတော်ချိန်)
တက်ရောက်နိုင်မည့်သူများ – မြန်မာလူမျိုးဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများ (JLPT N3 နှင့်အထက်) *ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခွင့်မရှိပါ။
သတ်မှတ်ဦးရေ – အယောက် ၄၀
ကျင်းပမည့်ပုံစံ – အွန်လိုင်း (Zoom)
(လင့်ခ်ကိုကျင်းပမည့်ရက် ၂ ရက်မတိုင်ခင် မေးလ်ပို့ပေးပါမည်)
လျှောက်လွှာဖြည့်ရန် – အောက်ပါလင့်ခ်မှတဆင့် စာရင်းပေးသွင်းပါ။
လျှောက်လွှာပိတ်ရက် – မေလ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) ည ၁၀ နာရီ (မြန်မာစံတော်ချိန်)
※သတ်မှတ်ဦးရေ အယောက် ၄၀ ပြည့်သွားသည်နှင့် လျှောက်လွှာပိတ်မည်ဖြစ်ပါသည်။
*ဆွေးနွေးပွဲကို ဂျပန်ဘာသာဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။
*မီးပျက်ခြင်းနှင့် အခြားသောမဖြစ်မနေအကြောင်းအရာမှလွဲပြီး တတ်နိုင်သလောက် ကွန်ပြူတာဖြင့်သာ ပါဝင်တက်ရောက်ပေးပါ။
*ပါဝင်တက်ရောက်ရမည့်လင့်ခ် ကိုမေးလ်ပို့ရာတွင် Spam Folder ထဲသို့ရောက်နေတတ်ပါသဖြင့် Spam Folder ကိုပါစစ်ပေးပါ။
【第4回ミャンマー人日本語教師のための定期勉強会のご案内】
テーマ:漢字の基礎知識と活動アイディア
日本語教師の皆さん、こんにちは!毎月第4土曜日に行っている日本語定期勉強会のお知らせです。第4回目のテーマは、『漢字の基礎知識と活動アイディア』です。日本語学習に漢字は避けて通れないものですが、数やバリエーションが多くて、覚えるのも教えるのも大変ですよね。今回は、漢字の基礎的な部分を復習した後、漢字を楽しく学べる活動アイディアなどを学んでいきましょう。
ぜひ、ご興味のある方の参加をお待ちしております!
■実施日:2023年月5月27日(土)午前9:30~11:00(ミャンマー時間)
■対象:ミャンマー人日本語教師(JLPT N3以上)*学生・学習者は不可
■定員: 40名
■実施方法:オンライン(Zoom)にて実施 (参加URLは2日前にメールでご連絡いたします)
■参加申込:下記URLよりお申込ください。
申込URL:
■申込締切:5月24日(水)22:00(ミャンマー時間)
※申込みが定員の40名に達した場合、早めに締め切ることがございます。ご了承ください。
*勉強会は日本語で行います。
*停電などのやむを得ない場合を除き、基本的にPCからのご参加をお願いします。
*参加URLのメールが迷惑フォルダに入ることがあります。迷惑フォルダもご確認ください。
13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)